ရှာကီနာနဲ့ ဘာစီလိုနာကြယ်ပွင့် ပီကေးတို့လမ်းခွဲပြီးနောက် ဘာစီလိုနာအိမ်မှာ ဘယ်သူဆက်နေမလဲ

ရှာကီနာနဲ့ ဘာစီလိုနာကြယ်ပွင့် ပီကေးတို့လမ်းခွဲပြီးနောက် ဘာစီလိုနာအိမ်မှာ ဘယ်သူဆက်နေမလဲ - Property News in Myanmar from iMyanmarHouse.com
8 Jun 2022 10:57 am တွင် တင်ခဲ့သည်
1639 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာကျော် ကိုလံဘီယာအဆိုတော် ရှာကီရာနှင့် စပိန်ဘောလုံးကြယ်ပွင့် ဂျရတ် ပီကေးတို့ကြားက အချစ်ရေးမှာ ပြီးခဲ့သောရက်များအတွင်း ပြောစရာများစွာရှိလာသည်။

ဘာစီလိုနာ နောက်ခံလူ ပီကေးသည် ရှာကီရာအပေါ် သစ္စာမဲ့ခဲ့သည်ဟူသော ကောလာဟလသတင်းများ ထွက်ပေါ်ပြီးနောက် ၎င်းတို့ကြားမှ အချစ်ရေး အဆုံးသတ်ရန် အကြောင်းဖန်လာခြင်းလည်း ဖြစ်သည်။

မီလန်နှင့် ဆာရှာတိုအမည်ရှိ ကလေး ၂ ဦးတို့၏ မိဘများဖြစ်ကြသူ ပီကေးနှင့် ရှာကီရာတို့မှာ အဆိုပါသတင်း ကြောင့် ဝေးကွာသွားခဲ့ကြပြီး ၎င်းတို့နှစ်ဦး အတူမနေတော့ရန် ပြောဆိုရသည့် အခြေအနေဆိုက်သွားသည်။

သတင်းဌာန အများအပြား၏ ဖော်ပြချက်အရ ရှာကီရာအောက် အသက် ၁၀ နှစ်ငယ်သူ ဂျရတ် ပီကေးသည် လူပျိုဘဝက နေထိုင်ခဲ့သည့် သူ၏တိုက်ခန်းသို့ ပြောင်းရွှေ့သွားပြီး ရှာကီရာမှာမူ ဘာစီလိုနာရှိ ၎င်းတို့အတူနေခဲ့ကြသော တန်ဖိုးကြီးစံအိမ်ကြီးတွင် ဆက်လက်နေထိုင်မည်ဟု ဆိုသည်။

ပြီးခဲ့သော ရက်ပိုင်းက သတင်းမီဒီယာများတွင် ထွက်ပေါ်လာသည့် ဓာတ်ပုံတစ်ပုံတွင် ဂျရတ်ပီကေးသည် ရှာကီရာနှင့်အတူ နေထိုင်ခဲ့သော စံအိမ်ရှေ့တွင် အိမ်တံခါးကို သော့ဖြင့်မဖွင့်ဘဲ လူခေါ်ခေါင်းလောင်းတီးနေသည့် ဓာတ်ပုံထွက်ပေါ်လာရာ သူ၏ပရိသတ်များ များစွာ စိတ်ဝင်စားခဲ့ကြသည်။

ပီကေးနှင့် ရှာကီရာတို့ အတူနေထိုင်ခဲ့သော စံအိမ်ကြီးသည် ဘာစီလိုနာ၏ အိမ်ဖြူတော်ဟု နာမည်ကျော်သော စံအိမ်ကြီး ဖြစ်သည်။

(ရှာကီရာနှင့် အတူနေထိုင်ခဲ့သော ဘာစီလိုနာစံအိမ်ရှေ့တွင် ဂျရတ်ပီကေး လူခေါ်ခေါင်းလောင်းတီးနေပုံ)

စံအိမ်မှာ ၅ ထပ်အဆောက်အအုံဖြစ်ပြီး ဘာစီလိုနာမြို့၊ အက်စ်ပလူဂက် ဒ လိုဘရာဂါအရပ် (Esplugues de Llobregat) တွင် တည်ရှိသည်။

