“ခဝါသည်” (သို့) စိတ်ကိုဖြူအောင်ထား

“ခဝါသည်” (သို့) စိတ်ကိုဖြူအောင်ထား - Property Knowledge in Myanmar from iMyanmarHouse.com
16 Jun 2022 11:39 am တွင် တင်ခဲ့သည်
910 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ဖြတ်သန်းလာရတဲ့ ဘဝလမ်းတာတစ်လျှောက်လုံး ကျွန်တော်တို့ရဲ့စိတ်တွေကို ကျွန်တော်တို့အနေနဲ့ ဖြူစင်လာအောင် နည်းလမ်းအစုံနဲ့ အမျိုးမျိုးလုပ်ခဲ့ကြသည်။

သက်ဆိုင်ရာဘာသာတရားတို့၏ အဆုံးအမများနှင့်ရော၊အခြားသောနည်းလမ်းပေါင်းစုံနှင့်ပါ စိတ်ကိုဖြူစင်အောင် လုပ်ခဲ့ကြသည်။ကွန်တော်တို့ ဘယ်လောက်ထိစိတ်ကိုဖြူအောင် လုပ်နိုင်ခဲ့ကြပြီလဲ။

ဒါလေးနဲ့ပတ်သက်လို့ မြင်ကွင်းလေးတစ်ခုက ကဗျာလေးတစ်ပုဒ်ကိုဖြစ်စေခဲ့သည်။ဒီကဗျာလေးမှာ စိတ်ကို ဖြူအောင်လုပ်နေကြသည့် အသက်ဝါကြီးသည့် ပုဂ္ဂိုလ်တစ်ဦး၊ သူ့ရဲ့အတွင်းစိတ်မှာ ဖြူသလား၊မည်းသလား ကျွန်တော်မသိဘူး။

ကျွန်တော်တွေ့ရသည့်မြင်ကွင်းက အသက်အရွယ်အိုမင်းသောရဟန်းတစ်ပါး၊ဦးပြည်းကတုံးတွင် ပြန်ထွက်လာသည့် ဆံငုတ်စလေးများက ဖြူဖြူဆွတ်ဆွတ်။ထူးခြားသည်က ရဟန်းအို၏ ခန္ဓာကိုယ်ပုခုံးနှင့် လက်တို့ရှိ အမွေးများသည်လည်း ဆွတ်ဆွတ်ဖြူနေခြင်းဖြစ်သည်။

ဒီမြင်ကွင်းက ကျွန်တော်ကို ကဗျာတစ်ပုဒ်ဖြစ်စေခဲ့ခြင်းဖြစ်သည်။တရားသဘောလေးတစ်ခုကို သိမြင်သွားသည်။

ရဟန်းတို့မည်သည် မြတ်စွာဘုရားရှင်၏အဆုံးအမဖြစ်သော ဓမ္မတရားတို့ကို လေ့လာလိုက်နာပြီး စိတ်ကိုဖြူအောင် လုပ်နေကြသည့် ပုဂ္ဂိုလ်များဖြစ်သည်။ဒီလို စိတ်ကိုဖြူစင်အောင် ကျင့်ကြံနေသော ရဟန်းပုဂ္ဂိုလ်၏ အတွင်းသဘော အဇ္ဈတ္တသဏ္ဌာန်ကို မသိသော်လည်း၊ပြင်ပဗဟိဒ္ဓကိုမူ ကောင်းစွာ တွေ့နေရသည်။

ဒီမြင်ကွင်းကိုမြင်ပြီး မိမိ၏စိတ်အခြေအနေနှင့်လိုက်ပြီး “ခဝါသည်”ဆိုသည့် ကဗျာလေးဖြစ်တည်လာခဲ့သည်။

စိတ်ဆိုသည်က မကောင်းမှုတွင်မွေ့လျော်၏ဟုဆိုရိုးရှိထားပြီး လက်တွေ့တွင်လည်း မြင်လျှင်မြင်ကာမတ္တ၊ ကြားလျှင် ကြားကာမတ္တမဟုတ်ဘဲ မြင်သည့်နောက်၊ကြားသည့်နောက်သို့လိုက်ကာ စိတ်အခြေအနေတွေက ဖြစ်ပေါ်နေသည်။

ထိုသို့ဖြစ်ပေါ်နေသော စိတ်အခြေအနေကို စမ်းစစ်ကြည့်လျှင် ကောင်းခြင်းဆိုးခြင်း ဘယ်လောက်ထိရှိလည်း သိနိုင်ပါလိမ့်မည်။စိတ်အခြေအနေပေါ်လိုက်ပြီး မကောင်းသောစိတ်တို့ ဆင့်ကဲဖြစ်ပေါ်ပြီး အကုသိုလ်ဒုစရိုက်တို့ ဖြစ်ပေါ်နိုင်သည်။မကောင်းသော စိတ်အခြေနေကိုသိပြီး ထိန်းချုပ်ပြောင်းလဲနိုင်လျှင် သုစရိုက်ဖြစ်နိုင်ပါလိမ့်မည်။

