ဂျွန်ထရာဗိုလ်တာ၏ လေဆိပ်ပါသော အားကျဖွယ်စံအိမ်ကြီး

ဂျွန်ထရာဗိုလ်တာ၏ လေဆိပ်ပါသော အားကျဖွယ်စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
3 Jun 2022 11:34 am တွင် တင်ခဲ့သည်
1432 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဟောလိဝုဒ် ဂန္ထဝင်ကြယ်ပွင့် ဂျွန်ထရာဗိုလ်တာသည် လက်မှတ်ရ ကိုယ်ပိုင်လေယာဉ်မှူးတစ်ဦးဖြစ်ပြီး လေယာဉ် ၅ စင်းပိုင်ဆိုင်ထားသူ ဖြစ်သည်။

ဖလော်ရီဒါပြည်နယ်ရှိ သူ၏ စံအိမ်တွင် လေယာဉ်ပြေးလမ်း ၂ ခုရှိပြီး အိမ်ရှေ့တံခါးဝအထိ လေယာဉ်ဖြင့် တိုက်ရိုက်ရောက်ရှိနိုင်သည်။

“ဂျက်လေယာဉ်တွေ ရပ်နားနိုင်မယ့် စံအိမ်မျိုး ကျွန်တော်တို့ ဒီဇိုင်းရေးဆွဲခဲ့တယ်။ ကမ္ဘာအနှံ့ကို စိတ်သွားတိုင်း ကိုယ်ပါဖို့အတွက် ရည်ရွယ်ခဲ့ပြီး ရည်ရွယ်ချက်အောင်မြင်ခဲ့ပါတယ်”ဟု ဂျွန်ထရာဗိုလ်တာက Australia Today နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဖူးသည်။

“ပြီးခဲ့တဲ့ ၁၁ နှစ်တာလုံး Qantas လေကြောင်းလိုင်းနဲ့ ရုပ်ရှင်ဇာတ်ကားတွေအတွက် ကျွန်တော်တို့ ကမ္ဘာပတ်နိုင်ခဲ့တယ်။ စီးပွားရေးနဲ့ ကိုယ်ရေးကိုယ်တာတွေအတွက် ဒီအိမ်ကနေ တကယ် လည်ပတ်နိုင်ခဲ့ ပါတယ်”

Qantas သည် သြစတေးလျ လေကြောင်းလိုင်းဖြစ်သည်။

ဂျွန်ထရာဗိုလ်တာသည် Qantas လေကြောင်းလိုင်း၏ နိုင်ငံတကာ သံတမန် (“ambassador-at-large”) အဖြစ် ၂၀၀၂ ခုနှစ်ကတည်းက တာဝန်ယူထားခဲ့သူဖြစ်ပြီး သူ၏ ဖလော်ရီဒါနေအိမ်တွင်လည်း ကိုယ်ပိုင် Qantas Boeing 707 လေယာဉ်ရှိသည်။

သူ၏နေအိမ်မှ Orlando သို့ ၁၀ မိနစ်ခရီးသာရှိသည်။

 

(ဂျွန်ထရာဗိုလ်တာနှင့် ဇနီးဖြစ်သူ ကယ်လီ ပရက်စ်တန်တို့ကို ဖလော်ရီဒါစံအိမ်တွင် တွေ့ရပုံ)

“ဒီအိမ်ကို မော်ဒန်အိမ်လို့ ပြောလို့တော့မရဘူး။ တကယ်တော့ ဒီအိမ်က Midcentury ဟန် စံအိမ်ပါ”ဟု ဂျွန်ထရာဗိုလ်တာက ဇနီးဖြစ်သူ ရုပ်ရှင်မင်းသမီး ကယ်လီပရက်စ်တန်နှင့်အတူနေထိုင်သော ဖလော်ရီဒါ စံအိမ်အကြောင်း ပြောပြသည်။

