အမေပျော်ရာသွားလိုက်ပါနော်......

အမေပျော်ရာသွားလိုက်ပါနော်...... - Property Knowledge in Myanmar from iMyanmarHouse.com
1 Sep 2022 9:54 am တွင် တင်ခဲ့သည်
409 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

“မမ…အမေဘယ်သွားတာလဲဟင်” ဟူသော ညီမငယ်၏ အမေးကို သူဘယ်လိုပြန်ပြောရမည်နည်း။

ရင်ထဲတွင်ကြပ်နေသလို မျက်ရည်တို့က စို့၍ထွက်လာသည်။ကျွန်မတို့အားကိုးတကြီးခိုလှုံရာ မြင်းမိုရ်ရွှေတောင်ကြီးသည် ပြိုသွားပြီလား။ကျွန်မတို့ညီမနှစ်ယောက်အတွက် အရိပ်တို့မဲ့ခဲ့လေပြီလား။

အော်ဟစ်မငိုသော်လည်း ရင်ထဲတွင် အလိုလိုရှိုက်တက်လာပြီး မျက်ရည်တို့က ပါးပေါ်မှာစီးဆင်းလာသည်။

အမေ့ရင်ခွင်ထဲတွင် ခိုဝင်မှေးစက်ရင်း နွေးထွေးသည့်အိပ်မက်တို့ မက်ခွင့်တို့ပျက်ပြယ်ခဲ့လေပြီလား အမေရယ်။ အမေ့ရင်ခွင်ထဲမှာအိပ်ရင်း မက်ဖူးသမျှ အိပ်မက်တို့သည် အေးချမ်းမှုနှင့်အတူ ကြည်နူးစွာ လှပနေခဲ့ပါသည်။

အခုလိုလုပ်လိုက်ရတဲ့အတွက် အမေပျော်တယ်ဆိုရင်တော့ အမေပျော်ရာသွားလိုက်ပါနော်။

ရင်ခွင်မဲ့ခဲ့ရပြီဖြစ်တဲ့ အမေ့ရင်သွေးတို့ရဲ့ ညအိပ်ရာဝင်အိပ်မက်တို့က ခြောက်သွေ့ထိတ်လန့်မှုနှင့်အတူ ညတိုင်းကို ဖြတ်သန်းကြရပါတော့မယ်အမေ။

အမေရယ် အမေဆိုသိပ်လို့ မေမေ့တေးတွေနဲ့ ကြည်နူးစွာ အိပ်ပျော်ခဲ့ရတဲ့သမီးတို့ ဘယ်လိုထိတ်လန့်မှုမျိုးတွေ ရှေ့ဆက်ကြုံကြရဦးမယ်မသိဘူး။အခုတော့ အမေဆိုပြမယ့် တေးတွေလည်း တိတ်ဆိတ်လို့သွားပြီပေါ့နော်။ ဒါတွေကို ဂရုမစိုက်ဘဲ အမေပျော်တယ်ဆိုရင်တော့ အမေပျော်ရာသွားလိုက်ပါနော်။

သမီးနှစ်ယောက်အတွက် အမေဘာလို့ထည့်မတွက်ဘဲ ရင်ခွင်ပြောင်းရဲရတာလဲ အမေရယ်။ သမီးတို့က အမေအတွက်ဝန်ထုပ်ဝန်ပိုးကြီးဖြစ်နေလို့လား။မရှိတော့ပြီဖြစ်တဲ့ ဖေဖေ့နေရာကို လူစားထိုးလိုက်တာလား အမေ။ဒီလို ရင်ခွင်ပြောင်းလိုက်ရတာကို အမေပျော်လား။အမေပျော်ရင်တော့ အမေပျော်ရာသွားလိုက်ပါနော်။

