ဆန်ဖရန်စစ္စကို (သို့) သင်္ဘောရာပေါင်းများစွာအပေါ်တွင် တည်ဆောက်ထားသည့်မြို့ကြီး

ဆန်ဖရန်စစ္စကို (သို့) သင်္ဘောရာပေါင်းများစွာအပေါ်တွင် တည်ဆောက်ထားသည့်မြို့ကြီး - Property News in Myanmar from iMyanmarHouse.com
18 May 2022 11:53 am တွင် တင်ခဲ့သည်
1735 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့၏ တစ်ကမ္ဘာလုံးတွင် ဈေးအကြီးဆုံးအိမ်ခြံမြေတို့၏အောက်တွင် ရာပေါင်းများစွာသော ရှေးခေတ်သစ်သားသင်္ဘောကြီးများ ရှိနေသည်။

၁၉၉၄ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်သားတို့သည် ဆန်ဖရန်စစ္စကို၏ ဘဏ္ဍာရေးရပ်ကွက်တစ်ခုတွင် မြေအောက် ရထားဥမင်လမ်းဖောက်လုပ်ကြရာ၌ တစုံတခုကို တူးမိသွားသည်။

ယင်းကား လွန်စွာကြီးမားလှသော သင်္ဘောကြီးတစ်စင်းဖြစ်ပြီး “ရောမ”ဟု အမည်ပေးထားသည်ကို တွေ့ရသည်။

သင်္ဘောမှာ ဧရာမ ကြီးမားလှသည့်သင်္ဘောကြီးဖြစ်ရာ ဆောက်လုပ်ရေးလုပ်သားတို့မှာ သင်္ဘောဝမ်းကို ဖောက်၍ ဥမင်လမ်း တည်ဆောက်ရတော့သည်။

ယနေ့တွင်ကား J, K, L, M, N, နှင့် T ခရီးစဉ်ရထားများမှာ သင်္ဘောဝမ်းဗိုက်ကို ဖြတ်သန်း၍ နေ့စဉ်သွားလာလျက် ရှိနေပြီ ဖြစ်သည်။

လွန်စွာကြီးမားလှသော သင်္ဘောကြီးတစ်စင်း မြို့တော်၏ မြေအောက်တွင် အဘယ်ကြောင့် နစ်မြှုပ်နေသနည်း။ မည်သို့ မည်ပုံထိုနေရာ ရောက်နေသနည်း။

ထိုအကြောင်းရပ်များကို နားလည်နိုင်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ နီးပါးသို့ ပြန်လည်သွားရောက်ရန် လိုအပ်မည် ဖြစ်ပါသည်။

(ဆန်ဖရန်စစ္စကိုမှ သင်္ဘောကြီးများ၏ ဇာစ်မြစ်)

၁၈၄၈ ခုနှစ်တွင် အမေရိက၌ ရွှေတူးခြင်းများ ခေတ်စားခဲ့ချိန်က ချမ်းသာလိုသည့် အိပ်မက်များ ကျောပိုးကာ လူထောင်ပေါင်းများစွာ ကယ်လီဖိုးနီးယားသို့ အလုံးအရင်း ရွက်လွှင့်ကာ လာခဲ့ကြသည်။

ကယ်လီဖိုးနီးယားသို့ လာခဲ့ကြသည့် သင်္ဘောများသည် ရွှေတူးရန် အလာခရီးအတွက်သာ ရည်ရွယ်ခဲ့ကြခြင်းဖြစ်၏။

များစွာသော သင်္ဘောတို့မှာ မည်သည့်အခါမျှ ပင်လယ်သို့ ပြန်လည်ရွက်လွှင့်ခြင်း မရှိတော့ချေ။

သို့ဖြစ်ရာ ဆန်ဖရန်စစ္စကို ပင်လယ်ကွေ့တစ်လျှောက်တွင် သင်္ဘောပေါင်းများစွာ ဆွေးမြည့်ပျက်စီးသည်အထိ ရှိနေကြတော့ကာ သင်္ဘောသားများမှာမူ ရွှေ၏ ဖမ်းစားခြင်းခံထားရပြီ ဖြစ်သည်။

