လန်းဆန်းစွာဖြင့် အိပ်ရာစောစောထနိုင်ရန် နည်းလမ်း (၆) သွယ်

လန်းဆန်းစွာဖြင့် အိပ်ရာစောစောထနိုင်ရန် နည်းလမ်း (၆) သွယ် - Property Knowledge in Myanmar from iMyanmarHouse.com
20 May 2022 11:13 am တွင် တင်ခဲ့သည်
708 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အိပ်စက်ခြင်းအကြောင်း ဆွေးနွေးလိုက်တိုင်း တူညီကြတဲ့အမြင်တစ်ခုကတော့ တစ်ညကို ခြောက်နာရီကနေ ၈ နာရီအကြာ အိပ်စက်အနားယူသင့်တယ်ဆိုတာပါပဲ။ ဒါကတော့ ကာလရှည်ကြာရပ်တည်နေတဲ့ယုံကြည်မှုတစ်ခုဖြစ်ပြီး မကြာသေးမီက လေ့လာမှုတွေကတော့ ဒါဟာ တကယ်တော့ ခြေခြေမြစ်မြစ်အနည်းငယ်သာရှိတဲ့ ယေဘုယျအားဖြင့် မှန်ကန်ကြောင်း အခိုင်အမာတင်ပြတဲ့အဆိုတစ်ရပ်သာဖြစ်တယ်လို့ ညွှန်ပြထားကြပါတယ်။

ပို၍အသေးစိတ်ရသော် ယခုအခါ ယူကေရှိ Surrey Sleep Research Centre က အိပ်စက်မှုအချိန်ပမာဏထက် အိပ်စက်မှုအရည်အသွေးက ပိုမိုအရေးကြီးကြောင်း အခိုင်အမာဆိုနေပြီပဲဖြစ်ပါတယ်။ ဒါ့အပြင် အသင့်တော်ဆုံးအိပ်စက်မှုအချိန်ပမာဏက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး၊ ပျမ်းမျှအားဖြင့် စုစုပေါင်း ၅ နာရီကနေ ၉ နာရီအကြား အချိန်ရှည်လျားပါတယ်။

မပင်ပန်းဘဲ လန်းလန်းဆန်းဆန်းဖြင့် အိပ်ရာစောစောထနိုင်ရန် နည်းလမ်း ၆ သွယ်

ဒီဆောင်းပါးမှာ အချက်အလက်အများအပြား ဖော်ပြထားပေမဲ့ အဓိကထားပြီးတော့ ဖော်ပြပေးသွားမှာကတော့ ညဘက်မှာ သင်ဘယ်နှစ်နာရီအိပ်စက်ခဲ့ရသည်ဖြစ်စေ နံနက်စောစောအိပ်ရာထနိုင်သူဖြစ်စေဖို့ပဲဖြစ်ပါတယ်။

သင်က နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ရလေလေ အလွန်နုံးနေခြင်း ဒါမှမဟုတ် အလွန်အကဲပင်ပန်းခြင်း မရှိဘဲ နံနက်ခင်းမှာ နိုးထနိုင်သင့်လေလေပါပဲ။

မလန်းမဆန်းမဖြစ်ဘဲ အိပ်ရာစောစောထနိုင်စေဖို့ တစ်နည်း ညဘက်ကောင်းကောင်းအိပ်စက်နိုင်ပြီး နံနက်ခင်းမှာ ပုံမှန်နိုးထလှုပ်ရှားနိုင်စေဖို့အတွက် ပြင်ဆင်နိုင်စေဖို့ ယုတ္တိတန်၊ လက်တွေ့ကျတဲ့ အဆင့်လေးတွေ ရှိပါတယ်။

အိပ်ရေးကောင်းကောင်းဝစေဖို့ ဘာတွေကြိုတင်ပြင်ဆင်ရမလဲ?

၁။ အိပ်ခါနီး ကော်ဖီ၊ ဝိုင်နီ သောက်ခြင်းနှင့် ချောကလက်စားသုံးခြင်းကို ရှောင်ကြဉ်ပါ

သင့်အနေနဲ့ ကောင်းကောင်းကြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူမလို့ဆိုရင် သင့်ရဲ့စက်ဝန်းလည်ပတ်မှုက များစွာအနှောင့်အယှက်ကင်းကင်းကျန်ရှိဖို့ အရေးကြီးပါတယ်။ တကယ့်တကယ်ကြီး နှစ်နှစ်ခြိုက်ခြိုက်နဲ့ အားရှိစေတဲ့ အိပ်စက်မှုထဲ ဝင်သွားစေဖို့အတွက် လေးနာရီ‌လောက် ကြာတတ်ပါတယ်၊ ဥပမာ - ဒီအချိန်အပိုင်းအခြားအတွင်း ထပ်ကာထပ်ကာသော အနှောင့်အယှက်တွေက သင့်အနားယူမှုအရည်အသွေးကို နိမ့်ကျစေမှာဖြစ်ကာ နံနက်ခင်းမှာ သင့်ကို မလန်းမဆန်းပင်ပန်းမှုကို ခံစားရစေတော့မှာပဲဖြစ်ပါတယ်။