မကောင်းမှုတွင် မွေ့လျော်မှုများသော စိတ်ကို အတတ်နိုင်ဆုံး ဖြူအောင်လုပ်ရပါလိမ့်မည်။မည်းညစ်လာလျှင် လျှော်ဖွပ်ပေးရပါမည်။စိတ်ကိုမလျှော်ဖွပ်ကြဘဲ မည်းမြဲအတိုင်းထားကြပါလျှင် မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရားမြတ်လေးပါး ခေါင်းပါးလာကြပါလိမ့်မည်။

ထိုအခါကျွန်တော်တို့လူ့ဘောင်ကြီးသည်။အေးချမ်းမှုကင်းလာပါလိမ့်မည်။

ထို့ကြောင့် စိတ်ကိုမည်မျှလျှော်ဖွပ်နိုင်ကြပြီလဲ၊မည်းလိုက်ဖြူလိုက်လား၊မည်းမြဲမည်းနေသလားဆိုသည်က ကယကံရှင်မိမိတို့သာအသိဆုံးဖြစ်ပါလိမ့်မည်။

ကဗျာဆရာ ဘုန်းအောင်(မြောင်)၏ “ခဝါသည်”ကဗျာလေးကိုဖော်ပြပေးလိုက်ရပါသည်။

“ခဝါသည်”

ခန္ဓာကိုယ်ထက်

မွေးညင်းနက်တို့

အသက်ရလာ ဖြူခဲ့ပါပြီ။

သို့ပါသော်လည်း

ညစ်ပတ်မည်းမှောင်

ဟိုချောင်ကွယ်လျှိုး

ဖုန်တောတိုးတတ်

စိတ်တံဘက်ရိုင်း

လျှော်ဖွပ်တိုင်းလည်း

ဖြူနိုင်ခဲသည်

မည်းမြဲမည်းလျက်ပါတကား။ ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

“ခဝါသည္” (သို႔) စိတ္ကိုျဖဴေအာင္ထား

 

ျဖတ္သန္းလာရတဲ့ ဘဝလမ္းတာတစ္ေလွ်ာက္လုံး ကၽြန္ေတာ္တို႔ရဲ႕စိတ္ေတြကို ကၽြန္ေတာ္တို႔အေနနဲ႔ ျဖဴစင္လာေအာင္ နည္းလမ္းအစုံနဲ႔ အမ်ိဳးမ်ိဳးလုပ္ခဲ့ၾကသည္။

သက္ဆိုင္ရာဘာသာတရားတို႔၏ အဆုံးအမမ်ားႏွင့္ေရာ၊အျခားေသာနည္းလမ္းေပါင္းစုံႏွင့္ပါ စိတ္ကိုျဖဴစင္ေအာင္ လုပ္ခဲ့ၾကသည္။ကြန္ေတာ္တို႔ ဘယ္ေလာက္ထိစိတ္ကိုျဖဴေအာင္ လုပ္ႏိုင္ခဲ့ၾကၿပီလဲ။

ဒါေလးနဲ႔ပတ္သက္လို႔ ျမင္ကြင္းေလးတစ္ခုက ကဗ်ာေလးတစ္ပုဒ္ကိုျဖစ္ေစခဲ့သည္။ဒီကဗ်ာေလးမွာ စိတ္ကို ျဖဴေအာင္လုပ္ေနၾကသည့္ အသက္ဝါႀကီးသည့္ ပုဂၢဳိလ္တစ္ဦး၊ သူ႔ရဲ့အတြင္းစိတ္မွာ ျဖဴသလား၊မည္းသလား ကၽြန္ေတာ္မသိဘူး။

ကၽြန္ေတာ္ေတြ႔ရသည့္ျမင္ကြင္းက အသက္အရြယ္အိုမင္းေသာရဟန္းတစ္ပါး၊ဦးျပည္းကတုံးတြင္ ျပန္ထြက္လာသည့္ ဆံငုတ္စေလးမ်ားက ျဖဴျဖဴဆြတ္ဆြတ္။ထူးျခားသည္က ရဟန္းအို၏ ခႏၶာကိုယ္ပုခုံးႏွင့္ လက္တို႔ရွိ အေမြးမ်ားသည္လည္း ဆြတ္ဆြတ္ျဖဴေနျခင္းျဖစ္သည္။

ဒီျမင္ကြင္းက ကၽြန္ေတာ္ကို ကဗ်ာတစ္ပုဒ္ျဖစ္ေစခဲ့ျခင္းျဖစ္သည္။တရားသေဘာေလးတစ္ခုကို သိျမင္သြားသည္။

