ကွန်ကရစ်လောင်းတဲ့အခါ သံချောင်းအစား ဝါးလုံးကို သုံးမယ်ဆိုရင် . . .
ကွန်ကရစ်လောင်းတဲ့အခါ သံချောင်းအစား ဝါးလုံးကို သုံးမယ်ဆိုရင် . . . - Property Knowledge in Myanmar from iMyanmarHouse.com
29 Jun 2022 10:50 am တွင် တင်ခဲ့သည်
2197 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
ကွန်ကရစ်လောင်းတဲ့အခါ အားဖြည့်တင်းပေးဖို့ သံချောင်းအစား ဝါးလုံးကို သုံးမယ်ဆိုရင် သိထားသင့်တဲ့ အချက်များကို စုစည်း ဖော်ပြအပ်ပါတယ်။
သံချောင်းအစား ဝါးကို အစားထိုး သုံးစွဲလို့ရကြောင်း လေ့လာစမ်းသပ်မှုများနဲ့ သုတေသနလုပ်ကိုင်ခြင်းများအရ အတည်ပြုပေးထားပြီး ဖြစ်ပါတယ်။
သံချောင်းတွေ နေရာမှာ အစားထိုးသုံးစွဲမယ့် ဝါးနဲ့ ပတ်သက်လို့ အရေးကြီးပြီး အရေးပါတဲ့အချက်များအဖြစ် လိုက်နာရမယ့် အချက်တွေ ရှိနေပါတယ်။
၁။ ရွေးချယ်တဲ့ ဝါးလုံးဟာ ဝါးအရင့် ဖြစ်ရပါမယ်။ အနည်းဆုံး သက်တမ်း ၃ နှစ် ရှိထားပြီးသား ဝါးပင်မှ ဝါးကို ခုတ်ယူရမှာ ဖြစ်ပါတယ်။
၂။ ဝါးခုတ်ချိန်ဟာ မိုးဦး၊ မိုးလယ်နဲ့ မိုးနှောင်းတို့ကို ရှောင်ရပါမယ်။ အဲဒီအချိန်တွေဟာ စိုထိုင်းနေတဲ့အချိန် ဖြစ်လို့ ဝါးလုံးခြောက်သွားချိန်မှာ ပျက်စီးလွယ်တဲ့ ဝါးလုံးတွေ ဖြစ်ပါတယ်။ နွေရာသီမှာ ခုတ်တဲ့ဝါးဟာ အသင့်တော်ဆုံး ဖြစ်ပါတယ်။
၃။ လုံးပတ်အကြီးဆုံး အလျားအရှည်ဆုံး ဝါးတွေကို ရွေးချယ်ပါ။ ဝါးခြမ်းပြား အကျယ်က ၁.၉ စင်တီမီတာ (လက်မ သုံးမတ်- တစ်လက်မရဲ့ လေးပုံသုံးပုံ) ဝန်းကျင် ရှိရပါမယ်။
၄။ ကွန်ကရစ်လောင်းတဲ့အခါ သုံးစွဲမယ့် ဝါးတွေဟာ ဝါးအစိုမဟုတ်တော့ဘဲ အခြောက် ဖြစ်နေရမှာ ဖြစ်ပြီး ဆွေးတဲ့ဝါးလည်း မဖြစ်ရပါဘူး။ အရောင်ကို ကြည့်ရင် ဝါးလုံးဟာ အစိမ်းရောင်ဖြစ်မနေဘဲ အညိုအဝါဘက်မှာ ရှိနေရပါမယ်။
၅။ ဝါးခြမ်းပြား ခွဲပြီးရင် အသုံးမပြုခင် သုံးပတ်မှ တစ်လ အခြောက်ခံထားရပါမယ်။
၆။ ရေလုံဆေး တစ်ထပ် (waterproof coating) သုတ်ပေးရပါမယ်။ ရေလုံဆေး မသုတ်ပါက ကွန်ကရစ်ထဲမှာ အသားပွ တတ်ပြီး ကွန်ကရစ်သားမှာ အက်ကြောင်း ပေါ်စေတတ်ပါတယ်။ အက်ကြောင်းမှ တစ်ဆင့် ပျက်စီးရာပျက်စီးကြောင်း ဆက်လက်ဖြစ်ပွားတတ်ပါတယ်။
သံချောင်းအစား ဝါးကို ထည့်သုံးတဲ့အတွက် ထွေထွေထူးထူး ပြောင်းလဲရန်အချက် မရှိပါ။ သံချောင်းထည့်ပြီး လောင်းသည့်အထိုင်းသာ လောင်းရမှာ ဖြစ်ပါတယ်။
ထောင်လိုက်အနေအထားမှာ အစားထိုး သုံးစွဲခြင်းထက် ပြင်ညီအနေအထား (ဥပမာ concrete slab) ကွန်ကရစ်လောင်းခြင်းအတွက် ပိုသင့်လျော်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: buildersguide
[Zawgyi]
Credit: buildersguide
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service