ဂျင်းထည်ကြိုက်သူတွေအတွက် အသုံးတည့်မယ့်နည်းလမ်းများ

ဂျင်းထည်ကြိုက်သူတွေအတွက် အသုံးတည့်မယ့်နည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
10 Sep 2022 1:14 pm တွင် တင်ခဲ့သည်
1895 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ဂျင်းဘောင်းဘီတွေ ဆေးမကျွတ်အောင်လုပ်တဲ့နည်းရှိတယ်။

ဂျင်းဘောင်းဘီ၊ ဂျင်းဂျက်ကတ်၊ ဂျင်းဦးထုပ် စတဲ့ ဂျင်းထည် အသုံးအဆောင်တွေက ခေတ်တွေဘယ်လောက်ပြောင်းပြောင်း မဟောင်းနိုင်တဲ့ဖက်ရှင်တွေလေ။ ဂျင်းမကြိုက်ဘူးဆိုတဲ့လူတွေဆီမှာတောင် ဂျင်းဘောင်းဘီတစ်ထည်လောက်တော့ ရှိတတ်ကြတယ်။ ဂျင်းကြိုက်သူတွေ၊ ဂျင်းထည်တွေ ရှိသူတွေအတွက် အသုံးတည့်မယ့် အချက်တွေကို မျှဝေပါဦးမယ်။

၁။ ဂျင်းဘောင်းဘီကျောပိုးအိတ်

ဘယ်လို.... ဂျင်းဘောင်းဘီကျောပိုးအိတ်... ဂျင်းဘောင်းဘီကိုဖြတ်ပြီး အိတ်ချုပ်မှာလား? မဟုတ်ဘူးနော်။ ဂျင်းဘောင်းဘီရှည်ကို အလယ်ကနေ ကန့်လန့်ဖြတ် တစ်ခေါက်ခေါက်လိုက်။ ခြေကျင်းဝတ်နေရာမှာ ကြိုးလေးနဲ့စည်း (ကြိုးရှည်ဖို့တော့လိုမယ်)၊ ပိုတဲ့ကြိုးစကို ခါးပတ်ကွင်းနေရာမှာထည့်လိုက်ပါဦး။ ခါးနေရာက လွတ်နေတဲ့ထဲကို ထည့်ချင်တာတွေထည့်ပြီးရင် ကြိုးစကိုဆွဲလိုက်တာနဲ့ ရှုံ့အိတ်လို ပိတ်လို့ရပြီ။ ကျောပိုးအိတ်လိုလည်း ဖြစ်သွားပြီ။

၂။ ခါးချောင်နေလား

အကိတ်မမတွေက ဒီဒုက္ခကို ကောင်းကောင်းသိတယ်။ တင်ပါးကကြီးတော့ တော်ရုံဆိုဒ်နဲ့ ဝတ်လို့မရ၊ ဆိုဒ်ကြီးတာဝယ်တော့ ခါးကချောင်နေရော။ ဘာလုပ်လို့ရသလဲဆိုတော့ ခါးအနောက်နားမှာ သားရေပြားလေး ကပ်ချုပ်လိုက်တာ အဆင်ပြေတယ်။ ဘောင်းဘီကို ရှုံ့လိုက်သလို ဖြစ်သွားတော့ ခါးက ချောင်မနေတော့ဘူး။

၃။ ဝတ်မကြည့်ဘဲ တော်၊မတော် သိချင်ရင်

ဂျင်းဘောင်းဘီတွေ ဒစ်စကောင့်ချလို့ အလုအယက်ဝယ်ချိန်ဆို ဝတ်ကြည့်လို့မရတာများတယ်။ ရှေးနည်းအတိုင်း လည်ပင်းမှာကပ်ကြည့်ပြီးရွေးတာ မမှားဘူးနော်။ တစ်ခုပဲ မှတ်ထားဖို့က လည်ပင်းမှာကပ်ကြည့်တဲ့အခါ ဘောင်းဘီစွန်းနှစ်ဘက်က တစ်ခုနဲ့တစ်ခု ထိတယ်ဆိုရုံပဲ ဖြစ်ရမယ်။ ကျော်လည်းမကျော်၊ လွတ်လည်းလွတ်မနေရပါဘူး။

၄။ ပေါင်ပွန်းနေရင်

ပေါင်လုံးပြည့်သူတွေ ဂျင်းဘောင်းဘီဝတ်ရင် ပေါင်နှစ်ခု ပွတ်တိုက်တဲ့အရှိန်ကြောင့် ဘောင်းဘီတွေက ပေါင်အတွင်းပိုင်းမှာ ပွန်းနေတတ်တယ်။ ချုပ်စက်ကိုသုံးပြီး အပ်ချည်ကို အခေါက်ခေါက်အခါခါ ချုပ်လိုက်ရင် ပွန်းတာမသိသာတော့ဘူး။

