2390 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

သင့်အိမ်ရှိ အခန်းတိုင်းအတွက် ဖုန်းရွှေအလှည့်အပြောင်းများ

[Unicode]

ဖုန်းရွှေဆိုတဲ့ တရုတ်စကားလုံးမှာ ‘ဖုန်း’ ဆိုတာက လေ၊ ‘ရွှေ’ ဆိုတာက ရေ လို့ အဓိပ္ပါယ်ရပါတယ်။ လေဆိုတာ ကျွန်တော်တို့ရှုရှိုက်နေတဲ့အရာဖြစ်ပြီး လူတွေရဲ့ခန္ဓာကိုယ်မှာ ၆၀ ရာခိုင်နှုန်းနီးပါးက ရေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ လေနဲ့‌ရေဆိုတာ အသက်ရှင်ဖို့အတွက် အဓိကမရှိမဖြစ်သက်စောင့်ဓာတ်တွေပဲဖြစ်ပါတယ်။ ဒီတော့ ဖုန်းရွှေဆိုတာလည်း အလားတူပါပဲ။

အောက်ဖော်ပြပါဒီဇိုင်းအလှည့်အပြောင်းလေးတွေက သင့်အိမ်ရဲ့အခန်းတိုင်းမှာ ဖုန်းရွှေသက်စောင့်ဓာတ်တွေကို တိုးမြှင့်ပေးပါတယ်။

၁။ သင့်ခုတင်၊ စားပွဲနဲ့ မီးဖိုတို့ကို အထက်စီးနေရာမှာ ထားပါ

ဖုန်းရွှေမှာ အထိရောက်ဆုံးနဲ့ အခြေခံအကျဆုံးနိယာမတစ်ခုကို အထက်စီးနေရာလို့ ခေါ်ပါတယ်။ အခြေခံအားဖြင့် အဓိပ္ပာယ်ကတော့ တစ်ချို့အရာတွေဟာ ဝင်ပေါက်တံခါးနဲ့ မျက်နှာချင်းဆိုင်ဖြစ်နေသင့်တယ်ဆိုတာပါပဲ။ အဲဒီလိုအနေအထားနဲ့ မထားမဖြစ်ထားရမယ်အရာတွေကတော့ ခုတင်၊ စာကြည့်/အလုပ်စားပွဲနဲ့ မီးဖို တို့ပဲဖြစ်ပါတယ်။

ဝင်ပေါက်တံခါးကို အကောင်းဓာတ်စွမ်းအင်ရဲ့ခံတွင်းပါးစပ်ဖြစ်ပါတယ်။ စွမ်းအင်တွေကို သင့်အိမ်နဲ့ဘဝထဲ ဝင်လာစေမယ့် တံခါးပေါက်လို့ ယူဆလို့ရပါတယ်။ ခုတင်ပေါ်မှာ အိမ်နေချိန်၊ (ရုံးဖြစ်ဖြစ် အိမ်ဖြစ်ဖြစ်) စားပွဲမှာထိုင်နေချိန်တွေမှာ ဝင်ပေါက်တံခါးနဲ့တည့်တည့်မဟုတ်ဘဲ တံခါးကိုမြင်နိုင်တဲ့အနေအထားက အကောင်းဆုံးပါပဲ။ မျက်နှာချင်းဆိုင်လည်းဖြစ်မယ် ထောင့်ဖြတ်လည်းကျနေမယ့်အနေအထားပေါ့။ တကယ်လို့ အဲဒီအနေအထားမျိုး ချိန်ညှိဖို့အဆင်မပြေဘူးဆိုရင် နည်းလမ်းရှိပါသေးတယ်။ ကြည့်မှန်တစ်ချပ်ကို ထားလိုက်တာမျိုးပေါ့။ မီးဖိုရှေ့ဟင်းချက်နေရင်း၊ ခုတင်မှာလဲလျောင်းနေရင်း၊ စားပွဲမှာ ထိုင်နေရင်းကပဲ ကြည့်မှန်ထဲကနေတစ်ဆင့် တံခါးပေါက်ကိုမြင်နိုင်ပါလိမ့်မယ်။

၂။ ဝင်ပေါက်ဝနဲ့ တံခါးမတို့ကို အထူးဂရုစိုက်ပါ

သင့်အိမ်အဝင် ဝင်ပေါက်ဝနဲ့ အိမ်ရှေ့တံခါးမတွေက သင်အပြင်လောကကို ဘယ်လိုရင်ဆိုင်သလဲဆိုတာကို ကိုယ်စားပြုဖော်ပြနေပါတယ်။ အဲဒီနေရာကို ဗြုတ်စဗျင်းတောင်း၊ အမှိုက်သရိုက် ကင်းပြီး သန့်ရှင်းနေပါစေ။ ဒီလိုဆိုလို့လည်း လုံးဝပြောင်ရှင်းနေရမယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ပါဘူး၊ အဲဒီနေရာမှာ ရှိဖို့လိုတာပဲ ထားရှိဖို့ပြောတာပါ။ ဝင်ပေါက်ဝအတွင်းရောအပြင်ရော အလင်းရောင်ကောင်းကောင်းရဖို့လည်း လိုပါတယ်။ ချိတ်ဆွဲရေးထိုးထားတဲ့ အိမ်နံပါတ်၊ အခန်းနံပါတ်တွေ သန့်ရှင်း၊ ညီညာ၊ မြင်သာမှုလည်း ရှိပါစေ။

