ကြယ်ဆွတ်လမ်း

ကြယ်ဆွတ်လမ်း - Property Knowledge in Myanmar from iMyanmarHouse.com
18 Aug 2022 2:04 pm တွင် တင်ခဲ့သည်
588 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အောင်မြင်မှုကို ရှာဖွေရယူလိုသူတွေအတွက် ကောင်းကင်ကကြယ်တွေကို ခူးဆွတ်ပြမယ်။ဒူးနဲ့တိုက်မယ် အစုံပါပဲ စာတွေဖွဲ့ကြတာပေါ့။စွမ်းတဲ့သူတွေအတွက် လုပ်နိုင်ကြောင်းကိုပြဖို့ ကောင်းကင်ကကြယ်တွေဟာ အခူးဆွတ်ခံတွေပါပဲ။

ဒီလိုလူမျိုးတွေဟာ ဘဝမှာကြုံလာတဲ့ အခက်အခဲတိုင်းကို ရင်ဆိုင်ဖို့လည်း ရဲဝံ့တဲ့သူတွေပါပဲ။ ဘာတွေဘယ်လို ကြုံလာပါစေ နောက်တွန့်ကြောက်ရွံ့တယ်ဆိုတဲ့စိတ်သူတို့မှာ တစိုးတစိမှ ရှိမနေတတ်ပါဘူး။

ဘဝဆိုတာအမှန်တကယ်တော့ ရေရာသေချာတယ်ဆိုတာ တစ်ခုမှမရှိပါဘူး။မွေးလာခဲ့ပေမဲ့ ကြီးပြင်းရမယ့် နေရာတွေဟာလည်း မသေချာပါဘူး။ရန်ကုန်မှာမွေးကြပေမဲ့ တောနယ်တွေမှ ကြီးပြင်းရသူတွေရှိမယ်၊ တောမှာမွေးခဲ့ကြပေမဲ့ မဟာရန်ကုန်မြို့ကြီးမှာ ကြီးပြင်းခွင့်ရခဲ့သေူတွေရှိကြပါတယ်။မွေးတဲ့နေရာနဲ့ သေတဲ့နေရာ တနေရာထဲကျမယ်ဆိုတာတောင် မသေချာပါဘူး။

ဒါတွေဟာ ဘဝမှာ မရေရာဘူးဆိုတာကို ပြနေတာပါပဲ။ဘဝတွေက မရေရာလို့ ရှင်သန်ခွင့် မရှိဘူးဆိုတာရော ရှိလား။ မရေရာပေမဲ့ သေချာတာက အဓိပ္ပာယ်ရှိအောင်နေဖို့ပါပဲ။ အဓိပ္ပာယ်ရှိအောင် နေတဲ့သူတွေအတွက် ရှင်သန်ဖို့အတွက်ရုန်းကန်ကြပါတယ်။ဘယ်လောက်ပဲ နစ်မြုပ်နေပါစေ တွန်းထွက်ရှင်သန်ဖို့ ကြိုးစားကြပါတယ်။

ကျောက်ဆောင်ကျောက်ကမ်းပါမှာမို့ အပင်အမြစ်တို့ တွယ်ဖြစ်ခွင့်မရဘူးလား၊ရပါတယ်။ဒီလိုမြေဆီဩဇာ နည်းပါးတဲ့ နေရာမှာတောင် ရှင်သန်နိုင်ကြတဲ့ အပင်တွေ၊သတ္တဝါတွေ အများအပြားရှိနေကြပါတယ်။ဒီလိုပါပဲ ကျယ်ပြောခြောက်သွေ့လှတဲ့ မဟာသဲကန္တာရကြီးတွေမှာတောင် ရှင်သန်နိုင်ကြတဲ့ အပင်တွေ၊သတ္တဝါတွေလည်း ရှိပါတယ်။အညွန့် အခက်တွေဝေဝေဆာဆာနဲ့ လောကကို အလှဆင်သွားနိုင်ကြပါတယ်။

ဒီလိုကြမ်းတမ်းခက်ခဲလှတဲ့နေရာမှာ ဖြစ်လာရတာမို့ ဘာလုပ်မှာလဲဆိုပြီး အရှုံးပေးမသွားကြပါဘူး။ ဘယ်လိုရှင်သန်ရမလဲ ဆိုတာအပြင် လုပ်ခွင့်ရတာထက်ကို ထူးချွန်အောင် လုပ်ပြသွားကြတဲ့ သူတွေ ဒီကမ္ဘာမှာ မရေတွက်နိုင်လောက်အောင်များလှပါပြီ။

ဒီလိုထူးချွန်ထက်မြက်သူတွေရဲ့ လမ်းပြကောင်းတွေရှိပါလျက် ဘဝကို ကိုယ်နိုင်ရာလေးတောင်မစွမ်းကြဘဲ လက်လျော့ အရှုံးပေးသွားကြသူတွေကလည်း အများအပြားပါပဲ။