အနားမရမှုကို ဖြစ်စေဆုံးအကြောင်းရင်းတစ်ခုမှာ သင့်အစာချေစနစ်ကို နှောင့်ယှက်ပြီး သင့်အိပ်ရေးကို အလျဉ်ပြတ်စေကြောင်း သိပ္ပံနည်းကျစစ်ဆေးတွေ့ရှိထားတဲ့ အချို့သော အစားအစာတွေနဲ့ အဖျော်ယမကာတွေပဲဖြစ်ပါတယ်။ ကော်ဖီ၊ ဝိုင်နီနဲ့ နို့ချောကလက်တို့ဟာ အကောင်းဆုံးဥပမာတွေပဲဖြစ်ကြပါတယ်။ ဒါကြောင့် မအိပ်မီမှာ ဒီအစားအသောက်တွေကို ရှောင်ကြဉ်နိုင်သမျှ ရှောင်ကြဉ်ပါ။ နေ့လည်စာစားသုံးပြီးနောက် ဒီအစားအသောက်တွေကို မစားသောက်မိဖို့ ကြိုစားပါ။ တကယ်လို့ မဖြစ်နိုင်ဘူးဆိုရင် အနည်းဆုံးတော့ ညနေခြောက်နာရီနောက်ပိုင်း မစားသုံးမိအောင် ကြိုးစားပါ။

၂။ အိပ်ခါနီး ဆီးသွားပါ

အများစုက အိပ်ရာမဝင်မီ ဆီးသွားတတ်ကြပေမဲ့ အရမ်းအိပ်ချင်လာတာမျိုးမဖြစ်မိအထိကတော့ စာဖတ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းဆော့ခြင်း၊ ဘုရားရှိခိုးခြင်း စသဖြင့် ဆောင်ရွက်တတ်ကြပါသေးတယ်။ အဲဒီလိုဆောင်ရွက်နေစဉ်မှာ ကျွန်ုပ်တို့ရဲ့ ဆီးအိမ်ထဲမှာ ဆီးတွေပြန်များလာနိုင်ပါတယ်။ ကျွန်ုပ်တို့ အိပ်သည်ဖြစ်စေမအိပ်သည်ဖြစ်စေ ကျောက်ကပ်တွေကတော့ သူတို့ရဲ့လုပ်ငန်းဆောင်တာကို လုပ်ဆောင်မြဲလုပ်ဆောင်နေကြဆဲဖြစ်ပါတယ်။ အဲဒီလိုပြန်များလာမယ်ဆိုရင် သင့်အနေနဲ့ နံနက်ခင်းနိုးတဲ့အခါမှသာ ဆီးအိမ်ပြည့်တင်းရမယ့်အစား နံနက်အာရုံမိုးမသောက်မီကတည်းက ဆီးထသွားရပြီး အိပ်ရေးအလျဉ်ပြတ်ရတဲ့အဖြစ်ကို ကြုံတွေ့ရနိုင်ခြေပိုများပါလိမ့်မယ်။ ဒါကြောင့် သင့်အနေနဲ့ တကယ်ကိုပဲ မျက်လုံးမှိတ်အိပ်စက်ခါနီးလေးမှာ ဆီးသွားဖို့ရာ သိပ်ကို အရေးကြီးလှပါတယ်။

၃။ သင့်အိပ်ခန်းအား ဖုန်းရွှေအခြေခံနိယာမတို့ ထင်ဟပ်စေပါ

ဖုန်းရွှေသဘောတရားမှာ သင့်အိပ်ခန်းက သင့်ရဲ့သင်္ကေတဖြစ်ပြီး သင့်ကို အကျိုးသက်ရောက်မှုအရှိဆုံးပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့တွေဟာ တစ်နေ့တာရဲ့အချိန်အများစုကို ခုတင်ပေါ်မှာ (အိပ်ရာထဲမှာ) ကုန်ဆုံးကြတာပါ၊ ဒါကြောင့် အိပ်ခန်းကို ဖုန်းရွှေနည်းကျစေဖို့က အရေးအပါဆုံးပဲဖြစ်ပါတယ်။ သင့်ခုတင်ကို အထက်စီးနေရာမှာ ထားပြီးပြီဆိုရင် ခုတင်ရဲ့ဘေးဘယ်ညာနှစ်ဖက်စလုံးမှာ နေရာလွတ်ရှိစေဖို့လည်း အရေးကြီးပါတယ်။ သင့်လက်တွဲဖော် (အနာဂတ်လက်တွဲဖော်) အတွက် နေရာလပ်ပေးတဲ့သဘောပဲဖြစ်ပါတယ်။ ဒါက ခုတင်ရဲ့ဘေးတစ်ဖက်စီမှာ ညမီးအိမ်ထားလို့လည်း ရသွားစေပါတယ်။