ရွှေတူးခေတ် အထွတ်အထိပ်ကာလများက ဆန်ဖရန်စစ္စကို ဆိပ်ကမ်းတွင် စွန့်ပစ်ထားသည့် သင်္ဘောပေါင်း ၅၀၀ ခန့်ရှိခဲ့ရာ ရေလမ်းပိတ်ဆို့နေပြီး ပင်လယ်သို့ထွက်ရန် မလွယ်ကူခဲ့ချေ။

နောက်ပိုင်းတွင် ဆန်ဖရန်စစ္စကိုမြို့ကြီးမှာ လူနေထူထပ်လာပြီး မြို့ချဲ့ထွင်ရန် လိုအပ်လာသည်။ သို့သော် မြေနေရာများမှာ ကုန်နေပြီဖြစ်ရာ နိုင်ငံရေးသမားတို့က အလွန်ကောင်းသည့် အဖြေတစ်ခု ဖော်ထုတ်ခဲ့သည်။

ရေထဲတွင် တိုးချဲ့ဆောက်လုပ်ရန် ဖြစ်၏။

သို့ဖြင့် မြို့အုပ်ချုပ်ရေးအဖွဲ့က ရေပြင်ကို အကွက်များပိုင်းကာ ရောင်းချခဲ့သည်။ ဝယ်ယူသူအနေဖြင့် မိမိဝယ်ယူထားသောနေရာကို လူတို့အခြေချရာနေရာအဖြစ် ပြောင်းလဲရမည်ဟူသော စည်းကမ်းဖြင့် ရောင်းချခြင်းဖြစ်သည်။

ဝယ်ယူသူတို့က ရှေးခေတ်သင်္ဘောကြီးများကို ဟိုတယ်များ၊ အရက်ဘားများအဖြစ် ပြောင်းလဲခဲ့ကာ ဆန်ဖရန်စစ္စကို၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်လာခဲ့သည်။

ထိုစဉ်က ထင်ရှားခဲ့သည်မှာ Niantic အမည်ရှိ သင်္ဘောကြီးဖြစ်သည်။

အဆိုပါသင်္ဘောကြီးကို ၁၈၄၉ ခုနှစ်တွင် သောင်တင်စေခဲ့ပြီး ဂိုဒေါင်အဖြစ်လည်းကောင်း၊ ဟိုတယ်အဖြစ် လည်းကောင်း အသုံးပြုခဲ့သည်။

များစွာကောင်းမွန်သေးသော သင်္ဘောများကိုမူ မြေပေါ်တွင် ဆောက်လုပ်ထားသည့် အဆောက်အအုံများနည်းတူ အမြဲတမ်းအသုံးပြုမည့် အဆောက်အအုံများအသွင် ပြောင်းလဲခဲ့သည်။

(အရာရာကို ပြောင်းလဲစေခဲ့သော ၁၈၅၁ မီးဘေး)

ထိုအခြေအနေမှာ ၁၈၅၁ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော ဆန်ဖရန်စစ္စကို မီးဘေးကြီးမတိုင်မီအထိသာ ဖြစ်သည်။

၁၈၅၁ ခုနှစ်တွင် ဆန်ဖရန်စစ္စကို၌ မီးအကြီးအကျယ်လောင်ကျွမ်းရာ တစ်မြို့လုံးနီးပါး ဝါးမြိုခြင်း ခံလိုက်ရသည်။

သင်္ဘောအများစုမှာ ဆန်ဖရန်စစ္စကို ပင်လယ်ကွေ့အတွင်း နစ်မြှုပ်သွားခဲ့ကြသည်။

မီးဘေးကြီးအပြီး ရက်အတန်ကြာသောအခါ ပင်လယ်ကွေ့မှ အပျက်အစီးများကို အနီးရှိ တောင်ကုန်းများမှ မြေများတူးယူကာ မြေဖို့လိုက်ကြသည်။

မီးဘေးကြောင့် ရောမကဲ့သို့ မပျက်စီးသေးသည့် သင်္ဘောကြီးများမှာ ဆန်ဖရန်စစ္စကို၏ မြေအောက်သို့ ရောက်ခဲ့ကြသည်။

