“အားနာလိုက်တာ သမီးရယ်”

“အားနာလိုက်တာ သမီးရယ်” - Property Knowledge in Myanmar from iMyanmarHouse.com
14 Sep 2022 12:37 pm တွင် တင်ခဲ့သည်
3140 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

“ရည်းစားထားပြီး မယူဘဲကြာနေရင် ကျွန်တော်တို့ကလည်း ကြံခွင့်ရှိတယ်နော်။စာအုပ်တွေဝယ်ထားပြီး မဖတ်ဘဲနေရင် ကျွန်တော်တို့ကယူဖတ်မှာနော်”တဲ့။သူငယ်ချင်း ညီလေးတွေရဲ့ နောက်ပြောင်စကားက ကျွန်တော့ကို ထွန်းအားတွေဖြစ်စေခဲ့သည်။

အချိန်လွန်အသက်ကြီးမှ ရည်းစားတစ်ယောက် ကျွန်တော်ရသည်။ရည်စားဘဝမှာလည်း သက်တမ်းကြာသည်။ သူငယ်ချင်းတွေက အထက်ကစကားမျိုးတွေ ပြောလာတော့ သူတို့ရန်ကလည်းရှိလာသည်။ဒါနဲ့မဖြစ်ချေဘူး ဆိုပြီးမြန်မြန်ယူလိုက်ရပါတော့သည်။

ယူတော့ယူလိုက်တာပေါ့။ အိမ်ငှားနေတဲ့ဘဝ ကလေးယူဖို့တော့နေဦး ဆိုပြီးသတိထားနေရက်ကယ်နဲ့ ဟော ယူပြီးသုံးလလောက်လည်းနေရော ကိုယ်ဝန်ရလာပါတော့သည်။ယောက်ျားလေးရရင်သိပ်ကောင်းမှာပဲလို့ တောင့်တပေမယ့် ဓာတ်မှန်စစ်ကြည်တော့ မီးမီးလေးဖြစ်နေသည်။လိုချင်အလွဲလေးများဖြစ်သည်။

သားဖြစ်ဖြစ်၊သမီးဖြစ်ဖြစ် အသက်ကြီးမှရတဲ့ ကိုယ်ဝန်ဆိုတော့ ချို့ယွင်းချက်ရှိမှာမျိုး စိုးရိမ်ပူပန်မိသည်။ အင်္ဂုလိမာလပရိတ်ကိုရွတ်ပြီး ဇနီး၏ဗိုက်အားဆီနဲ့လိမ်းပေးရသည်။ ကိုယ်ဝန်အားဆေးတွေကြွေးရသည်။ ကိုယ်လုပ်ပေးနိုင်တာကို အကောင်းဆုံးလုပ်ပေးရသည်။

မွေးလာတော့ အင်္ဂါအစုံအလင်နဲ့ ချို့ယွင်းချက်မရှိ မွေးဖွားလာလို့ တော်ပေသေးသည်။သားလေးလိုချင်ပေမယ့် သမီးလေးမွေးလာတော့လည်းချစ်သည်။သံယောဇဉ် မေတ္တာတရားတွေနဲ့ယှက်ဖွဲ့ထားသည့် လူ့ဘောင်တွင် ကိုယ့်ရင်သွေးကို သမီးမှသားမှဆိုတာ မမွေးခင်မှာသာ စိတ်အလိုရရွေးမိတာသာဖြစ်သည်။

နောက်တော့ ဘာမွေးမွေး ကိုယ့်ရင်သွေးဖြစ်တော့ချစ်သည်။ချစ်တော့ သူ့ကိုဖြစ်စေချင်သည့် ကိစ္စတွေက များလာသည်။ရည်ရွယ်သည့်ကိစ္စတွေက များသော်လည်း လုပ်ပေးနိုင်သည်က အကန့်အသတ်ဖြစ်နေသည်။

ကိုယ်ပိုင်စီးပွားရေးအမြင်မရှိတော့ လခစားဘဝ တည်ငြိမ်နေတဲ့ လခကိုသာ ခေတ်နဲ့လိုက်လျောညီထွေ ဖြစ်အောင် ပြောင်းလဲသုံးစွဲနေရသည်။ဒါပေမဲ့ လခကိုခွဲတမ်းချပြီးတော့ ဘယ်လိုပဲ ခြွေတာသုံးစွဲလည်း အမြဲတမ်း လိုငွေပြနေသည်။အမြဲတမ်းချေးငွေယူနေရသည်။