ရဟန္းတို႔မည္သည္ ျမတ္စြာဘုရားရွင္၏အဆုံးအမျဖစ္ေသာ ဓမၼတရားတို႔ကို ေလ့လာလိုက္နာၿပီး စိတ္ကိုျဖဴေအာင္ လုပ္ေနၾကသည့္ ပုဂၢိဳလ္မ်ားျဖစ္သည္။ဒီလို စိတ္ကိုျဖဴစင္ေအာင္ က်င့္ၾကံေနေသာ ရဟန္းပုဂၢဳိလ္၏ အတြင္းသေဘာ အဇၩတၱသဏၭာန္ကို မသိေသာ္လည္း၊ျပင္ပဗဟိဒၶကိုမူ ေကာင္းစြာ ေတြ႔ေနရသည္။

ဒီျမင္ကြင္းကိုျမင္ၿပီး မိမိ၏စိတ္အေျခအေနႏွင့္လိုက္ၿပီး “ခဝါသည္”ဆိုသည့္ ကဗ်ာေလးျဖစ္တည္လာခဲ့သည္။

စိတ္ဆိုသည္က မေကာင္းမႈတြင္ေမြ႔ေလ်ာ္၏ဟုဆိုရိုးရွိထားၿပီး လက္ေတြ႔တြင္လည္း ျမင္လွ်င္ျမင္ကာမတၱ၊ ၾကားလွ်င္ ၾကားကာမတၱမဟုတ္ဘဲ ျမင္သည့္ေနာက္၊ၾကားသည့္ေနာက္သို႔လိုက္ကာ စိတ္အေျခအေနေတြက ျဖစ္ေပၚေနသည္။

ထိုသို႔ျဖစ္ေပၚေနေသာ စိတ္အေျခအေနကို စမ္းစစ္ၾကည့္လွ်င္ ေကာင္းျခင္းဆိုးျခင္း ဘယ္ေလာက္ထိရွိလည္း သိႏိုင္ပါလိမ့္မည္။စိတ္အေျခအေနေပၚလိုက္ၿပီး မေကာင္းေသာစိတ္တို႔ ဆင့္ကဲျဖစ္ေပၚၿပီး အကုသိုလ္ဒုစရိုက္တို႔ ျဖစ္ေပၚႏိုင္သည္။မေကာင္းေသာ စိတ္အေျခေနကိုသိၿပီး ထိန္းခ်ဳပ္ေျပာင္းလဲႏိုင္လွ်င္ သုစရိုက္ျဖစ္ႏိုင္ပါလိမ့္မည္။

မေကာင္းမႈတြင္ ေမြ႔ေလ်ာ္မႈမ်ားေသာ စိတ္ကို အတတ္ႏိုင္ဆုံး ျဖဴေအာင္လုပ္ရပါလိမ့္မည္။မည္းညစ္လာလွ်င္ ေလွ်ာ္ဖြပ္ေပးရပါမည္။စိတ္ကိုမေလွ်ာ္ဖြပ္ၾကဘဲ မည္းျမဲအတိုင္းထားၾကပါလွ်င္ ေမတၱာ၊ကရုဏာ၊မုဒိတာ၊ဥေပကၡာ ဟူေသာ ျဗဟၼစိုရ္တရားျမတ္ေလးပါး ေခါင္းပါးလာၾကပါလိမ့္မည္။

ထိုအခါကၽြန္ေတာ္တို႔လူ႔ေဘာင္ႀကီးသည္။ေအးခ်မ္းမႈကင္းလာပါလိမ့္မည္။

ထို႔ေၾကာင့္ စိတ္ကိုမည္မွ်ေလွ်ာ္ဖြပ္ႏိုင္ၾကၿပီလဲ၊မည္းလိုက္ျဖဴလိုက္လား၊မည္းျမဲမည္းေနသလားဆိုသည္က ကယကံရွင္မိမိတို႔သာအသိဆုံးျဖစ္ပါလိမ့္မည္။

ကဗ်ာဆရာ ဘုန္းေအာင္(ေျမာင္)၏ “ခဝါသည္”ကဗ်ာေလးကိုေဖာ္ျပေပးလိုက္ရပါသည္။

“ခဝါသည္”

ခႏၶာကိုယ္ထက္

ေမြးညင္းနက္တို႔

အသက္ရလာ ျဖဴခဲ့ပါၿပီ။

သို႔ပါေသာ္လည္း

ညစ္ပတ္မည္းေမွာင္

ဟိုေခ်ာင္ကြယ္လွ်ိဳး

ဖုန္ေတာတိုးတတ္

စိတ္တံဘက္ရိုင္း

ေလွ်ာ္ဖြပ္တိုင္းလည္း

ျဖဴႏိုင္ခဲသည္

မည္းျမဲမည္းလ်က္ပါတကား။ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service