ကလေးတွေအတွက် ဆပ်ပြာပူဖောင်း အန္တရာယ်

ကလေးတွေအတွက် ဆပ်ပြာပူဖောင်း အန္တရာယ် - Property Knowledge in Myanmar from iMyanmarHouse.com
26 May 2021 4:34 pm တွင် တင်ခဲ့သည်
1794 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ဆပ်ပြာဆိုတာ ကိုယ်ခန္ဓာ၊ အိမ်ထောင်ပရိဘောဂ ဒါမှမဟုတ် ညစ်ပေနေတဲ့ အရာတွေကို သန့်ရှင်းစေဖို့ အသုံးပြုတဲ့ ပစ္စည်းတစ်ခုပါ။ အရည်ပုံစံ၊ အခဲပုံစံနဲ့ တစ်ခါတလေ သင်းပျံ့တဲ့အနံ့ပါပြီး ရေ၊ ရေမြှုပ်အပိုင်းတွေနဲ့ ပွတ်တိုက်တဲ့အခါ အမြှုပ်အများကြီးကို ဖြစ်စေပါတယ်။

ဆပ်ပြာပူစီဖောင်းလေးတွေနဲ့ ဆော့ရတာ ဘယ်သူမကြိုက်ဘူးလဲ။

အဓိက ကလေး၊ ဆယ်ကျော်သက်တွေနဲ့ တချို့ အရွယ်ရောက်ပြီးသားသူတွေ သဘောကျကြပါတယ်။ နွေပိတ်ရက် အိမ်နောက်ဖက် ကွင်းပြင် ဒါမှမဟုတ် ကမ်းခြေမှာ ကလေးတွေခေါ်ပြီး ကောင်းကင်ဆီ ပူစီဖောင်းတွေ မှုတ်၊ သူတို့လေးတွေကို လိုက်ဖောက်ခိုင်း၊ အဲ့လို ကစားရရင် ပျော်စရာ မကောင်းဘူးလား။ နောက်တစ်မျိုးပြောရရင် ရေချိုးခန်းမှာ ကလေးတွေကို ဆော့ရင်း ဆပ်ပြာတိုက်ပေးရင်းနဲ့ ခန္ဓာကိုယ်ကို ဘယ်လို စနစ်တကျ တိုက်ချွတ်ရလဲ သင်ကြားပေးလို့ရပါတယ်။ အဝတ်လျှော်စက်မသုံးပဲ ဒီအတိုင်း လက်နဲ့ အဝတ်လျှော်ရင်း သင့်ကလေးတွေနဲ့ အချိန်များများ အတူရှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လေထဲက ပူဖောင်းလေးတွေနဲ့ ဆော့ရတာ အမြဲပျော်ဖို့ကောင်းတယ်လေ။

ဆပ်ပြာနဲ့ အမြှုပ်နဲ့က ခွဲလို့ လုံးဝ မဖြစ်တဲ့ အရာတွေပါ။ ဒါပေမယ့် အဲ့ ဆပ်ပြာနဲ့ အမြှုပ်တွေက အထူးသဖြင့် ကလေးတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တာ သိပါသလား။ ပူစီဖောင်းတွေဆိုတာ ပန်းကန်ဆေးဆပ်ပြာနဲ့ တကယ့်ကို ပါးလွှာတဲ့ရေတို့ကနေ ဖြစ်လာတာပါ။ ထုံးစံအရဆိုရင် ဆပ်ပြာပူဖောင်းတွေမှာ parabens ၊ phosphates ၊ sodium lauryl sulfates နဲ့ chlorine စတဲ့ ဓာတုဗေဒပစ္စည်းတွေ ပါဝင်ပါတယ်။ ဒါတွေအကုန်လုံးက အန္တရာယ် ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေပါ။ ဒီဓာတုပစ္စည်းတွေအားလုံးက တစ်ခါလောက် ထိုးသွင်းမိ၊ ရှူသွင်းမိတာနဲ့ ဝမ်းလျှောခြင်း၊ အန်ခြင်း၊ လည်ချောင်းတွင်း ပူလောင်ခြင်း၊ ပျို့ခြင်း စတာတွေကို ဖြစ်စေတတ်ပါတယ်။

သင့်ကလေးတွေ ဆပ်ပြာပူဖောင်းတွေနဲ့ ဆော့နေရင် ဆပ်ပြာ အဆိပ်မတက်အောင် ကြည့်ရှုပါ။ ရောဂါလက္ခဏာတွေနဲ့ ပြုစုကုသမှုတွေကို အောက်မှာ ဖော်ပြထားပါတယ်။

