အသောကရုပ်ရှင်၏ခေါင်းဆောင်မင်းသမီး ကရီနာ ကပူးနေထိုင်သည့် ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီး

အသောကရုပ်ရှင်၏ခေါင်းဆောင်မင်းသမီး ကရီနာ ကပူးနေထိုင်သည့် ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
10 Mar 2022 10:33 am တွင် တင်ခဲ့သည်
2775 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အသောကဘုရင် ရုပ်ရှင်ဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူ ကရီနာ ကပူးနှင့် ခင်ပွန်းဖြစ်သူ ရုပ်ရှင်မင်းသား ဆာယစ် အလီ ခန်းတို့ ဘောလိဝုဒ်ကြယ်ပွင့်စုံတွဲ အဓိကနေထိုင်သည်မှာ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့တွင် ဖြစ်သည်။

ကရီနာ ကပူးသည် ဘောလိဝုဒ်ရုပ်ရှင်မိသားစု အသိုင်းအဝိုင်းမှဖြစ်ပြီး ဆာယစ်မှာမူ ပတ်တော်ဒီ (Pataudi) မြို့၏ ဒသမမြောက် မြို့စားကြီး ဖြစ်သည်။

ပတ်တော်ဒီ နန်းတော်သည် ဆာယစ် အလီခန်း၏ တော်ဝင်မျိုးရိုးစဉ်ဆက် အမွေဆက်ခံရရှိသည့် စံအိမ်တော်ဖြစ်ပြီး အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟာယာနပြည်နယ်၊ ဂူရ်ဂေါင်း ခရိုင်၊ ပတ်တော်ဒီမြို့တွင် တည်ရှိသည်။

ဆာယစ် အလီခန်းနှင့် ကရီနာ ကပူးတို့ စုံတွဲသည် အဆိုပါ နန်းတော်သို့ မကြာခဏ အလည်အပတ် သွားရောက်ကာ အပန်းဖြေလေ့ရှိသည်။

ဆာယစ်-ကရီနာတို့စုံတွဲ အဓိကနေထိုင်သည်မှာ မွန်ဘိုင်းမြို့၊ ဘန်ဒရာအရပ်ရှိ Fortune Heights ဟု အမည်ရသော တန်ဖိုးကြီး လူနေအိမ်ယာတွင် ဖြစ်သည်။

၄ ထပ်အဆောက်အအုံဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း ဆာယစ်တို့စုံတွဲ ဝယ်ယူခဲ့စဉ်က ရူပီး သန်း ၄၈၀ ပေးခဲ့ရသည်။

အခန်းအကျယ်အဝန်းမှာ စတုရန်းပေ ၃၀၀၀ ကျော်ရှိသည်။

ဆာယစ်- ကရီနာ စုံတွဲသည် အဆိုပါအခန်းအပြင် အခြားဒေသများတွင်လည်း ဘန်ဂလို ၁၀ လုံးခန့် ပိုင်ဆိုင်ထားသေးသည်။

(ပတ်တော်ဒီ နန်းတော်၏ တန်ကြေး)

ဆာယစ် အလီခန်း၏ ပတ်တော်ဒီနန်းတော်သည် ရူပီး သန်း ၈၀၀၀ ခန့်အထိ တန်ကြေးရှိသည်ဟု ဆိုကြသည်။

(ပတ်တော်ဒီ နန်းတော်၏ အတွင်းပိုင်းမြင်ကွင်း)

ပတ်တော်ဒီ နန်းတော်တွင် အခန်းပေါင်း ၁၅၀ ပါဝင်သည်။

ဖခင်ဖြစ်သူ မန်ဆော် အလီ ခန်း ပတ်တော်ဒီ ကွယ်လွန်ပြီးနောက်ပိုင်း ဆာယစ် အလီ ခန်းက အမွေဆက်ခံရရှိခဲ့ခြင်းဖြစ်သည်။ ဆာယစ် အလီခန်း၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၁၅၀ ခန့်ရှိသည်ဟု ခန့်မှန်းရသည်။

အီဘရာဟင် ကိုသီဟုလည်း ခေါ်ဆိုကြသော ပတ်တော်ဒီနန်းတော်၏ ခြံအကျယ်အဝန်းမှာ ၁၀ ဧကကျော်ရှိပြီး နန်းတော်အတွင်း အိပ်ခန်း ၇ ခန်း၊ အဝတ်လဲခန်း ၇ ခန်း၊ ဘိလိယက်ခန်း ၇ ခန်း၊ ဧည့်ခန်းနှင့် ညစာစားခန်းများ ပါဝင်သည်။