သမီးတို့ညီမနှစ်ယောက်ရဲ့မျက်လုံးမှာ မျက်ရည်တွေနဲ့ပိတ်စည်းလို့ ဝိုးတဝါးလမ်းတွေကို လျှောက်ရဦးမှာလေ။ ဘယ်ခရီးကို ဘယ်လိုသွားလို့ ဘယ်စခန်းကို ဘယ်လိုရောက်မယ်ဆိုတာ ခန့်မှန်းလို့ကြည့်ရတာနဲ့တင် မောဟိုက်မွန်းကြပ် နေတယ်အမေ။ လက်ရှိအခြေအနေမှာ အမေပျော်နေတယ်ဆိုရင်တော့ အမေပျော်ရာမှာသာ နေလိုက်ပါအမေ။

ရင်ခွင်မှာပိုက်ထွေလို့ တချိန်က နွေးထွေးမှုတွေ အမေပေးခဲ့လည်း အခုတော့ ဥကိုလည်းမခင် သားကိုလည်း မမင်တော့ဘူးပေါ့ ဟုတ်လားအမေ။

သမီးတို့အပေါ်မငဲ့ မကွက်ဘဲ လျစ်လျူပြုကာ စွန့်ခဲ့တဲ့အမေ့ကို သမီးတို့ဘာပြောရမလဲအမေ။ အမေမရှိတဲ့ သမီး နှစ်ယောက် ရှေ့ဘယ်လိုဆက်လျှောက်ကြမလဲဆိုတာ အမေမတွေးမိဘူးလားအမေရယ်။

ရှေ့ဆက်ရမယ့်လမ်းတွေဟာ ဝေဝါးနေလို့လည်း မလျှောက်ဘဲနေလို့တော့မရဘူးလေ။သမီးလေ ညီမလေးရဲ့ လက်ကို တွဲထူထားမှာပါ၊ထိန်းမတ်ထားမှာပါ။သူကိုလည်းမယိုင်လဲအောင် ကိုယ်ကိုယ်တိုင်လည်း မပြိုလဲအောင် မှီတင်းထောက်ကန်လို့ထားမှာပါ။

ကိုယ်နိုင်တဲ့ဝန်ကို ကိုယ့်ဟာကိုယ်ကျေပွန်အောင်ထမ်းမယ်အမေ။ကိုယ့်လမ်းကို ရအောင်ဖောက်လို့ မဖြစ်ဖြစ်အောင်လျှောက်မယ်အမေ။မကြောက်ဖူးလားဆိုတော့ မိန်းကလေးတွေလေအမေရဲ့ကြောက်တာပေါ့။ ဒါပေမဲ့ ကြောက်တဲ့သူကိုလောကကြီးဖိထောင်းကြမယ်လေ။ဒါကြောင့် ကြောက်ပေမဲ့လည်း မမှုသာဘူးပေါ့ အမေ။

ဘာမှတွေးမနေပါနဲ့အမေရယ်။အမေ့ကိုလည်း အပြစ်မတင်မငြိုငြင်ရက်တော့ပါဘူးအမေ။အမေလည်း အမေ့အတွက်သာ အမေစဉ်းစားထားတာမို့လား။

သမီးတို့ကမျက်ရည်ခံထိုးနေလို့ ပျော်နေတဲ့အမေ စိတ်အနှောင့်အယှက်ဖြစ်နေပါဦးမယ်လေ။ အမေလည်း ပျော်ရာရှာပြီးပြီမို့ အမေပျော်ရာသွားလိုက်ပါ၊အမေပျော်ရာနေလိုက်ပါတော့အမေရယ်။

မှတ်ချက်။ ။ အမေနောက်အိမ်ထောင်ပြုသွားခြင်းကို ခံစားနေရသော အလုပ်ကညီငယ်တစ်ယောက်ရင်တွင်း ဝင်ရောက်ခံစားကြည့်ခြင်းပါ။မိဘကို ပြစ်မှာပြောမှားမရှိစေရန် ရည်ရွယ်ပါကြောင်း။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အေမေပ်ာ္ရာသြားလိုက္ပါေနာ္......

