Kim Seon Ho ၏ Start-up ဇာတ်ကားရိုက်ကူးခဲ့ရာ ဟိုတယ်ခန်းနှင့် Hometown ChaChaCha ဇာတ်ကားရိုက်ကူးရာ နေအိမ်

Kim Seon Ho ၏ Start-up ဇာတ်ကားရိုက်ကူးခဲ့ရာ ဟိုတယ်ခန်းနှင့် Hometown ChaChaCha ဇာတ်ကားရိုက်ကူးရာ နေအိမ် - Property News in Myanmar from iMyanmarHouse.com
20 Jun 2022 11:07 am တွင် တင်ခဲ့သည်
1130 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပါးချိုင့်လေးဟု မြန်မာပရိသတ်များအကြား နာမည်ကျော်သူ ကိုရီးယားကြယ်ပွင့် ချင်ဆန်းဟို (Kim Seon-ho)၏ ကိုရီးယား ဒရာမာ Hometown ChaChaCha သည် တစ်ကမ္ဘာလုံးအတိုင်းအတာ ကျော်ကြားအောင်မြင်ခဲ့သော ဇာတ်လမ်းတွဲဖြစ်ပြီး အဆိုပါဇာတ်လမ်းတွဲရိုက်ကူးခဲ့ရာ နေရာမှာလည်း ကျော်ကြားလျက်ရှိနေသည်။

Hometown ChaChaCha ဇာတ်လမ်းတွဲကို ပြီးခဲ့သော ၂၀၂၁ ခုနှစ်၊ သြဂုတ်လမှ အောက်တိုဘာလအထိ ထုတ်လွှင့်ပြသခဲ့သည်။

Hometown ChaChaCha ကို ရိုက်ကူးသည့်အဖွဲ့က ယင်းဇာတ်ကားရိုက်ကူးခဲ့သည့်နေရာကို တရားဝင်ထုတ်ဖော်ပြောကြားမှုပြုလုပ်ခဲ့ရာ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်များ ပေါ်ပေါက်လာသည်။

Hometown ChaChaCha ဇာတ်ကားရိုက်ကူးခဲ့ရာနေရာမှာ လက်ရှိ လူနေထိုင်လျက်ရှိသော အဆောက်အအုံတစ်လုံးဖြစ်၏။

ဇာတ်ကားရိုက်ကူးခဲ့သည့်နေရာအတိအကျ ပေါက်ကြားခဲ့ပြီးနောက် ထိုနေရာကို လာရောက်လည်ပတ်သူ များစွာရှိလာပြီး နေအိမ်အတွင်း ဝင်ရောက်ရန်ပင် ကြိုးစားလာကြသည်။

သို့အတွက် အိမ်ရှင်တို့က ရိုက်ကူးရေးအဖွဲ့အား ထိုနေရာတွင် ဆက်လက်ရိုက်ကူးခြင်းမပြုတော့ရန် တောင်းဆိုခဲ့ရသည်။ သို့သော် ဇာတ်ကားမှာ ပြီးစီးရန် များစွာမလိုတော့ချိန်လည်း ဖြစ်၏။

“ဇာတ်ကားထဲမှာပါတဲ့ Hye Jin (Shin Min Ah), Doo Shik (Kim Seon Ho), Gam Ri (Kim Young Ok), and Cho Hee (Hong Ji Hee) တို့ရဲ့အိမ်ဟာ ဇာတ်ကားရိုက်ဖို့ ကျွန်တော်တို့ငှားထားတဲ့အိမ်ဖြစ်ပါတယ်။ လက်ရှိမှာ အိမ်ရှင်ကိုယ်တိုင်နေထိုင်နေတာ ဖြစ်ပါတယ်” ဟု ၎င်းတို့က ထုတ်ပြန်ထားသည်။

