ဆော်ဒီမှ ကားမရှိ၊ လမ်းမရှိ၊ မိုးပျံယာဉ်များသာသုံးမည့် မြို့တော်ကြီး

ဆော်ဒီမှ ကားမရှိ၊ လမ်းမရှိ၊ မိုးပျံယာဉ်များသာသုံးမည့် မြို့တော်ကြီး - Property News in Myanmar from iMyanmarHouse.com
1 Aug 2022 11:05 am တွင် တင်ခဲ့သည်
1094 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဆော်ဒီအာရေးဗီးယားတွင် လူပေါင်း ၉ သန်းအထိ နေထိုင်နိုင်မည့် မြို့တော်သစ်ကြီးတစ်ခု။ အဆိုပါမြို့တော်တွင် ကားများမရှိ၊ လမ်းများမရှိ။ မိုးပျံအငှားယာဉ်များသာရှိမည်။

အလွန်ကြီးမားလှသော လအတုတစ်ခုလည်းရှိမည့်အပြင် လျှပ်စစ်သံလိုက်ကိရိယာများဖြင့် ပုံဖော်ထားသည့် ဒိုင်နိုဆောကြီးများ၊ လူတို့အတွက် အစားအစာ စီမံချက်ပြုတ်၊ သန့်ရှင်းရေးပြုလုပ်ပေးမည့် များစွာသော စက်ရုပ်များရှိနေမည်ဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှု သုညအဆင့်ထိ လျှော့ချထားနိုင်မည့် မြို့တော်ကြီးလည်း ဖြစ်သည်။

Neom ဟု အမည်ပေးမည့် အဆိုပါမြို့တော်ကြီးနှင့် အလားတူသည့်နေရာမျိုး ကမ္ဘာမြေပေါ်တွင် အခြားမည်သည့်နေရာမျှ မရှိချေ။

သိပ္ပံစိတ်ကူးယဉ်ဗိသုကာဟန်ဖြစ်နေကာ ဟောလိဝုဒ်ရုပ်ရှင်၏ အထူးပြုလုပ်ချက်များစွာဖြင့် ဖန်တီးထားသော ၁၉၈၂ ခုနှစ်က ရုံတင်ခဲ့သည့်ရုပ်ရှင် Blade Runner ဇာတ်ကားထဲမှအသွင် ဖြစ်နေသည်။

(၁၀၅ မိုင်ရှည်လျားမည့် မဟာမြို့တော်ကြီးတွင် Jurassic Island ဟူသော တောင်ထိပ် နှင်းလျှောစီးအပန်းဖြေစခန်းကြီးတစ်ခုလည်း ပါဝင်မည် ဖြစ်သည်။)

သမိုင်းတစ်လျှောက် ကြီးကျယ်ခမ်းနားသော အိပ်မက်မက်သူများစွာသည် အီဂျစ် ဖာရိုးဘုရင်တို့ကို အတုယူကာ ကိုယ်ပိုင်ခေတ်သစ်ပိရမစ်သဖွယ် အဆောက်အအုံကြီးများစွာ ဆောက်လုပ်ခဲ့ကြရာ အောင်မြင်မှု အတိုင်းအတာ အမျိုးမျိုး ရရှိခဲ့ကြသည်။

ယခုအခါတွင်ကား ဆော်ဒီအာရေးဗီးယား၏ အရိုက်အရာဆက်ခံမည့် မင်းသား မိုဟာမက် ဘင် ဆယ်လ်မန် အယ်လ် ဆွတ်က သမိုင်းတင်မည့် Neom မြို့တော်ကြီး ဖန်တီးရန် စီစဉ်လာပြီ ဖြစ်သည်။

သို့သော် ကမ္ဘာ့အဆိုးရွားဆုံး ဖုံးဆိုးမြေနေရာများပေါ်တွင် ပုံဖော်ရမည်ဖြစ်ရာ စိန်ခေါ်မှုများ များစွာရှိနေသည်။

ကြီးမားကျယ်ပြန့်လှသော မဟာမြို့တော်ကြီး၏ အသေးစိတ်အစီအမံများကို ယခုရက်သတ္တပတ်အတွင်းချပြခဲ့ရာ ခန့်မှန်းကုန်ကျစရိတ်မှာ ကန်ဒေါ်လာ ၁ ထရီလီယံအထိ ရှိမည်ဟု ဆိုသည်။

