ပရီးမီးယားလိဂ်ဘောလုံးသမားနေအိမ်များ ဖောက်ထွင်းခံရများလာသဖြင့် အထူးတပ်ဖွဲ့စစ်သည်ဟောင်းများ ငှားရမ်းထားရ

ပရီးမီးယားလိဂ်ဘောလုံးသမားနေအိမ်များ ဖောက်ထွင်းခံရများလာသဖြင့် အထူးတပ်ဖွဲ့စစ်သည်ဟောင်းများ ငှားရမ်းထားရ - Property News in Myanmar from iMyanmarHouse.com
24 Feb 2022 10:36 am တွင် တင်ခဲ့သည်
1025 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်အနောက်မြောက်ပိုင်းအခြေစိုက် ပရီးမီးယားလိဂ်မှ ဘောလုံးသမားများသည် နေအိမ်ဖောက်ထွင်း ခိုးယူခံရမှုများ များပြားလာနေသောကြောင့် သူခိုးများ၏ရန်မှ ကာကွယ်ရန်အတွက် အထူးတပ်ဖွဲ့ SAS မှ စစ်သည်ဟောင်းများကို ငှားရမ်းလာရကြောင်း Mirror တွင် ဖော်ပြသည်။

အင်္ဂလန်အနောက်မြောက်ပိုင်းမှ ရာဇဝတ်ဂိုဏ်းများ၏ နောက်ဆုံးသားကောင်ဖြစ်ခဲ့ရသူမှာ မန်ချက်စတာ ယူနိုက်တက်မှ နောက်ခံလူ ဗစ်တာ လင်ဒဲလော့ဖ်ဖြစ်သည်။

လင်ဒဲလော့ဖ်သည် မန်ယူနှင့် ဘရန့်ဖို့ဒ်ပွဲစဉ်ကစားနေချိန် မန်ချက်စတာမြို့ရှိ သူ၏နေအိမ်ဖောက်ထွင်း ခံခဲ့ရသည်။

နေအိမ်ဖောက်ထွင်းခံရချိန်တွင် လင်ဒဲလော့ဖ်၏ ဇနီးနှင့် ကလေးငယ် ၂ ဦး နေအိမ်တွင်းတွင် ရှိနေခဲ့သည်။

လွန်ခဲ့သော ဒီဇင်ဘာလကလည်း မန်ချက်စတာစီးတီးအသင်းမှ နောက်ခံလူ Joao Cancelo ၏ အိမ်သို့ သူခိုးများ ဝင်လာခဲ့ပြီး လက်ဝတ်ရတနာများခိုးယူသည့်အပြင် Cancelo ကိုလည်း မိသားစုရှေ့တွင် ထိုးနှက်တိုက်ခိုက်မှုများပြုလုပ်ပြီးနောက် ထွက်ပြေးသွားခဲ့ကြသည်။

ထိုသို့ဖြစ်ရပ်များ မကြာခဏဖြစ်လာသောကြောင့် ထိုဒေသအတွင်းရှိ ပရီးမီးယားလိဂ်ကစားသမားများမှာ ၎င်းတို့၏ လုံခြုံရေးကို မြှင့်တင်လာကြရသည်။

ပရီးမီးယားလိဂ်ကစားသမားများ၏ လုံခြုံရေးအတွက် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများ ပါဝင်လာရသည်။ အဆိုပါကုမ္ပဏီအများစုသည် မိသားစုနေအိမ်များကို အကာအကွယ်ပေးရန်အတွက် SAS အထူးတပ်သားဟောင်းများကို အသုံးပြုကြသည်။

ယခုနောက်ပိုင်းတွင် အထက်ပါဖြစ်ရပ်များ အလွန်ဆိုးရွားလာသောကြောင့် အင်္ဂလန်အနောက်မြောက်ပိုင်းမှ ဘောလုံးကလပ်များသည် ရာဇဝတ်ကောင်များကို တိုက်ဖျက်ရေးအတွက် အကောင်းဆုံးနည်းလမ်းများ မျှဝေဆွေးနွေးကြမည့် အဖွဲ့တစ်ခု ဖွဲ့စည်းခဲ့ကြသည်။

အထူးလေ့ကျင့်ပေးထားသော ခွေးများ ဝယ်ယူမွေးမြူခြင်း၊ ကစားသမားများ နေအိမ်တွင် မရှိချိန်အတွင်း အထူးတပ်ဖွဲ့စစ်သည်ဟောင်းများက ခိုးမှုဖြစ်ပွားရာဒေသဝန်းကျင်တွင် ကင်းလှည့်ခြင်း၊ နေအိမ်အတွင်း အစောင့်ချထားခြင်းများ ပြုလုပ်လာကြရသည်။