“သူတို့ကလည်း ကျွန်တော်တို့ကို အများကြီး အကူအညီပေးခဲ့ပါတယ်။ ဒါပေမယ့် နေ့တိုင်းသူတို့ အခက်တွေ့နေကြတယ်။ လာရောက်လည်ပတ်သူတွေ ရှိလာတာကြောင့်ပါ။ အဲဒါကြောင့် ပရိသတ်များအနေနဲ့ အဲဒီနေရာကို သွားရောက်လည်ပတ်မယ်ဆိုရင် အိမ်ထဲကို မဝင်ကြဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်”ဟု ၎င်းတို့အဖွဲ့က ထုတ်ပြန်ခဲ့ရသည်။

လာရောက်လည်ပတ်ကြသူများကို ကျေးဇူးတင်ကြောင်းပြသသည့် အနေဖြင့် ရိုက်ကူးရေးအဖွဲ့က ဇာတ်ကားပြီးစီးချိန်တွင် Cheongha ဈေးတွင် ပြည်ကြီးငါးရုပ်တုနှင့် Sabang Memorial Park တွင် လှေတစ်စင်းတို့ကို ထားရှိခဲ့ကြသည်။

လည်ပတ်သူများအနေဖြင့် အခြားသူ၏ နေအိမ်ထက်စာလျှင် အဆိုပါနေရာများသို့ သွားရောက်လည်ပတ်နိုင်ကြမည် ဖြစ်သည်။

Cheongha ဈေးသည် Gongjin ဒေသခံတို့က ၎င်းတို့၏ ကုန်စည်များ လာရောက် ရောင်းချလေ့ရှိသည့်နေရာ ဖြစ်ပြီး Sabang Memorial Park မှာ Hye Jin နှင့် Doo Shik တို့ တွေ့ဆုံကြသည့်နေရာ ဖြစ်သည်။

(ဂင်ဆမ်းဟို၏ Start-Up ဇာတ်ကားမှ လူနေခန်းကို တစ်ညလျှင် ကန်ဒေါ်လာ ၅၅၀၀ ဖြင့် ငှားရမ်းအိပ်စက်နိုင်)

Start-Up ဇာတ်ကားသည် အလွန်ကျော်ကြားပြီး ၎င်းဇာတ်ကားရိုက်ကူးသည့်နေရာကိုလည်း သိလိုသူ များပြားကြသည်။

အဆိုပါဇာတ်ကားတွင် Suzy, Nam JooHyuk, Kim SeonHo နှင့် Kang HanNa တို့ ဦးဆောင်ပါဝင် သရုပ်ဆောင်ထားကြသည်။

ဇာတ်လမ်းမှာ ကိုရီးယား၏ စီလီကွန်တောင်ကြားဟု ခိုင်းနှိုင်းကြသောနေရာမှ ထွန်းသစ်စ ကုမ္ပဏီများ (Start-ups) တွင် လုပ်ကိုင်ရင်း အောင်မြင်မှုကိုရှာဖွေကြမည့် လူငယ်တို့၏ ဇာတ်လမ်း ဖြစ်သည်။

၎င်းတို့၏ အောင်မြင်မှုသို့ချီတက်ရာခရီး စတင်မှု “Start”နှင့် ၎င်းတို့၏ ဖြစ်ထွန်းတိုးတက်လာမှု “Up”တို့ အကြောင်း ရိုက်ကူးပြသထားခြင်းလည်း ဖြစ်သည်။

ဇာတ်ကားထဲတွင် ဂင်ဆန်းဟိုသည် ချမ်းသာအောင်မြင်သူ Han JiPyung အဖြစ် သရုပ်ဆောင်ထားသည်။

ဟန်မြစ်ကို စီးမိုးတွေ့မြင်နေရသည့် ခမ်းနားထည်ဝါသော လူနေခန်းတစ်ခန်းတွင် Han JiPyung နေထိုင်သည်။

ထိုအခန်းကို ဇာတ်ကားထဲတွင် ကြိမ်ဖန်များစွာ ထည့်သွင်းရိုက်ကူးပြသခဲ့သည်။

ဇာတ်ကားထဲမှ ဂင်ဆန်းဟို၏ အခန်းမှာ Conrad Seoul ဟိုတယ်၏ ၃၆ ထပ်မြောက်မှ Penthouse ခန်း ဖြစ်သည်။