နိုင်ငံ၏ အရန်ငွေ ကန်ဒေါ်လာ ၆၂၀ ဘီလီယံရှိပြီး ကမ္ဘာ့ဒုတိယအကြီးမားဆုံး ရေနံသိုက်ကြီးကို ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သည်ဆိုသော်လည်း မင်းသား ဆယ်လ်မန်၏ အိပ်မက်မှာ လက်တွေ့ဖြစ်လာရန် စိတ်ကူးယဉ်ဆန်လွန်းနေသည်။

ဆောက်လုပ်ဖြစ်မည်ဆိုပါက ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ဆောက်လုပ်ရေးစီမံကိန်းကြီး ဖြစ်လာမည် ဖြစ်သည်။ သို့သော် မော်ကွန်းတင်ရမည့် မိုက်မဲမှုကြီးတစ်ခုလည်း ဖြစ်လာနိုင်မည်လား?

မင်းသားဆယ်လ်မန်သည် နိုင်ငံတကာက ၎င်းအား ပြုပြင်ပြောင်းလဲရေးသမား၊ ခေတ်နှင့်အမီလိုက်သူဟု သတ်မှတ်လာကြစေရန် အပြင်းအထန်ကြိုးစားမှုများ ပြုလုပ်ခဲ့သူ ဖြစ်၏။ မြို့တော်ကြီး၏အမည် Neom မှာ ဂရိဘာသာစကား “အသစ်” နှင့် အာရပ်စကား “အနာဂတ်”တို့ကို ပေါင်းစပ်ထားခြင်းဖြစ်ရာ “အနာဂတ်သစ်”ဟု အဓိပ္ပာယ်ရသည်။

(ခေတ်မီသူတစ်ဦးဟု အများကသိစေလိုသူ မင်းသား ဆယ်လ်မန်)

(“ကျွန်တော့်ရဲ့ ပိရမစ်တွေကို ကျွန်တော်ဆောက်လုပ်လိုတယ်”ဟု ဆယ်လ်မန်က သူ၏ အကြံပေးပုဂ္ဂိုလ်များကို ပြောခဲ့သည်ဟု ဆိုသည်)

သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မည့် စွမ်းအင်များဘက်ဆီ ကမ္ဘာက ဦးတည်နေချိန်တွင် ရေနံအပေါ် မှီခိုနေရသည့် ဆော်ဒီအာရေးဗီးယား၏ စီးပွားရေးကို အပြောင်းအလဲလုပ်ရန် မဟာစီမံကိန်းကြီး၏ ရှေ့ပြေး စီမံကိန်းမှာ Neom မြို့တော်ကြီးဖြစ်ကြောင်း မင်းသား ဆယ်လ်မန်က ၂၀၁၇ ခုနှစ်အတွင်း ပြောခဲ့ဖူးသည်။

ထိုသို့ ပြောခဲ့ပြီး ၅ နှစ်အကြာ စီမံကိန်းကြီးကို အကောင်အထည်ဖော်နေသော အလုပ်သမားများစွာနှင့် အကြံပေးပုဂ္ဂိုလ်တို့မှာ သူ၏ စိတ်အပြောင်းအလဲမြန်ခြင်းနှင့် အမြဲပြောင်းလဲနေတတ်သော စိတ်ကူးစိတ်သန်းများကြောင့် ဆုတ်ဆိုင်းမှုများစွာနှင့် အခက်ကြုံရလျက်ရှိသည်။

ယင်းစီမံကိန်းကြီးကို ၂၀၃၀ ပြည့်နှစ်တွင် အပြီးသတ်ရန် မျှော်မှန်းထားခြင်း ဖြစ်သည်။ အသက် ၃၆ နှစ်အရွယ်ရှိ မင်းသားဆယ်လ်မန်က ဆော်ဒီအာရေးဗီးယား၏ အစွန်အဖျားပြည်နယ်တစ်ခု ဖြစ်သော Tabuk သို့ ရဟတ်ယာဉ်ဖြင့် ရောက်ရှိစဉ် ထိုနေရာတွင် သူ၏ အိပ်မက်မြို့တော်ကြီးကို ဆောက်လုပ်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုနေရာတွင် ယခင်ကတည်းက သူ၏နန်းတော်တစ်ခု ဆောက်လုပ်ထားခဲ့သောနေရာလည်း ဖြစ်သည်။