ဆန်ဖရန်စစ္စကို၏ ဘဏ္ဍာရေးရပ်ကွက်တစ်နေရာတွင်ပင်လျှင် သင်္ဘောကြီးပေါင်း ၅၀ မှ ၇၀ ကြား မြေအောက်တွင် ရှိနေသည်ဟု ခန့်မှန်းထားသည်။

မကြာသေးမီက ပြုလုပ်ခဲ့သော သုတေသနတစ်ခုအရ သင်္ဘောပေါင်းများစွာ၏ တည်နေရာအတိအကျကို ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။

ဆန်ဖရန်စစ္စကို၏ မြေအောက် အချို့နေရာများတွင် သင်္ဘောများ အစုလိုက်ရှိနေကြပြီး အချို့နေရာတွင်မူ တစ်စင်းတည်း ရှိနေကြသည်။

တချိန်က ကမ္ဘာ့ပင်လယ်ပြင်များအတွင်း ရွှက်လွှင့်ခဲ့ကြသည့် သင်္ဘောကြီးများမှာ ယနေ့အခါတွင် ဆန်ဖရန်စစ္စကို၏ ကမ္ဘာ့ဈေးအကြီးဆုံးအိမ်ခြံမြေများ၏အောက်တွင် ထာဝရလဲလျောင်းအနားယူခဲ့ကြပြီ ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: San Francisco's Foundation is Built on Old Ships from the Mid-1800s (interestingengineering)

 

 

[Zawgyi]

ဆန္ဖရန္စစၥကို (သို႔) သေဘၤာရာေပါင္းမ်ားစြာအေပၚတြင္ တည္ေဆာက္ထားသည့္ၿမိဳ႔ႀကီး

 

အေမရိကန္ျပည္ေထာင္စု၊ ဆန္ဖရန္စစၥကိုျမိဳ႕၏ တစ္ကမၻာလံုးတြင္ ေစ်းအၾကီးဆံုးအိမ္ျခံေျမတို႔၏ေအာက္တြင္ ရာေပါင္းမ်ားစြာေသာ ေရွးေခတ္သစ္သားသေဘၤာၾကီးမ်ား ရွိေနသည္။

၁၉၉၄ ခုႏွစ္တြင္ ေဆာက္လုပ္ေရးလုပ္သားတို႔သည္ ဆန္ဖရန္စစၥကို၏ ဘ႑ာေရးရပ္ကြက္တစ္ခုတြင္ ေျမေအာက္ ရထားဥမင္လမ္းေဖာက္လုပ္ၾကရာ၌ တစံုတခုကို တူးမိသြားသည္။

ယင္းကား လြန္စြာၾကီးမားလွေသာ သေဘၤာၾကီးတစ္စင္းျဖစ္ျပီး “ေရာမ”ဟု အမည္ေပးထားသည္ကို ေတြ႔ရသည္။

သေဘၤာမွာ ဧရာမ ၾကီးမားလွသည့္သေဘၤာၾကီးျဖစ္ရာ ေဆာက္လုပ္ေရးလုပ္သားတို႔မွာ သေဘၤာဝမ္းကို ေဖာက္၍ ဥမင္လမ္း တည္ေဆာက္ရေတာ့သည္။ ယေန႔တြင္ကား J, K, L, M, N, ႏွင့္ T ခရီးစဥ္ရထားမ်ားမွာ သေဘၤာဝမ္းဗိုက္ကို ျဖတ္သန္း၍ ေန႔စဥ္သြားလာလ်က္ ရွိေနျပီ ျဖစ္သည္။

လြန္စြာၾကီးမားလွေသာ သေဘၤာၾကီးတစ္စင္း ျမိဳ႕ေတာ္၏ ေျမေအာက္တြင္ အဘယ္ေၾကာင့္ နစ္ျမွဳပ္ေနသနည္း။ မည္သို႔ မည္ပံုထိုေနရာ ေရာက္ေနသနည္း။

ထိုအေၾကာင္းရပ္မ်ားကို နားလည္ႏိုင္ရန္အတြက္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၀၀ နီးပါးသို႔ ျပန္လည္သြားေရာက္ရန္ လိုအပ္မည္ ျဖစ္ပါသည္။

