လူတစ်ယောက်ကို Body Shaming လုပ်တာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ သတိပြုစေချင်ပါတယ်

လူတစ်ယောက်ကို Body Shaming လုပ်တာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ သတိပြုစေချင်ပါတယ် - Property Knowledge in Myanmar from iMyanmarHouse.com
8 Sep 2022 11:32 am တွင် တင်ခဲ့သည်
709 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

လူတွေ တစ်ယောက်နဲ့ တစ်ယောက်ဆုံမိကြရင် နေကောင်းရဲ့လား ….. အလုပ်အဆင်ပြေလား …… ဘယ်မှာနေလဲ ….. အိမ်ပြောင်းသွားပြီလား ….. ဆိုပြီး နှုတ်ဆက်စကားတွေ ပြောလေ့ရှိတာက လူမျိုးတိုင်းမှာ ရှိသလို ခေတ်အဆက်ဆက် ကတည်းက လောကဝတ်တစ်ခု အနေနဲ့ ပျူငှာဖော်ရွေစွာ နှုတ်ဆက်တတ်တဲ့ အလေ့အထလေးတစ်ခုလို ရှိနေခဲ့တာပါ။

ဒီလို ဖော်ရွေပျူငှာတဲ့ထဲမှာ မြန်မာလူမျိုးတွေက ထိပ်ဆုံးကလို့ ပြောရပါမယ် မြန်မာလူမျိုးတွေက ဖော်ရွေပျူငှာသလို အများကို ကူညီဖို့လည်း တက်ကြွကြတဲ့ သူတွေပါ။ အခုထိလည်း သူငယ်ချင်း အချင်းချင်းလမ်းမှာ ဆုံမိရင် ဘယ်ကလာတာလဲ…. ဘယ်သွားမလို့လဲ ဆိုပြီး နှုတ်ဆက်စကား ပြောနေကြဆဲပါပဲ။ ဒီလို နှုတ်ဆက်တဲ့ စကားတွေထဲမှာ ထပ်တိုးလာတဲ့ နှုတ်ဆက်စကား တစ်ခွန်း ရှိပါတယ်။

ဒါကို လူတိုင်းလိုလို သိပြီးသား ဖြစ်နိုင်သလို ကိုယ်တိုင်တောင် နှုတ်ဆက်ခံရဖူးမယ်ထင်ပါတယ်။ ဒါကတော့ မတွေ့တာတောင် ကြာပြီနော်။ နေကောင်းရဲ့လားဆိုတာကို မဆက်ခင်လေးမှာ မေးတတ်တဲ့ စကားလေးတစ်ခွန်းပါ။ ဟယ် ….. ဝလာလိုက်တာ၊ ပိန်သွားလိုက်တာဆိုပြီး အားကြီးနဲ့ ပြောချလိုက်တာလေ။

မသိဘဲနဲ့ Body Shaming လုပ်မိနေတာပါ

ဒီလို နှုတ်ဆက်တဲ့အခါ နှုတ်ဆက်သူရဲ့ စိတ်ထဲက ဘာမှ မရှိသလို ဘာမှ မခံစားလိုက်ရပေမယ့် နှုတ်ဆက်ခံရသူအဖို့တော့ ဝနေတာကို မကြိုက်ဘဲ ဝိတ်လည်းလျှော့နေပါရက်နဲ့ ဝနေတယ်လို့ အပြောခံရတဲ့အခါ ပိန်နေတဲ့သူကလည်း ဝချင်လို့ ကြိုးစားနေချိန်မှာ ပိန်လိုက်တာလို့ ပြောခံရတာက တော်တော်လေး စိတ်ထိခိုက်စေနိုင်ပါတယ်။

ဒီလို နှုတ်ဆက်လိုက်တာက တကယ်တော့ လူတစ်ယောက်ကို Body Shaming လုပ် လိုက်တာပါပဲ။ ကိုယ်တိုင်ကတော့ ဘာရယ် မဟုတ် ပြောလိုက်ပေမယ့် ပြောခံရသူအဖို့ စိတ်ဒဏ်ရာရသွားနိုင်ပါတယ်။ ဒီလို ပြောဆိုတာက ကိုယ်တိုင်အတွက် ရော အခြားသူတွေအတွက်ပါ အကျိုးမရှိပါဘူး။