ဂျရတ်ပီကေးနှင့် ရှာကီရာတို့ ကိုယ်တိုင် စိတ်ကြိုက်ဆောက်လုပ်ခဲ့သည့်စံအိမ်ဖြစ်ပြီး ၎င်းတို့အကြား အချစ်ခရီးတွင် အမှတ်တရများစွာ၊ အဓိပ္ပာယ်များစွာရှိခဲ့သည့် နေရာတစ်ခုလည်း ဖြစ်သည်။

သတင်းမီဒီယာများစွာတွင် ဖော်ပြသော အချက်အလက်များအရ ယင်းစံအိမ်ကို ၂၀၁၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

စံအိမ်အတွင်း အိပ်ခန်းများစွာ၊ ရေချိုးခန်းများစွာ၊ ခန်းမတစ်ခု၊ မီးဖိုဆောင်တစ်ခု၊ ညစာစားခန်း ၁၊ ဧည့်ခန်း ၁ ၊ ပင်မခန်းမတစ်ခု၊ ရုပ်ရှင်ရုံ၊ ဆုတံဆိပ်များထားရှိသည့်အခန်း၊ ဂိမ်းကစားခန်း၊ ရုံးခန်း၊ အားကစားလေ့ကျင့်ခန်းမ၊ အရက်ဘား၊ ဝိုင်သိုလှောင်ခန်း၊ မြေအောက်သိုလှောင်ခန်း၊ အဝတ်လျှော်ခန်းတို့အပြင် အခြားအခန်းများ ရှိသေးသည်။

စံအိမ်အပြင်ဘက်တွင် နားနေဆောင်၊ အကင်နေရာ၊ ကျယ်ဝန်းသည့် စိမ်းလန်းသောနေရာများ၊ တင်းနစ်ကွင်း၊ အပန်းဖြေစခန်းအသွင် ရေတံခွန်ပါသည့် ရေကူးကန်တို့အပြင် အခြား amenities များလည်း ရှိသေးသည်။

ခြံဝန်းအတွင်း ဧည့်ဂေဟာဆောင်တစ်ခုလည်း ရှိသည်။

(ဂျရတ်ပီကေး လူပျိုဘဝကနေခဲ့သည့်တိုက်ခန်းမှာ…)

လက်တင်ဘာသာ ရုပ်သံအစီအစဉ်တစ်ခုဖြစ်သော Hola Chile မှ အစီအစဉ်တင်ဆက်သူတို့၏ ပြောကြားချက်အရ ဂျရတ်ပီကေးကို သူ၏ လူပျိုဘဝက နေထိုင်ခဲ့သည့်တိုက်ခန်းတွင် အသက် ၂၀ အရွယ် မိန်းကလေးတစ်ဦးနှင့်အတူ ရှာကီရာက လက်ပူးလက်ကြပ်မိခဲ့ကြောင်း၊ ထို့ကြောင့် ပီကေးနှင့် ရှာကီရာတို့ လမ်းခွဲရန် ဖြစ်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ပီကေးသည် သူ၏ လူပျိုဘဝတိုက်ခန်းကို လုံးဝရောင်းမထုတ်ခဲ့ချေ။

ပီကေးသည် ၎င်း၏ များပြားလှသည့်ခရီးစဉ်များအတွင်း လေယာဉ်မယ်ကလေးတစ်ဦးနှင့် ဆုံစည်းခဲ့ခြင်း ဖြစ်ဟန်ရသည်။

အဆိုပါ မိန်းကလေးမှာ အသက် ၂၀ အရွယ်သာရှိသေးပြီး ဂျရတ်ပီကေးမှာ ၃၅ နှစ်နှင့် ရှာကီရာမှာ အသက် ၄၅ နှစ်ရှိပြီ ဖြစ်သည်။

(ရှာကီရာသည် ပီကေးနှင့် ကွာရှင်းသည့်နေ့က စိတ်ထိခိုက်ကာ ဆေးရုံသို့ အရေးပေါ်ကားဖြင့် ရောက်သွားခဲ့ရ သေးသည်။)