၃။ ရှေ့တံခါးမကို နှိုးဆွပါ

သင့်‌မွေးနေ့ ဒါမှမဟုတ် လပြည့်နေ့လိုမျိုး အတိတ်နိမိတ်ကောင်တဲ့နေ့မျိုးမှာ နံနက် ၁၁ နာရီကနေ ည ၁ နာရီအကြား (စွမ်းအင်အတက်ကြွဆုံးအချိန်) မှာ အသစ်ဝယ်ထားတဲ့ အနက်ရောင်ဘောပင်နဲ့ အနီရောင်ရွက်ပေါ်မှာ သင့်ဖြစ်ချင်တဲ့ဆန္ဒ ကိုးခုကို စာရင်းချရေးပါ။ ရေးပြီးလျှင် ပါးစပ်ကနေ အသံထွက်ဖတ်ပြီး တလေးတစားနဲ့ စာရင်းအောက်ခြေမှာ လက်မှတ်ထိုးပါ။ စာရွက်ကို သေချာခေါက်ပြီး အနီရောင်စာအိတ်ထဲထည့်ပါ။ ပြီးလျှင် အိမ်ရှေ့တံခါးမရဲ့ သင့်အိမ်အတွင်းဘက်ခြမ်းအပေါ်ဘက်မှာ သေချာမြဲမြံအောင်ထားလိုက်ပါ။ အဲဒါဆို သင့်ဆန္ဒတွေ သင့်ဘဝမှာ ဖြစ်ပေါ်လာဖို့ သင်တံခါးမကို ဖြတ်လျှောက်တိုင်း ပင့်ဖိတ်ဆုတောင်းနေတာပါပဲ။ (မှတ်ချက် - အကယ်၍ သင့်အိမ်မှာ အခြားအခန်းဖော်တွေလည်း ရှိတယ်ဆိုလျှင်တော့ သင့်အိပ်ခန်းတံခါးဝမှာ အလားတူဆောင်ရွက်နိုင်ပါတယ်)

၄။ အိပ်ခန်းအား ဟန်ချက်ညီပါစေ

ဖုန်းရွှေသဘောတရားမှာ သင့်အိပ်ခန်းက သင့်ရဲ့သင်္ကေတဖြစ်ပြီး သင့်ကို အကျိုးသက်ရောက်မှုအရှိဆုံးပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့တွေဟာ တစ်နေ့တာရဲ့အချိန်အများစုကို ခုတင်ပေါ်မှာ (အိပ်ရာထဲမှာ) ကုန်ဆုံးကြတာပါ၊ ဒါကြောင့် အိပ်ခန်းကို ဖုန်းရွှေနည်းကျစေဖို့က အရေးအပါဆုံးပဲဖြစ်ပါတယ်။ သင့်ခုတင်ကို အထက်စီးနေရာမှာ ထားပြီးပြီဆိုရင် ခုတင်ရဲ့ဘေးဘယ်ညာနှစ်ဖက်စလုံးမှာ နေရာလွတ်ရှိစေဖို့လည်း အရေးကြီးပါတယ်။ သင့်လက်တွဲဖော် (အနာဂတ်လက်တွဲဖော်) အတွက် နေရာလပ်ပေးတဲ့သဘောပဲဖြစ်ပါတယ်။ ဒါက ခုတင်ရဲ့ဘေးတစ်ဖက်စီမှာ ညမီးအိမ်ထားလို့လည်း ရသွားစေပါတယ်။ ညမီးအိမ်တွေဟာ စုံလိုက်ဆင်တူဖြစ်ဖို့မလိုပါဘူး၊ အရွယ်အစားတော့ တူပါစေ။ ဖြစ်နိုင်လျှင် ခုတင်ရဲ့ ဘေးဘယ်ညာတစ်ဖက်စီမှာ လမ်းလျှောက်စရာနေရာ အနည်းဆုံးနှစ်ပေလောက် ရှိသင့်ပါတယ်။ ခုတင်ရဲ့အုံးတားကတော့ နံရံကိုမှီထားရမှာဖြစ်ပါတယ်။ ဟုတ်ပါတယ် သင့်ခုတင်မှာ အုံးတားရှိဖို့လိုပါတယ်။ တန်းတွေ အပေါက်တွေ မပါဘဲ ခိုင်ခံ့မာကျောတဲ့ အုံးတားတစ်ခုပါ။ နံနက်ခင်းတိုင်း အိပ်ရာသေချာသိမ်းပြီး ညတိုင်းသင့်ကို ကောင်းကောင်းအိပ်စက်ခွင့်ပေးတဲ့အတွက် သင့်ခုတင်ကို ကျေးဇူးတင်ပါ။ ဒီလိုနည်းနဲ့ ငြိမ်းအေးအစီအစဉ်ကျတဲ့စိတ်ကလေးနဲ့ သင့်ရဲ့တစ်နေ့တာကို လှပစွာ စတင်လိုက်ပါ။ အဲဒီစွမ်းအင်ဟာ သင့်ခုတင်က ပြန်လည်ကြိုဆိုချိန်ညအထိ သင့်ထံမှာ တစ်နေ့ကုန်စွဲကျန်နေတော့မှာပါ။