ဒါကြောင့် လူတစ်ယောက်နဲ့ ဆုံမိတဲ့အခါ သူတို့ ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်ပြီး ဝေဖန်တာမျိုး မဖြစ်စေဖို့ သတိထားစေချင်ပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား ……

လူတစ်ယောက်ကို Body Shaming လုပ်တာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ သတိပြုစေချင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အချိုးအစားက ရွေးချယ်လို့ ရတယ်ဆိုပေမယ့် မပိန်ချင်ဘဲ ပိန်နေတာ၊ မဝချင်ဘဲ ဝနေတာတွေ ရှိနိုင်ပါတယ်။

အချို့ဆို ဟော်မုန်းဆေးတွေ သောက်နေရတာကြောင့် ဝနေတာ ဖြစ်နိုင်သလို အချို့ဆို မျိုးရိုးလိုက်လို့၊ ရောဂါအခံ တစ်ခုခု ရှိလို့ ပိန်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ နောက်ထပ် လူ့အခွင့်အရေးဘက်က ကြည့်မယ်ဆိုရင်လည်း ပိန်တာ၊ ဝတာက လူတစ်ယောက်ရဲ့ အခြေခံ ကိုယ်ပိုင် လွတ်လပ်ခွင့် ဖြစ်တာကြောင့် ဒါ့အတွက် ဝေဖန်ခံဖို့ မလိုအပ်ပါဘူး။

လူတစ်ယောက်ကို Body Shaming လုပ်တာက အခုလိုမျိုး စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

စိတ်ဓာတ်ကျသွားနိုင်တယ်

ဝနေလို့ ကိုယ်အလေးချိန် ထိန်းဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် ရောဂါတစ်ခုခုကြောင့် ဒါမှမဟုတ် ဆေးဝါးတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မဝချင်ဘဲ ဝနေတဲ့သူကို ဝလိုက်တာလို့ ပြောတာမျိုး၊ ခန္ဓာကိုယ် ပြည့်ပြည့်လေး ဖြစ်ချင်လို့ အစားအစာတွေလည်း ဂရုစိုက်နေတယ်၊ ကိုယ်လက်လေ့ကျင့်ခန်းတွေလည်း လုပ်နေတဲ့သူကို ပိန်သွားလိုက်တာလို့ ပြောလိုက်ခြင်းက သူတို့ကို Body Shamingလုပ်လိုက်တာပါပဲ။

ဒါက စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှု တစ်ရပ်ပါ။ ဒီလိုမျိုး အကြိမ်ကြိမ် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ခံရတာက စိတ်ဓာတ်ကျတာကို ဖြစ်စေနိုင်ပါတယ်။

စိတ်ဖိစီးစေနိုင်တယ်

မနှစ်သက်တဲ့ အခြေအနေကို ခဏခဏ ကြုံရတာ၊ သဘောမကျတဲ့ ဝေဖန်မှုတွေကို ခဏခဏ ခံစားရတာက စိတ်ဖိစီးစေပါတယ်။ ဒီလိုပါပဲ ကိုယ်တိုင်တောင် အဆင်မပြေလို့ ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်ပြီး အဆင်ပြေတဲ့ အနေအထား ဖြစ်လာအောင် ကြိုးစားနေသူတွေကို ကိုယ်အလေးချိန် ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်ပြီး ခဏခဏ ဝေဖန်တာက စိတ်ဖိစီးစေနိုင်ပါတယ်။

စိတ်ဖိစီးတာက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

စားသောက်မှု မူမမှန်တဲ့ စိတ်အခြေအနေ ခံစားရစေနိုင်တယ် ဝတယ်လို့ အပြောခံရတာကြောင့် အစားအသောက်တွေကို ရှောင်တာ ပိန်တယ်လို့ အပြောခံရတာကြောင့် အဆီနဲ့ ကာဗိုဟိုက်ဒရိတ်များတာတွေ ဝစေတယ်ဆိုတဲ့ အစားအစာတွေကို မလိုအပ်ဘဲ စားတာ၊ ရှောင်တာတွေ လုပ်ရင်းက စားသောက်မှု မူမမှန်တဲ့အခြေအနေကို ခံစားလာရနိုင်ပါတယ်။