စားတဲ့အခါမှာလည်း တန်ဖို့နည်းနည်းနှင့် အာဟာရအစုံရအောင်တော့ ချက်ပြုတ်စားကြသည်။ နေကောင်း ကျန်းမာနေဖို့က အဓိကဖြစ်သည်။ မကျန်းမာလျှင် ရောဂါခံစားရသည့်အပြင် ငွေကုန်ကြေးကျတို့ပိုဖြစ်လာမည်။

ဒီအချိန်မှာ ရှုပြီးသားလေနဲ့ မစင်အညစ်အကြေးတွေ ထွက်တာကလွဲရင် အပိုထွက်ငွေဆိုတာတွေကို မဖြစ်ပေါ်အောင်ကြိုးစား ထိန်းချုပ်နေရတာကိုက အလုပ်ကိစ္စကြီးတစ်ခုလိုဖြစ်နေသည်။

သမီးလေးကမူကြိုနေတော့မည်။ပထမတော့ကိုယ်ပိုင်မူကြိုကျောင်းကောင်းလေး ထားဖို့ရည်ရွယ်ပြီး ကိုယ်နေသည့် နေရာအနီးဝန်ကျင်ရှိကျောင်းများကို လိုက်လံစုံစမ်းကြည့်သည်။ ကျောင်းတွေရှိပါသည်။ ကျောင်းခတွေကလည်း များပါသည်။

ရသည့်လခထဲက နေဖို့စားဖို့လေးချန်ပြီး သမီးလေးကို ကျောင်းထားပေးဖို့တောင် ကျန်သည့်ငွေက ကျောင်းလခပေးဖို့တောင်မပြည့်မီတော့ပါလား။သမီးလေးက ဉာဏ်ရည်ပြည့်မီသည်။သမီးလေးအတွက် ဖြည့်ဆည်းပေးဖို့ မပြည့်မီသည်က မိဘဖြစ်သည့်ကျွန်တော်။

လုပ်ရသည့် အလုပ်သည် ဝါသနာနှင့်ဆက်နွယ်၍ အလုပ်မှာပျော်သည်။ကိုယ်တစ်ယောက်တည်း ဆိုလျှင် အလုပ်မှာနေပျော်သေပျော်ပဲ လုပ်ချင်သည်။ဒါပေမဲ့ ကျွန်တော်က အခုတစ်ကိုယ်တည်းမဟုတ်တော့ပါ။ သုံးကိုယ်ဖြစ်နေပါသည်။သုံးကိုယ်ဖြစ်နေတော့ ပျော်ခြင်းမပျော်ခြင်းတွေကို ကျွန်တော် လျစ်လျူရှုရတော့မည်။

ကျွန်တော်တို့က ဘာဖြစ်နေနေ လုပ်လို့ရသေးသည်။သမီးလေးကို ကျွန်တော်တို့လို လုပ်လို့မဖြစ်ပေ။ ဘယ်မိဘမှလည်း အဲဒီလုပ်လုပ်မည်မဟုတ်။သမီးရယ်ဖေဖေလေ သမီးအပေါ်အာနာလိုက်တာ။ တာဝန်မကျေမှာကို ဖေဖေအားနာလိုက်တာကွယ်။ကောင်းသောအပြောင်းအလဲလေးတွေ တွေ့ရှိပြီး သမီးလေးအတွက် ဖြည့်ဆည်းပေးနိုင်တဲ့ဖေဖေအဖြစ်သာ ဖြစ်ပါရစေလို့လည်း အမြဲဆုတောင်းနေမိသည်။

နောင် သမီးလေးအရွယ်ရောက်သည်နှင့်အမျှ လိုအပ်ချက်တွေက ပိုများလာပါတော့မည်။ ကျွန်တော်တို့ အသက်ကြီးလာပြီ သူ့အတွက် အချိန်တို့ဘယ်လောက်တောင်ကျန်ပါလိမ့်။ရင်ထဲ့ကအပူသည် မလျော့။ တိုးပြီးရင်းသာ ရင်မှာအတွေးတို့နှင့်ပူလောင်နေပါတော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

“အားနာလိုက္တာ သမီးရယ္”

“ရည္းစားထားၿပီး မယူဘဲၾကာေနရင္ ကၽြန္ေတာ္တို႔ကလည္း ၾကံခြင့္ရွိတယ္ေနာ္။စာအုပ္ေတြဝယ္ထားၿပီး မဖတ္ဘဲေနရင္ ကၽြန္ေတာ္တို႔ကယူဖတ္မွာေနာ္”တဲ့။သူငယ္ခ်င္း ညီေလးေတြရဲ႕ ေနာက္ေျပာင္စကားက ကၽြန္ေတာ့ကို ထြန္းအားေတြျဖစ္ေစခဲ့သည္။