“ဂျွန့်မှာက သူဖြစ်ချင်တဲ့ စိတ်ကူးရှိပြီးသားပါ။ ဒါကို ကျွန်မတို့က အကောင်အထည်ဖော်ပေးရုံပါ”ဟု တောင်ပိုင်း ကယ်လီဖိုးနီးယားမှ Michael James Design Team ၏ ဒီဇိုင်နာ Sherri James က ပြောသည်။

(ဂျွန်ထရာဗိုလ်တာ၏ အိမ်ရှေ့လေယာဉ်ပြေးလမ်း)

အဆိုပါ စံအိမ်ကြီးကို ၂ နှစ်ကြာ အချိန်ယူကာ ဆောက်လုပ်ခဲ့ရသည်။ သို့သော် စီမံကိန်း မကြာခဏ ရပ်နားခြင်း၊ ပြန်စခြင်းများဖြင့် ၆ နှစ်ခန့် ကြာခဲ့ကြောင်း ဂျွန်ထရာဗိုလ်တာက ပြောသည်။

(ကျယ်ဝန်းသော အခန်းကျယ်ကြီးအတွင်းမှ ဂိမ်းကစား စားပွဲ)

“အိမ်ရှေ့မှာ လေယာဉ်တွေ ရပ်ထားဖို့ ဂျွန်က အမြဲစိတ်ကူးအိပ်မက်ခဲ့တယ်။ အိမ်ရှေ့အထိ လေယာဉ်နဲ့ တကယ်ရောက်နိုင်ဖို့ပေါ့။

အဲ့လိုမျိုးသာဆိုရင် ညစာစားပွဲတွေသွားချင်ရင် အိမ်ရှေ့တံခါးပေါက်ကိုထွက် လေယာဉ်ပေါ်တက်လိုက်ရုံပဲလေ”ဟု ဂျွန်ထရာဗိုလ်တာ၏ ဇနီး ကယ်လီ ပရက်စ်တန်က ပြောသည်။

(ဘက်စုံသုံး ခန်းမကျယ်)

ပြတင်းကွေး နံရံများက ခန်းမကျယ်၏ ထူးခြားချက်ဖြစ်ပြီး ကတ္တရာခင်း လေယာဉ်ပြေးလမ်းကို စီးမိုးတွေ့မြင်နေရသည်။

“ကျွန်တော်တို့ရဲ့ ပထမဆုံး ညစာစားပွဲဧည့်သည်ကတော့ Michael Eisner ဖြစ်ပါတယ်။ သူက ကျွန်တော့်အိမ်ရှေ့က လေယာဉ်တွေကိုကြည့်ပြီးတော့ ဘုရားရေ။ တစ်နာရီအတွင်း ပဲရစ်ကို သွားနိုင်ပြီလို့ ပြောခဲ့တယ်”ဟု ဂျွန်ထရာဗိုလ်တာက ပြောသည်။

မီးလင်းဖိုပေါ်တွင်ကား အကျော်အမော်ပန်းပုဆရာ Alexander Calder ၏ ၁၉၆၇ ခုနှစ် လက်ရာတစ်ခုကို တွေ့ရသည်။

(အဝင်ခန်းမ)

“ဒီအိမ်ဟာ လိုတာထက်ပိုပြီး ကြီးမားစွာဆောက်လုပ်ထားတဲ့စံအိမ်တစ်လုံးပါ။ နံရံတွေက ရှိသင့်တာထက် ပိုပြီး ထူထဲပါတယ်။ လိုအပ်တာထက်ပိုပြီး သံတွေသုံးထားတယ်”ဟု ဂျွန်ထရာဗိုလ်တာက ပြောသည်။

အဝင်ခန်းမတွင် ကြမ်းပြင်အလှဆင်ထားမှုကိုတွေ့ရပြီး ဂျွန်ထရာဗိုလ်တာကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့ခြင်း ဖြစ်သည်။

(လေယာဉ်ရပ်နားရုံတစ်ခုရှိ ဂျက်လေယာဉ်တစ်စင်း)