ညမီးအိမ်တွေဟာ စုံလိုက်ဆင်တူဖြစ်ဖို့မလိုပါဘူး၊ အရွယ်အစားတော့ တူပါစေ။ ဖြစ်နိုင်လျှင် ခုတင်ရဲ့ ဘေးဘယ်ညာတစ်ဖက်စီမှာ လမ်းလျှောက်စရာနေရာ အနည်းဆုံးနှစ်ပေလောက် ရှိသင့်ပါတယ်။ ခုတင်ရဲ့အုံးတားကတော့ နံရံကိုမှီထားရမှာဖြစ်ပါတယ်။ ဟုတ်ပါတယ် သင့်ခုတင်မှာ အုံးတားရှိဖို့လိုပါတယ်။ တန်းတွေ အပေါက်တွေ မပါဘဲ ခိုင်ခံ့မာကျောတဲ့ အုံးတားတစ်ခုပါ။ နံနက်ခင်းတိုင်း အိပ်ရာသေချာသိမ်းပြီး ညတိုင်းသင့်ကို ကောင်းကောင်းအိပ်စက်ခွင့်ပေးတဲ့အတွက် သင့်ခုတင်ကို ကျေးဇူးတင်ပါ။ ဒီလိုနည်းနဲ့ ငြိမ်းအေးအစီအစဉ်ကျတဲ့စိတ်ကလေးနဲ့ သင့်ရဲ့တစ်နေ့တာကို လှပစွာ စတင်လိုက်ပါ။ အဲဒီစွမ်းအင်ဟာ သင့်ခုတင်က ပြန်လည်ကြိုဆိုချိန်ညအထိ သင့်ထံမှာ တစ်နေ့ကုန်စွဲကျန်နေတော့မှာပါ။

(မှတ်ချက်။ ဤနံပါတ် ၃ အချက်အား "သင့်အိမ်ရှိ အခန်းတိုင်းအတွက် ဖုန်းရွှေအလှည့်အပြောင်းများ" ဆောင်းပါးမှ နံပါတ် ၄ အချက်ကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်) "သင့်အိမ်ရှိ အခန်းတိုင်းအတွက် ဖုန်းရွှေအလှည့်အပြောင်းများ" ဆောင်းပါးအပြည့်အစုံကို ဤလင့်ခ် >>> https://www.imyanmarhouse.com/feng-shui-view?id=2923 တွင် ဖတ်ရှုနိုင်ပါသည်။

သင်အိပ်ရာနိုးလာသောအခါ ဘာလုပ်နိုင်ပါသနည်း?

၄။ သင် နံနက်အိပ်ရာနိုး‌သောအခါ ပျော်ရွှင်စရာ၊ ရင်ခုန်စိတ်လှုပ်ရှားစရာတစ်စုံတစ်ရာအပေါ် အာရုံစိုက်ပါ

စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကဖြစ်တဲ့ ခံစားချက်တွေဟာ နံနက်ခင်းမှာ ပိုဆိုးတတ်ပါတယ်။ အိပ်နေစဉ်မှာ ပေါ်ထွက်လာတဲ့ အသိစိတ်လျော့နေတဲ့ အတွေးပုံစံတွေနဲ့ ကျွန်ုပ်တို့ခန္ဓာကိုယ်ထဲက ကော်တီစောပမာဏမြင့်တက်မှုတို့ ပေါင်းစပ်ခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဒါဟာ ကျွန်ုပ်တို့အနေနဲ့ ညဘက်ကောင်းကောင်းအိပ်စက်ခဲ့ရသည့်တိုင် ကျွန်ုပ်တို့ကို ပင်ပန်းနုံးချိခြင်းနဲ့ လုပ်ချင်ကိုင်ချင်စိတ်မရှိခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေ့တစ်နေ့ကို မစခင် အရင်ဆုံး အဲဒီနေ့နဲ့ သက်ဆိုင်ပြီး အပြုသဘော‌ဆောင်တဲ့ တစ်စုံတစ်ရာအပေါ် တက်တက်ကြွကြွအာရုံစိုက်ခြင်းအားဖြင့် အဆိုပါပင်ပန်းနုံးချိခြင်းနဲ့ လုပ်ချင်ကိုင်ချင်စိတ်မရှိခြင်းတို့ကို အချည်းနှီးဖြစ်စေဖို့ရာ သင့်အနေနဲ့ ကြိုးစားဖို့ လိုပါမယ်။