(ဆန္ဖရန္စစၥကိုမွ သေဘၤာၾကီးမ်ား၏ ဇာစ္ျမစ္)

၁၈၄၈ ခုႏွစ္တြင္ အေမရိက၌ ေရႊတူးျခင္းမ်ား ေခတ္စားခဲ့ခ်ိန္က ခ်မ္းသာလိုသည့္ အိပ္မက္မ်ား ေက်ာပိုးကာ လူေထာင္ေပါင္းမ်ားစြာ ကယ္လီဖိုးနီးယားသုိ႔ အလံုးအရင္း ရြက္လႊင့္ကာ လာခဲ့ၾကသည္။

ကယ္လီဖိုးနီးယားသို႔ လာခဲ့ၾကသည့္ သေဘၤာမ်ားသည္ ေရႊတူးရန္ အလာခရီးအတြက္သာ ရည္ရြယ္ခဲ့ၾကျခင္းျဖစ္၏။

မ်ားစြာေသာ သေဘၤာတုိ႔မွာ မည္သည့္အခါမွ် ပင္လယ္သို႔ ျပန္လည္ရြက္လႊင့္ျခင္း မရွိေတာ့ေခ်။

သို႔ျဖစ္ရာ ဆန္ဖရန္စစၥကို ပင္လယ္ေကြ႔တစ္ေလွ်ာက္တြင္ သေဘၤာေပါင္းမ်ားစြာ ေဆြးျမည့္ပ်က္စီးသည္အထိ ရွိေနၾကေတာ့ကာ သေဘၤာသားမ်ားမွာမူ ေရႊ၏ ဖမ္းစားျခင္းခံထားရျပီ ျဖစ္သည္။

ေရႊတူးေခတ္ အထြတ္အထိပ္ကာလမ်ားက ဆန္ဖရန္စစၥကို ဆိပ္ကမ္းတြင္ စြန္႔ပစ္ထားသည့္ သေဘၤာေပါင္း ၅၀၀ ခန္႔ရွိခဲ့ရာ ေရလမ္းပိတ္ဆို႔ေနျပီး ပင္လယ္သို႔ထြက္ရန္ မလြယ္ကူခဲ့ေခ်။

ေနာက္ပိုင္းတြင္ ဆန္ဖရန္စစၥကိုျမိဳ႕ၾကီးမွာ လူေနထူထပ္လာျပီး ျမိဳ႕ခ်ဲ႕ထြင္ရန္ လိုအပ္လာသည္။ သို႔ေသာ္ ေျမေနရာမ်ားမွာ ကုန္ေနျပီျဖစ္ရာ ႏိုင္ငံေရးသမားတို႔က အလြန္ေကာင္းသည့္ အေျဖတစ္ခု ေဖာ္ထုတ္ခဲ့သည္။

ေရထဲတြင္ တိုးခ်ဲ႕ေဆာက္လုပ္ရန္ ျဖစ္၏။

သို႔ျဖင့္ ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔က ေရျပင္ကို အကြက္မ်ားပိုင္းကာ ေရာင္းခ်ခဲ့သည္။ ဝယ္ယူသူအေနျဖင့္ မိမိဝယ္ယူထားေသာေနရာကို လူတို႔အေျခခ်ရာေနရာအျဖစ္ ေျပာင္းလဲရမည္ဟူေသာ စည္းကမ္းျဖင့္ ေရာင္းခ်ျခင္းျဖစ္သည္။

ဝယ္ယူသူတို႔က ေရွးေခတ္သေဘၤာၾကီးမ်ားကို ဟိုတယ္မ်ား၊ အရက္ဘားမ်ားအျဖစ္ ေျပာင္းလဲခဲ့ကာ ဆန္ဖရန္စစၥကို၏ အစိတ္အပိုင္းတစ္ရပ္အျဖစ္ ပါဝင္လာခဲ့သည္။