မန်ချက်စတာမှ ကလပ် ၂ ခုလုံးက မကြာသေးမီကာလအတွင်း ကြီးထွားလာသည့် အဆိုပါပြဿနာကို ၎င်းတို့၏ ကစားသမားများအား ပြောကြားထားပြီးဖြစ်သကဲ့သို့ အဲဗာတန်၊ လီဗာပူနှင့် ဘန်လေအသင်းတို့ ကလည်း ယခုပြဿနာကို ဆွေးနွေးလျက်ရှိနေသည်။

အချို့ကလပ်များမှာမူ များစွာရတက်မအေးဖြစ်လာကြသောကြောင့် ၎င်းတို့၏ ကစားသမားများ အဝေးကွင်းကန်မည့် အစီအစဉ်အား သတင်းမီဒီယာများသို့ သတင်းထုတ်ပြန်မှု ရပ်ဆိုင်းလိုက်ကြသည်။ မကြာသေးမီက နေအိမ်ဖောက်ထွင်းခံရသူတို့၏ ဖြစ်ရပ်ကို သုံးသပ်လျှင် အဆိုပါခြေလှမ်းကို နားလည်နိုင်ဖွယ်ရာ ရှိပါသည်။

သူခိုးများနေအိမ်အတွင်း ဝင်ရောက်လာချိန်တွင် လင်ဒဲလော့ဖ်၏ ဇနီး မာဂျာမှာ ၃ နှစ်အရွယ် သားကလေး တက်ဒ် လူဝီ၊ ကလေးငယ် ဖရန်စစ်တို့နှင့်အတူ နေအိမ်အတွင်းရှိနေခဲ့သည်။

“ကျွန်မက အိမ်မှာ ကလေးတွေနဲ့ပဲ ရှိနေတာ။ ဒါပေမယ့် သူတို့တွေ အိမ်ထဲကို မရောက်ခင်မှာ အခန်းတစ်ခုထဲ ဝင်ပုန်းပြီး လော့ချထားနိုင်ခဲ့ပါတယ်။ အားလုံးတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ကျွန်မတို့ ၂ ဦးလုံးနဲ့ ကလေးတွေအတွက်တော့ ခြောက်ခြားစရာ အခိုက်အတန့်ပါ။ အခုကတော့ ကျွန်မတို့ ဆွီဒင်မှာ မိသားစုနဲ့ ခဏလာပြီး အပန်းဖြေနေပါတယ်” ဟု မာဂျာက အင်စတာဂရမ်တွင် ရှင်းပြသည်။

လွန်ခဲ့သော ဒီဇင်ဘာလအတွင်း မန်စီးတီး ခံစစ်မှူး Cancelo သည် နေအိမ်အတွင်း ဝင်ရောက်လာသည့် သူခိုး ၄ ဦးကို ခုခံတိုက်ခိုက်ခဲ့စဉ် မျက်နှာတွင် ဒဏ်ရာများရရှိခဲ့သည်။

“ဒီနေ့ ကံမကောင်းစွာပဲ သူခိုး ၄ ဦးရဲ့ တိုက်ခိုက်တာ ခံခဲ့ရပါတယ်။ သူတို့က ကျွန်တော့်ကို ထိခိုက်နာကျင်စေတဲ့အပြင် မိသားစုကိုပါ ရန်ရှာဖို့ ကြိုးစားကြပါတယ်”ဟု Cancelo က လူမှုကွန်ရက်တွင် ရေးသားဖော်ပြသည်။

ပြီးခဲ့သောနှစ်အတွင်း အဲဗာတန်ဂိုးသမား Robin Olsen ၏ နေအိမ်ကိုလည်း သူခိုးများက ဝင်ရောက်ခဲ့ဖူးသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Premier League stars hiring former SAS soldiers to protect family homes against burglars (mirror)

 

 

[Zawgyi]

ပရီးမီးယားလိဂ္ေဘာလံုးသမားေနအိမ္မ်ား ေဖာက္ထြင္းခံရမ်ားလာသျဖင့္ အထူးတပ္ဖြဲ႔စစ္သည္ေဟာင္းမ်ား ငွားရမ္းထားရ