Neom မြို့တော်ကြီး၏ အတွင်းပိုင်းမြင်ကွင်းဓာတ်ပုံများကို Bloomberg News သတင်းဌာနက ကြည့်ရှုခွင့်ရခဲ့ရာ ယာဉ်ပျံများဆိုက်သည့်နေရာများ၊ မြို့ပြ အာကာသဆိပ်ကမ်းနှင့် နှစ်ဆင့် ခရုပတ်သဏ္ဍာန် အဆောက်အအုံများ၊ တောင်ပံဖြန့်သိမ်းငှက်အသွင် အဆောက်အအုံ၊ ပန်းပွင့်သဏ္ဍာန် အဆောက်အအုံ ပုံများ တွေ့ရသည်ဟု ဆိုသည်။

Neom မြို့တော်ကြီးတွင် The Vault အမည်ရှိ နှင်းလျှောစီး အပန်းဖြေစခန်းလည်း ပါဝင်မည် ဖြစ်သည်။ အဆိုပါ စခန်းမှာ တောင်တစ်ခု၏ လူလုပ်တောင်ကြားတစ်ခုတွင် ဖန်တီးထားခြင်းဖြစ်ပြီး ဆောင်းတွင်းတွင် သဲကန္တာရထဲ၌ တောင်ထိပ်ရှိ အပူချိန်များစွာကျဆင်းရာ နှင်းတုများ ဖန်တီးရန် များစွာလွယ်ကူသည်။

ကမ္ဘာကျော် French Riviera သို့ သွားလေ့ရှိသူများကိုလည်း ရွက်လှေများစီးကာ အပန်းဖြေနိုင်ရန် စီစဉ်ထားသေးသည်။

(Neom မြို့တော်ကြီးဆောက်လုပ်ရာတွင် Guardians Of The Galaxy နှင့် the Dark Knight သိပ္ပံဆန်းကြယ်ရုပ်ရှင်များကို ဖန်တီးခဲ့သူတို့အား ငှားရမ်းထားသည်။)

(၂၀၂၀ ပြည့်နှစ်အတွင်းက ယခု Neom မြို့တော်ကြီးအဖြစ် ဆောက်လုပ်မည့်နေရာ သဲကန္တာရအတွင်း မော်တော်ကားတစ်စီး မောင်းနှင်နေပုံ)

(ဆော်ဒီအာရေးဗီးယားတွင် ပြည်တွင်း အင်ဂျင်နီယာနှင့် ဗိသုကာဒီဇိုင်းလူတော်များ ရှားပါးမှုကြောင့် ပြည်ပနိုင်ငံများမှ ပညာရှင်ထောင်ပေါင်းများစွာကို ငွေအလုံးအရင်းသုံးစွဲကာ ငှားရမ်းရလျက်ရှိသည်။)

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The pyramids of the 21st century? That's the vision of the Saudi tyrant whose dream for a 105-mile long desert city could cost $1 TRILLION... But with harsh reality biting already, will it ever be built? (dailymail)

 

 

 

[Zawgyi]

ေဆာ္ဒီမွ ကားမရွိ၊ လမ္းမရွိ၊ မိုးပ်ံယာဥ္မ်ားသာသံုးမည့္ ျမိဳ႕ေတာ္ၾကီး

 

ေဆာ္ဒီအာေရးဗီးယားတြင္ လူေပါင္း ၉ သန္းအထိ ေနထိုင္ႏိုင္မည့္ ျမိဳ႕ေတာ္သစ္ၾကီးတစ္ခု။ အဆိုပါျမိဳ႕ေတာ္တြင္ ကားမ်ားမရွိ၊ လမ္းမ်ားမရွိ။ မိုးပ်ံအငွားယာဥ္မ်ားသာရွိမည္။