၅။ အရောင်ရွေးချယ်မှု သတိရှိပါ

ကျွန်ုပ်တို့ဟာ အရောင်တွေကို နေ့စဉ် အချိန်နဲ့အမျှ အသုံးပြုနေကြရပါတယ်။ အဝတ်အထည်တွေနဲ့ ဆက်စပ်အသုံးအဆောင်တွေနဲ့ သင့်အိမ်နဲ့ရုံးခန်း အလှဆင်ပစ္စည်းတွေရဲ့ အရောင်တွေမှာ ဖုန်းရွှေရဲ့ ရှေးဟောင်းဝိဇ္ဇာနဲ့ သိပ္ပံအရ သင့်ကိုပံ့ပိုးတဲ့ အရောင်တွေရှိသကဲ့သို့ သင့်စွမ်းအင်ကို လျော့နည်းစေတဲ့ အရောင်တွေလည်း ရှိပါတယ်။ ဒါကြောင့် ၎င်းပစ္စည်းတွေကို အသုံးပြုရာမှာ သင့်ကောင်းကျိုးအတွက် အထောက်အကူဖြစ်စေတဲ့ အရောင်တွေကို မှန်ကန်စွာ ရွေးချယ်အသုံးပြုဖို့ အလွန်အရေးကြီးလှပါတယ်။

ဖုန်းရွှေမှာ အရောင်အသုံးပြုမှုဟာ မြေ၊ သတ္တု၊ ရေ၊ သစ်သားနဲ့ မီးဆိုတဲ့ ဓာတ်ကြီးငါးပါးနဲ့ ဆက်စပ်နေပါတယ်။ ဒီဓာတ်ကြီးငါးပါးကို သဘာဝမှာ တွေ့ရှိရပြီး ၎င်းဓာတ်တွေက ဟန်ချက်ဖန်တီးတဲ့ စွမ်းအင်ကို ဆောင်ကြဉ်းလေ့ရှိပါတယ်။ ဒါကြောင့် သင်ပိုပြီးလိုအပ်တဲ့ ဓာတ်စွမ်းအင်ရှိတယ်ဆိုရင် အဲဒီစွမ်းအင်ကိုယ်စားပြုအရောင်ကို သင့်နေရာမှာ ဆေးသုတ်ခြင်းခြယ်ခြင်း၊ အဝတ်အထည် ဒါမှမဟုတ် ဆက်စပ်အသုံးအဆောင်တွေနဲ့ ဖြည့်တင်းလို့ရပါတယ်။ ဥပမာ - သင့်မှာ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်စောင့်ရှောက်မှုနဲ့ တည်ငြိမ်မှု ကင်းမဲ့နေတယ်ဆိုလျှင် မြေကြီးဓာတ်ပိုဖြည့်ပါ။ မြေကြီးဓာတ်ကိုယ်စားပြုအရောင်တွေကတော့ အဝါရောင်၊ လိမ္မော်ရောင်နဲ့ အညိုရောင် စတဲ့ မြေသားရောင်တွေပဲဖြစ်ပါတယ်။ အညိုရင်ရောင်သစ်သားခုတင်အုံးတားဆိုလျှင် သင့်အိမ်ထောင်ရေးကို ခိုင်မြဲစေဖို့ အသုံးပြုနိုင်ပါတယ်။ သတ္တုဓာတ် (မီးခိုး၊ ခဲ၊ အဖြူ၊ ခဲနုရောင် ဆင်စွယ်ရောင်၊ နဲ့ သတ္တုရောင်များ) က သင့်ကို ပိုမိုကြည်လင်ပြတ်သား၊ တိကျအနုစိတ်မှုတို့ကို ပေးနိုင်ပါတယ်။ ငွေရောင်မျက်မှန်ကိုင်းတွေဆိုလျှင် သင့်ရည်မှန်းချက်ပန်းတိုင်တွေကိုကူညီညွှန်ပြပေးပြီး သွက်လက်မြန်ဆန်စေနိုင်ပါတယ်။ အသိဉာဏ်ပညာပိုရှိချင်တယ်ဆိုလျှင် သင်စာဖတ်တဲ့အခါ ရေဓာတ်ဖြစ်တဲ့ အမည်းရောင် ဒါမှမဟုတ် အပြာရင့်ရောင်ကုလားထိုင်၊ ထိုင်ခုံနဲ့ ထိုင်ပါ။

အထက်မှာ ဆိုခဲ့ပြီးတဲ့အတိုင်း သင့်မှာ သင့်အတွက် ကောင်းတဲ့ တစ်နည်း သင့်ကို ပံ့ပိုးထောက်ပံ့၊ အားသစ်လောင်းပေးတဲ့ အရောင်များ ရှိသလို သင့်စွမ်းအင်ကို အားပျော့စေနိုင်တဲ့ အရောင်တွေလည်း ရှိပါကြောင်း ဖုန်းရွှေချစ်သူအပေါင်းအား ထပ်လောင်းဖော်ပြအပ်ပါတယ်။

ဖုန်းရွှေတွင် မြေ၊ သတ္တု၊ ရေ၊ သစ်သားနဲ့ မီးဆိုတဲ့ ဓာတ်ကြီး (၅) ပါး ရှိတဲ့အနက် ယင်းဓာတ်ကြီးတစ်ပါးပါးက သင့်စွမ်းအင်ကို ကြီးစိုးကိုယ်စားပြုပါတယ်။

သင့်အိမ်ရှိ အခန်းတိုင်းအတွက် ဖုန်းရွှေအလှည့်အပြောင်းများ
အခုဆောင်းပါးပါပုံမှာ မိမိမွေးသကရာဇ်ပါဝင်တဲ့အကွက်ကိုရှာပြီး သင်ဟာ ဘာဓာတ်ပိုင်ရှင်ဆိုတာကို သိရှိနိုင်ပါတယ်။ သင့်ကိုယ်ပိုင်ဓာတ်ကို သိပြီဆိုလျှင် သင့်အနေဖြင့် မိမိဓာတ် အားကောင်းစေဖို့ ဓာတ်ကိုယ်စားပြုအရောင်တွေကို ရွေးချယ်အသုံးပြုပါ။ ရှောင်ရှားရမယ့် အရောင်တွေကိုလည်း သိမှတ်ထားပါ။

