ကနဖော့ ဆေးဖက်ဝင်လား

ကနဖော့ ဆေးဖက်ဝင်လား - Property Knowledge in Myanmar from iMyanmarHouse.com
5 Apr 2022 10:18 am တွင် တင်ခဲ့သည်
4247 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

ကနဖော့ ဆိုတာက ကန်စွန်းရွက်လိုပဲ ရေထဲမှာ ပေါက်လေ့ရှိတဲ့ အပင်တစ်မျိုးပါ။ အလေ့ကျပေါက်ပင် တစ်မျိုးပေါ့။ ငယ်ငယ်က ရေမြောင်းထဲမှာ အလေ့ကျပေါက်ရောက်နေတာကို ခူးပြီးတော့တောင် ဆော့ခဲ့ဖူးပါတယ်။ ဒီလို အလေ့ကျပေါက်တဲ့ ကနဖော့ကို ချဉ်ရည်ချက်စားတာ၊ ပြုတ်တို့တာအပြင် ကြော်စား၊ သုပ်စားလို့လည်း ရပါတယ်။

ကြက်သွန်နီ၊ ဆီချက်၊ မြေပဲထောင်း၊ ပုဇွန်ခြောက်မှုန့်တို့၊ သံပုရာရည်၊ ငရုတ်သီးစိမ်းတို့နဲ့ သုပ်ပြီး ရေနွေးကြမ်းပူပူလေးနဲ့ စားရင် အတော်လေး အရသာရှိတဲ့ ကနဖော့က ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ကနဖော့ ဆိုတာ

ကနဖော့ ဆိုတာ ထွေထွေထူးထူး ပြောပြစရာ မလိုဘဲ လူတိုင်း လိုလို သိပြီး ဖြစ်မှာပါ။ အရွက်ရော ရိုးတံပါ စိမ်းနေပြီး အရွက် ချွန်ချွန်လေးနဲ့ အရိုးပွပွလေး ရှိသလို ရိုးတံ နီနီလေးနဲ့လည်း ရှိပါတယ်။

ရေထဲမှာ ပေါက်ရောက်တတ်ကြပြီး အာရှနိုင်ငံ အများစုမှာ ပေါက်ရောက်ကြပြီး အဆိပ်အတောက်ကို ပြေစေတဲ့ အရွက် တစ်မျိုးအဖြစ် ရှေးယခင်ကာလတွေကတည်းက မှတ်ယူအသုံးပြုခဲ့ကြတာပါ။

ကနဖော့မှာပါတဲ့ အာဟာရဓာတ်တွေ

စားလို့ ကောင်းတဲ့ ကနဖော့မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

- ပရိုတင်း

- ဗီတာမင် A

- ဗီတာမင် B1

- ဗီတာမင် B2

- ဗီတာမင် B3

- ဗီတာမင် B5

- ဗီတာမင် B6

- ဗီတာမင် B9

- ဗီတာမင် C

- ကယ်လ်ဆီယမ်

- သံဓာတ်

- မဂ္ဂနီဆီယမ်

- မဂ္ဂနိ့

- ဖော့စဖရိတ်

- ပိုတက်ဆီယမ်

- ဆိုဒီယမ်

- ဇင့်

- beta-carotene

- ဖလေဗာနွိုက်တို့ ပါဝင်နေပါတယ်။

ကနဖော့ ဆေးဖက်ဝင်လား

ချဉ်ရည်ချက်စားတာ၊ ပြုတ်တို့တာအပြင် ကြော်စား၊ သုပ်စားလည်း စားလို့ရတဲ့ ကနဖော့က

ကိုယ်ခံအား ကောင်းစေတယ်

ကနဖော့မှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကို ကောင်းစေပြီး ဖျားနာတာ၊ အအေးမိတာ၊ စိတ်ဖိစီးမှုကြောင့် နေထိုင်မကောင်းဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။ ဗီတာမင် C ပြည့်ဝမှုက ကျန်းမာရေးကို အတော်လေး ထောက်ကူပေးနိုင်ပါတယ်။