အချို့ဆို စားချင်တော့ စားလိုက်တယ်။ ပြီးတော့ ဝလာမှာစိုးတယ်ဆိုပြီး စားပြီးပြီးချင်း လက်ထိုးပြီး အန်လိုက်တယ်။ ဒီလို လုပ်တာတွေ ဖြစ်နိုင်သလို ပိန်လွန်းတယ်ဆိုလို့ အဆီတက်စေတာမျိုးတွေကိုပဲ ရွေးစားတယ်။ မစားချင်ဘဲ အတင်းစားတာမျိုးတွေလိုမျိုး စားသောက်မှုဆိုင်ရာ မူမမှန်တဲ့ စိတ်အခြေအနေကို ခံစားလာရနိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးလာတယ်

ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်လို့ ခဏခဏ ဝေဖန်ခံရတဲ့အခါ ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားအပေါ် ယုံကြည်မှု အားနည်းလာနိုင်ပါတယ်။ ဒီလို အားနည်းလာမှုရဲ့ အကျိုးဆက်အနေနဲ့ လူအများကြား မသွားရဲ မလာရဲတာမျိုးကစလို့ တစ်ခုခု လုပ်ဖို့ဆိုရင်တောင် မဖြစ်နိုင်ပါဘူးလို့ တွေးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဆုံးရှုံးတာမျိုး ခံစားရနိုင်ပါတယ်။

Body Shamingလုပ်တာက အခုလိုမျိုး စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အချိုးအဆစ်နဲ့ ပတ်သက်ပြီး ပိန်လွန်းတယ်။ ဝလွန်းတယ်လို့ ဝေဖန်တာမျိုး မလုပ်မိပါစေနဲ့။

ကိုယ်က ဝေဖန်ခံရတဲ့သူဖြစ်နေမယ်ဆိုရင်လည်း ခန္ဓာကိုယ်အချိုးအစား ပြေပြစ်တယ်။ မပြေပြစ်ဘူး။ ပိန်တယ်၊ ဝတယ်ဆိုတာက ကိုယ့်ရဲ့ မွေးရာပါ ကိုယ်ပိုင်လွတ်လပ်ခွင့်လို့ ယူဆပြီး စိတ်ထဲ တနုံ့နုံ့တွေးနေတာမျိုး မလုပ်ဘဲ ကိုယ့်စိတ်တိုင်းကျ လှုပ်ရှားနေထိုင်ဖို့ အကြံပြုလိုက်ပါရစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit: hellosayarwon

 

 

[Zawgyi]

လူတစ္ေယာက္ကို Body Shaming လုပ္တာက စိတ္က်န္းမာေရးကို ထိခိုက္ေစႏိုင္လို႔ သတိျပဳေစခ်င္ပါတယ္

 

လူေတြ တစ္ေယာက္နဲ႔ တစ္ေယာက္ဆုံမိၾကရင္ ေနေကာင္းရဲ႕လား ….. အလုပ္အဆင္ေျပလား …… ဘယ္မွာေနလဲ ….. အိမ္ေျပာင္းသြားၿပီလား ….. ဆိုၿပီး ႏႈတ္ဆက္စကားေတြ ေျပာေလ့႐ွိတာက လူမ်ိဳးတိုင္းမွာ ႐ွိသလို ေခတ္အဆက္ဆက္ ကတည္းက ေလာကဝတ္တစ္ခု အေနနဲ႔ ပ်ဴငွာေဖာ္ေ႐ြစြာ ႏႈတ္ဆက္တတ္တဲ့ အေလ့အထေလးတစ္ခုလို ႐ွိေနခဲ့တာပါ။