"ဖုန်းရွှေဓာတ် (၅) မျိုးနှင့် သူတို့၏ အကောင်းဆုံးအရောင်များနှင့် ရှောင်ရှားရမည့် အရောင်းများ" မှာ -

၁။ သစ်သား - အစိမ်းရောင်၊ အညိုရောင်၊ အပြာရောင်၊ အမည်းရောင်၊ မြေကြီးရောင်တို့မှာ သစ်သားဓာတ်အတွက် အကောင်းဆုံးအရောင်များ ဖြစ်ကြပြီး အနီရောင်၊ ခရမ်းရောင်၊ ပန်းခရမ်းရောင်၊ အဖြူရောင်နှင့် မီးခိုးရောင်(ခဲရောင်)တို့က ရှောင်ရှားရမည့် အရောင်များ ဖြစ်သည်။

၂။ မီး - အစိမ်းရောင်၊ အညိုရောင်၊ အနီရောင်၊ ခရမး်ရောင်နှင့် ပန်းခရမ်းရောင်တို့က မီးဓာတ်အတွက် အကောင်းဆုံးအရောင်များ ဖြစ်ကြပြီး အပြာရောင်၊ အမည်းရောင်နှင့် မြေကြီးရောင်တို့က ရှောင်ရှားရမည့် အရောင်များ ဖြစ်သည်။

၃။ မြေကြီး - အနီရောင်၊ ခရမး်ရောင်၊ ပန်းခရမ်းရောင်နှင့် မြေကြီးရောင်တို့က မြေကြီးဓာတ်အတွက် အကောင်းဆုံးအရောင်များဖြစ်ပြီး မီးခိုးရောင်(ခဲရောင်)၊ အဖြူရောင်နှင့် အပြာရောင်တို့က ရှောင်ရှားရမည့် အရောင်းများ ဖြစ်သည်။

၄။ သတ္တု - မြေကြီးရောင်၊ အဖြူရောင်နှင့် မီးခိုးရောင်(ခဲရောင်) တို့က သတ္တုဓာတ်အတွက် အကောင်းဆုံးအရောင်များ ဖြစ်ပြီး အနီရောင်၊ ခရမ်းရောင်၊ ပန်းခရမ်းရောင်၊ အပြာရောင်နှင့် အမည်းရောင်တို့က ရှောင်ရှားရမည့် အရောင်များ ဖြစ်ကြသည်။

၅။ ရေ - အပြာရောင်၊ အမည်းရောင်၊ အဖြူရောင်နှင့် မီးခိုးရောင်(ခဲရောင်) တို့က ရေဓာတ်အတွက် အကောင်းဆုံးအရောင်များ ဖြစ်ပြီး မြေကြီးရောင်၊ အစိမ်းရောင်၊ အနီရောင်၊ ခရမ်းရောင်နှင့် ပန်းခရမ်းရောင်တို့က ရှောင်ရှားရမည့် အရောင်များ ဖြစ်ကြသည်။

(မှတ်ချက် - ဤတွင် အထူးသိရှိရန် လိုအပ်သည်မှာ ရှောင်ရှားရမည့်အရောင်များဟု ရေးသားထားသည့်အတိုင်း အဓိပ္ပါယ်ကို တရားသေကောက်၍ လုံးဝအရှင်း မဖြစ်မနေရှောင်ရှားရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ယင်းအရောင်အား အသုံးပြုမှု မများပြားစေရန်သာ ဖြစ်သည်။ ဖော်ပြပါစာရင်းတွင် မပါဝင်သော အရောင်ဖြစ်ပါက အဓိပ္ပါယ်မှာ ၎င်းအရောင်သည် သင့်စွမ်းအင်အတွက် ကောင်းခြင်းဆိုးခြင်းမရှိ ကြားနေဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။)

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

သင့္အိမ္႐ွိ အခန္းတိုင္းအတြက္ ဖုန္းေ႐ႊအလွည့္အေျပာင္းမ်ား


ဖုန္းေ႐ႊဆိုတဲ့ တ႐ုတ္စကားလုံးမွာ ‘ဖုန္း’ ဆိုတာက ေလ၊ ‘ေ႐ႊ’ ဆိုတာက ေရ လို႔ အဓိပၸါယ္ရပါတယ္။ ေလဆိုတာ ကြၽန္ေတာ္တို႔႐ႈ႐ိႈက္ေနတဲ့အရာျဖစ္ၿပီး လူေတြရဲ႕ခႏၶာကိုယ္မွာ ၆၀ ရာခိုင္ႏႈန္းနီးပါးက ေရနဲ႔ဖြဲ႕စည္းထားတာျဖစ္ပါတယ္။ ေလနဲ႔‌ေရဆိုတာ အသက္႐ွင္ဖို႔အတြက္ အဓိကမ႐ွိမျဖစ္သက္ေစာင့္ဓာတ္ေတြပဲျဖစ္ပါတယ္။ ဒီေတာ့ ဖုန္းေ႐ႊဆိုတာလည္း အလားတူပါပဲ။