၅။ ကိုက်ညီသင့်လျော်သော နံနက်ခင်းလေ့ကျင့်ခန်းလှုပ်ရှားမှု ဖန်တီးပါ

လန်းလန်းဆန်းဆန်း အိပ်ရာစောစောထနိုင်ဖို့ ဖြစ်နိုင်ပေမဲ့လည်း လေ့ကျင့်မွေးမြူထားတာမဟုတ်ဘူးဆိုရင် ဒီနိုးကြားမှုအာရုံဟာ လွယ်လင့်တကူအလျင်အမြန်ပဲ မှေးမှိန်သွားနိုင်ပါတယ်။ ဒီနေရာမှာ နံနက်ခင်းလေ့ကျင့်ခန်းလေးတစ်ခုခု လှုပ်ရှားလိုက်မယ်ဆိုရင်တော့ သင့်စိတ်ခံစားချက်အခြေအနေကို ပိုမိုကောင်းမွန်စေနိုင်ပြီး အာရုံစူးစိုက်မှုကိုလည်း ပိုမိုအားကောင်းစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွရွပြေးခြင်းလိုမျိုး ရိုးရှင်းတဲ့လေ့ကျင့်ခန်းတွေဟာ ဦးနှောက်အား အန်ဒေါ်ဖင်နဲ့ များစွာသော ဓာတုပစ္စည်းတွေကို ခန္ဓာကိုယ်တွင်းလှည့်ပတ်နေတဲ့သွေးထဲ ထွက်ရှိစေပြီး စိတ်ဖိစီးမှု၊ နုံးခြင်းနဲ့ နာကျင်ခြင်းလက္ခဏာတွေကို သက်သာပြေပျောက်စေနိုင်ပါတယ်။ နံနက်ခင်းမှာ သင့်ခန္ဓာကိုယ်ရယ် နေ့စဉ်အချိန်ဇယားရယ်နဲ့ကိုက်ညီတဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ တစ်နေ့တာလုံးအတွက် သင့်အားအင်ပမာဏကိုလည်း တိုးပွားစေပါတယ်။

၆။ သင်အိပ်ရာနိုးသောအခါ မှန်ကန်သင့်တင့်စွာ ရေဓာတ်ဖြည့်တင်းပါ

ဒီအတွက် လေ့လာမှုများစွာအရ သိရတာတစ်ခုကတော့ ကျွန်ုပ်တို့ နံနက်ခင်းအိပ်ရာနိုးတဲ့အခါ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပုံက ကျွန်ုပ်တို့ရဲ့စိတ်ပိုင်းဆိုင်ရာအလားအလာအပေါ် လွှမ်းမိုးမှုများစွာ ရှိတယ်ဆိုတာပဲ ဖြစ်ပါတယ်။ နံနက်ခင်းအဆာပြေမစားခင်မှာ ရေတစ်ခွက်ဝဝလင်လင်သောက်ခြင်းဖြင့် သင့်နေ့သစ်ကို စတင်ခြင်းဟာ သင့်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို လှုပ်နှိုးလိုက်ရာကျပြီး ဥပမာအားဖြင့် သင့်ကို မြန်မြန်ဆန်ဆန်နိုးကြားနိုင်စေဖို့ ကူညီပေးပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 6 Ways To Wake Up Early Without Feeling Tired (Lifehack)

 

[Zawgyi]

 

လန္းဆန္းစြာျဖင့္ အိပ္ရာေစာေစာထႏိုင္ရန္ နည္းလမ္း (၆) သြယ္

အိပ္စက္ျခင္းအေၾကာင္း ေဆြးေႏြးလိုက္တိုင္း တူညီၾကတဲ့အျမင္တစ္ခုကေတာ့ တစ္ညကို ေျခာက္နာရီကေန ၈ နာရီအၾကာ အိပ္စက္အနားယူသင့္တယ္ဆိုတာပါပဲ။ ဒါကေတာ့ ကာလ႐ွည္ၾကာရပ္တည္ေနတဲ့ယုံၾကည္မႈတစ္ခုျဖစ္ၿပီး မၾကာေသးမီက ေလ့လာမႈေတြကေတာ့ ဒါဟာ တကယ္ေတာ့ ေျခေျချမစ္ျမစ္အနည္းငယ္သာ႐ွိတဲ့ ေယဘုယ်အားျဖင့္ မွန္ကန္ေၾကာင္း အခိုင္အမာတင္ျပတဲ့အဆိုတစ္ရပ္သာျဖစ္တယ္လို႔ ၫႊန္ျပထားၾကပါတယ္။