အလြန္ၾကီးမားလွေသာ လအတုတစ္ခုလည္းရွိမည့္အျပင္ လွ်ပ္စစ္သံလိုက္ကိရိယာမ်ားျဖင့္ ပံုေဖာ္ထားသည့္ ဒိုင္ႏိုေဆာၾကီးမ်ား၊ လူတို႔အတြက္ အစားအစာ စီမံခ်က္ျပဳတ္၊ သန္႔ရွင္းေရးျပဳလုပ္ေပးမည့္ မ်ားစြာေသာ စက္ရုပ္မ်ားရွိေနမည္ျဖစ္ျပီး ကာဗြန္ထုတ္လႊတ္မႈ သုညအဆင့္ထိ ေလွ်ာ့ခ်ထားႏိုင္မည့္ ျမိဳ႕ေတာ္ၾကီးလည္း ျဖစ္သည္။

Neom ဟု အမည္ေပးမည့္ အဆိုပါျမိဳ႕ေတာ္ၾကီးႏွင့္ အလားတူသည့္ေနရာမ်ဳိး ကမၻာေျမေပၚတြင္ အျခားမည္သည့္ေနရာမွ် မရွိေခ်။

သိပၸံစိတ္ကူးယဥ္ဗိသုကာဟန္ျဖစ္ေနကာ ေဟာလိဝုဒ္ရုပ္ရွင္၏ အထူးျပဳလုပ္ခ်က္မ်ားစြာျဖင့္ ဖန္တီးထားေသာ ၁၉၈၂ ခုႏွစ္က ရံုတင္ခဲ့သည့္ရုပ္ရွင္ Blade Runner ဇာတ္ကားထဲမွအသြင္ ျဖစ္ေနသည္။

(၁၀၅ မိုင္ရွည္လ်ားမည့္ မဟာျမိဳ႕ေတာ္ၾကီးတြင္ Jurassic Island ဟူေသာ ေတာင္ထိပ္ ႏွင္းေလွ်ာစီးအပန္းေျဖစခန္းၾကီးတစ္ခုလည္း ပါဝင္မည္ ျဖစ္သည္။)

သမိုင္းတစ္ေလွ်ာက္ ၾကီးက်ယ္ခမ္းနားေသာ အိပ္မက္မက္သူမ်ားစြာသည္ အီဂ်စ္ ဖာရိုးဘုရင္တို႔ကို အတုယူကာ ကိုယ္ပိုင္ေခတ္သစ္ပိရမစ္သဖြယ္ အေဆာက္အအံုၾကီးမ်ားစြာ ေဆာက္လုပ္ခဲ့ၾကရာ ေအာင္ျမင္မႈ အတိုင္းအတာ အမ်ဳိးမ်ဳိး ရရွိခဲ့ၾကသည္။

ယခုအခါတြင္ကား ေဆာ္ဒီအာေရးဗီးယား၏ အရိုက္အရာဆက္ခံမည့္ မင္းသား မိုဟာမက္ ဘင္ ဆယ္လ္မန္ အယ္လ္ ဆြတ္က သမိုင္းတင္မည့္ Neom ျမဳိ႕ေတာ္ၾကီး ဖန္တီးရန္ စီစဥ္လာျပီ ျဖစ္သည္။

သို႔ေသာ္ ကမၻာ့အဆိုးရြားဆံုး ဖံုးဆိုးေျမေနရာမ်ားေပၚတြင္ ပံုေဖာ္ရမည္ျဖစ္ရာ စိန္ေခၚမႈမ်ား မ်ားစြာရွိေနသည္။

ၾကီးမားက်ယ္ျပန္႔လွေသာ မဟာျမိဳ႕ေတာ္ၾကီး၏ အေသးစိတ္အစီအမံမ်ားကို ယခုရက္သတၱပတ္အတြင္းခ်ျပခဲ့ရာ ခန္႔မွန္းကုန္က်စရိတ္မွာ ကန္ေဒၚလာ ၁ ထရီလီယံအထိ ရွိမည္ဟု ဆိုသည္။