လေယာဉ်ရပ်နားရုံ ၂ ခုအနက်မှ တစ်ခုတွင် Gulfstream II ဂျက်လေယာဉ်တစ်စင်းကို တွေ့ရသည်။

ထိုအဆောက်အအုံတွင် လေယာဉ်ပြေးလမ်း ပေ ၇၅၀၀ ပါဝင်ပြီးဖြစ်သော်လည်း ဂျွန်ထရာဗိုလ်တာက အိမ်ရှေ့ရောက်သည်အထိ လေယာဉ်လမ်းကို တိုးချဲ့ဖောက်လုပ်ခဲ့သည်။

(သီးသန့် ထိန်းချုပ်စခန်း)

လေယာဉ်မှူးများ ညအိပ်ညနေ အနားယူနိုင်သည့်နေရာတစ်ခုဖြစ်သည်။

ဂျွန်ထရာဗိုလ်တာ၏ စံအိမ်တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ Ocala မြို့တွင် တည်ရှိသည်။

ဧက ၅၅၀ ကျယ်ဝန်းသော ထိုဒေသတွင် ဂျွန်ထရာဗိုလ်တာသည် ပထမဆုံး စတင်အခြေချနေထိုင်သူဖြစ်သည် ဟု ဆိုသည်။

 

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: John Travolta’s House Is A Functional Airport With 2 Runways For His Private Planes (architecturendesign)

 

[Zawgyi]

 

ဂၽြန္ထရာဗိုလ္တာ၏ ေလဆိပ္ပါေသာ အားက်ဖြယ္စံအိမ္ၾကီး

 

ေဟာလိဝုဒ္ ဂႏၳဝင္ၾကယ္ပြင့္ ဂၽြန္ထရာဗိုလ္တာသည္ လက္မွတ္ရ ကိုယ္ပိုင္ေလယာဥ္မွဴးတစ္ဦးျဖစ္ျပီး ေလယာဥ္ ၅ စင္းပိုင္ဆိုင္ထားသူ ျဖစ္သည္။

ဖေလာ္ရီဒါျပည္နယ္ရွိ သူ၏ စံအိမ္တြင္ ေလယာဥ္ေျပးလမ္း ၂ ခုရွိျပီး အိမ္ေရွ႕တံခါးဝအထိ ေလယာဥ္ျဖင့္ တိုက္ရိုက္ေရာက္ရွိႏိုင္သည္။

“ဂ်က္ေလယာဥ္ေတြ ရပ္နားႏိုင္မယ့္ စံအိမ္မ်ဳိး ကၽြန္ေတာ္တို႔ ဒီဇိုင္းေရးဆြဲခဲ့တယ္။ ကမၻာအႏွံ႔ကို စိတ္သြားတိုင္း ကိုယ္ပါဖို႔အတြက္ ရည္ရြယ္ခဲ့ျပီး ရည္ရြယ္ခ်က္ေအာင္ျမင္ခဲ့ပါတယ္”ဟု ဂၽြန္ထရာဗိုလ္တာက Australia Today ႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတြင္ ေျပာဖူးသည္။

“ျပီးခဲ့တဲ့ ၁၁ ႏွစ္တာလံုး Qantas ေလေၾကာင္းလိုင္းနဲ႔ ရုပ္ရွင္ဇာတ္ကားေတြအတြက္ ကၽြန္ေတာ္တို႔ ကမၻာပတ္ႏိုင္ခဲ့တယ္။ စီးပြားေရးနဲ႔ ကိုယ္ေရးကိုယ္တာေတြအတြက္ ဒီအိမ္ကေန တကယ္ လည္ပတ္ႏိုင္ခဲ့ ပါတယ္”

Qantas သည္ ၾသစေတးလ် ေလေၾကာင္းလိုင္းျဖစ္သည္။

ဂၽြန္ထရာဗိုလ္တာသည္ Qantas ေလေၾကာင္းလိုင္း၏ ႏိုင္ငံတကာ သံတမန္ (“ambassador-at-large”) အျဖစ္ ၂၀၀၂ ခုႏွစ္ကတည္းက တာဝန္ယူထားခဲ့သူျဖစ္ျပီး သူ၏ ဖေလာ္ရီဒါေနအိမ္တြင္လည္း ကိုယ္ပိုင္ Qantas Boeing 707 ေလယာဥ္ရွိသည္။