ဝိတ်ကျစေနိုင်တယ်

အမျှင်ဓာတ် ပါဝင်တာကြောင့် အဆာခံနိုင်စေပြီး ကယ်လ်လိုရီနဲ့ အဆီဓာတ်ပါဝင်မှု နည်းတာက ကိုယ်အလေးချိန် မတက်အောင် ထိန်းပေးပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

သွေးပေါင်ချိန် ထိန်းညှိပေးတယ်

ပိုတက်ဆီယမ် ပါဝင်မှုက သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တာကြောင့် သွေးတိုးကျစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။

ဆီးရွှင်စေတယ်

ကနဖော့က ဆီးအောင့်တာ ဆီးနည်းတာတွေကို သက်သာစေပြီး ဆီးရွှင်စေနိုင်ပါတယ်။ ဆီးသွားရခက်နေသူတွေ စားပေးလို့ ရပါတယ်။

အဖောအရောင် ကျစေတယ်

ကနဖော့က ဖောတာရောင်တာကို ကျစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

ကျောက်ကပ် ကျန်းမာစေတယ်

ကနဖော့က အဆိပ်ပြေစေသလို ကျောက်ကပ်က အညစ်အကြေးတွေကိုလည်း ထိထိရောက်ရောက် သန့်စင်ပေးနိုင်ပါတယ်။

သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။

ဒရင်ကောက်ပင်မှာ copper နဲ့ သံဓာတ် ပါဝင်နေတာကြောင့် သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပြီး သွေးအားနည်းရောဂါ မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

မျက်လုံး ကျန်းမာစေတယ်

ကနဖော့က ဗီတာမင် A ပါဝင်နေတာကြောင့် အမြင်အာရုံ ကျန်းမာစေပြီး မျက်လုံး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကြက်မျက်သင့်တာ၊ အသက်အရွယ်ကြောင့် အမြင်အာရုံ ထိခိုက်တာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ညောင်းကိုက်တာတွေကို သက်သာစေနိုင်တယ်

ခြေလက်တွေ ကြွက်သားတွေ ညောင်းကိုက်နေတာကို သက်သာစေဖို့အတွက်လည်း ကနဖော့ကို အသုံးပြုပေးလို့ ရပါတယ်။ ပြုတ်ရည်ကို သောက်ပေးလို့ ရသလို တို့စားလို့လည်း ရပါတယ်။

ကဲ …. ငယ်ငယ်က ဆော့ခဲ့တဲ့ ကနဖော့က ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ။

ကနဖော့ပင်က ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုပေမယ့် အစိမ်းမစားသင့်ပါဘူး။

* ကိုယ်ဝန်ဆောင်တွေ

* နို့တိုက်မိခင်တွေ

* ရောဂါအခံရှိသူတွေ

ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]

ကနေဖာ့ ေဆးဖက္ဝင္လား

ကနေဖာ့ ဆိုတာက ကန္စြန္း႐ြက္လိုပဲ ေရထဲမွာ ေပါက္ေလ့႐ွိတဲ့ အပင္တစ္မ်ိဳးပါ။ အေလ့က်ေပါက္ပင္ တစ္မ်ိဳးေပါ့။ ငယ္ငယ္က ေရေျမာင္းထဲမွာ အေလ့က်ေပါက္ေရာက္ေနတာကို ခူးၿပီးေတာ့ေတာင္ ေဆာ့ခဲ့ဖူးပါတယ္။ ဒီလို အေလ့က်ေပါက္တဲ့ ကနေဖာ့ကို ခ်ဥ္ရည္ခ်က္စားတာ၊ ျပဳတ္တို႔တာအျပင္ ေၾကာ္စား၊ သုပ္စားလို႔လည္း ရပါတယ္။