ပန်းတိုင်သွားဖို့ဆိုရင် ရေဆန်လမ်းဖြစ်တော့ရော၊လေရှိရင် ရွက်လွှင့်သွားမှာပေါ့။လေမရှိတော့ တက်ထုတ် လှော်ရမှာပေါ့။တက်ကျိုးသွားရင်ရော ဒီတိုင်းရေစုန်မျောလိုက်ရမှာလား၊ မဟုတ်ပါ လက်နဲ့လှော်ရလိမ့်မည်။

ဟိုးအမြင့်က ဓူဝံကြယ်ကြီးကို ခူးဆွတ်ဖို့မဟုတ်ဘဲ သာမန်ရှင်သန်လိုသူတွေပင်လျှင် မပြတ်ရုန်းကန်ကြိုးစား ကြရပါတယ်။

ဒီတော့ ဘဝကို အောင်အောင်မြင်ထူးထူးချွန်ချွန်နဲ့ ခရီးပန်းတိုင်ရောက်အောင် သွားဖို့ ကြိုးစားနေသူတွေအတွက် ကဗျာဆရာဘုန်းအောင်(မြောင်)ရဲ့ ကဗျာလေးတစ်ပုဒ်က အားဖြစ်မယ်လိုထင်တဲ့အတွက် ဖော်ပြလိုက်ပါတယ်။ ကဗျာလေးက….

“ကြယ်ဆွတ်လမ်း”

-ဘဝဆိုတာ မရေရာဘူး

သေချာဦးတော့၊

ရှင်သန်ခွင့်ရ ချိန်ခဏတွင်

အစေ့ကိုပျိုး အပင်တိုးထွက်

ခက်လက်ဝေဖြာ ပွင့်ဝေဆာနှင့်၊

တကွေ့တမြေ တနေရာရာ

မြေကမ္ဘာကို အလှဆင်။

-ဘဝဆိုတာ မရေရာဘူး

သေချာဦးတော့၊

ပင်ပန်းပါစေ ရေဆန်ဒီလမ်း

ရွက်လွှင့်စမ်းမယ်၊

လေငြိမ်ရွက်ရုပ် တက်ထုတ်လှော်မယ်

ခရီးပန်းတိုင် ရောက်တဲ့ထိ။

ကြယ်တွေဆွတ်ခူးနိုင်ကြပါစေ။ခရီးပန်းတိုင်တွေ အဆုံးထိရောက်အောင် လျှောက်လှမ်းနိုင်ပါစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ၾကယ္ဆြတ္လမ္း

ေအာင္ျမင္မႈကို ရွာေဖြရယူလိုသူေတြအတြက္ ေကာင္းကင္ကၾကယ္ေတြကို ခူးဆြတ္ျပမယ္။ဒူးနဲ႔တိုက္မယ္ အစုံပါပဲ စာေတြဖြဲ႔ၾကတာေပါ့။စြမ္းတဲ့သူေတြအတြက္ လုပ္ႏိုင္ေၾကာင္းကိုျပဖို႔ ေကာင္းကင္ကၾကယ္ေတြဟာ အခူးဆြတ္ခံေတြပါပဲ။

ဒီလိုလူမ်ိဳးေတြဟာ ဘဝမွာႀကဳံလာတဲ့ အခက္အခဲတိုင္းကို ရင္ဆိုင္ဖို႔လည္း ရဲဝံ႔တဲ့သူေတြပါပဲ။ ဘာေတြဘယ္လို ႀကဳံလာပါေစ ေနာက္တြန္႔ေၾကာက္ရြံ႕တယ္ဆိုတဲ့စိတ္သူတို႔မွာ တစိုးတစိမွ ရွိမေနတတ္ပါဘူး။

ဘဝဆိုတာအမွန္တကယ္ေတာ့ ေရရာေသခ်ာတယ္ဆိုတာ တစ္ခုမွမရွိပါဘူး။ေမြးလာခဲ့ေပမဲ့ ႀကီးျပင္းရမယ့္ ေနရာေတြဟာလည္း မေသခ်ာပါဘူး။ရန္ကုန္မွာေမြးၾကေပမဲ့ ေတာနယ္ေတြမွ ႀကီးျပင္းရသူေတြရွိမယ္၊ ေတာမွာေမြးခဲ့ၾကေပမဲ့ မဟာရန္ကုန္ၿမိဳ႕ႀကီးမွာ ႀကီးျပင္းခြင့္ရခဲ့ေသူေတြရွိၾကပါတယ္။ေမြးတဲ့ေနရာနဲ့ ေသတဲ့ေနရာ တေနရာထဲက်မယ္ဆိုတာေတာင္ မေသခ်ာပါဘူး။

ဒါေတြဟာ ဘဝမွာ မေရရာဘူးဆိုတာကို ျပေနတာပါပဲ။ဘဝေတြက မေရရာလို႔ ရွင္သန္ခြင့္ မရွိဘူးဆိုတာေရာ ရွိလား။ မေရရာေပမဲ့ ေသခ်ာတာက အဓိပၸာယ္ရွိေအာင္ေနဖို႔ပါပဲ။ အဓိပၸာယ္ရွိေအာင္ ေနတဲ့သူေတြအတြက္ ရွင္သန္ဖို႔အတြက္ရုန္းကန္ၾကပါတယ္။ဘယ္ေလာက္ပဲ နစ္ျမဳပ္ေနပါေစ တြန္းထြက္ရွင္သန္ဖို႔ ႀကိဳးစားၾကပါတယ္။