ပတ်တော်ဒီနန်းတော်ကို ဗိသုကာပညာရှင် ရောဘတ် တော် ရပ်ဆဲလ်က သြစထရီးယား ဗိသုကာပညာရှင် ကားလ် မော့ဇ် ဗွန် ဟိန့်ဇ်၏ အကူအညီဖြင့် ၁၉၀၀ ပြည့်နှစ်တွင် ဒီဇိုင်းရေးဆွဲဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ပတ်တော်ဒီနန်းတော်ကြီးတွင် ရုပ်ရှင်ကား များစွာရိုက်ကူးခဲ့ဖူးရာ Veer Zaara, Mangal Pandey ဇာတ်ကားများ၊ ဂျူလီယာရောဘတ်၏ Eat Pray Love အစရှိသော ဇာတ်ကားများအပြင် အခြားသော ရုပ်ရှင်ဇာတ်ကားများစွာလည်း ရိုက်ကူးခဲ့ဖူးသည်။

(ဆာယစ် အလီခန်းနှင့် ကရီနာ ကပူးတို့၏ ဆွစ်ဇာလန်မှ စံအိမ်)

ဆာယစ်အလီခန်းနှင့် ကရီနာ ကပူးတို့ စုံတွဲသည် ဆွစ်ဇာလန်မှ နှင်းဖုံးအပန်းဖြေမြို့ကလေးဖြစ်သော Gstaad တွင် တောင်ပေါ်စံအိမ်တစ်လုံး ပိုင်ဆိုင်ထားသည်ဟူသော သတင်းများရှိသည်။

အဆိုပါစံအိမ်၏ ခန့်မှန်းတန်ကြေးမှာ ရူပီးငွေ သန်း ၃၃၀ ခန့် ဖြစ်သည်။

(နောက်ဆုံးရ သတင်း)

ကရီနာ ကပူးနှင့် ဆာယစ် အလီခန်းတို့သည် မွန်ဘိုင်းမှ သူတို့၏ နေအိမ်ဟောင်းကို အငှားချထားသည်ဟု ဆိုသည်။

Fortune Heights မှ နေအိမ်ကို တစ်လလျှင် ရူပီး ၃ ဒသမ ၅ သိန်းဖြင့် Guilty by Association Media LLP ကုမ္ပဏီထံ ၃ နှစ်အငှားချထားသည်ဟု သိရသည်။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside Pataudi Palace and Saif Ali Khan’s royal house in Mumbai (housing)

 

[Zawgyi]

အေသာကရုပ္ရွင္၏ေခါင္းေဆာင္မင္းသမီး ကရီနာ ကပူးေနထိုင္သည့္ ႀကီးက်ယ္ခမ္းနားလွေသာ စံအိမ္ၾကီး

အေသာကဘုရင္ ရုပ္ရွင္ဇာတ္ကားတြင္ ေခါင္းေဆာင္မင္းသမီးအျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့သူ ကရီနာ ကပူးႏွင့္ ခင္ပြန္းျဖစ္သူ ရုပ္ရွင္မင္းသား ဆာယစ္ အလီ ခန္းတို႔ ေဘာလိဝုဒ္ၾကယ္ပြင့္စံုတြဲ အဓိကေနထိုင္သည္မွာ အိႏိၵယႏိုင္ငံ၊ မြမ္ဘိုင္းျမိဳ႕တြင္ ျဖစ္သည္။

ကရီနာ ကပူးသည္ ေဘာလိဝုဒ္ရုပ္ရွင္မိသားစု အသိုင္းအဝုိင္းမွျဖစ္ျပီး ဆာယစ္မွာမူ ပတ္ေတာ္ဒီ (Pataudi) ျမိဳ႕၏ ဒသမေျမာက္ ျမိဳ႕စားၾကီး ျဖစ္သည္။

ပတ္ေတာ္ဒီ နန္းေတာ္သည္ ဆာယစ္ အလီခန္း၏ ေတာ္ဝင္မ်ဳိးရိုးစဥ္ဆက္ အေမြဆက္ခံရရွိသည့္ စံအိမ္ေတာ္ျဖစ္ျပီး အိႏိၵယႏိုင္ငံေျမာက္ပိုင္း ဟာယာနျပည္နယ္၊ ဂူရ္ေဂါင္း ခရိုင္၊ ပတ္ေတာ္ဒီျမိဳ႕တြင္ တည္ရွိသည္။

ဆာယစ္ အလီခန္းႏွင့္ ကရီနာ ကပူးတို႔ စံုတြဲသည္ အဆိုပါ နန္းေတာ္သို႔ မၾကာခဏ အလည္အပတ္ သြားေရာက္ကာ အပန္းေျဖေလ့ရွိသည္။

ဆာယစ္-ကရီနာတို႔စံုတြဲ အဓိကေနထုိင္သည္မွာ မြန္ဘိုင္းျမိဳ႕၊ ဘန္ဒရာအရပ္ရွိ Fortune Heights ဟု အမည္ရေသာ တန္ဖိုးၾကီး လူေနအိမ္ယာတြင္ ျဖစ္သည္။

၄ ထပ္အေဆာက္အအံုျဖစ္ျပီး ၂၀၁၃ ခုႏွစ္အတြင္း ဆာယစ္တို႔စံုတြဲ ဝယ္ယူခဲ့စဥ္က ရူပီး သန္း ၄၈၀ ေပးခဲ့ရသည္။

