ကံကောင်းစေတယ်လို့ လူတွေသတ်မှတ်ထားတဲ့ အရာလေးတွေ.....

ကံကောင်းစေတယ်လို့ လူတွေသတ်မှတ်ထားတဲ့ အရာလေးတွေ..... - Property Knowledge in Myanmar from iMyanmarHouse.com
23 Jun 2022 12:05 pm တွင် တင်ခဲ့သည်
4482 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ကံကောင်းခြင်းဆိုတာလူတိုင်းလိုချင်တဲ့အရာပါ။ ကံကောင်းချင်ရင် ကောင်းတာတွေများများလုပ်ရမယ် တခြားသူတွေအပေါ် စိတ်ကောင်းထားရမယ်လို့ဆိုကြပါတယ်။

တချို့သူတွေကကံကောင်းစေဖို့ အဆောင်ပစ္စည်းလေးတွေ အိမ်မှာရုံးမှာ ဒါမှမဟုတ် ကိုယ်နဲ့မကွာဆောင်တတ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ်ကံကောင်းတယ်ဆိုတာ အပြုသဘောဆောင်ပြီး ပျော်စရာလဲကောင်းပါတယ်။

အခုပြောပြမှာက လူတွေကကံကောင်းစေတယ် လို့သတ်မှတ်ထားတဲ့ အဆောင်ပစ္စည်းလေးတွေဖြစ်ပါတယ်။

(၁) သံမြင်းခွာ

သံမြင်းခွာတွေဟာ ကံကောင်းစေတဲ့စွမ်းအားတွေပေးတယ်လို့လူတွေအယုံကြည်ကြဆုံးအဆောင်တခုပါ။ ဒဏ္ဍာရီတခုမှာ မြင်းခွာတွေဆိုတာ အစဉ်အလာအားဖြင့်သံနဲ့ပြုလုပ်ထားတာဖြစ်တဲ့အတွက် ကံကောင်းစေတာလို့ဆိုပါတယ်။ မကောင်းတဲ့နတ်သူငယ်တွေက သံကိုကြောက်တဲ့အတွက် သံမြင်းခွာရှိတဲ့အိမ်တွေနားကပ်လို့မရနိုင်ဘူးလို့လဲ ဆိုပါတယ်။

(၂) ရွှေငါး

တရုတ်(ဖုန်းရွှေ) ပညာရပ်မှာ ရွှေငါးတွေဆိုတာ ကံနဲ့ကြွယ်ဝမှုကိုဆွဲဆောင်နိုင်တယ်လို့ ဆိုကြပြီး နဂါးနဲ့မြင်းတွေကတော့ ကံကောင်းစေတယ်လို့ဆိုပါတယ်။ ရွှေငါးတွေက ကံကောင်းစေတာအပြင် အလှဆုံးနဲ့ဆွဲဆောင်မှုအရှိဆုံး အိမ်မွေးတိရစ္ဆာန်တွေထဲမှာလဲ အပါအဝင်ဖြစ်ပါတယ်။ သင့်အိမ်မှာရွှေငါးမွေးထားရင် သူတို့ကအိပ်ထဲမှာရှိတဲ့ မကောင်းတဲ့အရာတွေကိုစုပ်ယူပြီး အပြုသဘောဆောင်တဲ့ကောင်းတဲ့စွမ်းအင်တွေကိုထုတ်လွှတ်ပေးတယ် လို့ဆိုပါတယ်။

(၃) သက်တန့်

သက်တန့်တွေက အရင်ခေတ်ကစီးပွားရေးလုပ်ငန်းတွေအတွက်တော့ အလွန်လာဘ်ကောင်းတဲ့နိမိတ်ပါ။ သက်တန့်ရဲ့အဆုံးမှာရှိတဲ့နေရာကိုတူးကြည့်ရင် ရွှေအိုးတွေ့ရတယ်လို့လဲ ဆိုကြပါတယ်။

(၄) Dracaena ဝါးပင် (သို့) Lucky Bamboo

တကယ်တော့ Dracaena ဝါးပင်ဆိုတာ ရိုးရိုးဝါးပင်နဲ့ဆင်တူပေမယ့် ဝါးပင်မျိုးမဟုတ်ပါဘူး။ သူက နေအိမ်အဆောက်အအုံတွေမှာထားလေ့ရှိပြီး ကံကောင်းစေတဲ့ဂုဏ်သတ္တိရှိတဲ့ မာကြောတဲ့အကြမ်းခံသက်ရှည်ပင်တမျိုးပါ။ ပင်စည်တခုမှာ ရိုးတံသုံးခုပါရင် ပိုင်ရှင်ကိုပျော်ရွှင်မှု၊ ကြွယ်ဝမှုနဲ့ သက်ရှည်ချမ်းသာမှုကိုပေးတယ်လို့ဆိုပါတယ်။ တချို့အပင်တွေမှာဆို ရိုးတံသုံးခုထက်မကပါနေတတ်ပြီး ပိုကောင်းကံစေတယ်လို့ဆိုကြပါတယ်။

(၅) ကံကောင်းခြင်းသစ်ရွက်

အရွက်လေးရွက်ပါတဲ့ကံကောင်းခြင်းသစ်ရွက်ဟာ ရှေးယခင်ကတည်းက လူတွေကောင်းကံစေတယ်လို့သတ် မှတ်ထားတဲ့ သင်္ကေတတခုပါ။ ဗြိတိန်မှာအစောဆုံးနေထိုင်ခဲ့ကြတဲ့ Celts လူမျိုးတွေကတော့ ကံကောင်းခြင်း သစ်ရွက်ဟာ နတ်သူငယ်တွေကိုတောင်မြင်ရပြီး ကံဆိုးခြင်းကိုဖြစ်စေတဲ့ မကောင်းတဲ့အကြံအစည်တွေရှိရင်လဲ ဖယ်ရှားပေးနိုင်တယ်လို့ယုံကြည်ကြပါတယ်။ ကံကောင်းခြင်းသစ်ရွက်မှာပါတဲ့ အရွက်လေးရွက်က ယုံကြည်မှု၊ မျှော်လင့်ချက်၊ အချစ်နဲ့ ကံကောင်းခြင်းတွေကို ကိုယ်စားပြုပါတယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: mystylemyanmar

 

 

 

[Zawgyi]





(၁) သံမြင်းခွာ


(၂) ရွှေငါး


(၃) သက်တန့်










နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service