ေက်ာက္ေဆာင္ေက်ာက္ကမ္းပါမွာမို႔ အပင္အျမစ္တို႔ တြယ္ျဖစ္ခြင့္မရဘူးလား၊ရပါတယ္။ဒီလိုေျမဆီဩဇာ နည္းပါးတဲ့ ေနရာမွာေတာင္ ရွင္သန္ႏိုင္ၾကတဲ့ အပင္ေတြ၊သတၱဝါေတြ အမ်ားအျပားရွိေနၾကပါတယ္။ဒီလိုပါပဲ က်ယ္ေျပာေျခာက္ေသြ႔လွတဲ့ မဟာသဲကႏၱာရႀကီးေတြမွာေတာင္ ရွင္သန္ႏိုင္ၾကတဲ့ အပင္ေတြ၊သတၱဝါေတြလည္း ရွိပါတယ္။အညြန္႔ အခက္ေတြေဝေဝဆာဆာနဲ႔ ေလာကကို အလွဆင္သြားႏုိင္ၾကပါတယ္။

ဒီလိုၾကမ္းတမ္းခက္ခဲလွတဲ့ေနရာမွာ ျဖစ္လာရတာမို႔ ဘာလုပ္မွာလဲဆိုၿပီး အရႈံးေပးမသြားၾကပါဘူး။ ဘယ္လိုရွင္သန္ရမလဲ ဆိုတာအျပင္ လုပ္ခြင့္ရတာထက္ကို ထူးခၽြန္ေအာင္ လုပ္ျပသြားၾကတဲ့ သူေတြ ဒီကမၻာမွာ မေရတြက္ႏိုင္ေလာက္ေအာင္မ်ားလွပါၿပီ။

ဒီလိုထူးခၽြန္ထက္ျမက္သူေတြရဲ႕ လမ္းျပေကာင္းေတြရွိပါလ်က္ ဘဝကို ကိုယ္ႏိုင္ရာေလးေတာင္မစြမ္းၾကဘဲ လက္ေလ်ာ့ အရႈံးေပးသြားၾကသူေတြကလည္း အမ်ားအျပားပါပဲ။

ပန္းတိုင္သြားဖို႔ဆိုရင္ ေရဆန္လမ္းျဖစ္ေတာ့ေရာ၊ေလရွိရင္ ရြက္လႊင့္သြားမွာေပါ့။ေလမရွိေတာ့ တက္ထုတ္ ေလွာ္ရမွာေပါ့။တက္က်ိဳးသြားရင္ေရာ ဒီတိုင္းေရစုန္ေမ်ာလိုက္ရမွာလား၊ မဟုတ္ပါ လက္နဲ႔ေလွာ္ရလိမ့္မည္။

ဟိုးအျမင့္က ဓူဝံၾကယ္ႀကီးကို ခူးဆြတ္ဖို႔မဟုတ္ဘဲ သာမန္ရွင္သန္လိုသူေတြပင္လွ်င္ မျပတ္ရုန္းကန္ႀကိဳးစား ၾကရပါတယ္။

ဒီေတာ့ ဘဝကို ေအာင္ေအာင္ျမင္ထူးထူးခၽြန္ခၽြန္နဲ႔ ခရီးပန္းတိုင္ေရာက္ေအာင္ သြားဖို႔ ႀကိဳးစားေနသူေတြအတြက္ ကဗ်ာဆရာဘုန္းေအာင္(ေျမာင္)ရဲ႕ ကဗ်ာေလးတစ္ပုဒ္က အားျဖစ္မယ္လိုထင္တဲ့အတြက္ ေဖာ္ျပလိုက္ပါတယ္။ ကဗ်ာေလးက….

“ၾကယ္ဆြတ္လမ္း”

-ဘဝဆိုတာ မေရရာဘူး

ေသခ်ာဦးေတာ့၊

ရွင္သန္ခြင့္ရ ခ်ိန္ခဏတြင္

အေစ့ကိုပ်ိဳး အပင္တိုးထြက္

ခက္လက္ေဝျဖာ ပြင့္ေဝဆာႏွင့္၊

တေကြ႔တေျမ တေနရာရာ

ေျမကမၻာကို အလွဆင္။

-ဘဝဆိုတာ မေရရာဘူး

ေသခ်ာဦးေတာ့၊

ပင္ပန္းပါေစ ေရဆန္ဒီလမ္း

ရြက္လႊင့္စမ္းမယ္၊

ေလၿငိမ္ရြက္ရုပ္ တက္ထုတ္ေလွာ္မယ္

ခရီးပန္းတိုင္ ေရာက္တဲ့ထိ။

ၾကယ္ေတြဆြတ္ခူးႏိုင္ၾကပါေစ။ခရီးပန္းတိုင္ေတြ အဆုံးထိေရာက္ေအာင္ ေလွ်ာက္လွမ္းႏိုင္ပါေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
mya-villa
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service