ေအာက္ေဖာ္ျပပါဒီဇိုင္းအလွည့္အေျပာင္းေလးေတြက သင့္အိမ္ရဲ႕အခန္းတိုင္းမွာ ဖုန္းေ႐ႊသက္ေစာင့္ဓာတ္ေတြကို တိုးျမႇင့္ေပးပါတယ္။

၁။ သင့္ခုတင္၊ စားပြဲနဲ႔ မီးဖိုတို႔ကို အထက္စီးေနရာမွာ ထားပါ

ဖုန္းေ႐ႊမွာ အထိေရာက္ဆုံးနဲ႔ အေျခခံအက်ဆုံးနိယာမတစ္ခုကို အထက္စီးေနရာလို႔ ေခၚပါတယ္။ အေျခခံအားျဖင့္ အဓိပၸာယ္ကေတာ့ တစ္ခ်ိဳ႕အရာေတြဟာ ဝင္ေပါက္တံခါးနဲ႔ မ်က္ႏွာခ်င္းဆိုင္ျဖစ္ေနသင့္တယ္ဆိုတာပါပဲ။ အဲဒီလိုအေနအထားနဲ႔ မထားမျဖစ္ထားရမယ္အရာေတြကေတာ့ ခုတင္၊ စာၾကည့္/အလုပ္စားပြဲနဲ႔ မီးဖို တို႔ပဲျဖစ္ပါတယ္။

ဝင္ေပါက္တံခါးကို အေကာင္းဓာတ္စြမ္းအင္ရဲ႕ခံတြင္းပါးစပ္ျဖစ္ပါတယ္။ စြမ္းအင္ေတြကို သင့္အိမ္နဲ႔ဘဝထဲ ဝင္လာေစမယ့္ တံခါးေပါက္လို႔ ယူဆလို႔ရပါတယ္။ ခုတင္ေပၚမွာ အိမ္ေနခ်ိန္၊ (႐ုံးျဖစ္ျဖစ္ အိမ္ျဖစ္ျဖစ္) စားပြဲမွာထိုင္ေနခ်ိန္ေတြမွာ ဝင္ေပါက္တံခါးနဲ႔တည့္တည့္မဟုတ္ဘဲ တံခါးကိုျမင္ႏိုင္တဲ့အေနအထားက အေကာင္းဆုံးပါပဲ။ မ်က္ႏွာခ်င္းဆိုင္လည္းျဖစ္မယ္ ေထာင့္ျဖတ္လည္းက်ေနမယ့္အေနအထားေပါ့။ တကယ္လို႔ အဲဒီအေနအထားမ်ိဳး ခ်ိန္ညႇိဖို႔အဆင္မေျပဘူးဆိုရင္ နည္းလမ္း႐ွိပါေသးတယ္။ ၾကည့္မွန္တစ္ခ်ပ္ကို ထားလိုက္တာမ်ိဳးေပါ့။ မီးဖိုေ႐ွ႕ဟင္းခ်က္ေနရင္း၊ ခုတင္မွာလဲေလ်ာင္းေနရင္း၊ စားပြဲမွာ ထိုင္ေနရင္းကပဲ ၾကည့္မွန္ထဲကေနတစ္ဆင့္ တံခါးေပါက္ကိုျမင္ႏိုင္ပါလိမ့္မယ္။

၂။ ဝင္ေပါက္ဝနဲ႔ တံခါးမတို႔ကို အထူးဂ႐ုစိုက္ပါ

သင့္အိမ္အဝင္ ဝင္ေပါက္ဝနဲ႔ အိမ္ေ႐ွ႕တံခါးမေတြက သင္အျပင္ေလာကကို ဘယ္လိုရင္ဆိုင္သလဲဆိုတာကို ကိုယ္စားျပဳေဖာ္ျပေနပါတယ္။ အဲဒီေနရာကို ျဗဳတ္စဗ်င္းေတာင္း၊ အမိႈက္သ႐ိုက္ ကင္းၿပီး သန္႔႐ွင္းေနပါေစ။ ဒီလိုဆိုလို႔လည္း လုံးဝေျပာင္႐ွင္းေနရမယ္ဆိုတဲ့အဓိပၸာယ္မဟုတ္ပါဘူး၊ အဲဒီေနရာမွာ ႐ွိဖို႔လိုတာပဲ ထား႐ွိဖို႔ေျပာတာပါ။ ဝင္ေပါက္ဝအတြင္းေရာအျပင္ေရာ အလင္းေရာင္ေကာင္းေကာင္းရဖို႔လည္း လိုပါတယ္။ ခ်ိတ္ဆြဲေရးထိုးထားတဲ့ အိမ္နံပါတ္၊ အခန္းနံပါတ္ေတြ သန္႔႐ွင္း၊ ညီညာ၊ ျမင္သာမႈလည္း ႐ွိပါေစ။