ႏိုင္ငံ၏ အရန္ေငြ ကန္ေဒၚလာ ၆၂၀ ဘီလီယံရွိျပီး ကမၻာ့ဒုတိယအၾကီးမားဆံုး ေရနံသိုက္ၾကီးကို ပိုင္ဆိုင္ထားသည့္ႏိုင္ငံျဖစ္သည္ဆိုေသာ္လည္း မင္းသား ဆယ္လ္မန္၏ အိပ္မက္မွာ လက္ေတြ႔ျဖစ္လာရန္ စိတ္ကူးယဥ္ဆန္လြန္းေနသည္။

ေဆာက္လုပ္ျဖစ္မည္ဆိုပါက ကမၻာေပၚတြင္ အၾကီးမားဆံုးေသာ ေဆာက္လုပ္ေရးစီမံကိန္းၾကီး ျဖစ္လာမည္ ျဖစ္သည္။ သို႔ေသာ္ ေမာ္ကြန္းတင္ရမည့္ မိုက္မဲမႈၾကီးတစ္ခုလည္း ျဖစ္လာႏိုင္မည္လား?

မင္းသားဆယ္လ္မန္သည္ ႏိုင္ငံတကာက ၎အား ျပဳျပင္ေျပာင္းလဲေရးသမား၊ ေခတ္ႏွင့္အမီလိုက္သူဟု သတ္မွတ္လာၾကေစရန္ အျပင္းအထန္ၾကိဳးစားမႈမ်ား ျပဳလုပ္ခဲ့သူ ျဖစ္၏။ ျမိဳ႕ေတာ္ၾကီး၏အမည္ Neom မွာ ဂရိဘာသာစကား “အသစ္” ႏွင့္ အာရပ္စကား “အနာဂတ္”တို႔ကို ေပါင္းစပ္ထားျခင္းျဖစ္ရာ “အနာဂတ္သစ္”ဟု အဓိပၸာယ္ရသည္။

(ေခတ္မီသူတစ္ဦးဟု အမ်ားကသိေစလိုသူ မင္းသား ဆယ္လ္မန္)

(“ကၽြန္ေတာ့္ရဲ႕ ပိရမစ္ေတြကို ကၽြန္ေတာ္ေဆာက္လုပ္လိုတယ္”ဟု ဆယ္လ္မန္က သူ၏ အၾကံေပးပုဂၢိဳလ္မ်ားကို ေျပာခဲ့သည္ဟု ဆိုသည္)

သဘာဝပတ္ဝန္းက်င္ႏွင့္ သဟဇာတျဖစ္မည့္ စြမ္းအင္မ်ားဘက္ဆီ ကမၻာက ဦးတည္ေနခ်ိန္တြင္ ေရနံအေပၚ မွီခိုေနရသည့္ ေဆာ္ဒီအာေရးဗီးယား၏ စီးပြားေရးကို အေျပာင္းအလဲလုပ္ရန္ မဟာစီမံကိန္းၾကီး၏ ေရွ႕ေျပး စီမံကိန္းမွာ Neom ျမိဳ႕ေတာ္္ၾကီးျဖစ္ေၾကာင္း မင္းသား ဆယ္လ္မန္က ၂၀၁၇ ခုႏွစ္အတြင္း ေျပာခဲ့ဖူးသည္။

ထိုသို႔ ေျပာခဲ့ျပီး ၅ ႏွစ္အၾကာ စီမံကိန္းၾကီးကို အေကာင္အထည္ေဖာ္ေနေသာ အလုပ္သမားမ်ားစြာႏွင့္ အၾကံေပးပုဂၢိဳလ္တို႔မွာ သူ၏ စိတ္အေျပာင္းအလဲျမန္ျခင္းႏွင့္ အျမဲေျပာင္းလဲေနတတ္ေသာ စိတ္ကူးစိတ္သန္းမ်ားေၾကာင့္ ဆုတ္ဆိုင္းမႈမ်ားစြာႏွင့္ အခက္ၾကံဳရလ်က္ရွိသည္။