ပို၍အေသးစိတ္ရေသာ္ ယခုအခါ ယူေက႐ွိ Surrey Sleep Research Centre က အိပ္စက္မႈအခ်ိန္ပမာဏထက္ အိပ္စက္မႈအရည္အေသြးက ပိုမိုအေရးႀကီးေၾကာင္း အခိုင္အမာဆိုေနၿပီပဲျဖစ္ပါတယ္။ ဒါ့အျပင္ အသင့္ေတာ္ဆုံးအိပ္စက္မႈအခ်ိန္ပမာဏက တစ္ေယာက္နဲ႔တစ္ေယာက္ မတူၾကပါဘူး၊ ပ်မ္းမွ်အားျဖင့္ စုစုေပါင္း ၅ နာရီကေန ၉ နာရီအၾကား အခ်ိန္႐ွည္လ်ားပါတယ္။

မပင္ပန္းဘဲ လန္းလန္းဆန္းဆန္းျဖင့္ အိပ္ရာေစာေစာထႏိုင္ရန္ နည္းလမ္း ၆ သြယ္

ဒီေဆာင္းပါးမွာ အခ်က္အလက္အမ်ားအျပား ေဖာ္ျပထားေပမဲ့ အဓိကထားၿပီးေတာ့ ေဖာ္ျပေပးသြားမွာကေတာ့ ညဘက္မွာ သင္ဘယ္ႏွစ္နာရီအိပ္စက္ခဲ့ရသည္ျဖစ္ေစ နံနက္ေစာေစာအိပ္ရာထႏိုင္သူျဖစ္ေစဖို႔ပဲျဖစ္ပါတယ္။

သင္က ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္စက္ရေလေလ အလြန္ႏုံးေနျခင္း ဒါမွမဟုတ္ အလြန္အကဲပင္ပန္းျခင္း မ႐ွိဘဲ နံနက္ခင္းမွာ ႏိုးထႏိုင္သင့္ေလေလပါပဲ။

မလန္းမဆန္းမျဖစ္ဘဲ အိပ္ရာေစာေစာထႏိုင္ေစဖို႔ တစ္နည္း ညဘက္ေကာင္းေကာင္းအိပ္စက္ႏိုင္ၿပီး နံနက္ခင္းမွာ ပုံမွန္ႏိုးထလႈပ္႐ွားႏိုင္ေစဖို႔အတြက္ ျပင္ဆင္ႏိုင္ေစဖို႔ ယုတၱိတန္၊ လက္ေတြ႕က်တဲ့ အဆင့္ေလးေတြ ႐ွိပါတယ္။

အိပ္ေရးေကာင္းေကာင္းဝေစဖို႔ ဘာေတြႀကိဳတင္ျပင္ဆင္ရမလဲ?

၁။ အိပ္ခါနီး ေကာ္ဖီ၊ ဝိုင္နီ ေသာက္ျခင္းႏွင့္ ေခ်ာကလက္စားသုံးျခင္းကို ေ႐ွာင္ၾကဥ္ပါ

သင့္အေနနဲ႔ ေကာင္းေကာင္းႀကီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္စက္အနားယူမလို႔ဆိုရင္ သင့္ရဲ႕စက္ဝန္းလည္ပတ္မႈက မ်ားစြာအေႏွာင့္အယွက္ကင္းကင္းက်န္႐ွိဖို႔ အေရးႀကီးပါတယ္။ တကယ့္တကယ္ႀကီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္နဲ႔ အား႐ွိေစတဲ့ အိပ္စက္မႈထဲ ဝင္သြားေစဖို႔အတြက္ ေလးနာရီ‌ေလာက္ ၾကာတတ္ပါတယ္၊ ဥပမာ - ဒီအခ်ိန္အပိုင္းအျခားအတြင္း ထပ္ကာထပ္ကာေသာ အေႏွာင့္အယွက္ေတြက သင့္အနားယူမႈအရည္အေသြးကို နိမ့္က်ေစမွာျဖစ္ကာ နံနက္ခင္းမွာ သင့္ကို မလန္းမဆန္းပင္ပန္းမႈကို ခံစားရေစေတာ့မွာပဲျဖစ္ပါတယ္။