၅။ မစွန်းအောင်

တချို့ဂျင်းတွေက ချွေးထိတာနဲ့ကို ဆေးကျွတ်တာ။ ဘာပြောကောင်းမလဲ အကျႌမှာပါ စွန်းကုန်တာပေါ့။ ဂျင်းဘောင်းဘီတွေ ဆေးမကျွတ်အောင်လုပ်တဲ့နည်းရှိတယ်။ ရေထဲကို ဗီနီဂါထည့်ပြီး ဂျင်းဘောင်းဘီကို စိမ်ထားလိုက်။ ပြီးတော့မှ လျှော်လိုက်ပါ။

၆။ ပီကေကပ်ရင်

ဂျင်းထည်မှာ ပီကေကပ်ရင် ဘယ်လိုခွာကြသလဲဟင်...။ အလွယ်ဆုံးနည်းကတော့ ပီကေပေါ်ကို ရေခဲတုံးတင်ထားလိုက်တာပဲ။ ပီကေက အေးခဲသွားရင် အသာလေးခွာလိုက်လို့ရတယ်။

၇။ ကြယ်သီးပြုတ်သွားတဲ့အခါ

ဂျင်းဘောင်းဘီကြယ်သီး ပြုတ်တာက ဖြစ်တတ်တယ်။ သူ့ကြယ်သီးတွေက ဖိအားနဲ့ နှစ်ဖက်ကပ်ထားတာဆိုတော့ ကိုယ့်ဘာသာ ပြန်တပ်လို့မရဘူး။ ဖြေရှင်းနည်းကတော့ ဘောင်းဘီအတွင်းဘက် ကြယ်သီးတပ်ထားတဲ့နေရာမှာ ပိတ်စလေးတစ်စကိုခံပြီးမှ ကြယ်သီးစနှစ်ကို ပြန်တပ်ကြည့်ပါ။ ကိုယ့်မှာ ကြယ်သီးတပ်တဲ့စက် မရှိတော့လည်း တူနဲ့ထုပြီး ဖိအားပေးလိုက်တာပေါ့။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: duwun

 

 

 

[Zawgyi]

ဂ်င္းထည္ႀကိဳက္သူေတြအတြက္ အသုံးတည့္မယ့္နည္းလမ္းမ်ား

 

ဂ်င္းေဘာင္းဘီေတြ ေဆးမကြၽတ္ေအာင္လုပ္တဲ့နည္း႐ွိတယ္။

ဂ်င္းေဘာင္းဘီ၊ ဂ်င္းဂ်က္ကတ္၊ ဂ်င္းဦးထုပ္ စတဲ့ ဂ်င္းထည္ အသုံးအေဆာင္ေတြက ေခတ္ေတြဘယ္ေလာက္ေျပာင္းေျပာင္း မေဟာင္းႏိုင္တဲ့ဖက္႐ွင္ေတြေလ။ ဂ်င္းမႀကိဳက္ဘူးဆိုတဲ့လူေတြဆီမွာေတာင္ ဂ်င္းေဘာင္းဘီတစ္ထည္ေလာက္ေတာ့ ႐ွိတတ္ၾကတယ္။ ဂ်င္းႀကိဳက္သူေတြ၊ ဂ်င္းထည္ေတြ ႐ွိသူေတြအတြက္ အသုံးတည့္မယ့္ အခ်က္ေတြကို မွ်ေဝပါဦးမယ္။

၁။ ဂ်င္းေဘာင္းဘီေက်ာပိုးအိတ္

ဘယ္လို.... ဂ်င္းေဘာင္းဘီေက်ာပိုးအိတ္... ဂ်င္းေဘာင္းဘီကိုျဖတ္ၿပီး အိတ္ခ်ဳပ္မွာလား? မဟုတ္ဘူးေနာ္။ ဂ်င္းေဘာင္းဘီ႐ွည္ကို အလယ္ကေန ကန္႔လန္႔ျဖတ္ တစ္ေခါက္ေခါက္လိုက္။ ေျခက်င္းဝတ္ေနရာမွာ ႀကိဳးေလးနဲ႔စည္း (ႀကိဳး႐ွည္ဖို႔ေတာ့လိုမယ္)၊ ပိုတဲ့ႀကိဳးစကို ခါးပတ္ကြင္းေနရာမွာထည့္လိုက္ပါဦး။ ခါးေနရာက လြတ္ေနတဲ့ထဲကို ထည့္ခ်င္တာေတြထည့္ၿပီးရင္ ႀကိဳးစကိုဆြဲလိုက္တာနဲ႔ ႐ႈံ႕အိတ္လို ပိတ္လို႔ရၿပီ။ ေက်ာပိုးအိတ္လိုလည္း ျဖစ္သြားၿပီ။