၃။ ေ႐ွ႕တံခါးမကို ႏိႈးဆြပါ

သင့္‌ေမြးေန႔ ဒါမွမဟုတ္ လျပည့္ေန႔လိုမ်ိဳး အတိတ္နိမိတ္ေကာင္တဲ့ေန႔မ်ိဳးမွာ နံနက္ ၁၁ နာရီကေန ည ၁ နာရီအၾကား (စြမ္းအင္အတက္ႂကြဆုံးအခ်ိန္) မွာ အသစ္ဝယ္ထားတဲ့ အနက္ေရာင္ေဘာပင္နဲ႔ အနီေရာင္႐ြက္ေပၚမွာ သင့္ျဖစ္ခ်င္တဲ့ဆႏၵ ကိုးခုကို စာရင္းခ်ေရးပါ။ ေရးၿပီးလွ်င္ ပါးစပ္ကေန အသံထြက္ဖတ္ၿပီး တေလးတစားနဲ႔ စာရင္းေအာက္ေျခမွာ လက္မွတ္ထိုးပါ။ စာ႐ြက္ကို ေသခ်ာေခါက္ၿပီး အနီေရာင္စာအိတ္ထဲထည့္ပါ။ ၿပီးလွ်င္ အိမ္ေ႐ွ႕တံခါးမရဲ႕ သင့္အိမ္အတြင္းဘက္ျခမ္းအေပၚဘက္မွာ ေသခ်ာၿမဲျမံေအာင္ထားလိုက္ပါ။ အဲဒါဆို သင့္ဆႏၵေတြ သင့္ဘဝမွာ ျဖစ္ေပၚလာဖို႔ သင္တံခါးမကို ျဖတ္ေလွ်ာက္တိုင္း ပင့္ဖိတ္ဆုေတာင္းေနတာပါပဲ။ (မွတ္ခ်က္ - အကယ္၍ သင့္အိမ္မွာ အျခားအခန္းေဖာ္ေတြလည္း ႐ွိတယ္ဆိုလွ်င္ေတာ့ သင့္အိပ္ခန္းတံခါးဝမွာ အလားတူေဆာင္႐ြက္ႏိုင္ပါတယ္)

၄။ အိပ္ခန္းအား ဟန္ခ်က္ညီပါေစ

ဖုန္းေ႐ႊသေဘာတရားမွာ သင့္အိပ္ခန္းက သင့္ရဲ႕သေကၤတျဖစ္ၿပီး သင့္ကို အက်ိဳးသက္ေရာက္မႈအ႐ွိဆုံးပဲျဖစ္ပါတယ္။ ကြၽႏ္ုပ္တို႔ေတြဟာ တစ္ေန႔တာရဲ႕အခ်ိန္အမ်ားစုကို ခုတင္ေပၚမွာ (အိပ္ရာထဲမွာ) ကုန္ဆုံးၾကတာပါ၊ ဒါေၾကာင့္ အိပ္ခန္းကို ဖုန္းေ႐ႊနည္းက်ေစဖို႔က အေရးအပါဆုံးပဲျဖစ္ပါတယ္။ သင့္ခုတင္ကို အထက္စီးေနရာမွာ ထားၿပီးၿပီဆိုရင္ ခုတင္ရဲ႕ေဘးဘယ္ညာႏွစ္ဖက္စလုံးမွာ ေနရာလြတ္႐ွိေစဖို႔လည္း အေရးႀကီးပါတယ္။ သင့္လက္တြဲေဖာ္ (အနာဂတ္လက္တြဲေဖာ္) အတြက္ ေနရာလပ္ေပးတဲ့သေဘာပဲျဖစ္ပါတယ္။ ဒါက ခုတင္ရဲ႕ေဘးတစ္ဖက္စီမွာ ညမီးအိမ္ထားလို႔လည္း ရသြားေစပါတယ္။ ညမီးအိမ္ေတြဟာ စုံလိုက္ဆင္တူျဖစ္ဖို႔မလိုပါဘူး၊ အ႐ြယ္အစားေတာ့ တူပါေစ။ ျဖစ္ႏိုင္လွ်င္ ခုတင္ရဲ႕ ေဘးဘယ္ညာတစ္ဖက္စီမွာ လမ္းေလွ်ာက္စရာေနရာ အနည္းဆုံးႏွစ္ေပေလာက္ ႐ွိသင့္ပါတယ္။ ခုတင္ရဲ႕အုံးတားကေတာ့ နံရံကိုမွီထားရမွာျဖစ္ပါတယ္။ ဟုတ္ပါတယ္ သင့္ခုတင္မွာ အုံးတား႐ွိဖို႔လိုပါတယ္။ တန္းေတြ အေပါက္ေတြ မပါဘဲ ခိုင္ခံ့မာေက်ာတဲ့ အုံးတားတစ္ခုပါ။ နံနက္ခင္းတိုင္း အိပ္ရာေသခ်ာသိမ္းၿပီး ညတိုင္းသင့္ကို ေကာင္းေကာင္းအိပ္စက္ခြင့္ေပးတဲ့အတြက္ သင့္ခုတင္ကို ေက်းဇူးတင္ပါ။ ဒီလိုနည္းနဲ႔ ၿငိမ္းေအးအစီအစဥ္က်တဲ့စိတ္ကေလးနဲ႔ သင့္ရဲ႕တစ္ေန႔တာကို လွပစြာ စတင္လိုက္ပါ။ အဲဒီစြမ္းအင္ဟာ သင့္ခုတင္က ျပန္လည္ႀကိဳဆိုခ်ိန္ညအထိ သင့္ထံမွာ တစ္ေန႔ကုန္စြဲက်န္ေနေတာ့မွာပါ။