အဂၤလန္အေနာက္ေျမာက္ပိုင္းအေျခစိုက္ ပရီးမီးယားလိဂ္မွ ေဘာလံုးသမားမ်ားသည္ ေနအိမ္ေဖာက္ထြင္း ခိုးယူခံရမႈမ်ား မ်ားျပားလာေနေသာေၾကာင့္ သူခိုးမ်ား၏ရန္မွ ကာကြယ္ရန္အတြက္ အထူးတပ္ဖြဲ႔ SAS မွ စစ္သည္ေဟာင္းမ်ားကို ငွားရမ္းလာရေၾကာင္း Mirror တြင္ ေဖာ္ျပသည္။

အဂၤလန္အေနာက္ေျမာက္ပိုင္းမွ ရာဇဝတ္ဂိုဏ္းမ်ား၏ ေနာက္ဆံုးသားေကာင္ျဖစ္ခဲ့ရသူမွာ မန္ခ်က္စတာ ယူႏိုက္တက္မွ ေနာက္ခံလူ ဗစ္တာ လင္ဒဲေလာ့ဖ္ျဖစ္သည္။

လင္ဒဲေလာ့ဖ္သည္ မန္ယူႏွင့္ ဘရန္႔ဖို႔ဒ္ပြဲစဥ္ကစားေနခ်ိန္ မန္ခ်က္စတာျမိဳ႕ရွိ သူ၏ေနအိမ္ေဖာက္ထြင္း ခံခဲ့ရသည္။

ေနအိမ္ေဖာက္ထြင္းခံရခ်ိန္တြင္ လင္ဒဲေလာ့ဖ္၏ ဇနီးႏွင့္ ကေလးငယ္ ၂ ဦး ေနအိမ္တြင္းတြင္ ရွိေနခဲ့သည္။

လြန္ခဲ့ေသာ ဒီဇင္ဘာလကလည္း မန္ခ်က္စတာစီးတီးအသင္းမွ ေနာက္ခံလူ Joao Cancelo ၏ အိမ္သို႔ သူခိုးမ်ား ဝင္လာခဲ့ျပီး လက္ဝတ္ရတနာမ်ားခိုးယူသည့္အျပင္ Cancelo ကိုလည္း မိသားစုေရွ႕တြင္ ထိုးႏွက္တိုက္ခိုက္မႈမ်ားျပဳလုပ္ျပီးေနာက္ ထြက္ေျပးသြားခဲ့ၾကသည္။

ထိုသို႔ျဖစ္ရပ္မ်ား မၾကာခဏျဖစ္လာေသာေၾကာင့္ ထိုေဒသအတြင္းရွိ ပရီးမီးယားလိဂ္ကစားသမားမ်ားမွာ ၎တို႔၏ လံုျခံဳေရးကို ျမွင့္တင္လာၾကရသည္။

ပရီးမီးယားလိဂ္ကစားသမားမ်ား၏ လုံျခံဳေရးအတြက္ ပုဂၢလိက လံုျခံဳေရးကုမၸဏီမ်ား ပါဝင္လာရသည္။ အဆိုပါကုမၸဏီအမ်ားစုသည္ မိသားစုေနအိမ္မ်ားကို အကာအကြယ္ေပးရန္အတြက္ SAS အထူးတပ္သားေဟာင္းမ်ားကို အသံုးျပဳၾကသည္။

ယခုေနာက္ပိုင္းတြင္ အထက္ပါျဖစ္ရပ္မ်ား အလြန္ဆုိးရြားလာေသာေၾကာင့္ အဂၤလန္အေနာက္ေျမာက္ပိုင္းမွ ေဘာလံုးကလပ္မ်ားသည္ ရာဇဝတ္ေကာင္မ်ားကို တိုက္ဖ်က္ေရးအတြက္ အေကာင္းဆံုးနည္းလမ္းမ်ား မွ်ေဝေဆြးေႏြးၾကမည့္ အဖြဲ႔တစ္ခု ဖြဲ႔စည္းခဲ့ၾကသည္။

အထူးေလ့က်င့္ေပးထားေသာ ေခြးမ်ား ဝယ္ယူေမြးျမဴျခင္း၊ ကစားသမားမ်ား ေနအိမ္တြင္ မရွိခ်ိန္အတြင္း အထူးတပ္ဖြဲ႔စစ္သည္ေဟာင္းမ်ားက ခိုးမႈျဖစ္ပြားရာေဒသဝန္းက်င္တြင္ ကင္းလွည့္ျခင္း၊ ေနအိမ္အတြင္း အေစာင့္ခ်ထားျခင္းမ်ား ျပဳလုပ္လာၾကရသည္။