Conrad ဟိုတယ်၏ ထုတ်ပြန်ချက်အရ အဆိုပါအခန်းသည် Presidential Suite အခန်းဖြစ်ပြီး Conrad Seoul ဟိုတယ်၏ အဆင့်အတန်းအမြင့်မားဆုံး penthouse ခန်းဖြစ်ကြောင်း၊ အခန်းအကျယ်အဝန်း ၂၈၈ စတုရန်းမီတာ (၃၁၀၀ စတုရန်းပေ) ရှိကာ ဧည့်ခန်း၊ ညစာစားခန်းနှင့် အိပ်ခန်းနေရာများ ပါဝင်ကြောင်း သိရသည်။

အိပ်ခန်းမှတဆင့် ဟန်မြစ်နှင့် ဆိုးလ်မြို့တော်တို့၏ ရှုခင်းများတွေ့မြင်နေရပြီး ကြီးမားသည့် King-sized အိပ်ယာ၊ အပန်းဖြေနေရာ၊ Spa စတိုင် ရေချိုးခန်းနှင့် လမ်းလျှောက်ဝင်နိုင်သော အဝတ်အစားထားသိုရန်နေရာတို့ပါဝင်ကာ Conrad ဟိုတယ်၏ အကောင်းဆုံးအခန်း ဖြစ်သည်။

ထိုအခန်း၏ တည်းခိုခမှာ တစ်ညလျှင် ကိုရီးယားဝမ်ငွေ ၆၂၅၀၀၀၀ ဖြစ်ပြီး ကန်ဒေါ်လာအားဖြင့် ၅၅၀၀ ခန့် ဖြစ်သည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Kim Seon Ho's Home Location In ChaChaCha Hometown Leaks, Fan Visits Disrupt Filming (voi)

 

 

[Zawgyi]

Kim Seon Ho ၏ Start-up ဇာတ္ကားရိုက္ကူးခဲ့ရာ ဟိုတယ္ခန္းႏွင့္ Hometown ChaChaCha ဇာတ္ကားရိုက္ကူးရာ ေနအိမ္

 

ပါးခ်ဳိင့္ေလးဟု ျမန္မာပရိသတ္မ်ားအၾကား နာမည္ေက်ာ္သူ ကိုရီးယားၾကယ္ပြင့္ ခ်င္ဆန္းဟို (Kim Seon-ho)၏ ကိုရီးယား ဒရာမာ Hometown ChaChaCha သည္ တစ္ကမၻာလံုးအတိုင္းအတာ ေက်ာ္ၾကားေအာင္ျမင္ခဲ့ေသာ ဇာတ္လမ္းတြဲျဖစ္ျပီး အဆိုပါဇာတ္လမ္းတြဲရိုက္ကူးခဲ့ရာ ေနရာမွာလည္း ေက်ာ္ၾကားလ်က္ရွိေနသည္။

Hometown ChaChaCha ဇာတ္လမ္းတြဲကို ျပီးခဲ့ေသာ ၂၀၂၁ ခုႏွစ္၊ ၾသဂုတ္လမွ ေအာက္တိုဘာလအထိ ထုတ္လႊင့္ျပသခဲ့သည္။

Hometown ChaChaCha ကို ရိုက္ကူးသည့္အဖြဲ႔က ယင္းဇာတ္ကားရိုက္ကူးခဲ့သည့္ေနရာကို တရားဝင္ထုတ္ေဖာ္ေျပာၾကားမႈျပဳလုပ္ခဲ့ရာ စိတ္အေႏွာင့္အယွက္ျဖစ္ဖြယ္မ်ား ေပၚေပါက္လာသည္။

Hometown ChaChaCha ဇာတ္ကားရိုက္ကူးခဲ့ရာေနရာမွာ လက္ရွိ လူေနထုိင္လ်က္ရွိေသာ အေဆာက္အအံုတစ္လံုးျဖစ္၏။

ဇာတ္ကားရိုက္ကူးခဲ့သည့္ေနရာအတိအက် ေပါက္ၾကားခဲ့ျပီးေနာက္ ထိုေနရာကို လာေရာက္လည္ပတ္သူ မ်ားစြာရွိလာျပီး ေနအိမ္အတြင္း ဝင္ေရာက္ရန္ပင္ ၾကိဳးစားလာၾကသည္။