ထုိစဥ္က ထင္ရွားခဲ့သည္မွာ Niantic အမည္ရွိ သေဘၤာၾကီးျဖစ္သည္။

အဆိုပါသေဘၤာၾကီးကို ၁၈၄၉ ခုႏွစ္တြင္ ေသာင္တင္ေစခဲ့ျပီး ဂိုေဒါင္အျဖစ္လည္းေကာင္း၊ ဟိုတယ္အျဖစ္ လည္းေကာင္း အသံုးျပဳခဲ့သည္။

မ်ားစြာေကာင္းမြန္ေသးေသာ သေဘၤာမ်ားကိုမူ ေျမေပၚတြင္ ေဆာက္လုပ္ထားသည့္ အေဆာက္အအံုမ်ားနည္းတူ အျမဲတမ္းအသံုးျပဳမည့္ အေဆာက္အအံုမ်ားအသြင္ ေျပာင္းလဲခဲ့သည္။

(အရာရာကို ေျပာင္းလဲေစခဲ့ေသာ ၁၈၅၁ မီးေဘး)

ထိုအေျခအေနမွာ ၁၈၅၁ ခုႏွစ္တြင္ ေပၚေပါက္ခဲ့ေသာ ဆန္ဖရန္စစၥကို မီးေဘးၾကီးမတိုင္မီအထိသာ ျဖစ္သည္။

၁၈၅၁ ခုႏွစ္တြင္ ဆန္ဖရန္စစၥကို၌ မီးအၾကီးအက်ယ္ေလာင္ကၽြမ္းရာ တစ္ျမိဳ႕လံုးနီးပါး ဝါးျမိဳျခင္း ခံလိုက္ရသည္။

သေဘၤာအမ်ားစုမွာ ဆန္ဖရန္စစၥကို ပင္လယ္ေကြ႔အတြင္း နစ္ျမွဳပ္သြားခဲ့ၾကသည္။

မီးေဘးၾကီးအျပီး ရက္အတန္ၾကာေသာအခါ ပင္လယ္ေကြ႔မွ အပ်က္အစီးမ်ားကို အနီးရွိ ေတာင္ကုန္းမ်ားမွ ေျမမ်ားတူးယူကာ ေျမဖို႔လိုက္ၾကသည္။

မီးေဘးေၾကာင့္ ေရာမကဲ့သို႔ မပ်က္စီးေသးသည့္ သေဘၤာၾကီးမ်ားမွာ ဆန္ဖရန္စစၥကို၏ ေျမေအာက္သို႔ ေရာက္ခဲ့ၾကသည္။

ဆန္ဖရန္စစၥကို၏ ဘ႑ာေရးရပ္ကြက္တစ္ေနရာတြင္ပင္လွ်င္ သေဘၤာၾကီးေပါင္း ၅၀ မွ ၇၀ ၾကား ေျမေအာက္တြင္ ရွိေနသည္ဟု ခန္႔မွန္းထားသည္။

မၾကာေသးမီက ျပဳလုပ္ခဲ့ေသာ သုေတသနတစ္ခုအရ သေဘၤာေပါင္းမ်ားစြာ၏ တည္ေနရာအတိအက်ကို ေဖာ္ထုတ္ႏိုင္ခဲ့ျပီ ျဖစ္သည္။

ဆန္ဖရန္စစၥကို၏ ေျမေအာက္ အခ်ဳိ႕ေနရာမ်ားတြင္ သေဘၤာမ်ား အစုလိုက္ရွိေနၾကျပီး အခ်ဳိ႕ေနရာတြင္မူ တစ္စင္းတည္း ရွိေနၾကသည္။

တခ်ိန္က ကမၻာ့ပင္လယ္ျပင္မ်ားအတြင္း ရႊက္လႊင့္ခဲ့ၾကသည့္ သေဘၤာၾကီးမ်ားမွာ ယေန႔အခါတြင္ ဆန္ဖရန္စစၥကို၏ ကမၻာ့ေစ်းအၾကီးဆံုးအိမ္ျခံေျမမ်ား၏ေအာက္တြင္ ထာဝရလဲေလ်ာင္းအနားယူခဲ့ၾကျပီ ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: San Francisco's Foundation is Built on Old Ships from the Mid-1800s (interestingengineering)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service