ရှူးဖိနပ်ဖြူဖြူလေးတွေကို အသစ်အတိုင်း ဖြူဝင်းနေစေဖို့ ထိန်းသိမ်းနည်းများ
ရှူးဖိနပ်ဖြူဖြူလေးတွေကို အသစ်အတိုင်း ဖြူဝင်းနေစေဖို့ ထိန်းသိမ်းနည်းများ - Property Knowledge in Myanmar from iMyanmarHouse.com
13 Jul 2022 10:05 am တွင် တင်ခဲ့သည်
1939 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
ရှုးဖိနပ် ခရေဇီသမားတွေအတွက် ဖိနပ်အဖြူရောင်ဆိုတာ သိပ်ကို ထိန်းသိမ်းရပါတယ်။ ဖိနပ်ကို မညစ်ပတ်အောင် သိမ်းဆည်းပြန်တော့လည်း ဖုန်တက်နိုင်ပြီး အပြင်ကို စီးဖြစ်ပြန်တော့လည်း ပတ်ဝန်းကျင်ကြောင့် ဖိနပ် က ညစ်ပတ်ပေရေနိုင်ပါတယ်။ဒါကြောင့် ဖိနပ်အဖြူတွေကို အသစ်အတိုင်း ဖြူဆွတ်နေစေဖို့အတွက် ဘယ်လိုမျိုး ထိန်သိမ်းနိုင်မလည်း ဆိုတဲ့ နည်းလမ်းကောင်းတွေကို ပြောပြပေးလိုက်ပါတယ်။
၁။မုန့်ဖုတ်ဆိုဒါနှင့် ရှာလကာရည်နည်းလမ်း
သင့်အကြိုက်ဆုံး ရှုးဖိနပ်အဖြူကို အသစ်အတိုင်း တောက်ပြောင်စေဖို့အတွက် နည်းလမ်းကောင်းတစ်ခုရှိပါတယ်။မုန့်ဖုတ်ဆိုဒါ၊ရေနွေးနှင့် ရှာလကာရည်ရှိရုံနှင်တင် သင့်ရဲ့ ဖိနပ်အဖြူကို ဖြူဝင်းစေဖို့ ကူညီပေးနိုင်ပါတယ်။ရေနွေးပူပူထဲကို ရှာလကာရည်တစ်ဇွန်း၊မုန့်ဖုတ်ဆိုဒါ တစ်ဇွန်း တို့ကို ရောမွှေပေးပါ။အနှစ် ရအောင် ရောရမှာဖြစ်ပြီး အနှစ်ရလာတာနှင့် ဖိနပ် ရဲ့ ညစ်ပတ်နေတဲ့ နေရာတွေကို သုတ်လိမ်းပေးပြီး ဘရပ်ရှ် နှင့် ပွတ်တိုက်ပေးရပါမယ်။ဒီနည်းလမ်းနှင့် တစ်ခါလောက် ဆေးကြောရုံနှင့်တင် လကြာရှည်စွာ ညစ်ပတ်ပေရေထားတဲ့ ဖိနပ်အဖြူကိုတောင် ပြန်လည် ဖြူဝင်းစေမှာပဲဖြစ်ပါတယ်။
၂။အဝါရောင်သန်းနေတဲ့ ဖိနပ်ကို ဒီလိုဆေးပါ။
ဖိနပ်အဖြူတွေ ညစ်ပတ်သွားလို့ ချက်ချင်းမဆေးမိတဲ့ အခါမှာ ဖိနပ်မှ အဝါရောင်အစွန်းအထင်းတွေ ပေသွားတတ်ပါတယ်။ ဒီလိုမျိုး ဖိနပ်မှာ အဝါရောင်သန်းလာတဲ့ အခါမျိုးတော့ နွားနို့အစိမ်းထဲကို ဆားရောပြီး နွားနို့နှင့် ပွတ်တိုက်ဆေးကြောပေးရမှာပဲဖြစ်ပါတယ်။တစ်ခါတည်းနှင့်တော့ အဝါရောင် အစွန်းအထင်းတွေက မပျောက်သွားနိုင်ပါဘူး။တစ်ပတ်တစ်ခါလောက်တော့ ပုံမှန်ဆေးကြောမှသာ ပျောက်ကင်းစေနိုင်မှာပဲဖြစ်ပါတယ်။
၃။သွားတိုက်ဆေး
တစ်ခါတစ်ရံ ဖိနပ် ဆေးခါနီးမှ ဆပ်ပြာကုန်သွားတာမျိုး ကြုံဖူးတတ်ကြလား ။ ဒီလိုမျိုး ကြုံလာရင်တော့ ဆပ်ပြာအစား သွားတိုက်ဆေးကို အသုံးပြုပြီး ဖိနပ်ကို ဖြူစင်သွားအောင် ဆေးကြောနိုင်ပါတယ်။
၄။သံပုရာသီး
ဖိနပ်အသစ်စက်စက်ကို အစွန်းအထင်းတွေ ပေရေသွားတဲ့ အခါမှာ လွှင့်ပဝ်စရာ မလိုအပ်ပါဘူး။ အစွန်းအထင်းပေးသွားတဲ့ အခါမှာ ပေသွားတဲ့ နေရာအနှံ့ကို သံပုရာသီးကိုထက်ခြမ်းနှင့် ပွတ်လိမ်းပြီး မှ ဆေးကြောနိုင်ပါတယ်။ သံပုရာသီးရဲ့ အစွန်းချွတ်နိုင်တဲ့ အစွမ်းကြောင့် ညစ်ပတ်နေတဲ့ ဖိနပ်ကို ပြန်လည်သန့်ရှင်စေမှာပဲဖြစ်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: Kwee
[Zawgyi]
၃။သွားတိုက်ဆေး
၎။သံပုရာသီး
Credit: Kwee
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေ အကြောင်း
အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေ အကြောင်း
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အိမ်သုံးဓာတုပစ္စည်းများ ရဲ့ လျှို့ဝှက်ချက်
အိမ်သုံးဓာတုပစ္စည်းများ ရဲ့ လျှို့ဝှက်ချက်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
သိကောင်းရာအိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သိကောင်းရာအိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service