အနားမရမႈကို ျဖစ္ေစဆုံးအေၾကာင္းရင္းတစ္ခုမွာ သင့္အစာေခ်စနစ္ကို ေႏွာင့္ယွက္ၿပီး သင့္အိပ္ေရးကို အလ်ဥ္ျပတ္ေစေၾကာင္း သိပၸံနည္းက်စစ္ေဆးေတြ႕႐ွိထားတဲ့ အခ်ိဳ႕ေသာ အစားအစာေတြနဲ႔ အေဖ်ာ္ယမကာေတြပဲျဖစ္ပါတယ္။ ေကာ္ဖီ၊ ဝိုင္နီနဲ႔ ႏို႔ေခ်ာကလက္တို႔ဟာ အေကာင္းဆုံးဥပမာေတြပဲျဖစ္ၾကပါတယ္။ ဒါေၾကာင့္ မအိပ္မီမွာ ဒီအစားအေသာက္ေတြကို ေ႐ွာင္ၾကဥ္ႏိုင္သမွ် ေ႐ွာင္ၾကဥ္ပါ။ ေန႔လည္စာစားသုံးၿပီးေနာက္ ဒီအစားအေသာက္ေတြကို မစားေသာက္မိဖို႔ ႀကိဳစားပါ။ တကယ္လို႔ မျဖစ္ႏိုင္ဘူးဆိုရင္ အနည္းဆုံးေတာ့ ညေနေျခာက္နာရီေနာက္ပိုင္း မစားသုံးမိေအာင္ ႀကိဳးစားပါ။

၂။ အိပ္ခါနီး ဆီးသြားပါ

အမ်ားစုက အိပ္ရာမဝင္မီ ဆီးသြားတတ္ၾကေပမဲ့ အရမ္းအိပ္ခ်င္လာတာမ်ိဳးမျဖစ္မိအထိကေတာ့ စာဖတ္ျခင္း၊ ႐ုပ္႐ွင္ၾကည့္ျခင္း၊ ဂိမ္းေဆာ့ျခင္း၊ ဘုရား႐ွိခိုးျခင္း စသျဖင့္ ေဆာင္႐ြက္တတ္ၾကပါေသးတယ္။ အဲဒီလိုေဆာင္႐ြက္ေနစဥ္မွာ ကြၽႏ္ုပ္တို႔ရဲ႕ ဆီးအိမ္ထဲမွာ ဆီးေတြျပန္မ်ားလာႏိုင္ပါတယ္။ ကြၽႏ္ုပ္တို႔ အိပ္သည္ျဖစ္ေစမအိပ္သည္ျဖစ္ေစ ေက်ာက္ကပ္ေတြကေတာ့ သူတို႔ရဲ႕လုပ္ငန္းေဆာင္တာကို လုပ္ေဆာင္ၿမဲလုပ္ေဆာင္ေနၾကဆဲျဖစ္ပါတယ္။ အဲဒီလိုျပန္မ်ားလာမယ္ဆိုရင္ သင့္အေနနဲ႔ နံနက္ခင္းႏိုးတဲ့အခါမွသာ ဆီးအိမ္ျပည့္တင္းရမယ့္အစား နံနက္အာ႐ုံမိုးမေသာက္မီကတည္းက ဆီးထသြားရၿပီး အိပ္ေရးအလ်ဥ္ျပတ္ရတဲ့အျဖစ္ကို ၾကဳံေတြ႕ရႏိုင္ေျခပိုမ်ားပါလိမ့္မယ္။ ဒါေၾကာင့္ သင့္အေနနဲ႔ တကယ္ကိုပဲ မ်က္လုံးမွိတ္အိပ္စက္ခါနီးေလးမွာ ဆီးသြားဖို႔ရာ သိပ္ကို အေရးႀကီးလွပါတယ္။