၅။ အေရာင္ေ႐ြးခ်ယ္မႈ သတိ႐ွိပါ

ကြၽႏ္ုပ္တို႔ဟာ အေရာင္ေတြကို ေန႔စဥ္ အခ်ိန္နဲ႔အမွ် အသုံးျပဳေနၾကရပါတယ္။ အဝတ္အထည္ေတြနဲ႔ ဆက္စပ္အသုံးအေဆာင္ေတြနဲ႔ သင့္အိမ္နဲ႔႐ုံးခန္း အလွဆင္ပစၥည္းေတြရဲ႕ အေရာင္ေတြမွာ ဖုန္းေ႐ႊရဲ႕ ေ႐ွးေဟာင္းဝိဇၨာနဲ႔ သိပၸံအရ သင့္ကိုပံ့ပိုးတဲ့ အေရာင္ေတြ႐ွိသကဲ့သို႔ သင့္စြမ္းအင္ကို ေလ်ာ့နည္းေစတဲ့ အေရာင္ေတြလည္း ႐ွိပါတယ္။ ဒါေၾကာင့္ ၎ပစၥည္းေတြကို အသုံးျပဳရာမွာ သင့္ေကာင္းက်ိဳးအတြက္ အေထာက္အကူျဖစ္ေစတဲ့ အေရာင္ေတြကို မွန္ကန္စြာ ေ႐ြးခ်ယ္အသုံးျပဳဖို႔ အလြန္အေရးႀကီးလွပါတယ္။

ဖုန္းေ႐ႊမွာ အေရာင္အသုံးျပဳမႈဟာ ေျမ၊ သတၱဳ၊ ေရ၊ သစ္သားနဲ႔ မီးဆိုတဲ့ ဓာတ္ႀကီးငါးပါးနဲ႔ ဆက္စပ္ေနပါတယ္။ ဒီဓာတ္ႀကီးငါးပါးကို သဘာဝမွာ ေတြ႕႐ွိရၿပီး ၎ဓာတ္ေတြက ဟန္ခ်က္ဖန္တီးတဲ့ စြမ္းအင္ကို ေဆာင္ၾကဥ္းေလ့႐ွိပါတယ္။ ဒါေၾကာင့္ သင္ပိုၿပီးလိုအပ္တဲ့ ဓာတ္စြမ္းအင္႐ွိတယ္ဆိုရင္ အဲဒီစြမ္းအင္ကိုယ္စားျပဳအေရာင္ကို သင့္ေနရာမွာ ေဆးသုတ္ျခင္းျခယ္ျခင္း၊ အဝတ္အထည္ ဒါမွမဟုတ္ ဆက္စပ္အသုံးအေဆာင္ေတြနဲ႔ ျဖည့္တင္းလို႔ရပါတယ္။ ဥပမာ - သင့္မွာ ကိုယ့္ကိုယ္ကိုယ္ဂ႐ုစိုက္ေစာင့္ေ႐ွာက္မႈနဲ႔ တည္ၿငိမ္မႈ ကင္းမဲ့ေနတယ္ဆိုလွ်င္ ေျမႀကီးဓာတ္ပိုျဖည့္ပါ။ ေျမႀကီးဓာတ္ကိုယ္စားျပဳအေရာင္ေတြကေတာ့ အဝါေရာင္၊ လိေမၼာ္ေရာင္နဲ႔ အညိဳေရာင္ စတဲ့ ေျမသားေရာင္ေတြပဲျဖစ္ပါတယ္။ အညိဳရင္ေရာင္သစ္သားခုတင္အုံးတားဆိုလွ်င္ သင့္အိမ္ေထာင္ေရးကို ခိုင္ၿမဲေစဖို႔ အသုံးျပဳႏိုင္ပါတယ္။ သတၱဳဓာတ္ (မီးခိုး၊ ခဲ၊ အျဖဴ၊ ခဲႏုေရာင္ ဆင္စြယ္ေရာင္၊ နဲ႔ သတၱဳေရာင္မ်ား) က သင့္ကို ပိုမိုၾကည္လင္ျပတ္သား၊ တိက်အႏုစိတ္မႈတို႔ကို ေပးႏိုင္ပါတယ္။ ေငြေရာင္မ်က္မွန္ကိုင္းေတြဆိုလွ်င္ သင့္ရည္မွန္းခ်က္ပန္းတိုင္ေတြကိုကူညီၫႊန္ျပေပးၿပီး သြက္လက္ျမန္ဆန္ေစႏိုင္ပါတယ္။ အသိဉာဏ္ပညာပို႐ွိခ်င္တယ္ဆိုလွ်င္ သင္စာဖတ္တဲ့အခါ ေရဓာတ္ျဖစ္တဲ့ အမည္းေရာင္ ဒါမွမဟုတ္ အျပာရင့္ေရာင္ကုလားထိုင္၊ ထိုင္ခုံနဲ႔ ထိုင္ပါ။

အထက္မွာ ဆိုခဲ့ၿပီးတဲ့အတိုင္း သင့္မွာ သင့္အတြက္ ေကာင္းတဲ့ တစ္နည္း သင့္ကို ပံ့ပိုးေထာက္ပံ့၊ အားသစ္ေလာင္းေပးတဲ့ အေရာင္မ်ား ႐ွိသလို သင့္စြမ္းအင္ကို အားေပ်ာ့ေစႏိုင္တဲ့ အေရာင္ေတြလည္း ႐ွိပါေၾကာင္း ဖုန္းေ႐ႊခ်စ္သူအေပါင္းအား ထပ္ေလာင္းေဖာ္ျပအပ္ပါတယ္။

ဖုန္းေ႐ႊတြင္ ေျမ၊ သတၱဳ၊ ေရ၊ သစ္သားနဲ႔ မီးဆိုတဲ့ ဓာတ္ႀကီး (၅) ပါး ႐ွိတဲ့အနက္ ယင္းဓာတ္ႀကီးတစ္ပါးပါးက သင့္စြမ္းအင္ကို ႀကီးစိုးကိုယ္စားျပဳပါတယ္။


