ပင်လယ်ပြင်ရှိ ခံတပ်စခန်းကြီး ပေါင် ၅ သောင်း(မြန်မာငွေ သိန်း ၁၂၀၀)မျှဖြင့် ဝယ်ယူနိုင်မည်
ပင်လယ်ပြင်ရှိ ခံတပ်စခန်းကြီး ပေါင် ၅ သောင်း(မြန်မာငွေ သိန်း ၁၂၀၀)မျှဖြင့် ဝယ်ယူနိုင်မည် - Property News in Myanmar from iMyanmarHouse.com
16 Aug 2022 10:14 am တွင် တင်ခဲ့သည်
810 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အိမ်နီးချင်းများအပေါ် စိတ်ကုန်နေပါသလား။ ပင်လယ်ပြင်အတွင်းရှိ ယခုအဆောက်အအုံကြီးက သင့်အား စောင့်ကြိုနေပါသည်။
လုံးချင်းအိမ်ဟု ဖော်ပြထားပြီး သမိုင်းဝင်အဆောက်အအုံအဖြစ် အသိအမှတ်ပြုထားသော Grade II စာရင်းဝင် ပင်လယ်ပြင်မှခံတပ်စခန်းကြီးသည် ခေါ်ဈေး ပေါင် ၅၀၀၀၀ (မြန်မာကျပ်ငွေအားဖြင့် သိန်း ၁၂၀၀ ကျော်- သြဂုတ်လ ၁၅ ရက်၊ ၂၀၂၂ နေ့ ငွေလဲနှုန်းဖြင့် တွက်ချက်ထားပါသည်) ဖြင့် ဈေးကွက်ဝင်လာသည်။
ခံတပ်အဆောက်အအုံရှိရာသို့ ကိုယ်ပိုင်လှေဖြင့်သာ သွားလာနိုင်မည် ဖြစ်သည်။
Bull Sandfort အမည်ရှိ မြစ်ဝခံတပ်ကြီးသည် အင်္ဂလန်အရှေ့ပိုင်း လိဒ်မြို့၏ အရှေ့ဘက် Humber မြစ်ဝတွင် တည်ရှိပြီး ၁၉၁၅ ခုနှစ်မှ ၁၉၁၉ ခုနှစ်အကြား ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ရေကြောင်းခံတပ်နေရာအဖြစ် ပထမကမ္ဘာစစ်အတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ဒုတိယကမ္ဘာစစ်တွင်လည်း အသုံးပြုခဲ့သည်။
ယခုအခါ ပေါင် ၅၀၀၀၀ ဖြင့် အရောင်းဈေးကွက်တင်လာခဲ့ခြင်းဖြစ်ပြီး Rightmove က မှတ်ချက်ပြုထားသည်မှာ ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရန် လိုအပ်သည်ဟု ဆိုသည်။ သင်သည် ယခုခံတပ်စခန်းကြီးအား နေအိမ်အသွင်ပြောင်းလဲလိုပါက ပြုပြင်မွမ်းမံမှုများ များစွာပြုလုပ်ရန် လိုအပ်မည် ဖြစ်သည်။
(Bull Sandfort ခံတပ်စန်း) (Picture: rightmove.)
(ပြန်လည်မွမ်းမံမှုများ များစွာလိုအပ်နေသည်(Picture: rightmove))
လက်ရှိအားဖြင့်မူ အကြမ်းထည်အနေဖြင့်သာရှိနေသည်။ RC ကွန်ကရစ်တွင် ၁၂ လက်မ သံချပ်ကာကို ပင်လယ်ဘက်မျက်နှာစာတွင် တပ်ဆင်ထားသည်။
ဒုတိယကမ္ဘာစစ်ကြီးတွင် ယခုခံတပ်ကြီး၌ အမြောက်ကြီးများ တပ်ဆင်ထားခဲ့ဖူးပြီး ယခုအခါတွင်မူ မရှိတော့ချေ။
သို့တိုင် လူပေါင်း ၂၀၀ စခန်းချနေထိုင်နိုင်သည့် အခန်းတစ်ခုရှိနေဆဲ ဖြစ်သည်။
အဆောက်အအုံမှာ ၃ ထပ်ဖြစ်ပြီး မြေအောက်ခန်းတစ်ခုနှင့် ပင်လယ်ရေမျက်နှာပြင် အမြင့်အောက်တွင် လက်နက်ခဲယမ်းတိုက်တစ်ခု ဆောက်လုပ်ထားသည်။
အလယ်ဗဟိုတွင် နှစ်ထပ် စောင့်ကြည့်မျှော်စင်တစ်ခုလည်း ပါဝင်သည်။
(သင့်အနေဖြင့် ပင်မအိပ်ခန်းကို ထိုနေရာတွင်လည်း ဆောက်လုပ်ဖွဲ့စည်းနိုင်သည်)
(ဤအရာအားလုံးကို ပေါင် ၅၀၀၀၀ မျှဖြင့် သင်ပိုင်ဆိုင်နိုင်သည်။) (Picture: rightmove.co.uk)
ရေချိုရနိုင်သည့် ရေတွင်းတစ်တွင်းပါဝင်ပြီး ဆိပ်ခံတံတားတစ်ခုလည်းရှိရာ လိုအပ်သော ပစ္စည်းများဝယ်ရန် မြို့သို့သွားနိုင်သည်။
(ယခုအရောင်းအဝယ်တွင် လှေမပါသောကြောင့် ကိုယ်ပိုင်လှေတစ်စင်းရှိရန် လိုအပ်မည် ဖြစ်သည်)
မြို့သို့သွားရန် ခရီးလမ်းကြောင်းကိုမူ စဉ်းစားရမည်ဖြစ်သည်။ ယင်းခရီးလမ်းကြောင်းမှာ ၁ ဒသမ ၈ မိုင်ခန့် ဝေးသည်။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Military sea fort in the middle of the water could be all yours for £50k (metro)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
YADANAR BON
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service