ဒီလို ေဖာ္ေ႐ြပ်ဴငွာတဲ့ထဲမွာ ျမန္မာလူမ်ိဳးေတြက ထိပ္ဆုံးကလို႔ ေျပာရပါမယ္ ျမန္မာလူမ်ိဳးေတြက ေဖာ္ေ႐ြပ်ဴငွာသလို အမ်ားကို ကူညီဖို႔လည္း တက္ႂကြၾကတဲ့ သူေတြပါ။ အခုထိလည္း သူငယ္ခ်င္း အခ်င္းခ်င္းလမ္းမွာ ဆုံမိရင္ ဘယ္ကလာတာလဲ…. ဘယ္သြားမလို႔လဲ ဆိုၿပီး ႏႈတ္ဆက္စကား ေျပာေနၾကဆဲပါပဲ။ ဒီလို ႏႈတ္ဆက္တဲ့ စကားေတြထဲမွာ ထပ္တိုးလာတဲ့ ႏႈတ္ဆက္စကား တစ္ခြန္း ႐ွိပါတယ္။

ဒါကို လူတိုင္းလိုလို သိၿပီးသား ျဖစ္ႏိုင္သလို ကိုယ္တိုင္ေတာင္ ႏႈတ္ဆက္ခံရဖူးမယ္ထင္ပါတယ္။ ဒါကေတာ့ မေတြ႕တာေတာင္ ၾကာၿပီေနာ္။ ေနေကာင္းရဲ႕လားဆိုတာကို မဆက္ခင္ေလးမွာ ေမးတတ္တဲ့ စကားေလးတစ္ခြန္းပါ။ ဟယ္ ….. ဝလာလိုက္တာ၊ ပိန္သြားလိုက္တာဆိုၿပီး အားႀကီးနဲ႔ ေျပာခ်လိုက္တာေလ။

မသိဘဲနဲ႔ Body Shaming လုပ္မိေနတာပါ

ဒီလို ႏႈတ္ဆက္တဲ့အခါ ႏႈတ္ဆက္သူရဲ႕ စိတ္ထဲက ဘာမွ မ႐ွိသလို ဘာမွ မခံစားလိုက္ရေပမယ့္ ႏႈတ္ဆက္ခံရသူအဖို႔ေတာ့ ဝေနတာကို မႀကိဳက္ဘဲ ဝိတ္လည္းေလွ်ာ့ေနပါရက္နဲ႔ ဝေနတယ္လို႔ အေျပာခံရတဲ့အခါ ပိန္ေနတဲ့သူကလည္း ဝခ်င္လို႔ ႀကိဳးစားေနခ်ိန္မွာ ပိန္လိုက္တာလို႔ ေျပာခံရတာက ေတာ္ေတာ္ေလး စိတ္ထိခိုက္ေစႏိုင္ပါတယ္။

ဒီလို ႏႈတ္ဆက္လိုက္တာက တကယ္ေတာ့ လူတစ္ေယာက္ကို Body Shaming လုပ္ လိုက္တာပါပဲ။ ကိုယ္တိုင္ကေတာ့ ဘာရယ္ မဟုတ္ ေျပာလိုက္ေပမယ့္ ေျပာခံရသူအဖို႔ စိတ္ဒဏ္ရာရသြားႏိုင္ပါတယ္။ ဒီလို ေျပာဆိုတာက ကိုယ္တိုင္အတြက္ ေရာ အျခားသူေတြအတြက္ပါ အက်ိဳးမ႐ွိပါဘူး။

ဒါေၾကာင့္ လူတစ္ေယာက္နဲ႔ ဆုံမိတဲ့အခါ သူတို႔ ခႏၶာကိုယ္ အခ်ိဳးအစားနဲ႔ ပတ္သက္ၿပီး ေဝဖန္တာမ်ိဳး မျဖစ္ေစဖို႔ သတိထားေစခ်င္ပါတယ္။ ဘာေၾကာင့္ ဒီလို ေျပာရတာလဲဆိုတာကို အတူတူ ဆက္ၾကည့္လိုက္ရေအာင္လား ……

လူတစ္ေယာက္ကို Body Shaming လုပ္တာက စိတ္က်န္းမာေရးကို ထိခိုက္ေစႏိုင္လို႔ သတိျပဳေစခ်င္ပါတယ္။ ဘာေၾကာင့္လည္း ဆိုေတာ့ လူတစ္ေယာက္ရဲ႕ ခႏၶာကိုယ္ အခ်ိဳးအစားက ေ႐ြးခ်ယ္လို႔ ရတယ္ဆိုေပမယ့္ မပိန္ခ်င္ဘဲ ပိန္ေနတာ၊ မဝခ်င္ဘဲ ဝေနတာေတြ ႐ွိႏိုင္ပါတယ္။