ၾကက္သြန္နီ၊ ဆီခ်က္၊ ေျမပဲေထာင္း၊ ပုဇြန္ေျခာက္မႈန္႔တို႔၊ သံပုရာရည္၊ င႐ုတ္သီးစိမ္းတို႔နဲ႔ သုပ္ၿပီး ေရေႏြးၾကမ္းပူပူေလးနဲ႔ စားရင္ အေတာ္ေလး အရသာ႐ွိတဲ့ ကနေဖာ့က က်န္းမာေရးအတြက္ ဘယ္လို အေထာက္အကူျပဳလဲဆိုတာကို ေဆာင္းပါးေလးထဲမွာ ဖတ္ၾကည့္ေစခ်င္ပါတယ္။

ကနေဖာ့ ဆိုတာ

ကနေဖာ့ ဆိုတာ ေထြေထြထူးထူး ေျပာျပစရာ မလိုဘဲ လူတိုင္း လိုလို သိၿပီး ျဖစ္မွာပါ။ အ႐ြက္ေရာ ႐ိုးတံပါ စိမ္းေနၿပီး အ႐ြက္ ခြၽန္ခြၽန္ေလးနဲ႔ အ႐ိုးပြပြေလး ႐ွိသလို ႐ိုးတံ နီနီေလးနဲ႔လည္း ႐ွိပါတယ္။

ေရထဲမွာ ေပါက္ေရာက္တတ္ၾကၿပီး အာ႐ွႏိုင္ငံ အမ်ားစုမွာ ေပါက္ေရာက္ၾကၿပီး အဆိပ္အေတာက္ကို ေျပေစတဲ့ အ႐ြက္ တစ္မ်ိဳးအျဖစ္ ေ႐ွးယခင္ကာလေတြကတည္းက မွတ္ယူအသုံးျပဳခဲ့ၾကတာပါ။

ကနေဖာ့မွာပါတဲ့ အာဟာရဓာတ္ေတြ

စားလို႔ ေကာင္းတဲ့ ကနေဖာ့မွာ အခုလို အာဟာရဓာတ္ေတြ ပါဝင္ေနပါတယ္။

- ပ႐ိုတင္း

- ဗီတာမင္ A

- ဗီတာမင္ B1

- ဗီတာမင္ B2

- ဗီတာမင္ B3

- ဗီတာမင္ B5

- ဗီတာမင္ B6

- ဗီတာမင္ B9

- ဗီတာမင္ C

- ကယ္လ္ဆီယမ္

- သံဓာတ္

- မဂၢနီဆီယမ္

- မဂၢနိ႔

- ေဖာ့စဖရိတ္

- ပိုတက္ဆီယမ္

- ဆိုဒီယမ္

- ဇင့္

- beta-carotene

- ဖေလဗာႏြိဳက္တို႔ ပါဝင္ေနပါတယ္။

ကနေဖာ့ ေဆးဖက္ဝင္လား

ခ်ဥ္ရည္ခ်က္စားတာ၊ ျပဳတ္တို႔တာအျပင္ ေၾကာ္စား၊ သုပ္စားလည္း စားလို႔ရတဲ့ ကနေဖာ့က

ကိုယ္ခံအား ေကာင္းေစတယ္

ကနေဖာ့မွာ ဗီတာမင္ C ပါဝင္ေနတာေၾကာင့္ ကိုယ္ခံအားကို ေကာင္းေစၿပီး ဖ်ားနာတာ၊ အေအးမိတာ၊ စိတ္ဖိစီးမႈေၾကာင့္ ေနထိုင္မေကာင္းျဖစ္တာေတြကို သက္သာေစႏိုင္ပါတယ္။ ဗီတာမင္ C ျပည့္ဝမႈက က်န္းမာေရးကို အေတာ္ေလး ေထာက္ကူေပးႏိုင္ပါတယ္။

ဝိတ္က်ေစႏိုင္တယ္

အမွ်င္ဓာတ္ ပါဝင္တာေၾကာင့္ အဆာခံႏိုင္ေစၿပီး ကယ္လ္လိုရီနဲ႔ အဆီဓာတ္ပါဝင္မႈ နည္းတာက ကိုယ္အေလးခ်ိန္ မတက္ေအာင္ ထိန္းေပးၿပီး ဝိတ္က်ေစဖို႔ ေထာက္ကူေပးႏိုင္ပါတယ္။

