မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် - Property Knowledge in Myanmar from iMyanmarHouse.com
19 Jan 2022 2:46 pm တွင် တင်ခဲ့သည်
502 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ-၄အရ ဗဟိုကော်မတီသည် နိုင်ငံတော်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အောက်ပါလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပြုနိုင်သည်ဟု ဖော်ပြထားပါသည်။

(က) စိုက်ပျိုးရေးလုပ်ငန်း၊

(ခ) မွေးမြူရေးလုပ်ငန်း၊

(ဂ) ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်း၊

(ဃ) အစိုးရကခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့်အခြားလုပ်ငန်းများဖြစ်သည်။

လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူက လိုက်နာရမည့်စည်းကမ်းချက်များ

၎င်းဥပဒေပုဒ်မ-၁၆အရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့် အသုံးပြုခွင့်ရရှိသူသည်-

(က) ခွင့်ပြုထားသည့်လုပ်ငန်းအမျိုးအစားနှင့် ၎င်းနှင့်ဆက်နွယ်လျှက်ရှိသော စီးပွားရေးလုပ်ငန်းကိုသာ လုပ်ကိုင်ရမည်။

(ခ) လုပ်ကိုင်ခွင့်ရမြေကို စတင်ခွင့်ပြုသည့်နေ့မှစ၍ လေးနှစ်အတွင်း သတ်မှတ်ချက်အတိုင်း လုပ်ငန်း ပြီးစီး သည်အထိဖော်ထုတ်လုပ်ကိုင်ရမည်။သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊ တည်ငြိမ်အေးချမ်းမှု မရှိသော အခြားအခြေအနေကြောင့်သော် လည်းကောင်း၊ ကုန်လွန်သွားသည့် အချိန်အတွက် သတ်မှတ်ကာလ ကို ဗဟိုကော်မတီမှ ပြန်လည်ပြင်ဆင် သတ်မှတ်ပေးနိုင်သည်။

(ဂ) ခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရရှိပဲ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ရောင်းချခြင်း၊ အငှားချထားခြင်း၊ အခြားနည်းဖြင့် လွှဲပြောင်းခြင်း (သို့) ခွဲစိတ်ခြင်း မပြုရ။

(ဃ) မိမိလုပ်ကိုင်ခွင့်ရရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအတွက် မြေခွန်ကို အပြေအကျေ ပေးဆောင်ရမည်။

(င) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်နှင့် စပ်လျဉ်း၍ ဗဟိုကော်မတီက သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာရမည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ား လုပ္ပိုင္ခြင့္၊ အသုံးျပဳခြင့္

ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ား စီမံခန္႔ခြဲေရး ဥပေဒပုဒ္မ-၄အရ ဗဟိုေကာ္မတီသည္ ႏိုင္ငံေတာ္အတြင္းရွိ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားကို ေအာက္ပါလုပ္ငန္းမ်ားအတြက္ လုပ္ပိုင္ခြင့္၊ အသုံးျပဳခြင့္ ျပဳႏိုင္သည္ဟု ေဖာ္ျပထားပါသည္။

(က) စိုက္ပ်ိဳးေရးလုပ္ငန္း၊

(ခ) ေမြးျမဴေရးလုပ္ငန္း၊

(ဂ) ဓာတ္သတၱဳထုတ္လုပ္ျခင္းလုပ္ငန္း၊

(ဃ) အစိုးရကခြင့္ျပဳထားေသာ ဥပေဒႏွင့္ ညီၫြတ္သည့္အျခားလုပ္ငန္းမ်ားျဖစ္သည္။

လုပ္ပိုင္ခြင့္၊ အသုံးျပဳခြင့္ရရွိသူက လိုက္နာရမည့္စည္းကမ္းခ်က္မ်ား

၎ဥပေဒပုဒ္မ-၁၆အရ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ား လုပ္ကိုင္ခြင့္ အသုံးျပဳခြင့္ရရွိသူသည္-

(က) ခြင့္ျပဳထားသည့္လုပ္ငန္းအမ်ိဳးအစားႏွင့္ ၎ႏွင့္ဆက္ႏြယ္လွ်က္ရွိေသာ စီးပြားေရးလုပ္ငန္းကိုသာ လုပ္ကိုင္ရမည္။

(ခ) လုပ္ကိုင္ခြင့္ရေျမကို စတင္ခြင့္ျပဳသည့္ေန႔မွစ၍ ေလးႏွစ္အတြင္း သတ္မွတ္ခ်က္အတိုင္း လုပ္ငန္း ၿပီးစီး သည္အထိေဖာ္ထုတ္လုပ္ကိုင္ရမည္။သဘာဝေဘးအႏၲရာယ္ေၾကာင့္ေသာ္လည္းေကာင္း၊ တည္ၿငိမ္ေအးခ်မ္းမႈ မရွိေသာ အျခားအေျခအေနေၾကာင့္ေသာ္ လည္းေကာင္း၊ ကုန္လြန္သြားသည့္ အခ်ိန္အတြက္ သတ္မွတ္ကာလ ကို ဗဟိုေကာ္မတီမွ ျပန္လည္ျပင္ဆင္ သတ္မွတ္ေပးႏိုင္သည္။

(ဂ) ခြင့္ျပဳထားသည့္ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားကို ျပည္ေထာင္စုအစိုးရအဖြဲ႕၏ ခြင့္ျပဳခ်က္မရရွိပဲ ေပါင္ႏွံျခင္း၊ ေပးကမ္းျခင္း၊ ေရာင္းခ်ျခင္း၊ အငွားခ်ထားျခင္း၊ အျခားနည္းျဖင့္ လႊဲေျပာင္းျခင္း (သို႔) ခြဲစိတ္ျခင္း မျပဳရ။

(ဃ) မိမိလုပ္ကိုင္ခြင့္ရရွိသည့္ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားအတြက္ ေျမခြန္ကို အေျပအေက် ေပးေဆာင္ရမည္။

(င) ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားလုပ္ပိုင္ခြင့္၊ အသုံးျပဳခြင့္ႏွင့္ စပ္လ်ဥ္း၍ ဗဟိုေကာ္မတီက သတ္မွတ္ထားေသာ စည္းကမ္းခ်က္မ်ားကို လိုက္နာရမည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
bkk-projects
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service