သူ၏ေနအိမ္မွ Orlando သို႔ ၁၀ မိနစ္ခရီးသာရွိသည္။

(ဂၽြန္ထရာဗိုလ္တာႏွင့္ ဇနီးျဖစ္သူ ကယ္လီ ပရက္စ္တန္တို႔ကို ဖေလာ္ရီဒါစံအိမ္တြင္ ေတြ႔ရပံု)

“ဒီအိမ္ကို ေမာ္ဒန္အိမ္လို႔ ေျပာလို႔ေတာ့မရဘူး။ တကယ္ေတာ့ ဒီအိမ္က Midcentury ဟန္ စံအိမ္ပါ”ဟု ဂၽြန္ထရာဗိုလ္တာက ဇနီးျဖစ္သူ ရုပ္ရွင္မင္းသမီး ကယ္လီပရက္စ္တန္ႏွင့္အတူေနထိုင္ေသာ ဖေလာ္ရီဒါ စံအိမ္အေၾကာင္း ေျပာျပသည္။

“ဂၽြန္႔မွာက သူျဖစ္ခ်င္တဲ့ စိတ္ကူးရွိျပီးသားပါ။ ဒါကို ကၽြန္မတို႔က အေကာင္အထည္ေဖာ္ေပးရံုပါ”ဟု ေတာင္ပိုင္း ကယ္လီဖုိးနီးယားမွ Michael James Design Team ၏ ဒီဇိုင္နာ Sherri James က ေျပာသည္။

(ဂၽြန္ထရာဗိုလ္တာ၏ အိမ္ေရွ႕ေလယာဥ္ေျပးလမ္း)

အဆိုပါ စံအိမ္ၾကီးကို ၂ ႏွစ္ၾကာ အခ်ိန္ယူကာ ေဆာက္လုပ္ခဲ့ရသည္။ သို႔ေသာ္ စီမံကိန္း မၾကာခဏ ရပ္နားျခင္း၊ ျပန္စျခင္းမ်ားျဖင့္ ၆ ႏွစ္ခန္႔ ၾကာခဲ့ေၾကာင္း ဂၽြန္ထရာဗိုလ္တာက ေျပာသည္။

(က်ယ္ဝန္းေသာ အခန္းက်ယ္ၾကီးအတြင္းမွ ဂိမ္းကစား စားပြဲ)

“အိမ္ေရွ႕မွာ ေလယာဥ္ေတြ ရပ္ထားဖို႔ ဂၽြန္က အျမဲစိတ္ကူးအိပ္မက္ခဲ့တယ္။ အိမ္ေရွ႕အထိ ေလယာဥ္နဲ႔ တကယ္ေရာက္ႏိုင္ဖို႔ေပါ့။

အဲ့လိုမ်ဳိးသာဆိုရင္ ညစာစားပြဲေတြသြားခ်င္ရင္ အိမ္ေရွ႕တံခါးေပါက္ကိုထြက္ ေလယာဥ္ေပၚတက္လိုက္ရံုပဲေလ”ဟု ဂၽြန္ထရာဗိုလ္တာ၏ ဇနီး ကယ္လီ ပရက္စ္တန္က ေျပာသည္။

(ဘက္စံုသံုး ခန္းမက်ယ္)

ျပတင္းေကြး နံရံမ်ားက ခန္းမက်ယ္၏ ထူးျခားခ်က္ျဖစ္ျပီး ကတၱရာခင္း ေလယာဥ္ေျပးလမ္းကို စီးမိုးေတြ႔ျမင္ေနရသည္။