ယင္းစီမံကိန္းၾကီးကို ၂၀၃၀ ျပည့္ႏွစ္တြင္ အျပီးသတ္ရန္ ေမွ်ာ္မွန္းထားျခင္း ျဖစ္သည္။ အသက္ ၃၆ ႏွစ္အရြယ္ရွိ မင္းသားဆယ္လ္မန္က ေဆာ္ဒီအာေရးဗီးယား၏ အစြန္အဖ်ားျပည္နယ္တစ္ခု ျဖစ္ေသာ Tabuk သို႔ ရဟတ္ယာဥ္ျဖင့္ ေရာက္ရွိစဥ္ ထိုေနရာတြင္ သူ၏ အိပ္မက္ျမိဳ႕ေတာ္ၾကီးကို ေဆာက္လုပ္ရန္ ေရြးခ်ယ္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

ထိုေနရာတြင္ ယခင္ကတည္းက သူ၏နန္းေတာ္တစ္ခု ေဆာက္လုပ္ထားခဲ့ေသာေနရာလည္း ျဖစ္သည္။

Neom ျမိဳ႕ေတာ္ၾကီး၏ အတြင္းပိုင္းျမင္ကြင္းဓာတ္ပံုမ်ားကို Bloomberg News သတင္းဌာနက ၾကည့္ရႈခြင့္ရခဲ့ရာ ယာဥ္ပ်ံမ်ားဆိုက္သည့္ေနရာမ်ား၊ ျမိဳ႕ျပ အာကာသဆိပ္ကမ္းႏွင့္ ႏွစ္ဆင့္ ခရုပတ္သ႑ာန္ အေဆာက္အအံုမ်ား၊ ေတာင္ပံျဖန္႔သိမ္းငွက္အသြင္ အေဆာက္အအံု၊ ပန္းပြင့္သ႑ာန္ အေဆာက္အအံု ပံုမ်ား ေတြ႔ရသည္ဟု ဆိုသည္။

Neom ျမိဳ႕ေတာ္ၾကီးတြင္ The Vault အမည္ရွိ ႏွင္းေလွ်ာစီး အပန္းေျဖစခန္းလည္း ပါဝင္မည္ ျဖစ္သည္။ အဆိုပါ စခန္းမွာ ေတာင္တစ္ခု၏ လူလုပ္ေတာင္ၾကားတစ္ခုတြင္ ဖန္တီးထားျခင္းျဖစ္ျပီး ေဆာင္းတြင္းတြင္ သဲကႏၱာရထဲ၌ ေတာင္ထိပ္ရွိ အပူခ်ိန္မ်ားစြာက်ဆင္းရာ ႏွင္းတုမ်ား ဖန္တီးရန္ မ်ားစြာလြယ္ကူသည္။

ကမၻာေက်ာ္ French Riviera သို႔ သြားေလ့ရွိသူမ်ားကိုလည္း ရြက္ေလွမ်ားစီးကာ အပန္းေျဖႏိုင္ရန္ စီစဥ္ထားေသးသည္။

(Neom ျမိဳ႕ေတာ္ၾကီးေဆာက္လုပ္ရာတြင္ Guardians Of The Galaxy ႏွင့္ the Dark Knight သိပၸံဆန္းၾကယ္ရုပ္ရွင္မ်ားကို ဖန္တီးခဲ့သူတို႔အား ငွားရမ္းထားသည္။)

(၂၀၂၀ ျပည့္ႏွစ္အတြင္းက ယခု Neom ျမိဳ႕ေတာ္ၾကီးအျဖစ္ ေဆာက္လုပ္မည့္ေနရာ သဲကႏၱာရအတြင္း ေမာ္ေတာ္ကားတစ္စီး ေမာင္းႏွင္ေနပံု)

(ေဆာ္ဒီအာေရးဗီးယားတြင္ ျပည္တြင္း အင္ဂ်င္နီယာႏွင့္ ဗိသုကာဒီဇိုင္းလူေတာ္မ်ား ရွားပါးမႈေၾကာင့္ ျပည္ပႏိုင္ငံမ်ားမွ ပညာရွင္ေထာင္ေပါင္းမ်ားစြာကို ေငြအလံုးအရင္းသံုးစြဲကာ ငွားရမ္းရလ်က္ရွိသည္။)

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The pyramids of the 21st century? That's the vision of the Saudi tyrant whose dream for a 105-mile long desert city could cost $1 TRILLION... But with harsh reality biting already, will it ever be built? (dailymail)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service