၃။ သင့္အိပ္ခန္းအား ဖုန္းေ႐ႊအေျခခံနိယာမတို႔ ထင္ဟပ္ေစပါ

ဖုန္းေ႐ႊသေဘာတရားမွာ သင့္အိပ္ခန္းက သင့္ရဲ႕သေကၤတျဖစ္ၿပီး သင့္ကို အက်ိဳးသက္ေရာက္မႈအ႐ွိဆုံးပဲျဖစ္ပါတယ္။ ကြၽႏ္ုပ္တို႔ေတြဟာ တစ္ေန႔တာရဲ႕အခ်ိန္အမ်ားစုကို ခုတင္ေပၚမွာ (အိပ္ရာထဲမွာ) ကုန္ဆုံးၾကတာပါ၊ ဒါေၾကာင့္ အိပ္ခန္းကို ဖုန္းေ႐ႊနည္းက်ေစဖို႔က အေရးအပါဆုံးပဲျဖစ္ပါတယ္။ သင့္ခုတင္ကို အထက္စီးေနရာမွာ ထားၿပီးၿပီဆိုရင္ ခုတင္ရဲ႕ေဘးဘယ္ညာႏွစ္ဖက္စလုံးမွာ ေနရာလြတ္႐ွိေစဖို႔လည္း အေရးႀကီးပါတယ္။ သင့္လက္တြဲေဖာ္ (အနာဂတ္လက္တြဲေဖာ္) အတြက္ ေနရာလပ္ေပးတဲ့သေဘာပဲျဖစ္ပါတယ္။ ဒါက ခုတင္ရဲ႕ေဘးတစ္ဖက္စီမွာ ညမီးအိမ္ထားလို႔လည္း ရသြားေစပါတယ္။ ညမီးအိမ္ေတြဟာ စုံလိုက္ဆင္တူျဖစ္ဖို႔မလိုပါဘူး၊ အ႐ြယ္အစားေတာ့ တူပါေစ။ ျဖစ္ႏိုင္လွ်င္ ခုတင္ရဲ႕ ေဘးဘယ္ညာတစ္ဖက္စီမွာ လမ္းေလွ်ာက္စရာေနရာ အနည္းဆုံးႏွစ္ေပေလာက္ ႐ွိသင့္ပါတယ္။ ခုတင္ရဲ႕အုံးတားကေတာ့ နံရံကိုမွီထားရမွာျဖစ္ပါတယ္။ ဟုတ္ပါတယ္ သင့္ခုတင္မွာ အုံးတား႐ွိဖို႔လိုပါတယ္။ တန္းေတြ အေပါက္ေတြ မပါဘဲ ခိုင္ခံ့မာေက်ာတဲ့ အုံးတားတစ္ခုပါ။ နံနက္ခင္းတိုင္း အိပ္ရာေသခ်ာသိမ္းၿပီး ညတိုင္းသင့္ကို ေကာင္းေကာင္းအိပ္စက္ခြင့္ေပးတဲ့အတြက္ သင့္ခုတင္ကို ေက်းဇူးတင္ပါ။ ဒီလိုနည္းနဲ႔ ၿငိမ္းေအးအစီအစဥ္က်တဲ့စိတ္ကေလးနဲ႔ သင့္ရဲ႕တစ္ေန႔တာကို လွပစြာ စတင္လိုက္ပါ။ အဲဒီစြမ္းအင္ဟာ သင့္ခုတင္က ျပန္လည္ႀကိဳဆိုခ်ိန္ညအထိ သင့္ထံမွာ တစ္ေန႔ကုန္စြဲက်န္ေနေတာ့မွာပါ။

(မွတ္ခ်က္။ ဤနံပါတ္ ၃ အခ်က္အား "သင့္အိမ္႐ွိ အခန္းတိုင္းအတြက္ ဖုန္းေ႐ႊအလွည့္အေျပာင္းမ်ား" ေဆာင္းပါးမွ နံပါတ္ ၄ အခ်က္ကို ေကာက္ႏုတ္ေဖာ္ျပထားျခင္းျဖစ္ပါသည္) "သင့္အိမ္႐ွိ အခန္းတိုင္းအတြက္ ဖုန္းေ႐ႊအလွည့္အေျပာင္းမ်ား" ေဆာင္းပါးအျပည့္အစုံကို ဤလင့္ခ္ >>> https://www.imyanmarhouse.com/feng-shui-view?id=2923 တြင္ ဖတ္႐ႈႏိုင္ပါသည္။

သင္အိပ္ရာႏိုးလာေသာအခါ ဘာလုပ္ႏိုင္ပါသနည္း?

၄။ သင္ နံနက္အိပ္ရာႏိုး‌ေသာအခါ ေပ်ာ္႐ႊင္စရာ၊ ရင္ခုန္စိတ္လႈပ္႐ွားစရာတစ္စုံတစ္ရာအေပၚ အာ႐ုံစိုက္ပါ

စိတ္ဖိစီးမႈနဲ႔ စိုးရိမ္ေသာကျဖစ္တဲ့ ခံစားခ်က္ေတြဟာ နံနက္ခင္းမွာ ပိုဆိုးတတ္ပါတယ္။ အိပ္ေနစဥ္မွာ ေပၚထြက္လာတဲ့ အသိစိတ္ေလ်ာ့ေနတဲ့ အေတြးပုံစံေတြနဲ႔ ကြၽႏ္ုပ္တို႔ခႏၶာကိုယ္ထဲက ေကာ္တီေစာပမာဏျမင့္တက္မႈတို႔ ေပါင္းစပ္ျခင္းေၾကာင့္ပဲျဖစ္ပါတယ္။ ဒါဟာ ကြၽႏ္ုပ္တို႔အေနနဲ႔ ညဘက္ေကာင္းေကာင္းအိပ္စက္ခဲ့ရသည့္တိုင္ ကြၽႏ္ုပ္တို႔ကို ပင္ပန္းႏုံးခ်ိျခင္းနဲ႔ လုပ္ခ်င္ကိုင္ခ်င္စိတ္မ႐ွိျခင္းတို႔ကို ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ေန႔တစ္ေန႔ကို မစခင္ အရင္ဆုံး အဲဒီေန႔နဲ႔ သက္ဆိုင္ၿပီး အျပဳသေဘာ‌ေဆာင္တဲ့ တစ္စုံတစ္ရာအေပၚ တက္တက္ႂကြႂကြအာ႐ုံစိုက္ျခင္းအားျဖင့္ အဆိုပါပင္ပန္းႏုံးခ်ိျခင္းနဲ႔ လုပ္ခ်င္ကိုင္ခ်င္စိတ္မ႐ွိျခင္းတို႔ကို အခ်ည္းႏွီးျဖစ္ေစဖို႔ရာ သင့္အေနနဲ႔ ႀကိဳးစားဖို႔ လိုပါမယ္။