အခုေဆာင္းပါးပါပုံမွာ မိမိေမြးသကရာဇ္ပါဝင္တဲ့အကြက္ကို႐ွာၿပီး သင္ဟာ ဘာဓာတ္ပိုင္႐ွင္ဆိုတာကို သိ႐ွိႏိုင္ပါတယ္။ သင့္ကိုယ္ပိုင္ဓာတ္ကို သိၿပီဆိုလွ်င္ သင့္အေနျဖင့္ မိမိဓာတ္ အားေကာင္းေစဖို႔ ဓာတ္ကိုယ္စားျပဳအေရာင္ေတြကို ေ႐ြးခ်ယ္အသုံးျပဳပါ။ ေ႐ွာင္႐ွားရမယ့္ အေရာင္ေတြကိုလည္း သိမွတ္ထားပါ။

"ဖုန္းေ႐ႊဓာတ္ (၅) မ်ိဳးႏွင့္ သူတို႔၏ အေကာင္းဆုံးအေရာင္မ်ားႏွင့္ ေ႐ွာင္႐ွားရမည့္ အေရာင္းမ်ား" မွာ -

၁။ သစ္သား - အစိမ္းေရာင္၊ အညိဳေရာင္၊ အျပာေရာင္၊ အမည္းေရာင္၊ ေျမႀကီးေရာင္တို႔မွာ သစ္သားဓာတ္အတြက္ အေကာင္းဆုံးအေရာင္မ်ား ျဖစ္ၾကၿပီး အနီေရာင္၊ ခရမ္းေရာင္၊ ပန္းခရမ္းေရာင္၊ အျဖဴေရာင္ႏွင့္ မီးခိုးေရာင္(ခဲေရာင္)တို႔က ေ႐ွာင္႐ွားရမည့္ အေရာင္မ်ား ျဖစ္သည္။

၂။ မီး - အစိမ္းေရာင္၊ အညိဳေရာင္၊ အနီေရာင္၊ ခရမး္ေရာင္ႏွင့္ ပန္းခရမ္းေရာင္တို႔က မီးဓာတ္အတြက္ အေကာင္းဆုံးအေရာင္မ်ား ျဖစ္ၾကၿပီး အျပာေရာင္၊ အမည္းေရာင္ႏွင့္ ေျမႀကီးေရာင္တို႔က ေ႐ွာင္႐ွားရမည့္ အေရာင္မ်ား ျဖစ္သည္။

၃။ ေျမႀကီး - အနီေရာင္၊ ခရမး္ေရာင္၊ ပန္းခရမ္းေရာင္ႏွင့္ ေျမႀကီးေရာင္တို႔က ေျမႀကီးဓာတ္အတြက္ အေကာင္းဆုံးအေရာင္မ်ားျဖစ္ၿပီး မီးခိုးေရာင္(ခဲေရာင္)၊ အျဖဴေရာင္ႏွင့္ အျပာေရာင္တို႔က ေ႐ွာင္႐ွားရမည့္ အေရာင္းမ်ား ျဖစ္သည္။

၄။ သတၱဳ - ေျမႀကီးေရာင္၊ အျဖဴေရာင္ႏွင့္ မီးခိုးေရာင္(ခဲေရာင္) တို႔က သတၱဳဓာတ္အတြက္ အေကာင္းဆုံးအေရာင္မ်ား ျဖစ္ၿပီး အနီေရာင္၊ ခရမ္းေရာင္၊ ပန္းခရမ္းေရာင္၊ အျပာေရာင္ႏွင့္ အမည္းေရာင္တို႔က ေ႐ွာင္႐ွားရမည့္ အေရာင္မ်ား ျဖစ္ၾကသည္။

၅။ ေရ - အျပာေရာင္၊ အမည္းေရာင္၊ အျဖဴေရာင္ႏွင့္ မီးခိုးေရာင္(ခဲေရာင္) တို႔က ေရဓာတ္အတြက္ အေကာင္းဆုံးအေရာင္မ်ား ျဖစ္ၿပီး ေျမႀကီးေရာင္၊ အစိမ္းေရာင္၊ အနီေရာင္၊ ခရမ္းေရာင္ႏွင့္ ပန္းခရမ္းေရာင္တို႔က ေ႐ွာင္႐ွားရမည့္ အေရာင္မ်ား ျဖစ္ၾကသည္။

(မွတ္ခ်က္ - ဤတြင္ အထူးသိ႐ွိရန္ လိုအပ္သည္မွာ ေ႐ွာင္႐ွားရမည့္အေရာင္မ်ားဟု ေရးသားထားသည့္အတိုင္း အဓိပၸါယ္ကို တရားေသေကာက္၍ လုံးဝအ႐ွင္း မျဖစ္မေနေ႐ွာင္႐ွားရမည္ဟု ဆိုလိုျခင္းမဟုတ္ပါ။ ယင္းအေရာင္အား အသုံးျပဳမႈ မမ်ားျပားေစရန္သာ ျဖစ္သည္။ ေဖာ္ျပပါစာရင္းတြင္ မပါဝင္ေသာ အေရာင္ျဖစ္ပါက အဓိပၸါယ္မွာ ၎အေရာင္သည္ သင့္စြမ္းအင္အတြက္ ေကာင္းျခင္းဆိုးျခင္းမ႐ွိ ၾကားေနျဖစ္သည္ဟု ဆိုလိုျခင္း ျဖစ္သည္။)

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

အျခား အိမ္ၿခံေျမ ဖုန္းေရႊ ေဆာင္းပါးမ်ား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)