သို႔အတြက္ အိမ္ရွင္တို႔က ရိုက္ကူးေရးအဖြဲ႔အား ထုိေနရာတြင္ ဆက္လက္ရိုက္ကူးျခင္းမျပဳေတာ့ရန္ ေတာင္းဆိုခဲ့ရသည္။ သို႔ေသာ္ ဇာတ္ကားမွာ ျပီးစီးရန္ မ်ားစြာမလိုေတာ့ခ်ိန္လည္း ျဖစ္၏။

“ဇာတ္ကားထဲမွာပါတဲ့ Hye Jin (Shin Min Ah), Doo Shik (Kim Seon Ho), Gam Ri (Kim Young Ok), and Cho Hee (Hong Ji Hee) တို႔ရဲ႕အိမ္ဟာ ဇာတ္ကားရိုက္ဖို႔ ကၽြန္ေတာ္တို႔ငွားထားတဲ့အိမ္ျဖစ္ပါတယ္။ လက္ရွိမွာ အိမ္ရွင္ကိုယ္တိုင္ေနထိုင္ေနတာ ျဖစ္ပါတယ္” ဟု ၎တို႔က ထုတ္ျပန္ထားသည္။

“သူတို႔ကလည္း ကၽြန္ေတာ္တို႔ကို အမ်ားၾကီး အကူအညီေပးခဲ့ပါတယ္။ ဒါေပမယ့္ ေန႔တိုင္းသူတို႔ အခက္ေတြ႔ေနၾကတယ္။ လာေရာက္လည္ပတ္သူေတြ ရွိလာတာေၾကာင့္ပါ။ အဲဒါေၾကာင့္ ပရိသတ္မ်ားအေနနဲ႔ အဲဒီေနရာကို သြားေရာက္လည္ပတ္မယ္ဆိုရင္ အိမ္ထဲကို မဝင္ၾကဖို႔ ကၽြန္ေတာ္တို႔ ေတာင္းဆိုပါတယ္”ဟု ၎တို႔အဖြဲ႔က ထုတ္ျပန္ခဲ့ရသည္။

လာေရာက္လည္ပတ္ၾကသူမ်ားကို ေက်းဇူးတင္ေၾကာင္းျပသသည့္ အေနျဖင့္ ရိုက္ကူးေရးအဖြဲ႔က ဇာတ္ကားျပီးစီးခ်ိန္တြင္ Cheongha ေစ်းတြင္ ျပည္ၾကီးငါးရုပ္တုႏွင့္ Sabang Memorial Park တြင္ ေလွတစ္စင္းတို႔ကို ထားရွိခဲ့ၾကသည္။

လည္ပတ္သူမ်ားအေနျဖင့္ အျခားသူ၏ ေနအိမ္ထက္စာလွ်င္ အဆိုပါေနရာမ်ားသို႔ သြားေရာက္လည္ပတ္ႏိုင္ၾကမည္ ျဖစ္သည္။

Cheongha ေစ်းသည္ Gongjin ေဒသခံတို႔က ၎တို႔၏ ကုန္စည္မ်ား လာေရာက္ ေရာင္းခ်ေလ့ရွိသည့္ေနရာ ျဖစ္ျပီး Sabang Memorial Park မွာ Hye Jin ႏွင့္ Doo Shik တို႔ ေတြ႔ဆံုၾကသည့္ေနရာ ျဖစ္သည္။

(ဂင္ဆမ္းဟို၏ Start-Up ဇာတ္ကားမွ လူေနခန္းကို တစ္ညလွ်င္ ကန္ေဒၚလာ ၅၅၀၀ ျဖင့္ ငွားရမ္းအိပ္စက္ႏိုင္)

Start-Up ဇာတ္ကားသည္ အလြန္ေက်ာ္ၾကားျပီး ၎ဇာတ္ကားရိုက္ကူးသည့္ေနရာကိုလည္း သိလိုသူ မ်ားျပားၾကသည္။