၅။ ကိုက္ညီသင့္ေလ်ာ္ေသာ နံနက္ခင္းေလ့က်င့္ခန္းလႈပ္႐ွားမႈ ဖန္တီးပါ

လန္းလန္းဆန္းဆန္း အိပ္ရာေစာေစာထႏိုင္ဖို႔ ျဖစ္ႏိုင္ေပမဲ့လည္း ေလ့က်င့္ေမြးျမဴထားတာမဟုတ္ဘူးဆိုရင္ ဒီႏိုးၾကားမႈအာ႐ုံဟာ လြယ္လင့္တကူအလ်င္အျမန္ပဲ ေမွးမွိန္သြားႏိုင္ပါတယ္။ ဒီေနရာမွာ နံနက္ခင္းေလ့က်င့္ခန္းေလးတစ္ခုခု လႈပ္႐ွားလိုက္မယ္ဆိုရင္ေတာ့ သင့္စိတ္ခံစားခ်က္အေျခအေနကို ပိုမိုေကာင္းမြန္ေစႏိုင္ၿပီး အာ႐ုံစူးစိုက္မႈကိုလည္း ပိုမိုအားေကာင္းေစႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ႐ြ႐ြေျပးျခင္းလိုမ်ိဳး ႐ိုး႐ွင္းတဲ့ေလ့က်င့္ခန္းေတြဟာ ဦးေႏွာက္အား အန္ေဒၚဖင္နဲ႔ မ်ားစြာေသာ ဓာတုပစၥည္းေတြကို ခႏၶာကိုယ္တြင္းလွည့္ပတ္ေနတဲ့ေသြးထဲ ထြက္႐ွိေစၿပီး စိတ္ဖိစီးမႈ၊ ႏုံးျခင္းနဲ႔ နာက်င္ျခင္းလကၡဏာေတြကို သက္သာေျပေပ်ာက္ေစႏိုင္ပါတယ္။ နံနက္ခင္းမွာ သင့္ခႏၶာကိုယ္ရယ္ ေန႔စဥ္အခ်ိန္ဇယားရယ္နဲ႔ကိုက္ညီတဲ့ ကိုယ္လက္လႈပ္႐ွားေလ့က်င့္ခန္းျပဳလုပ္ျခင္းဟာ တစ္ေန႔တာလုံးအတြက္ သင့္အားအင္ပမာဏကိုလည္း တိုးပြားေစပါတယ္။

၆။ သင္အိပ္ရာႏိုးေသာအခါ မွန္ကန္သင့္တင့္စြာ ေရဓာတ္ျဖည့္တင္းပါ

ဒီအတြက္ ေလ့လာမႈမ်ားစြာအရ သိရတာတစ္ခုကေတာ့ ကြၽႏ္ုပ္တို႔ နံနက္ခင္းအိပ္ရာႏိုးတဲ့အခါ ခႏၶာကိုယ္ကို ေရဓာတ္ျဖည့္တင္းပုံက ကြၽႏ္ုပ္တို႔ရဲ႕စိတ္ပိုင္းဆိုင္ရာအလားအလာအေပၚ လႊမ္းမိုးမႈမ်ားစြာ ႐ွိတယ္ဆိုတာပဲ ျဖစ္ပါတယ္။ နံနက္ခင္းအဆာေျပမစားခင္မွာ ေရတစ္ခြက္ဝဝလင္လင္ေသာက္ျခင္းျဖင့္ သင့္ေန႔သစ္ကို စတင္ျခင္းဟာ သင့္ရဲ႕ ဇီဝကမၼျဖစ္စဥ္ကို လႈပ္ႏိႈးလိုက္ရာက်ၿပီး ဥပမာအားျဖင့္ သင့္ကို ျမန္ျမန္ဆန္ဆန္ႏိုးၾကားႏိုင္ေစဖို႔ ကူညီေပးပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 6 Ways To Wake Up Early Without Feeling Tired (Lifehack)

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

area-one-business-complex
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service