အခ်ိဳ႕ဆို ေဟာ္မုန္းေဆးေတြ ေသာက္ေနရတာေၾကာင့္ ဝေနတာ ျဖစ္ႏိုင္သလို အခ်ိဳ႕ဆို မ်ိဳး႐ိုးလိုက္လို႔၊ ေရာဂါအခံ တစ္ခုခု ႐ွိလို႔ ပိန္ေနတာမ်ိဳးလည္း ႐ွိႏိုင္ပါတယ္။ ေနာက္ထပ္ လူ႕အခြင့္အေရးဘက္က ၾကည့္မယ္ဆိုရင္လည္း ပိန္တာ၊ ဝတာက လူတစ္ေယာက္ရဲ႕ အေျခခံ ကိုယ္ပိုင္ လြတ္လပ္ခြင့္ ျဖစ္တာေၾကာင့္ ဒါ့အတြက္ ေဝဖန္ခံဖို႔ မလိုအပ္ပါဘူး။

လူတစ္ေယာက္ကို Body Shaming လုပ္တာက အခုလိုမ်ိဳး စိတ္က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။

စိတ္ဓာတ္က်သြားႏိုင္တယ္

ဝေနလို႔ ကိုယ္အေလးခ်ိန္ ထိန္းဖို႔ ႀကိဳးစားေနတယ္။ ဒါေပမယ့္ ေရာဂါတစ္ခုခုေၾကာင့္ ဒါမွမဟုတ္ ေဆးဝါးေတြရဲ႕ ေနာက္ဆက္တြဲအေနနဲ႔ မဝခ်င္ဘဲ ဝေနတဲ့သူကို ဝလိုက္တာလို႔ ေျပာတာမ်ိဳး၊ ခႏၶာကိုယ္ ျပည့္ျပည့္ေလး ျဖစ္ခ်င္လို႔ အစားအစာေတြလည္း ဂ႐ုစိုက္ေနတယ္၊ ကိုယ္လက္ေလ့က်င့္ခန္းေတြလည္း လုပ္ေနတဲ့သူကို ပိန္သြားလိုက္တာလို႔ ေျပာလိုက္ျခင္းက သူတို႔ကို Body Shamingလုပ္လိုက္တာပါပဲ။

ဒါက စိတ္ပိုင္းဆိုင္ရာ ထိုးႏွက္မႈ တစ္ရပ္ပါ။ ဒီလိုမ်ိဳး အႀကိမ္ႀကိမ္ စိတ္ပိုင္းဆိုင္ရာ ထိုးႏွက္ခံရတာက စိတ္ဓာတ္က်တာကို ျဖစ္ေစႏိုင္ပါတယ္။

စိတ္ဖိစီးေစႏိုင္တယ္

မႏွစ္သက္တဲ့ အေျခအေနကို ခဏခဏ ၾကဳံရတာ၊ သေဘာမက်တဲ့ ေဝဖန္မႈေတြကို ခဏခဏ ခံစားရတာက စိတ္ဖိစီးေစပါတယ္။ ဒီလိုပါပဲ ကိုယ္တိုင္ေတာင္ အဆင္မေျပလို႔ ခႏၶာကိုယ္ အခ်ိဳးအစားနဲ႔ ပတ္သက္ၿပီး အဆင္ေျပတဲ့ အေနအထား ျဖစ္လာေအာင္ ႀကိဳးစားေနသူေတြကို ကိုယ္အေလးခ်ိန္ ခႏၶာကိုယ္ အခ်ိဳးအစားနဲ႔ ပတ္သက္ၿပီး ခဏခဏ ေဝဖန္တာက စိတ္ဖိစီးေစႏိုင္ပါတယ္။