အဆိုပါဇာတ္ကားတြင္ Suzy, Nam JooHyuk, Kim SeonHo ႏွင့္ Kang HanNa တုိ႔ ဦးေဆာင္ပါဝင္ သရုပ္ေဆာင္ထားၾကသည္။

ဇာတ္လမ္းမွာ ကိုရီးယား၏ စီလီကြန္ေတာင္ၾကားဟု ခိုင္းႏႈိင္းၾကေသာေနရာမွ ထြန္းသစ္စ ကုမၸဏီမ်ား (Start-ups) တြင္ လုပ္ကိုင္ရင္း ေအာင္ျမင္မႈကိုရွာေဖြၾကမည့္ လူငယ္တို႔၏ ဇာတ္လမ္း ျဖစ္သည္။

၎တို႔၏ ေအာင္ျမင္မႈသို႔ခ်ီတက္ရာခရီး စတင္မႈ “Start”ႏွင့္ ၎တို႔၏ ျဖစ္ထြန္းတိုးတက္လာမႈ “Up”တို႔ အေၾကာင္း ရိုက္ကူးျပသထားျခင္းလည္း ျဖစ္သည္။

ဇာတ္ကားထဲတြင္ ဂင္ဆန္းဟိုသည္ ခ်မ္းသာေအာင္ျမင္သူ Han JiPyung အျဖစ္ သရုပ္ေဆာင္ထားသည္။

ဟန္ျမစ္ကို စီးမိုးေတြ႔ျမင္ေနရသည့္ ခမ္းနားထည္ဝါေသာ လူေနခန္းတစ္ခန္းတြင္ Han JiPyung ေနထုိင္သည္။

ထိုအခန္းကို ဇာတ္ကားထဲတြင္ ၾကိမ္ဖန္မ်ားစြာ ထည့္သြင္းရိုက္ကူးျပသခဲ့သည္။

ဇာတ္ကားထဲမွ ဂင္ဆန္းဟို၏ အခန္းမွာ Conrad Seoul ဟိုတယ္၏ ၃၆ ထပ္ေျမာက္မွ Penthouse ခန္း ျဖစ္သည္။

Conrad ဟိုတယ္၏ ထုတ္ျပန္ခ်က္အရ အဆိုပါအခန္းသည္ Presidential Suite အခန္းျဖစ္ျပီး Conrad Seoul ဟိုတယ္၏ အဆင့္အတန္းအျမင့္မားဆံုး penthouse ခန္းျဖစ္ေၾကာင္း၊ အခန္းအက်ယ္အဝန္း ၂၈၈ စတုရန္းမီတာ (၃၁၀၀ စတုရန္းေပ) ရွိကာ ဧည့္ခန္း၊ ညစာစားခန္းႏွင့္ အိပ္ခန္းေနရာမ်ား ပါဝင္ေၾကာင္း သိရသည္။

အိပ္ခန္းမွတဆင့္ ဟန္ျမစ္ႏွင့္ ဆိုးလ္ျမိဳ႕ေတာ္တို႔၏ ရႈခင္းမ်ားေတြ႔ျမင္ေနရျပီး ၾကီးမားသည့္ King-sized အိပ္ယာ၊ အပန္းေျဖေနရာ၊ Spa စတိုင္ ေရခ်ဳိးခန္းႏွင့္ လမ္းေလွ်ာက္ဝင္ႏိုင္ေသာ အဝတ္အစားထားသိုရန္ေနရာတို႔ပါဝင္ကာ Conrad ဟိုတယ္၏ အေကာင္းဆံုးအခန္း ျဖစ္သည္။

ထိုအခန္း၏ တည္းခိုခမွာ တစ္ညလွ်င္ ကိုရီးယားဝမ္ေငြ ၆၂၅၀၀၀၀ ျဖစ္ျပီး ကန္ေဒၚလာအားျဖင့္ ၅၅၀၀ ခန္႔ ျဖစ္သည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Kim Seon Ho's Home Location In ChaChaCha Hometown Leaks, Fan Visits Disrupt Filming (voi)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service