ေသြးေပါင္ခ်ိန္ ထိန္းညႇိေပးတယ္

ပိုတက္ဆီယမ္ ပါဝင္မႈက ေသြးေပါင္ခ်ိန္ကို ထိန္းညႇိေပးႏိုင္တာေၾကာင့္ ေသြးတိုးက်ေစဖို႔ ထိထိေရာက္ေရာက္ ေထာက္ကူေပးႏိုင္ပါတယ္။

ဆီး႐ႊင္ေစတယ္

ကနေဖာ့က ဆီးေအာင့္တာ ဆီးနည္းတာေတြကို သက္သာေစၿပီး ဆီး႐ႊင္ေစႏိုင္ပါတယ္။ ဆီးသြားရခက္ေနသူေတြ စားေပးလို႔ ရပါတယ္။

အေဖာအေရာင္ က်ေစတယ္

ကနေဖာ့က ေဖာတာေရာင္တာကို က်ေစဖို႔လည္း အသုံးျပဳေပးလို႔ ရပါတယ္။

ေက်ာက္ကပ္ က်န္းမာေစတယ္

ကနေဖာ့က အဆိပ္ေျပေစသလို ေက်ာက္ကပ္က အညစ္အေၾကးေတြကိုလည္း ထိထိေရာက္ေရာက္ သန္႔စင္ေပးႏိုင္ပါတယ္။

ေသြးအားနည္းေရာဂါ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္တယ္။

ဒရင္ေကာက္ပင္မွာ copper နဲ႔ သံဓာတ္ ပါဝင္ေနတာေၾကာင့္ ေသြးနီဥဆဲလ္ေတြ ျဖစ္ေပၚေစဖို႔ ေထာက္ကူေပးၿပီး ေသြးအားနည္းေရာဂါ မျဖစ္ေစဖို႔ ေထာက္ကူေပးႏိုင္ပါတယ္။

မ်က္လုံး က်န္းမာေစတယ္

ကနေဖာ့က ဗီတာမင္ A ပါဝင္ေနတာေၾကာင့္ အျမင္အာ႐ုံ က်န္းမာေစၿပီး မ်က္လုံး က်န္းမာေစဖို႔ ေထာက္ကူေပးႏိုင္ပါတယ္။ ၾကက္မ်က္သင့္တာ၊ အသက္အ႐ြယ္ေၾကာင့္ အျမင္အာ႐ုံ ထိခိုက္တာေတြ မျဖစ္ေစဖို႔ ကာကြယ္ေပးပါတယ္။

ေညာင္းကိုက္တာေတြကို သက္သာေစႏိုင္တယ္

ေျခလက္ေတြ ႂကြက္သားေတြ ေညာင္းကိုက္ေနတာကို သက္သာေစဖို႔အတြက္လည္း ကနေဖာ့ကို အသုံးျပဳေပးလို႔ ရပါတယ္။ ျပဳတ္ရည္ကို ေသာက္ေပးလို႔ ရသလို တို႔စားလို႔လည္း ရပါတယ္။

ကဲ …. ငယ္ငယ္က ေဆာ့ခဲ့တဲ့ ကနေဖာ့က က်န္းမာေရးကို အခုလို ေထာက္ကူေပးပါတယ္။

ဘယ္သူေတြ မစားသင့္ဘူးလဲ။

ကနေဖာ့ပင္က က်န္းမာေရးအတြက္ အက်ိဳးမ်ားတယ္ဆိုေပမယ့္ အစိမ္းမစားသင့္ပါဘူး။

* ကိုယ္ဝန္ေဆာင္ေတြ

* ႏို႔တိုက္မိခင္ေတြ

* ေရာဂါအခံ႐ွိသူေတြ

က်န္းမာေရး အေျခအေန တစ္ရပ္ရပ္ေၾကာင့္ ေဆးေသာက္ေနရသူေတြအေနနဲ႔ ဆရာဝန္နဲ႔ ေသခ်ာ တိုင္ပင္ၿပီးမွ စားသင့္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service