စိတ္ဖိစီးတာက ေနာက္ဆက္တြဲ က်န္းမာေရးျပႆနာေတြကို ျဖစ္ေစႏိုင္ပါတယ္။

စားေသာက္မႈ မူမမွန္တဲ့ စိတ္အေျခအေန ခံစားရေစႏိုင္တယ္

ဝတယ္လို႔ အေျပာခံရတာေၾကာင့္ အစားအေသာက္ေတြကို ေ႐ွာင္တာ ပိန္တယ္လို႔ အေျပာခံရတာေၾကာင့္ အဆီနဲ႔ ကာဗိုဟိုက္ဒရိတ္မ်ားတာေတြ ဝေစတယ္ဆိုတဲ့ အစားအစာေတြကို မလိုအပ္ဘဲ စားတာ၊ ေ႐ွာင္တာေတြ လုပ္ရင္းက စားေသာက္မႈ မူမမွန္တဲ့အေျခအေနကို ခံစားလာရႏိုင္ပါတယ္။

အခ်ိဳ႕ဆို စားခ်င္ေတာ့ စားလိုက္တယ္။ ၿပီးေတာ့ ဝလာမွာစိုးတယ္ဆိုၿပီး စားၿပီးၿပီးခ်င္း လက္ထိုးၿပီး အန္လိုက္တယ္။ ဒီလို လုပ္တာေတြ ျဖစ္ႏိုင္သလို ပိန္လြန္းတယ္ဆိုလို႔ အဆီတက္ေစတာမ်ိဳးေတြကိုပဲ ေ႐ြးစားတယ္။ မစားခ်င္ဘဲ အတင္းစားတာမ်ိဳးေတြလိုမ်ိဳး စားေသာက္မႈဆိုင္ရာ မူမမွန္တဲ့ စိတ္အေျခအေနကို ခံစားလာရႏိုင္ပါတယ္။

ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ ေပ်ာက္ဆုံးလာတယ္

ကိုယ့္ရဲ႕ ခႏၶာကိုယ္ အခ်ိဳးအစားနဲ႔ ပတ္သက္လို႔ ခဏခဏ ေဝဖန္ခံရတဲ့အခါ ကိုယ့္ရဲ႕ ခႏၶာကိုယ္ အခ်ိဳးအစားအေပၚ ယုံၾကည္မႈ အားနည္းလာႏိုင္ပါတယ္။ ဒီလို အားနည္းလာမႈရဲ႕ အက်ိဳးဆက္အေနနဲ႔ လူအမ်ားၾကား မသြားရဲ မလာရဲတာမ်ိဳးကစလို႔ တစ္ခုခု လုပ္ဖို႔ဆိုရင္ေတာင္ မျဖစ္ႏိုင္ပါဘူးလို႔ ေတြးၿပီး ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ ဆုံး႐ႈံးတာမ်ိဳး ခံစားရႏိုင္ပါတယ္။

Body Shamingလုပ္တာက အခုလိုမ်ိဳး စိတ္က်န္းမာေရးကို ထိခိုက္ေစႏိုင္တာေၾကာင့္ လူတစ္ေယာက္ရဲ႕ ခႏၶာကိုယ္ အခ်ိဳးအဆစ္နဲ႔ ပတ္သက္ၿပီး ပိန္လြန္းတယ္။ ဝလြန္းတယ္လို႔ ေဝဖန္တာမ်ိဳး မလုပ္မိပါေစနဲ႔။

ကိုယ္က ေဝဖန္ခံရတဲ့သူျဖစ္ေနမယ္ဆိုရင္လည္း ခႏၶာကိုယ္အခ်ိဳးအစား ေျပျပစ္တယ္။ မေျပျပစ္ဘူး။ ပိန္တယ္၊ ဝတယ္ဆိုတာက ကိုယ့္ရဲ႕ ေမြးရာပါ ကိုယ္ပိုင္လြတ္လပ္ခြင့္လို႔ ယူဆၿပီး စိတ္ထဲ တႏုံ႔ႏုံ႔ေတြးေနတာမ်ိဳး မလုပ္ဘဲ ကိုယ့္စိတ္တိုင္းက် လႈပ္႐ွားေနထိုင္ဖို႔ အၾကံျပဳလိုက္ပါရေစ။

 

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
mya-villa
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service