အခ်ိန္လြန္အသက္ႀကီးမွ ရည္းစားတစ္ေယာက္ ကၽြန္ေတာ္ရသည္။ရည္စားဘဝမွာလည္း သက္တမ္းၾကာသည္။ သူငယ္ခ်င္းေတြက အထက္ကစကားမ်ိဳးေတြ ေျပာလာေတာ့ သူတို႔ရန္ကလည္းရွိလာသည္။ဒါနဲ႔မျဖစ္ေခ်ဘူး ဆိုၿပီးျမန္ျမန္ယူလိုက္ရပါေတာ့သည္။

ယူေတာ့ယူလိုက္တာေပါ့။ အိမ္ငွားေနတဲ့ဘဝ ကေလးယူဖို႔ေတာ့ေနဦး ဆိုၿပီးသတိထားေနရက္ကယ္နဲ႔ ေဟာ ယူၿပီးသုံးလေလာက္လည္းေနေရာ ကိုယ္ဝန္ရလာပါေတာ့သည္။ေယာက္်ားေလးရရင္သိပ္ေကာင္းမွာပဲလို႔ ေတာင့္တေပမယ့္ ဓာတ္မွန္စစ္ၾကည္ေတာ့ မီးမီးေလးျဖစ္ေနသည္။လိုခ်င္အလြဲေလးမ်ားျဖစ္သည္။

သားျဖစ္ျဖစ္၊သမီးျဖစ္ျဖစ္ အသက္ႀကီးမွရတဲ့ ကိုယ္ဝန္ဆိုေတာ့ ခ်ိဳ႕ယြင္းခ်က္ရွိမွာမ်ိဳး စိုးရိမ္ပူပန္မိသည္။ အဂၤုလိမာလပရိတ္ကိုရြတ္ၿပီး ဇနီး၏ဗိုက္အားဆီနဲ႕လိမ္းေပးရသည္။ ကိုယ္ဝန္အားေဆးေတြေၾကြးရသည္။ ကိုယ္လုပ္ေပးႏိုင္တာကို အေကာင္းဆုံးလုပ္ေပးရသည္။

ေမြးလာေတာ့ အဂၤါအစုံအလင္နဲ႔ ခ်ိဳ႕ယြင္းခ်က္မရွိ ေမြးဖြားလာလို႔ ေတာ္ေပေသးသည္။သားေလးလိုခ်င္ေပမယ့္ သမီးေလးေမြးလာေတာ့လည္းခ်စ္သည္။သံေယာဇဥ္ ေမတၱာတရားေတြနဲ႕ယွက္ဖြဲ႔ထားသည့္ လူ႔ေဘာင္တြင္ ကိုယ့္ရင္ေသြးကို သမီးမွသားမွဆိုတာ မေမြးခင္မွာသာ စိတ္အလိုရေရြးမိတာသာျဖစ္သည္။

ေနာက္ေတာ့ ဘာေမြးေမြး ကိုယ့္ရင္ေသြးျဖစ္ေတာ့ခ်စ္သည္။ခ်စ္ေတာ့ သူ႔ကိုျဖစ္ေစခ်င္သည့္ ကိစၥေတြက မ်ားလာသည္။ရည္ရြယ္သည့္ကိစၥေတြက မ်ားေသာ္လည္း လုပ္ေပးႏိုင္သည္က အကန္႔အသတ္ျဖစ္ေနသည္။

ကိုယ္ပိုင္စီးပြားေရးအျမင္မရွိေတာ့ လခစားဘဝ တည္ၿငိမ္ေနတဲ့ လခကိုသာ ေခတ္နဲ႔လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ ေျပာင္းလဲသုံးစြဲေနရသည္။ဒါေပမဲ့ လခကိုခြဲတမ္းခ်ၿပီးေတာ့ ဘယ္လိုပဲ ေျခြတာသုံးစြဲလည္း အျမဲတမ္း လိုေငြျပေနသည္။အျမဲတမ္းေခ်းေငြယူေနရသည္။