ပီကေးနှင့် ရှာကီရာတို့ အတူနေထိုင်ခဲ့သော ဘာစီလိုနာစံအိမ်သို့ အရေးပေါ်လူနာတင်ကား ခေါ်ယူခဲ့ရခြင်း လည်း ဖြစ်သည်။

(ပုံတွင် တွေ့ရသည်မှာ ဂျရတ်ပီကေးနှင့် ရှာကီရာတို့ အတူနေထိုင်ခဲ့သော ဘာစီလိုနာမှ ကျယ်ဝန်းသည့် စံအိမ်ကြီး ဖြစ်သည်။)

(ပီကေးကို ၂၀၁၈ ခုနှစ်အတွင်း ဘာစီလိုနာ စံအိမ်တွင် တွေ့ရပုံ။)

(ဘာစီလိုနာကြယ်ပွင့် ပီကေးနှင့် သူ၏ချစ်သူ ရှာကီရာ)

(ပီကေးတို့ အတူနေထိုင်ခဲ့သည့်စံအိမ်မှာ ဘာစီလိုနာမြို့ ဆင်ခြေဖုံးတွင် တည်ရှိသည်)

(ဆွစ်ဇာလန်နှင့် ပွဲစဉ်တွင် စပိန်ကို ကိုယ်စားပြုကစားခဲ့သူ ပီကေး)

(ဂျရတ်ပီကေး)

ဂျရတ်ပီကေးသည် စပိန်ဘောလုံးကြယ်ပွင့်တစ်ဦးဖြစ်ပြီး လာလီဂါကလပ် ဘာစီလိုနာ၏ နောက်တန်း တိုက်စစ်မှူးတစ်ဦးဖြစ်ကာ သူ၏ မျိုးဆက်တွင် အကောင်းဆုံး ကမ္ဘာ့ခံစစ်မှူးများတွင် တစ်ဦးဖြစ်သည်ဟု သတ်မှတ်ခြင်းခံထားရသည်။

ဂျရတ် ပီကေးသည် မန်ချက်စတာယူနိုက်တက်၏ ဘောလုံးအကယ်ဒမီတွင် ၂၀၀၄ ခုနှစ်၌ တက်ရောက်ခဲ့သူလည်း ဖြစ်သည်။ ဂျရတ်ပီကေးနှင့် ရှာကီရာတို့၏ အချစ်ခရီးမှာ ၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဖြစ်သည်။

ရှာကီရာအား အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့သည့် ဝါကာဝါကာသီချင်း (This time for Africa) သီချင်း၏ ဂီတဗွီဒီယိုတွင် ဂျရတ်ပီကေးပါဝင်သရုပ်ဆောင်ခဲ့ရာမှတဆင့် ၎င်းတို့နှစ်ဦး စတင်ဆုံစည်းခဲ့ကြခြင်းဖြစ်သည်။

အဆိုပါသီချင်းသည် ၂၀၁၀ ပြည့်နှစ် ဖီဖာ ကမ္ဘာ့ဖလား၏ တရားဝင်သီချင်း ဖြစ်သည်။

ပီကေးနှင့် ရှာကီရာတို့မှာ အသက် ၁၀ နှစ်ကွာသော်လည်း မွေးနေ့တူညီကြသည်မှာလည်း ထူးခြားချက် ဖြစ်သည်။

နှစ်ဦးစလုံး၏မွေးနေ့မှာ ဖေဖော်ဝါရီလ ၂ ရက် ဖြစ်သည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This is the mansion from which Shakira would have thrown Gerard Piqué after alleged infidelity (latestusnewshub)

[Zawgyi]

ရွာကီနာနဲ႔ ဘာစီလိုနာၾကယ္ပြင့္ ပီေကးတို႔လမ္းခြဲျပီးေနာက္ ဘာစီလိုနာအိမ္မွာ ဘယ္သူဆက္ေနမလဲ