“မမ…အေမဘယ္သြားတာလဲဟင္” ဟူေသာ ညီမငယ္၏ အေမးကို သူဘယ္လိုျပန္ေျပာရမည္နည္း။

ရင္ထဲတြင္ၾကပ္ေနသလို မ်က္ရည္တို႔က စို႔၍ထြက္လာသည္။ကၽြန္မတို႔အားကိုးတႀကီးခိုလႈံရာ ျမင္းမိုရ္ေရႊေတာင္ႀကီးသည္ ၿပိဳသြားၿပီလား။ကၽြန္မတို႔ညီမႏွစ္ေယာက္အတြက္ အရိပ္တို႔မဲ့ခဲ့ေလၿပီလား။

ေအာ္ဟစ္မငိုေသာ္လည္း ရင္ထဲတြင္ အလိုလိုရႈိက္တက္လာၿပီး မ်က္ရည္တို႔က ပါးေပၚမွာစီးဆင္းလာသည္။

အေမ့ရင္ခြင္ထဲတြင္ ခိုဝင္ေမွးစက္ရင္း ေႏြးေထြးသည့္အိပ္မက္တို႔ မက္ခြင့္တို႔ပ်က္ျပယ္ခဲ့ေလၿပီလား အေမရယ္။ အေမ့ရင္ခြင္ထဲမွာအိပ္ရင္း မက္ဖူးသမွ် အိပ္မက္တို႔သည္ ေအးခ်မ္းမႈႏွင့္အတူ ၾကည္နူးစြာ လွပေနခဲ့ပါသည္။

အခုလိုလုပ္လိုက္ရတဲ့အတြက္ အေမေပ်ာ္တယ္ဆိုရင္ေတာ့ အေမေပ်ာ္ရာသြားလိုက္ပါေနာ္။

ရင္ခြင္မဲ့ခဲ့ရၿပီျဖစ္တဲ့ အေမ့ရင္ေသြးတို႔ရဲ႕ ညအိပ္ရာဝင္အိပ္မက္တို႔က ေျခာက္ေသြ႔ထိတ္လန္႔မႈႏွင့္အတူ ညတိုင္းကို ျဖတ္သန္းၾကရပါေတာ့မယ္အေမ။

အေမရယ္ အေမဆိုသိပ္လို႔ ေမေမ့ေတးေတြနဲ႔ ၾကည္ႏူးစြာ အိပ္ေပ်ာ္ခဲ့ရတဲ့သမီးတို႔ ဘယ္လိုထိတ္လန္႔မႈမ်ိဳးေတြ ေရွ႕ဆက္ၾကဳံၾကရဦးမယ္မသိဘူး။အခုေတာ့ အေမဆိုျပမယ့္ ေတးေတြလည္း တိတ္ဆိတ္လို႔သြားၿပီေပါ့ေနာ္။ ဒါေတြကို ဂရုမစိုက္ဘဲ အေမေပ်ာ္တယ္ဆိုရင္ေတာ့ အေမေပ်ာ္ရာသြားလိုက္ပါေနာ္။

သမီးႏွစ္ေယာက္အတြက္ အေမဘာလို႔ထည့္မတြက္ဘဲ ရင္ခြင္ေျပာင္းရဲရတာလဲ အေမရယ္။ သမီးတို႔က အေမအတြက္ဝန္ထုပ္ဝန္ပိုးႀကီးျဖစ္ေနလို႔လား။မရွိေတာ့ၿပီျဖစ္တဲ့ ေဖေဖ့ေနရာကို လူစားထိုးလိုက္တာလား အေမ။ဒီလို ရင္ခြင္ေျပာင္းလိုက္ရတာကို အေမေပ်ာ္လား။အေမေပ်ာ္ရင္ေတာ့ အေမေပ်ာ္ရာသြားလိုက္ပါေနာ္။