၁။ ဆပ်ပြာပူဖောင်းတွေကို သင့်မျက်လုံးနဲ့ မထိပါစေနဲ့။ အဲ့ဒီ ဓာတုပစ္စည်းတွေက သင့်မျက်လုံးကို လောင်စေနိုင်ပြီး အမြင်အာရုံ ဆုံးရှုံးစေနိုင်ပါတယ်။

၂။ သင့်ကလေးတွေမှာ သူတို့ အရေပြားနဲ့ မတည့်တဲ့ ဓာတုပစ္စည်း တစ်ခုခု ရှိမရှိ စစ်ဆေးပါ။

၃။ အမွှေးနံ့ အရမ်းပြင်းလို့ ရူမိရင် အသက်ရှူရခက်ပြီး သင့်လည်ချောင်းကို ရောင်ရမ်းစေနိုင်ပါတယ်။ ဒါက အသက်အန္တရာယ်ရှိစေတာမို့ အပြင်းထန်ဆုံး ခြိမ်းခြောက်မှု တစ်ခု ဖြစ်ပါတယ်။ လေသန့်သွားဖို့ ပြတင်းတံခါးတွေ ဖွင့်လိုက်ပါ။

၄။ အရွယ်အစား အရောင်အသွေး အမျိုးမျိုးနဲ့ ဆပ်ပြာခဲတွေက ကလေးတွေအတွက် မျက်စိကျစရာဖြစ်နေပြီး စားမိတာ၊ မျိုချမိတာတွေ ဖြစ်တတ်ပါတယ်။ အရသာရှိသလို မြင်ရထင်ရတဲ့ ဆပ်ပြာပူဖောင်းတွေလည်း ကလေးတွေကို ဆွဲဆောင်နိုင်ပါတယ်။ ဆပ်ပြာခဲတွေကို ကလေးတွေနဲ့ ဝေးရာမှာထားပြီး မဖိတ်စင်နိုင်တဲ့ အဖုံးနဲ့ ဆပ်ပြာပုလင်းတွေကို သုံးကြည့်ပါ။ ဒီနည်းနဲ့ ကလေးတွေကို ဆပ်ပြာထုတ်ကုန်တွေ မမျိုချမိအောင် ကာကွယ်နိုင်ပါတယ်။ မျိုချမိတာနဲ့ သင့်အစာရေမျိုပြွန်ထဲမှာ လောင်ပြီး ဆက်တိုက် အန်စေနိုင်ပါတယ်။ တချို့ဖြစ်ရပ်တွေမှာ ဝမ်းဗိုက်အောင့်ပြီး သွေးပါ အန်စေပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါ လက္ခဏာတွေက အထဲရောက်နေတဲ့ အရာပေါ်မူတည်ပါတယ်။

၅။ ပိုပြင်းထန်တဲ့ အခြေအနေမှာ သွေးဖိအား၊ အပူချိန်၊ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်း တွေကို စစ်ပါ။ ခံစားနေတဲ့သူရဲ့ အခြေအနေက ချက်ချင်း ရပ်ပြီး သတိလစ်သွားနိုင်ပါတယ်။

၆။ အောက်ဆီဂျင်၊ အကိုက်အခဲ ပျောက်ဆေး၊ အသက်ရှူတဲ့ ပြွန်၊ လောင်တဲ့ အရေပြားတွေကို ဖယ်ရှားခြင်း၊ အရေပြားကို ဆက်တိုက် ဆေးကြောခြင်း၊ bronchoscopy ၊ endoscopy (လည်ချောင်းထဲ ကင်မရာထည့်ပြီး အဆုတ်နဲ့ အစာရေမျိုပြွန်ထဲ လောင်တာတွေကို စစ်ဆေးခြင်း) စတဲ့ အထူးကုသမှုတွေ လိုအပ်ရင် ချက်ချင်းခံယူပါ။

ဒါ့ပြင် အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို ကိုယ်တိုက်ဆပ်ပြာတွေမှတင် မဟုတ်ပဲ အဝတ်လျှော်ဆပ်ပြာနဲ့ ပရိဘောဂသန့်စင်ဆေးတွေလို သန့်ရှင်းရေးပစ္စည်းတွေမှပါ တွေ့နိုင်ပါတယ်။

ဆပ်ပြာအဆိပ်သင့်တာကို ကာကွယ်ဖို့ ဘာတွေလုပ်သင့်လဲ။

· ပတ်ဝန်းကျင်နဲ့ သင့်တော်မယ့် ဆပ်ပြာနဲ့ သန့်ရှင်းရေးပစ္စည်းတွေကို ဝယ်ပါ။ ပြင်းပြတဲ့ ဓာတုအငွေ့တွေက သင်အသက်ရှူတာကို ထိခိုက်စေတတ်ပါတယ်။