“ကၽြန္ေတာ္တို႔ရဲ႕ ပထမဆံုး ညစာစားပြဲဧည့္သည္ကေတာ့ Michael Eisner ျဖစ္ပါတယ္။ သူက ကၽြန္ေတာ့္အိမ္ေရွ႕က ေလယာဥ္ေတြကိုၾကည့္ျပီးေတာ့ ဘုရားေရ။ တစ္နာရီအတြင္း ပဲရစ္ကို သြားႏိုင္ျပီလို႔ ေျပာခဲ့တယ္”ဟု ဂၽြန္ထရာဗိုလ္တာက ေျပာသည္။

မီးလင္းဖိုေပၚတြင္ကား အေက်ာ္အေမာ္ပန္းပုဆရာ Alexander Calder ၏ ၁၉၆၇ ခုႏွစ္ လက္ရာတစ္ခုကို ေတြ႔ရသည္။

(အဝင္ခန္းမ)

“ဒီအိမ္ဟာ လိုတာထက္ပိုျပီး ၾကီးမားစြာေဆာက္လုပ္ထားတဲ့စံအိမ္တစ္လံုးပါ။ နံရံေတြက ရွိသင့္တာထက္ ပိုျပီး ထူထဲပါတယ္။ လိုအပ္တာထက္ပိုျပီး သံေတြသံုးထားတယ္”ဟု ဂၽြန္ထရာဗိုလ္တာက ေျပာသည္။

အဝင္ခန္းမတြင္ ၾကမ္းျပင္အလွဆင္ထားမႈကိုေတြ႔ရျပီး ဂၽြန္ထရာဗိုလ္တာကိုယ္တိုင္ ဒီဇိုင္းဆြဲခဲ့ျခင္း ျဖစ္သည္။

(ေလယာဥ္ရပ္နားရံုတစ္ခုရွိ ဂ်က္ေလယာဥ္တစ္စင္း)

ေလယာဥ္ရပ္နားရံု ၂ ခုအနက္မွ တစ္ခုတြင္ Gulfstream II ဂ်က္ေလယာဥ္တစ္စင္းကို ေတြ႔ရသည္။

ထိုအေဆာက္အအံုတြင္ ေလယာဥ္ေျပးလမ္း ေပ ၇၅၀၀ ပါဝင္ျပီးျဖစ္ေသာ္လည္း ဂၽြန္ထရာဗိုလ္တာက အိမ္ေရွ႕ေရာက္သည္အထိ ေလယာဥ္လမ္းကို တိုးခ်ဲ႕ေဖာက္လုပ္ခဲ့သည္။

(သီးသန္႔ ထိန္းခ်ဳပ္စခန္း)

ေလယာဥ္မွဴးမ်ား ညအိပ္ညေန အနားယူႏိုင္သည့္ေနရာတစ္ခုျဖစ္သည္။

ဂၽြန္ထရာဗိုလ္တာ၏ စံအိမ္တည္ေနရာမွာ အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္၊ Ocala ျမိဳ႕တြင္ တည္ရွိသည္။

ဧက ၅၅၀ က်ယ္ဝန္းေသာ ထိုေဒသတြင္ ဂၽြန္ထရာဗိုလ္တာသည္ ပထမဆံုး စတင္အေျခခ်ေနထုိင္သူျဖစ္သည္ ဟု ဆိုသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: John Travolta’s House Is A Functional Airport With 2 Runways For His Private Planes (architecturendesign)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...
မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...
အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...
အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...
ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ
ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ
နှာချေလိုချိန်တွင် မချေဘဲ အောင့်ထားလိုက်ပါက ဦးခေါင်းတွင်းသွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား...
နှာချေလိုချိန်တွင် မချေဘဲ အောင့်ထားလိုက်ပါက ဦးခေါင်းတွင်းသွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား...
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်းဝင် အံ့မခန်းဖြစ်ရပ်...
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်းဝင် အံ့မခန်းဖြစ်ရပ်...
အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပြောင်းလဲသွားပုံ...
အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပြောင်းလဲသွားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service