သမီးတို႔ညီမႏွစ္ေယာက္ရဲ႕မ်က္လုံးမွာ မ်က္ရည္ေတြနဲ႔ပိတ္စည္းလို႔ ဝိုးတဝါးလမ္းေတြကို ေလွ်ာက္ရဦးမွာေလ။ ဘယ္ခရီးကို ဘယ္လိုသြားလို႔ ဘယ္စခန္းကို ဘယ္လိုေရာက္မယ္ဆိုတာ ခန္႔မွန္းလို႔ၾကည့္ရတာနဲ႔တင္ ေမာဟိုက္မြန္းၾကပ္ ေနတယ္အေမ။ လက္ရွိအေျခအေနမွာ အေမေပ်ာ္ေနတယ္ဆိုရင္ေတာ့ အေမေပ်ာ္ရာမွာသာ ေနလိုက္ပါအေမ။

ရင္ခြင္မွာပိုက္ေထြလို႔ တခ်ိန္က ေႏြးေထြးမႈေတြ အေမေပးခဲ့လည္း အခုေတာ့ ဥကိုလည္းမခင္ သားကိုလည္း မမင္ေတာ့ဘူးေပါ့ ဟုတ္လားအေမ။

သမီးတို႔အေပၚမငဲ့ မကြက္ဘဲ လ်စ္လ်ဴျပဳကာ စြန္႔ခဲ့တဲ့အေမ့ကို သမီးတို႔ဘာေျပာရမလဲအေမ။ အေမမရွိတဲ့ သမီး ႏွစ္ေယာက္ ေရွ႕ဘယ္လိုဆက္ေလွ်ာက္ၾကမလဲဆိုတာ အေမမေတြးမိဘူးလားအေမရယ္။

ေရွ႕ဆက္ရမယ့္လမ္းေတြဟာ ေဝဝါးေနလို႔လည္း မေလွ်ာက္ဘဲေနလို႔ေတာ့မရဘူးေလ။သမီးေလ ညီမေလးရဲ႕ လက္ကို တြဲထူထားမွာပါ၊ထိန္းမတ္ထားမွာပါ။သူကိုလည္းမယုိင္လဲေအာင္ ကိုယ္ကိုယ္တိုင္လည္း မၿပိဳလဲေအာင္ မွီတင္းေထာက္ကန္လို႔ထားမွာပါ။

ကိုယ္ႏိုင္တဲ့ဝန္ကို ကိုယ့္ဟာကိုယ္ေက်ပြန္ေအာင္ထမ္းမယ္အေမ။ကိုယ့္လမ္းကို ရေအာင္ေဖာက္လို႔ မျဖစ္ျဖစ္ေအာင္ေလွ်ာက္မယ္အေမ။မေၾကာက္ဖူးလားဆိုေတာ့ မိန္းကေလးေတြေလအေမရဲ႕ေၾကာက္တာေပါ့။ ဒါေပမဲ့ ေၾကာက္တဲ့သူကိုေလာကႀကီးဖိေထာင္းၾကမယ္ေလ။ဒါေၾကာင့္ ေၾကာက္ေပမဲ့လည္း မမႈသာဘူးေပါ့ အေမ။

ဘာမွေတြးမေနပါနဲ႔အေမရယ္။အေမ့ကိုလည္း အျပစ္မတင္မၿငိဳျငင္ရက္ေတာ့ပါဘူးအေမ။အေမလည္း အေမ့အတြက္သာ အေမစဥ္းစားထားတာမို႔လား။

သမီးတို႔ကမ်က္ရည္ခံထိုးေနလို႔ ေပ်ာ္ေနတဲ့အေမ စိတ္အေႏွာင့္အယွက္ျဖစ္ေနပါဦးမယ္ေလ။ အေမလည္း ေပ်ာ္ရာရွာၿပီးၿပီမို႔ အေမေပ်ာ္ရာသြားလိုက္ပါ၊အေမေပ်ာ္ရာေနလိုက္ပါေတာ့အေမရယ္။

မွတ္ခ်က္။ ။ အေမေနာက္အိမ္ေထာင္ျပဳသြားျခင္းကို ခံစားေနရေသာ အလုပ္ကညီငယ္တစ္ေယာက္ရင္တြင္း ဝင္ေရာက္ခံစားၾကည့္ျခင္းပါ။မိဘကို ျပစ္မွာေျပာမွားမရွိေစရန္ ရည္ရြယ္ပါေၾကာင္း။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service