· သန့်ရှင်းရေးပစ္စည်းနဲ့ အစားအသောက်တွေကို တစ်အိတ်ထဲ ရောမထည့်ပါနဲ့။

· ညစ်ညမ်းတဲ့ အနံ့တွေကို ကာကွယ်ဖို့ ဆပ်ပြာနဲ့ သန့်ရှင်းရေးပစ္စည်းတွေကို အစားအသောက်တွေနဲ့ ဝေးပြီး မတူတဲ့ ဘီဒို အံဆွဲတွေမှာ သိမ်းဆည်းပါ။

· ဆပ်ပြာ၊ ကြေးချွတ်ဆေးနဲ့ တခြားသန့်ရှင်းရေး ပစ္စည်းတွေကို ကလေးတွေ မမီနိုင်တဲ့ နေရာမှာ သော့ခတ်ထားပါ။ ကလေးတွေအတွက် ပုံစံ၊ အနံ့နဲ့ အရောင် ထူးထူးခြားခြားတွေက ဆွဲဆောင်မှု ရှိနေပါတယ်။

· ကလေး အထူးသဖြင့် လမ်းလျှောက်တတ်ကာစ အရွယ်လေးတွေရှိတဲ့ မိသားစုတွေအတွက် အရည်မဟုတ်တဲ့ ဆပ်ပြာ သို့မဟုတ် သန့်ရှင်းရေးပစ္စည်းတွေကို သုံးဖို့ အကြံပေးပါတယ်။

တကယ်လို့ ဘူးအလွတ်တွေ၊ အမှိုက်တွေ လွှင့်ပစ်မယ်ဆိုရင် သေချာဆေးပီးမှ လွှင့်ပစ်ပါ။

ဆပ်ပြာအဆိပ်သင့်ခြင်းကြောင့်ဖြစ်တဲ့ ထိခိုက်မှုက မျိုချမိ၊ ရှူမိတဲ့ ဓာတုပစ္စည်း ပမာဏအပေါ် မူတည်ပါတယ်။ သင့်ကိုယ်နဲ့ အိမ်ထောင်ပရိဘောဂတွေကို သန့်စင်ဖို့ သုံးတဲ့ ဓာတုပစ္စည်းတွေကို သတိထားပါ။ အဆိပ်ထိန်းပစ္စည်းတွေ ဒါမှမဟုတ် သင့်ကို ကူညီနိုင်မယ့် တစ်ယောက်ယောက်ကို ချက်ချင်း ရှာပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ကေလးေတြအတြက္ ဆပ္ျပာပူေဖာင္း အႏၲရာယ္

ဆပ္ျပာဆိုတာ ကိုယ္ခႏၶာ၊ အိမ္ေထာင္ပရိေဘာဂ ဒါမွမဟုတ္ ညစ္ေပေနတဲ့ အရာေတြကို သန္႔႐ွင္းေစဖို႔ အသုံးျပဳတဲ့ ပစၥည္းတစ္ခုပါ။ အရည္ပုံစံ၊ အခဲပုံစံနဲ႔ တစ္ခါတေလ သင္းပ်ံ႕တဲ့အနံ႔ပါၿပီး ေရ၊ ေရျမႇဳပ္အပိုင္းေတြနဲ႔ ပြတ္တိုက္တဲ့အခါ အျမႇဳပ္အမ်ားႀကီးကို ျဖစ္ေစပါတယ္။

ဆပ္ျပာပူစီေဖာင္းေလးေတြနဲ႔ ေဆာ့ရတာ ဘယ္သူမႀကိဳက္ဘူးလဲ။

အဓိက ကေလး၊ ဆယ္ေက်ာ္သက္ေတြနဲ႔ တခ်ိဳ႕ အ႐ြယ္ေရာက္ၿပီးသားသူေတြ သေဘာက်ၾကပါတယ္။ ေႏြပိတ္ရက္ အိမ္ေနာက္ဖက္ ကြင္းျပင္ ဒါမွမဟုတ္ ကမ္းေျခမွာ ကေလးေတြေခၚၿပီး ေကာင္းကင္ဆီ ပူစီေဖာင္းေတြ မႈတ္၊ သူတို႔ေလးေတြကို လိုက္ေဖာက္ခိုင္း၊ အဲ့လို ကစားရရင္ ေပ်ာ္စရာ မေကာင္းဘူးလား။ ေနာက္တစ္မ်ိဳးေျပာရရင္ ေရခ်ိဳးခန္းမွာ ကေလးေတြကို ေဆာ့ရင္း ဆပ္ျပာတိုက္ေပးရင္းနဲ႔ ခႏၶာကိုယ္ကို ဘယ္လို စနစ္တက် တိုက္ခြၽတ္ရလဲ သင္ၾကားေပးလို႔ရပါတယ္။ အဝတ္ေလွ်ာ္စက္မသုံးပဲ ဒီအတိုင္း လက္နဲ႔ အဝတ္ေလွ်ာ္ရင္း သင့္ကေလးေတြနဲ႔ အခ်ိန္မ်ားမ်ား အတူ႐ွိတာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ေလထဲက ပူေဖာင္းေလးေတြနဲ႔ ေဆာ့ရတာ အၿမဲေပ်ာ္ဖို႔ေကာင္းတယ္ေလ။

