အလှလည်းထား ခူးလည်းစား Indoor Plant အပင်လေးများ
အလှလည်းထား ခူးလည်းစား Indoor Plant အပင်လေးများ - Property Knowledge in Myanmar from iMyanmarHouse.com
23 Sep 2022 11:23 am တွင် တင်ခဲ့သည်
3054 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
ကိုယ်တယုတယစိုက်ပျိုးထားတဲ့သစ်ပင်လေးတွေ တစ်ဖြည်းဖြည်းကြီးထွားသန်မာလာတာကိုမြင်ရတဲ့ပီတိဟာ ဘယ်လိုမျိုးလဲဆိုတာ ဥယျာဉ်မှူးတိုင်းသိကြပါတယ်။ လူနေမှုအဆင့်အတန်းမြင့်မားလာတာနဲ့အမျှ ကိုယ်နေထိုင်ရာအသိုက်အမြုံကိုလည်း ပိုမိုလှပနေပျော်တဲ့ရပ်ဝန်းမျိုးဖြစ်အောင်ပြင်ဆင်လာကြတာပါပဲ။
အိမ်တွင်းသစ်ပင်ပန်းမန်စိုက်ပျိုးခြင်းဟာ လက်ရှိမှာခေတ်စားလာတဲ့ Home Decor တစ်မျိုးဖြစ်ပြီး အခန်းတွင်းလေသန့်စင်မှုကိုတိုးမြှင့်ပေးနိုင်တဲ့ အပြင် Stress Level ကိုလည်း လျော့ကျစေနိုင်ပါတယ်။ အိမ်ရှင်မတွေအတွက် သီးပင်စားပင်စိုက်ပျိုးဖို့ခြံဝင်းအတွင်းမှာ နေရာအလုံအလောက်မရှိဘူးဆိုရင်တော့ အိမ်ထဲမှာစိုက်ပျိုးနိုင်တဲ့ စားပင်လေးတွေကို ပြောပြချင်ပါတယ်။
စိမ်းစိမ်းစိုစို သံပရာသီးလေးတွေ
မီးဖိုးချောင်အတွက် အသုံးဝင်တဲ့ သံပရာပင်လေးတွေကို အိမ်မှာစိုက်ပျိုးနိုင်တယ်ဆိုတာသိပါသလား။ Thai Lime လို့ခေါ်တဲ့ Kaffir Lime တွေကို အိမ်တွင်းမှာ ရေပုံမှန်လောင်း နေရောင်ခြည်ပုံမှန်ပေးပြီး စိုက်ပျိုးနိုင်ပါတယ်။ မြန်မာ့ရာသီဥတုလိုပူနွေးတဲ့ရာသီဥတုမှာ စိုက်ပျိုးလွယ်တဲ့ thai သံပရာပင်လေးတွေရဲ့ အရွက်ကိုလည်း Asian ဟင်းလျာတွေမှာ လိုက်ဖက်သလိုထည့်သွင်းချက်ပြုတ်နိုင်ပါတယ်။ အိမ်တွင်းအိမ်ပြင်စိုက်ပျိုးနိုင်တဲ့ ထိုင်းသံပရာအပင်လေးတွေဟာ တစ်နေ့တာ stress လျော့ချပေးနိုင်ပြီး ကိုယ်ခံစွမ်းအားကောင်းမွန်မှုနဲ့ ဆံပင်ကျန်းမာသန်စွမ်းဖို့လည်းအထောက်အကူပြုပါတယ်။
Steak ဟင်းလျာအတွက် Rosemary
အမဲသား Steak ချက်တဲ့နေရာမှာ မပါမဖြစ် Rosemary အပင်လေးတွေဟာလည်း အိမ်တွင်းစိုက်ပျိုးနိုင်တဲ့ အပင်အမျိုးအစားပါပဲ။ အေးပြီးစိုစွတ်တဲ့ ရွံ့မြေအိုးလေးထဲမှာအလွယ်တကူစိုက်ပျိုးနိုင်ပြီး ဟင်းလျာတွေမှာ ဟင်းခတ်အဖြစ်အသုံးပြုနိုင်ရုံသာမက သဘာဝဆေးပင်အနေနဲ့လဲ အသုံးပြုနိုင်ပါသေးတယ်။
Rosemary ပင်လေးတွေဟာ ပင့်ကူ၊ ယင်ဖြူစတဲ့ပိုးမွှားများရန်မှလဲ ကာကွယ်ပေးတဲ့အတွက် စိုက်ပျိုးသင့်တဲ့ Indoor plants လေးတွေဆိုလဲ မမှားပါဘူး။
နီရဲလတ်ဆတ်တဲ့ ခရမ်းချဉ်သီးလေးများ
မီးဖိုချောင်အတွက် အသုံးဝင်တဲ့ချစ်စရာခရမ်းချဉ်သီးလေးတွေကို အိမ်မှာပဲအလွယ်တကူစိုက်ပျိုးနိုင်ပါတယ်။ စိုစွတ်တဲ့မြေအိုးလေးထဲမှာ ခရမ်းသီးအစိလေးတွေထည့် နေရောင်ခြည်အလုံအလောက်ရတဲ့နေရာမှာ ပုံမှန်ရေလေးလောင်းပေးရင်းနဲ့ စိုက်ပျိုးနိုင်ပါတယ်။ အသီးလေးတွေသီးလာပြီစိုရင်တော့ အဆင်သင့် ဟင်းလျာလေးထဲမှာထည့်ချက်လိုက်လို့ရပါပြီ။
ထိုးထိုးထောင်ထောင် မိုးမျှော်ငရုတ်ပင်လေးတွေ
ငရုတ်ပင်လေးတွေကိုတော့ အိမ်တွင်းအလှထားကြတဲ့ အပင်လေးတွေအဖြစ်စိုက်ပျိုးကြပါတယ်။ ပူနွေးခြောက်သွေ့တဲ့ မြန့်မာရာသီဥတုမှာစိုက်ပျိုးနိုင်တဲ့အပင်လေးတွေဖြစ်ပြီးတော့ နေရောင်ခြည်များများရ​လေ ငရုတ်သီးကပိုစပ်လေပါတဲ့။ ငရုတ်ပင်လေးတွေကို ပုံမှန်စိုစွတ်တဲ့ မြေအိုးလေးမှာ စိုက်ပျိုးနိုင်ပြီးတော့ ပုံမှန်ရေပမာဏလောင်းပေးရုံနဲ့ ရှင်သန်နိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ sensitive ဖြစ်တဲ့အတွက်သတိထားပြီးစိုက်ပေးဖို့တော့လိုပါတယ်နော်။
ချစ်စရာအိမ်တွင်းအပင်လေးတွေစိုက်ပျိုးပြီး စိမ်းစိုလှပတဲ့အိမ်ဝန်းလေးဖန်တီးလိုက်ရအောင်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
YADANAR BON
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service