ဝန်ကြီးချုပ်မင်းသား မဟေ့ဘာဘူ၏ စံအိမ်
ဝန်ကြီးချုပ်မင်းသား မဟေ့ဘာဘူ၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
1 Apr 2022 10:54 am တွင် တင်ခဲ့သည်
7121 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အိန္ဒိယရုပ်ရှင်သရုပ်ဆောင် မဟေ့ဘာဘူသည် မြန်မာပရိသတ်များအကြား ဝန်ကြီးချုပ်မင်းသားဟု နာမည်ကျော်သည်။ ဝန်ကြီးချုပ်နေရာများတွင် အများဆုံးသရုပ်ဆောင်ရသောကြောင့် ဖြစ်သည်။
အိန္ဒိယတွင်မူ တော်လိဝုဒ်၏ မင်းသား (Prince of Tollywood) ဟု ခေါ်ကြသည်။
အိန္ဒိယတွင် တလဂူဘာသာစကားပြောရုပ်ရှင်ကို တော်လိဝုဒ်ဟု ခေါ်ကြသည်။
မဟေ့ဘာဘူသည် တလဂူရုပ်ရှင်လောကတွင် အသက် ၄ နှစ်သားအရွယ်မှ စတင်သရုပ်ဆောင်ခဲ့ရာ သူ၏ ပရိသတ်ထုနှင့်ထည်နှင့်ရှိသည်။
မဟေ့ဘာဘူသည် အလုပ်နှင့် မိသားစုဘဝအကြား မျှခြေညီအောင် နေထိုင်တတ်သူ ဖြစ်သည်။
မဟေ့ဘာဘူ၏ စံအိမ်မှာ တန်ဖိုးကြီးစံအိမ်ကြီးတစ်လုံးဖြစ်ပြီး အလင်းအားကောင်းသော ဧည့်ခန်း၊ အမဲရောင် အလှဗေဒဖြင့် စာကြည့်ခန်း၊ အိမ်တွင်းရေကူးကန်၊ ခမ်းနားလှပသော ခြံဝန်း အစရှိသဖြင့် ပြောမကုန်နိုင်ဖွယ်ပင်။
(မဟေ့ဘာဘူ၏ စံအိမ်တည်နေရာနှင့် လိပ်စာ)
မဟေ့ဘာဘူ၏ စံအိမ်မှာ ဟိုက်ဒရာဘက်မြို့၏ ဈေးအကြီးဆုံးအရပ်များတွင် တစ်ခုအပါအဝင်ဖြစ်သော ဂျူဗလီကုန်း (Jubilee Hills) တွင် တည်ရှိသည်။ ဂျုဗလီကုန်းသည် နာမည်ကျော် ရုပ်ရှင်ထိပ်တန်းကြယ်ပွင့်များစွာ အခြေချနေထိုင်လျက်ရှိသည့်နေရာတစ်ခု ဖြစ်သည်။
မဟေ့ဘာဘူ၏ စံအိမ်တန်ဖိုးမှာ ရူပီး သန်း ၂၈၀ ဝန်းကျင်ဖြစ်သည်။
မဟေ့ဘာဘူ၏ အိမ်လိပ်စာ- Sri Lakshmi Nilayam, Flat NO. 1, Plot No.60/A, Road No.12, Film Nagar, Hyderabad 500096, Andhra Pradesh, India
(မဟေ့ဘာဘူစံအိမ်-ကလေးများအခန်း)
မဟေ့ဘာဘူသည် ဘောလိဝုဒ်ရုပ်ရှင်မင်းသမီး နမ်ရသ ဆီရိုကာနှင့် လက်ထပ်ခဲ့ကာ အိမ်ထောင်သက် ၁၄ နှစ်ရှိပြီဖြစ်ပြီး သားသမီး ၂ ဦး ထွန်းကားသည်။ ကလေး ၂ ဦး၏ အခန်းမှာ ကွဲပြားသည့်ဒီဇိုင်းများဖြင့် မွမ်းမံထားသည်။
မဟေ့ဘာဘူတို့ စုံတွဲ၏ အင်စတာဂရမ်အကောင့်များတွင် ယခုစံအိမ်၏ ဓာတ်ပုံများဖြင့် ပြည့်နှက်နေသည်။
ဓာတ်ပုံအများစုမှာ ကလေးများ၊ ခွေးများနှင့်အတူ မဟေ့ဘာဘူ အချိန်ဖြုန်းနေသည့် ဓာတ်ပုံများ ဖြစ်ကြသည်။
ကားရိုက်မရှိဘဲ အိမ်တွင်ရှိသည့်အခါတိုင်း ကလေးများကို အိပ်ယာဝင်ပုံပြင်များ ဖတ်ပြလေ့ရှိကြောင်း မဟေ့ဘာဘူက အင်တာဗျူးတစ်ခုတွင် ပြောဖူးသည်။