ကမၻာေက်ာ္ ကိုလံဘီယာအဆိုေတာ္ ရွာကီရာႏွင့္ စပိန္ေဘာလံုးၾကယ္ပြင့္ ဂ်ရတ္ ပီေကးတို႔ၾကားက အခ်စ္ေရးမွာ ျပီးခဲ့ေသာရက္မ်ားအတြင္း ေျပာစရာမ်ားစြာရွိလာသည္။

ဘာစီလိုနာ ေနာက္ခံလူ ပီေကးသည္ ရွာကီရာအေပၚ သစၥာမဲ့ခဲ့သည္ဟူေသာ ေကာလာဟလသတင္းမ်ား ထြက္ေပၚျပီးေနာက္ ၎တို႔ၾကားမွ အခ်စ္ေရး အဆံုးသတ္ရန္ အေၾကာင္းဖန္လာျခင္းလည္း ျဖစ္သည္။

မီလန္ႏွင့္ ဆာရွာတိုအမည္ရွိ ကေလး ၂ ဦးတို႔၏ မိဘမ်ားျဖစ္ၾကသူ ပီေကးႏွင့္ ရွာကီရာတို႔မွာ အဆိုပါသတင္း ေၾကာင့္ ေဝးကြာသြားခဲ့ၾကျပီး ၎တို႔ႏွစ္ဦး အတူမေနေတာ့ရန္ ေျပာဆိုရသည့္ အေျခအေနဆိုက္သြားသည္။

သတင္းဌာန အမ်ားအျပား၏ ေဖာ္ျပခ်က္အရ ရွာကီရာေအာက္ အသက္ ၁၀ ႏွစ္ငယ္သူ ဂ်ရတ္ ပီေကးသည္ လူပ်ဳိဘဝက ေနထုိင္ခဲ့သည့္ သူ၏တိုက္ခန္းသို႔ ေျပာင္းေရႊ႕သြားျပီး ရွာကီရာမွာမူ ဘာစီလိုနာရွိ ၎တို႔အတူေနခဲ့ၾကေသာ တန္ဖိုးၾကီးစံအိမ္ၾကီးတြင္ ဆက္လက္ေနထိုင္မည္ဟု ဆိုသည္။

ျပီးခဲ့ေသာ ရက္ပုိင္းက သတင္းမီဒီယာမ်ားတြင္ ထြက္ေပၚလာသည့္ ဓာတ္ပံုတစ္ပံုတြင္ ဂ်ရတ္ပီေကးသည္ ရွာကီရာႏွင့္အတူ ေနထိုင္ခဲ့ေသာ စံအိမ္ေရွ႕တြင္ အိမ္တံခါးကို ေသာ့ျဖင့္မဖြင့္ဘဲ လူေခၚေခါင္းေလာင္းတီးေနသည့္ ဓာတ္ပံုထြက္ေပၚလာရာ သူ၏ပရိသတ္မ်ား မ်ားစြာ စိတ္ဝင္စားခဲ့ၾကသည္။

ပီေကးႏွင့္ ရွာကီရာတို႔ အတူေနထိုင္ခဲ့ေသာ စံအိမ္ၾကီးသည္ ဘာစီလိုနာ၏ အိမ္ျဖဴေတာ္ဟု နာမည္ေက်ာ္ေသာ စံအိမ္ၾကီး ျဖစ္သည္။

(ရွာကီရာႏွင့္ အတူေနထိုင္ခဲ့ေသာ ဘာစီလိုနာစံအိမ္ေရွ႕တြင္ ဂ်ရတ္ပီေကး လူေခၚေခါင္းေလာင္းတီးေနပံု)

စံအိမ္မွာ ၅ ထပ္အေဆာက္အအံုျဖစ္ျပီး ဘာစီလိုနာျမိဳ႕၊ အက္စ္ပလူဂက္ ဒ လိုဘရာဂါအရပ္ (Esplugues de Llobregat) တြင္ တည္ရွိသည္။

ဂ်ရတ္ပီေကးႏွင့္ ရွာကီရာတို႔ ကိုယ္တိုင္ စိတ္ၾကိဳက္ေဆာက္လုပ္ခဲ့သည့္စံအိမ္ျဖစ္ျပီး ၎တို႔အၾကား အခ်စ္ခရီးတြင္ အမွတ္တရမ်ားစြာ၊ အဓိပၸာယ္မ်ားစြာရွိခဲ့သည့္ ေနရာတစ္ခုလည္း ျဖစ္သည္။