မန္ခ်က္စတာမွ ကလပ္ ၂ ခုလံုးက မၾကာေသးမီကာလအတြင္း ၾကီးထြားလာသည့္ အဆိုပါျပႆနာကို ၎တို႔၏ ကစားသမားမ်ားအား ေျပာၾကားထားျပီးျဖစ္သကဲ့သို႔ အဲဗာတန္၊ လီဗာပူႏွင့္ ဘန္ေလအသင္းတို႔ ကလည္း ယခုျပႆနာကို ေဆြးေႏြးလ်က္ရွိေနသည္။

အခ်ဳိ႕ကလပ္မ်ားမွာမူ မ်ားစြာရတက္မေအးျဖစ္လာၾကေသာေၾကာင့္ ၎တို႔၏ ကစားသမားမ်ား အေဝးကြင္းကန္မည့္ အစီအစဥ္အား သတင္းမီဒီယာမ်ားသို႔ သတင္းထုတ္ျပန္မႈ ရပ္ဆိုင္းလိုက္ၾကသည္။ မၾကာေသးမီက ေနအိမ္ေဖာက္ထြင္းခံရသူတို႔၏ ျဖစ္ရပ္ကို သံုးသပ္လွ်င္ အဆိုပါေျခလွမ္းကို နားလည္ႏိုင္ဖြယ္ရာ ရွိပါသည္။

သူခိုးမ်ားေနအိမ္အတြင္း ဝင္ေရာက္လာခ်ိန္တြင္ လင္ဒဲေလာ့ဖ္၏ ဇနီး မာဂ်ာမွာ ၃ ႏွစ္အရြယ္ သားကေလး တက္ဒ္ လူဝီ၊ ကေလးငယ္ ဖရန္စစ္တုိ႔ႏွင့္အတူ ေနအိမ္အတြင္းရွိေနခဲ့သည္။

“ကၽြန္မက အိမ္မွာ ကေလးေတြနဲ႔ပဲ ရွိေနတာ။ ဒါေပမယ့္ သူတို႔ေတြ အိမ္ထဲကို မေရာက္ခင္မွာ အခန္းတစ္ခုထဲ ဝင္ပုန္းျပီး ေလာ့ခ်ထားႏိုင္ခဲ့ပါတယ္။ အားလံုးေတာ့ အဆင္ေျပပါတယ္။ ဒါေပမယ့္ ကၽြန္မတို႔ ၂ ဦးလံုးနဲ႔ ကေလးေတြအတြက္ေတာ့ ေျခာက္ျခားစရာ အခိုက္အတန္႔ပါ။ အခုကေတာ့ ကၽြန္မတို႔ ဆြီဒင္မွာ မိသားစုနဲ႔ ခဏလာျပီး အပန္းေျဖေနပါတယ္” ဟု မာဂ်ာက အင္စတာဂရမ္တြင္ ရွင္းျပသည္။

လြန္ခဲ့ေသာ ဒီဇင္ဘာလအတြင္း မန္စီးတီး ခံစစ္မွဴး Cancelo သည္ ေနအိမ္အတြင္း ဝင္ေရာက္လာသည့္ သူခိုး ၄ ဦးကို ခုခံတိုက္ခိုက္ခဲ့စဥ္ မ်က္ႏွာတြင္ ဒဏ္ရာမ်ားရရွိခဲ့သည္။

“ဒီေန႔ ကံမေကာင္းစြာပဲ သူခိုး ၄ ဦးရဲ႕ တိုက္ခိုက္တာ ခံခဲ့ရပါတယ္။ သူတုိ႔က ကၽြန္ေတာ့္ကို ထိခိုက္နာက်င္ေစတဲ့အျပင္ မိသားစုကိုပါ ရန္ရွာဖို႔ ၾကိဳးစားၾကပါတယ္”ဟု Cancelo က လူမႈကြန္ရက္တြင္ ေရးသားေဖာ္ျပသည္။

ျပီးခဲ့ေသာႏွစ္အတြင္း အဲဗာတန္ဂိုးသမား Robin Olsen ၏ ေနအိမ္ကိုလည္း သူခိုးမ်ားက ဝင္ေရာက္ခဲ့ဖူးသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Premier League stars hiring former SAS soldiers to protect family homes against burglars (mirror)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service