(ဖော်ပြပါ ဓာတ်ပုံမှာ မဟေ့ဘာဘူ၏ သမီးဖြစ်သူ အခန်းဖြစ်ပြီး ၎င်းတို့ မိသားစုအတူတကွ ရှိနေကြပုံဖြစ်သည်။)
သမီးဖြစ်သူ စီတရာ၏ အခန်းမှာ နှစ်ပိုင်းကန့်ထားသည်။ တစ်ပိုင်းတွင် စာသင်ခုံထားရှိကာ စာသင်ယူပြီး အခြားအခန်းကိုမူ ကစားစရာနေရာအဖြစ် အသုံးပြုထားသည်။
သားဖြစ်သူ ဂေါ်တမ် (Gautam) ၏ အခန်းမှာ သပ်ရပ်သန့်ရှင်းသော အခန်းလေးဖြစ်သည်။
နမ်ရသက သားဖြစ်သူ သူငယ်ချင်းများနှင့် တွေ့ဆုံနေသည့် ဓာတ်ပုံတစ်ပုံကိုလည်း လူမှုကွန်ရက်တွင် မျှဝေခဲ့သည်။
ဂေါ်တမ်၏ အခန်းမှာ လင်းလင်းချင်းချင်းရှိပြီး သစ်ပရိဘောဂများမှာ အခန်း၏ အမှောင်ရောင်ကို ထိန်းညှိပေးထားသည်။
(မဟေ့ဘာဘူစံအိမ် အိမ်တွင်းရေကူးကန်)
ရုပ်ရှင်သရုပ်ဆောင်မဟေ့ဘာဘူ၏ စံအိမ်ကြီးသည် အဆင့်မြင့်ဇိမ်ခံစံအိမ်ကြီးဖြစ်ပြီး ကြီးမားလှသော အိမ်တွင်းရေကူးကန်တစ်ခုလည်း ပါဝင်သည်။
ရေကူးကန်ခန်းမ၏ နံရံတစ်ဖက်တွင် ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသော ပြင်သစ် တံခါးများ၊ ပြတင်းများ တပ်ဆင်ထားရာ ရေကူးနေစဉ်အတွင်း ပြင်ပရှုခင်းကို ကောင်းစွာတွေ့မြင်နိုင်သည်။
တစ်ဖက်နံရံမှာမူ ကြွေပြားတစ်ရောင်တည်းကို အသုံးပြုမွမ်းမံထားရာ ရှိရင်းစွဲထက် ပိုမိုကျယ်ဝန်းဟန် လှည့်စားနိုင်သည်။
(နားနေခန်းနှင့် စာဖတ်နေရာ)
မဟေ့ဘာဘူ၏ ဘန်ဂလိုအိမ်အတွင်း စာကြည့်ခန်းတစ်ခုတည်းတွင်သာ အနက်ရောင်သစ်များကို အသုံးပြုထားခြင်း ဖြစ်သည်။
မဟေ့ဘာဘူက အဆိုပါနေရာတွင် သမီးဖြစ်သူနှင့်အတူ အချိန်ပေးနေထိုင်လေ့ရှိသည်။
မဟေ့ဘာဘူနှင့် ဇနီးဖြစ်သူ နမ်ရသတို့သည် စာအလွန်ဖတ်သူများဖြစ်ရာ သူတို့၏ ကလေးငယ်များတွင်လည်း စာဖတ်သည့်အလေ့ ကူးစက်သွားခြင်း ဖြစ်သည်။
စာဖတ်ခန်းအတွင်း အဆင့်မြင့်နည်းပညာသုံး ကော်ဖီဖျော်စက်တစ်လုံးလည်းရှိရာ ရှည်လျားသည့် ရုပ်ရှင်ဇာတ်ညွှန်းများ ဖတ်ရှုရချိန်မျိုးတွင် အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။
အမှောင်ရောင် အသုံးပြုထားသော စာဖတ်ခန်းအတွင်း မဟေ့ဘာဘူ၏ မိသားစုဓာတ်ပုံများ တွေ့ရသည်။
(မဟေ့ဘာဘူ၏ ဘုရားခန်း)
ဖော်ပြပါ ဓာတ်ပုံမှာ ဂါနိရှ် ရှသူဒီ (Ganesh Chaturthi) ဘာသာရေးအခမ်းအနားတွင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
စံအိမ်၏ ဘုရားခန်းမှာ အခန်းကျဉ်းကလေးသာဖြစ်သော်လည်း အလွန်အရေးကြီးသည့် နေရာတစ်ခု ဖြစ်သည်။