သတင္းမီဒီယာမ်ားစြာတြင္ ေဖာ္ျပေသာ အခ်က္အလက္မ်ားအရ ယင္းစံအိမ္ကို ၂၀၁၂ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။

စံအိမ္အတြင္း အိပ္ခန္းမ်ားစြာ၊ ေရခ်ဳိးခန္းမ်ားစြာ၊ ခန္းမတစ္ခု၊ မီးဖိုေဆာင္တစ္ခု၊ ညစာစားခန္း ၁၊ ဧည့္ခန္း ၁ ၊ ပင္မခန္းမတစ္ခု၊ ရုပ္ရွင္ရံု၊ ဆုတံဆိပ္မ်ားထားရွိသည့္အခန္း၊ ဂိမ္းကစားခန္း၊ ရံုးခန္း၊ အားကစားေလ့က်င့္ခန္းမ၊ အရက္ဘား၊ ဝိုင္သိုေလွာင္ခန္း၊ ေျမေအာက္သိုေလွာင္ခန္း၊ အဝတ္ေလွ်ာ္ခန္းတို႔အျပင္ အျခားအခန္းမ်ား ရွိေသးသည္။

စံအိမ္အျပင္ဘက္တြင္ နားေနေဆာင္၊ အကင္ေနရာ၊ က်ယ္ဝန္းသည့္ စိမ္းလန္းေသာေနရာမ်ား၊ တင္းနစ္ကြင္း၊ အပန္းေျဖစခန္းအသြင္ ေရတံခြန္ပါသည့္ ေရကူးကန္တို႔အျပင္ အျခား amenities မ်ားလည္း ရွိေသးသည္။

ျခံဝန္းအတြင္း ဧည့္ေဂဟာေဆာင္တစ္ခုလည္း ရွိသည္။

(ဂ်ရတ္ပီေကး လူပ်ဳိဘဝကေနခဲ့သည့္တိုက္ခန္းမွာ…)

လက္တင္ဘာသာ ရုပ္သံအစီအစဥ္တစ္ခုျဖစ္ေသာ Hola Chile မွ အစီအစဥ္တင္ဆက္သူတို႔၏ ေျပာၾကားခ်က္အရ ဂ်ရတ္ပီေကးကို သူ၏ လူပ်ဳိဘဝက ေနထိုင္ခဲ့သည့္တိုက္ခန္းတြင္ အသက္ ၂၀ အရြယ္ မိန္းကေလးတစ္ဦးႏွင့္အတူ ရွာကီရာက လက္ပူးလက္ၾကပ္မိခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ ပီေကးႏွင့္ ရွာကီရာတို႔ လမ္းခြဲရန္ ျဖစ္လာျခင္းျဖစ္သည္ဟု ဆိုသည္။

ပီေကးသည္ သူ၏ လူပ်ဳိဘဝတုိက္ခန္းကို လံုးဝေရာင္းမထုတ္ခဲ့ေခ်။

ပီေကးသည္ ၎၏ မ်ားျပားလွသည့္ခရီးစဥ္မ်ားအတြင္း ေလယာဥ္မယ္ကေလးတစ္ဦးႏွင့္ ဆံုစည္းခဲ့ျခင္း ျဖစ္ဟန္ရသည္။

အဆိုပါ မိန္းကေလးမွာ အသက္ ၂၀ အရြယ္သာရွိေသးျပီး ဂ်ရတ္ပီေကးမွာ ၃၅ ႏွစ္ႏွင့္ ရွာကီရာမွာ အသက္ ၄၅ ႏွစ္ရွိျပီ ျဖစ္သည္။

(ရွာကီရာသည္ ပီေကးႏွင့္ ကြာရွင္းသည့္ေန႔က စိတ္ထိခိုက္ကာ ေဆးရံုသို႔ အေရးေပၚကားျဖင့္ ေရာက္သြားခဲ့ရ ေသးသည္။)