စားတဲ့အခါမွာလည္း တန္ဖို႔နည္းနည္းႏွင့္ အာဟာရအစုံရေအာင္ေတာ့ ခ်က္ျပဳတ္စားၾကသည္။ ေနေကာင္း က်န္းမာေနဖို႔က အဓိကျဖစ္သည္။ မက်န္းမာလွ်င္ ေရာဂါခံစားရသည့္အျပင္ ေငြကုန္ေၾကးက်တို႔ပိုျဖစ္လာမည္။

ဒီအခ်ိန္မွာ ရႈၿပီးသားေလနဲ႔ မစင္အညစ္အေၾကးေတြ ထြက္တာကလြဲရင္ အပိုထြက္ေငြဆိုတာေတြကို မျဖစ္ေပၚေအာင္ႀကိဳးစား ထိန္းခ်ဳပ္ေနရတာကိုက အလုပ္ကိစၥႀကီးတစ္ခုလိုျဖစ္ေနသည္။

သမီးေလးကမူႀကိဳေနေတာ့မည္။ပထမေတာ့ကိုယ္ပိုင္မူႀကိဳေက်ာင္းေကာင္းေလး ထားဖို႔ရည္ရြယ္ၿပီး ကိုယ္ေနသည့္ ေနရာအနီးဝန္က်င္ရွိေက်ာင္းမ်ားကို လိုက္လံစုံစမ္းၾကည့္သည္။ ေက်ာင္းေတြရွိပါသည္။ ေက်ာင္းခေတြကလည္း မ်ားပါသည္။

ရသည့္လခထဲက ေနဖို႔စားဖို႔ေလးခ်န္ၿပီး သမီးေလးကို ေက်ာင္းထားေပးဖို႔ေတာင္ က်န္သည့္ေငြက ေက်ာင္းလခေပးဖို႔ေတာင္မျပည့္မီေတာ့ပါလား။သမီးေလးက ဉာဏ္ရည္ျပည့္မီသည္။သမီးေလးအတြက္ ျဖည့္ဆည္းေပးဖို႔ မျပည့္မီသည္က မိဘျဖစ္သည့္ကၽြန္ေတာ္။

လုပ္ရသည့္ အလုပ္သည္ ဝါသနာႏွင့္ဆက္ႏြယ္၍ အလုပ္မွာေပ်ာ္သည္။ကိုယ္တစ္ေယာက္တည္း ဆိုလွ်င္ အလုပ္မွာေနေပ်ာ္ေသေပ်ာ္ပဲ လုပ္ခ်င္သည္။ဒါေပမဲ့ ကၽြန္ေတာ္က အခုတစ္ကိုယ္တည္းမဟုတ္ေတာ့ပါ။ သုံးကိုယ္ျဖစ္ေနပါသည္။သုံးကိုယ္ျဖစ္ေနေတာ့ ေပ်ာ္ျခင္းမေပ်ာ္ျခင္းေတြကို ကၽြန္ေတာ္ လ်စ္လ်ဴရႈရေတာ့မည္။

ကၽြန္ေတာ္တို႔က ဘာျဖစ္ေနေန လုပ္လို႔ရေသးသည္။သမီးေလးကို ကၽြန္ေတာ္တို႔လို လုပ္လို႔မျဖစ္ေပ။ ဘယ္မိဘမွလည္း အဲဒီလုပ္လုပ္မည္မဟုတ္။သမီးရယ္ေဖေဖေလ သမီးအေပၚအာနာလိုက္တာ။ တာဝန္မေက်မွာကို ေဖေဖအားနာလိုက္တာကြယ္။ေကာင္းေသာအေျပာင္းအလဲေလးေတြ ေတြ႔ရွိၿပီး သမီးေလးအတြက္ ျဖည့္ဆည္းေပးႏိုင္တဲ့ေဖေဖအျဖစ္သာ ျဖစ္ပါရေစလို႔လည္း အျမဲဆုေတာင္းေနမိသည္။

ေနာင္ သမီးေလးအရြယ္ေရာက္သည္ႏွင့္အမွ် လိုအပ္ခ်က္ေတြက ပိုမ်ားလာပါေတာ့မည္။ ကၽြန္ေတာ္တို႔ အသက္ႀကီးလာၿပီ သူ႔အတြက္ အခ်ိန္တို႔ဘယ္ေလာက္ေတာင္က်န္ပါလိမ့္။ရင္ထဲ့ကအပူသည္ မေလ်ာ့။ တိုးၿပီးရင္းသာ ရင္မွာအေတြးတို႔ႏွင့္ပူေလာင္ေနပါေတာ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

kt
platinum-garden

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service