၂။ ခါးေခ်ာင္ေနလား

အကိတ္မမေတြက ဒီဒုကၡကို ေကာင္းေကာင္းသိတယ္။ တင္ပါးကႀကီးေတာ့ ေတာ္႐ုံဆိုဒ္နဲ႔ ဝတ္လို႔မရ၊ ဆိုဒ္ႀကီးတာဝယ္ေတာ့ ခါးကေခ်ာင္ေနေရာ။ ဘာလုပ္လို႔ရသလဲဆိုေတာ့ ခါးအေနာက္နားမွာ သားေရျပားေလး ကပ္ခ်ဳပ္လိုက္တာ အဆင္ေျပတယ္။ ေဘာင္းဘီကို ႐ႈံ႕လိုက္သလို ျဖစ္သြားေတာ့ ခါးက ေခ်ာင္မေနေတာ့ဘူး။

၃။ ဝတ္မၾကည့္ဘဲ ေတာ္၊မေတာ္ သိခ်င္ရင္

ဂ်င္းေဘာင္းဘီေတြ ဒစ္စေကာင့္ခ်လို႔ အလုအယက္ဝယ္ခ်ိန္ဆို ဝတ္ၾကည့္လို႔မရတာမ်ားတယ္။ ေ႐ွးနည္းအတိုင္း လည္ပင္းမွာကပ္ၾကည့္ၿပီးေ႐ြးတာ မမွားဘူးေနာ္။ တစ္ခုပဲ မွတ္ထားဖို႔က လည္ပင္းမွာကပ္ၾကည့္တဲ့အခါ ေဘာင္းဘီစြန္းႏွစ္ဘက္က တစ္ခုနဲ႔တစ္ခု ထိတယ္ဆို႐ုံပဲ ျဖစ္ရမယ္။ ေက်ာ္လည္းမေက်ာ္၊ လြတ္လည္းလြတ္မေနရပါဘူး။

၄။ ေပါင္ပြန္းေနရင္

ေပါင္လုံးျပည့္သူေတြ ဂ်င္းေဘာင္းဘီဝတ္ရင္ ေပါင္ႏွစ္ခု ပြတ္တိုက္တဲ့အ႐ွိန္ေၾကာင့္ ေဘာင္းဘီေတြက ေပါင္အတြင္းပိုင္းမွာ ပြန္းေနတတ္တယ္။ ခ်ဳပ္စက္ကိုသုံးၿပီး အပ္ခ်ည္ကို အေခါက္ေခါက္အခါခါ ခ်ဳပ္လိုက္ရင္ ပြန္းတာမသိသာေတာ့ဘူး။

၅။ မစြန္းေအာင္

တခ်ိဳ႕ဂ်င္းေတြက ေခြၽးထိတာနဲ႔ကို ေဆးကြၽတ္တာ။ ဘာေျပာေကာင္းမလဲ အက်ႌမွာပါ စြန္းကုန္တာေပါ့။ ဂ်င္းေဘာင္းဘီေတြ ေဆးမကြၽတ္ေအာင္လုပ္တဲ့နည္း႐ွိတယ္။ ေရထဲကို ဗီနီဂါထည့္ၿပီး ဂ်င္းေဘာင္းဘီကို စိမ္ထားလိုက္။ ၿပီးေတာ့မွ ေလွ်ာ္လိုက္ပါ။

၆။ ပီေကကပ္ရင္

ဂ်င္းထည္မွာ ပီေကကပ္ရင္ ဘယ္လိုခြာၾကသလဲဟင္...။ အလြယ္ဆုံးနည္းကေတာ့ ပီေကေပၚကို ေရခဲတုံးတင္ထားလိုက္တာပဲ။ ပီေကက ေအးခဲသြားရင္ အသာေလးခြာလိုက္လို႔ရတယ္။

၇။ ၾကယ္သီးျပဳတ္သြားတဲ့အခါ

ဂ်င္းေဘာင္းဘီၾကယ္သီး ျပဳတ္တာက ျဖစ္တတ္တယ္။ သူ႕ၾကယ္သီးေတြက ဖိအားနဲ႔ ႏွစ္ဖက္ကပ္ထားတာဆိုေတာ့ ကိုယ့္ဘာသာ ျပန္တပ္လို႔မရဘူး။ ေျဖ႐ွင္းနည္းကေတာ့ ေဘာင္းဘီအတြင္းဘက္ ၾကယ္သီးတပ္ထားတဲ့ေနရာမွာ ပိတ္စေလးတစ္စကိုခံၿပီးမွ ၾကယ္သီးစႏွစ္ကို ျပန္တပ္ၾကည့္ပါ။ ကိုယ့္မွာ ၾကယ္သီးတပ္တဲ့စက္ မ႐ွိေတာ့လည္း တူနဲ႔ထုၿပီး ဖိအားေပးလိုက္တာေပါ့။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: duwun

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service