ပီေကးႏွင့္ ရွာကီရာတို႔ အတူေနထိုင္ခဲ့ေသာ ဘာစီလိုနာစံအိမ္သို႔ အေရးေပၚလူနာတင္ကား ေခၚယူခဲ့ရျခင္း လည္း ျဖစ္သည္။

(ပံုတြင္ ေတြ႔ရသည္မွာ ဂ်ရတ္ပီေကးႏွင့္ ရွာကီရာတို႔ အတူေနထိုင္ခဲ့ေသာ ဘာစီလိုနာမွ က်ယ္ဝန္းသည့္ စံအိမ္ၾကီး ျဖစ္သည္။)

(ပီေကးကို ၂၀၁၈ ခုႏွစ္အတြင္း ဘာစီလိုနာ စံအိမ္တြင္ ေတြ႔ရပံု။)

(ဘာစီလိုနာၾကယ္ပြင့္ ပီေကးႏွင့္ သူ၏ခ်စ္သူ ရွာကီရာ)

(ပီေကးတို႔ အတူေနထိုင္ခဲ့သည့္စံအိမ္မွာ ဘာစီလိုနာျမိဳ႕ ဆင္ေျခဖံုးတြင္ တည္ရွိသည္)

(ဆြစ္ဇာလန္ႏွင့္ ပြဲစဥ္တြင္ စပိန္ကို ကိုယ္စားျပဳကစားခဲ့သူ ပီေကး)

(ဂ်ရတ္ပီေကး)

ဂ်ရတ္ပီေကးသည္ စပိန္ေဘာလံုးၾကယ္ပြင့္တစ္ဦးျဖစ္ျပီး လာလီဂါကလပ္ ဘာစီလိုနာ၏ ေနာက္တန္း တိုက္စစ္မွဴးတစ္ဦးျဖစ္ကာ သူ၏ မ်ဳိးဆက္တြင္ အေကာင္းဆံုး ကမၻာ့ခံစစ္မွဴးမ်ားတြင္ တစ္ဦးျဖစ္သည္ဟု သတ္မွတ္ျခင္းခံထားရသည္။

ဂ်ရတ္ ပီေကးသည္ မန္ခ်က္စတာယူႏိုက္တက္၏ ေဘာလံုးအကယ္ဒမီတြင္ ၂၀၀၄ ခုႏွစ္၌ တက္ေရာက္ခဲ့သူလည္း ျဖစ္သည္။ ဂ်ရတ္ပီေကးႏွင့္ ရွာကီရာတို႔၏ အခ်စ္ခရီးမွာ ၂၀၁၁ ခုႏွစ္မွ ၂၀၂၂ ခုႏွစ္အထိ ျဖစ္သည္။

ရွာကီရာအား အထြတ္အထိပ္သို႔ ေရာက္ရွိေစခဲ့သည့္ ဝါကာဝါကာသီခ်င္း (This time for Africa) သီခ်င္း၏ ဂီတဗြီဒီယိုတြင္ ဂ်ရတ္ပီေကးပါဝင္သရုပ္ေဆာင္ခဲ့ရာမွတဆင့္ ၎တို႔ႏွစ္ဦး စတင္ဆံုစည္းခဲ့ၾကျခင္းျဖစ္သည္။

အဆိုပါသီခ်င္းသည္ ၂၀၁၀ ျပည့္ႏွစ္ ဖီဖာ ကမၻာ့ဖလား၏ တရားဝင္သီခ်င္း ျဖစ္သည္။

ပီေကးႏွင့္ ရွာကီရာတို႔မွာ အသက္ ၁၀ ႏွစ္ကြာေသာ္လည္း ေမြးေန႔တူညီၾကသည္မွာလည္း ထူးျခားခ်က္ ျဖစ္သည္။

နွစ္ဦးစလံုး၏ေမြးေန႔မွာ ေဖေဖာ္ဝါရီလ ၂ ရက္ ျဖစ္သည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: This is the mansion from which Shakira would have thrown Gerard Piqué after alleged infidelity (latestusnewshub)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service