ဘုရားဝတ်ပြုခန်းတွင် မဟေ့ဘာဘူတို့မိသားစုကိုးကွယ်သော ဘုရားတို့၏ ဓာတ်ပုံများ၊ ဆင်းတုများ အများအပြား တွေ့ရသည်။
(ကျယ်ဝန်းသော လသာဆောင်)
ဧည့်ခန်းမှတဆင့် လသာဆောင်ကို စီးမိုးတွေ့မြင်နေရသည်။
လသာဆောင်မှတဆင့် တစ်မြို့လုံးကို ရှုမြင်ခံစားနိုင်သည်။
လသာဆောင်သည် နံနက်ခင်းဆည်းဆာ၊ ညခင်းဆည်းဆာနှင့် ဟိုက်ဒရာဘက်မြို့ကြီး၏ မုတ်သုန်ဥတုတို့ကို ခံစားရန် အကောင်းဆုံးနေရာလည်း ဖြစ်သည်။
မဟေ့ဘာဘူက လသာဆောင်တွင် ကလေးများနှင့် ခွေးများ ဆော့ကစားနိုင်ရန် ကျယ်ကျယ်ဝန်းဝန်းဖြစ်စေရေး ရည်ရွယ်ကာ ပရိဘောဂအသေးစားသာ ထားရှိထားသည်။
(မဟေ့ဘာဘူ၏ ခြံဝန်းအတွင်း)
မဟေ့ဘာဘူ၏ ခြံဝန်းအတွင်း ပန်းမာန်များ၊ မြက်ခင်းများတွေ့ရပြီး ပန်းအိုးများမှာ အနက်ရောင်ဖြစ်ရာ စံအိမ်တစ်ခုလုံး၏ အရောင်အခင်းအကျင်းနှင့် သဟဇာတဖြစ်စေသည်။
ဆင်ဝင်နေရာတွင် သက်တောင့်သက်သာရှိစေမည့် ထိုင်ရန်နေရာများ ပြုလုပ်ထားရာ မိသားစုအတူ အေးအေးလူလူနားနေနိုင်မည့် နေရာဖြစ်သည်။
အဆိုပါနေရာရှိ ပရိဘောဂများမှာ အခြေခံအရောင်များကိုသာ အသုံးပြုထားသည်။ နေဝင်၊ နေထွက်ဆည်းဆာတို့က ဆင်ဝင်နေရာကို အရောင်များ ထပ်မံဖြည့်တင်းပေးသည်။
မဟေ့ဘာဘူ၏ စံအိမ်ရှေ့သို့ ၎င်းအားတွေ့မြင်လိုကြသော ပရိသတ်များ လာရောက်လေ့ရှိကြသည်။
(ရှာဖွေပါ)
မဟေ့ဘာဘူ၏ စံအိမ်ကဲ့သို့ လှပသည့်စံအိမ်မျိုး ဝယ်ယူလိုပါက iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရှာဖွေနိုင်ပါသည်။ သင်၏ အကြိုက်နှင့် ထပ်တူကျသော စံအိမ်တစ်လုံးတွေ့ရှိမည်ဟု အသေအချာ ပြောနိုင် ပါသည်။ ထို့အပြင် သင်အလိုရှိသော နေအိမ်ပုံသဏ္ဍာန်မျိုးကို iMyanmarHouse.com ဝက်ဘ်ဆိုက် အတွင်း ဝင်ရောက်ကာ ဝယ်ယူလိုကြောင်း ကြော်ငြာတင်ထားနိုင်ပါသည်။
အောက်ပါလင့်ခ်ကို နှိပ်ကာ ကြော်ငြာတင်နိုင်ပါသည်။
(https://www.imyanmarhouse.com/wanted-listings-post )
ကြော်ငြာတင်ခမှာ “အခမဲ့” ဖြစ်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Mahesh Babu’s House – A Perfect Balance Between Luxury and Comfort ( nobroker )
[Zawgyi]
(မဟေ့ဘာဘူ၏ ဘုရားခန်း)
(ကျယ်ဝန်းသော လသာဆောင်)
(ရှာဖွေပါ)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...
[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
Magical World
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service