အခန္းအက်ယ္အဝန္းမွာ စတုရန္းေပ ၃၀၀၀ ေက်ာ္ရွိသည္။

ဆာယစ္- ကရီနာ စံုတြဲသည္ အဆိုပါအခန္းအျပင္ အျခားေဒသမ်ားတြင္လည္း ဘန္ဂလို ၁၀ လံုးခန္႔ ပိုင္ဆိုင္ထားေသးသည္။

(ပတ္ေတာ္ဒီ နန္းေတာ္၏ တန္ေၾကး)

ဆာယစ္ အလီခန္း၏ ပတ္ေတာ္ဒီနန္းေတာ္သည္ ရူပီး သန္း ၈၀၀၀ ခန္႔အထိ တန္ေၾကးရွိသည္ဟု ဆိုၾကသည္။

(ပတ္ေတာ္ဒီ နန္းေတာ္၏ အတြင္းပိုင္းျမင္ကြင္း)

ပတ္ေတာ္ဒီ နန္းေတာ္တြင္ အခန္းေပါင္း ၁၅၀ ပါဝင္သည္။

ဖခင္ျဖစ္သူ မန္ေဆာ္ အလီ ခန္း ပတ္ေတာ္ဒီ ကြယ္လြန္ျပီးေနာက္ပိုင္း ဆာယစ္ အလီ ခန္းက အေမြဆက္ခံရရွိခဲ့ျခင္းျဖစ္သည္။ ဆာယစ္ အလီခန္း၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ သန္း ၁၅၀ ခန္႔ရွိသည္ဟု ခန္႔မွန္းရသည္။

အီဘရာဟင္ ကိုသီဟုလည္း ေခၚဆိုၾကေသာ ပတ္ေတာ္ဒီနန္းေတာ္၏ ျခံအက်ယ္အဝန္းမွာ ၁၀ ဧကေက်ာ္ရွိျပီး နန္းေတာ္အတြင္း အိပ္ခန္း ၇ ခန္း၊ အဝတ္လဲခန္း ၇ ခန္း၊ ဘိလိယက္ခန္း ၇ ခန္း၊ ဧည့္ခန္းႏွင့္ ညစာစားခန္းမ်ား ပါဝင္သည္။

ပတ္ေတာ္ဒီနန္းေတာ္ကို ဗိသုကာပညာရွင္ ေရာဘတ္ ေတာ္ ရပ္ဆဲလ္က ၾသစထရီးယား ဗိသုကာပညာရွင္ ကားလ္ ေမာ့ဇ္ ဗြန္ ဟိန္႔ဇ္၏ အကူအညီျဖင့္ ၁၉၀၀ ျပည့္ႏွစ္တြင္ ဒီဇိုင္းေရးဆြဲေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

ပတ္ေတာ္ဒီနန္းေတာ္ၾကီးတြင္ ရုပ္ရွင္ကား မ်ားစြာရိုက္ကူးခဲ့ဖူးရာ Veer Zaara, Mangal Pandey ဇာတ္ကားမ်ား၊ ဂ်ဴလီယာေရာဘတ္၏ Eat Pray Love အစရွိေသာ ဇာတ္ကားမ်ားအျပင္ အျခားေသာ ရုပ္ရွင္ဇာတ္ကားမ်ားစြာလည္း ရိုက္ကူးခဲ့ဖူးသည္။

(ဆာယစ္ အလီခန္းႏွင့္ ကရီနာ ကပူးတို႔၏ ဆြစ္ဇာလန္မွ စံအိမ္)

ဆာယစ္အလီခန္းႏွင့္ ကရီနာ ကပူးတို႔ စံုတြဲသည္ ဆြစ္ဇာလန္မွ ႏွင္းဖံုးအပန္းေျဖျမိဳ႕ကေလးျဖစ္ေသာ Gstaad တြင္ ေတာင္ေပၚစံအိမ္တစ္လံုး ပိုင္ဆိုင္ထားသည္ဟူေသာ သတင္းမ်ားရွိသည္။

အဆိုပါစံအိမ္၏ ခန္႔မွန္းတန္ေၾကးမွာ ရူပီးေငြ သန္း ၃၃၀ ခန္႔ ျဖစ္သည္။

(ေနာက္ဆံုးရ သတင္း)

ကရီနာ ကပူးႏွင့္ ဆာယစ္ အလီခန္းတို႔သည္ မြန္ဘိုင္းမွ သူတုိ႔၏ ေနအိမ္ေဟာင္းကို အငွားခ်ထားသည္ဟု ဆိုသည္။

Fortune Heights မွ ေနအိမ္ကို တစ္လလွ်င္ ရူပီး ၃ ဒသမ ၅ သိန္းျဖင့္ Guilty by Association Media LLP ကုမၸဏီထံ ၃ ႏွစ္အငွားခ်ထားသည္ဟု သိရသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside Pataudi Palace and Saif Ali Khan’s royal house in Mumbai (housing)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service