ဆပ္ျပာနဲ႔ အျမႇဳပ္နဲ႔က ခြဲလို႔ လုံးဝ မျဖစ္တဲ့ အရာေတြပါ။ ဒါေပမယ့္ အဲ့ ဆပ္ျပာနဲ႔ အျမႇဳပ္ေတြက အထူးသျဖင့္ ကေလးေတြအတြက္ အႏၲရာယ္ျဖစ္ေစႏိုင္တာ သိပါသလား။ ပူစီေဖာင္းေတြဆိုတာ ပန္းကန္ေဆးဆပ္ျပာနဲ႔ တကယ့္ကို ပါးလႊာတဲ့ေရတို႔ကေန ျဖစ္လာတာပါ။ ထုံးစံအရဆိုရင္ ဆပ္ျပာပူေဖာင္းေတြမွာ parabens ၊ phosphates ၊ sodium lauryl sulfates နဲ႔ chlorine စတဲ့ ဓာတုေဗဒပစၥည္းေတြ ပါဝင္ပါတယ္။ ဒါေတြအကုန္လုံးက အႏၲရာယ္ ျဖစ္ေစႏိုင္တဲ့ ဓာတုပစၥည္းေတြပါ။ ဒီဓာတုပစၥည္းေတြအားလုံးက တစ္ခါေလာက္ ထိုးသြင္းမိ၊ ႐ွဴသြင္းမိတာနဲ႔ ဝမ္းေလွ်ာျခင္း၊ အန္ျခင္း၊ လည္ေခ်ာင္းတြင္း ပူေလာင္ျခင္း၊ ပ်ိဳ႕ျခင္း စတာေတြကို ျဖစ္ေစတတ္ပါတယ္။

သင့္ကေလးေတြ ဆပ္ျပာပူေဖာင္းေတြနဲ႔ ေဆာ့ေနရင္ ဆပ္ျပာ အဆိပ္မတက္ေအာင္ ၾကည့္႐ႈပါ။ ေရာဂါလကၡဏာေတြနဲ႔ ျပဳစုကုသမႈေတြကို ေအာက္မွာ ေဖာ္ျပထားပါတယ္။

၁။ ဆပ္ျပာပူေဖာင္းေတြကို သင့္မ်က္လုံးနဲ႔ မထိပါေစနဲ႔။ အဲ့ဒီ ဓာတုပစၥည္းေတြက သင့္မ်က္လုံးကို ေလာင္ေစႏိုင္ၿပီး အျမင္အာ႐ုံ ဆုံး႐ႈံးေစႏိုင္ပါတယ္။

၂။ သင့္ကေလးေတြမွာ သူတို႔ အေရျပားနဲ႔ မတည့္တဲ့ ဓာတုပစၥည္း တစ္ခုခု ႐ွိမ႐ွိ စစ္ေဆးပါ။

၃။ အေမႊးနံ႔ အရမ္းျပင္းလို႔ ႐ူမိရင္ အသက္႐ွဴရခက္ၿပီး သင့္လည္ေခ်ာင္းကို ေရာင္ရမ္းေစႏိုင္ပါတယ္။ ဒါက အသက္အႏၲရာယ္႐ွိေစတာမို႔ အျပင္းထန္ဆုံး ၿခိမ္းေျခာက္မႈ တစ္ခု ျဖစ္ပါတယ္။ ေလသန္႔သြားဖို႔ ျပတင္းတံခါးေတြ ဖြင့္လိုက္ပါ။

၄။ အ႐ြယ္အစား အေရာင္အေသြး အမ်ိဳးမ်ိဳးနဲ႔ ဆပ္ျပာခဲေတြက ကေလးေတြအတြက္ မ်က္စိက်စရာျဖစ္ေနၿပီး စားမိတာ၊ မ်ိဳခ်မိတာေတြ ျဖစ္တတ္ပါတယ္။ အရသာ႐ွိသလို ျမင္ရထင္ရတဲ့ ဆပ္ျပာပူေဖာင္းေတြလည္း ကေလးေတြကို ဆြဲေဆာင္ႏိုင္ပါတယ္။ ဆပ္ျပာခဲေတြကို ကေလးေတြနဲ႔ ေဝးရာမွာထားၿပီး မဖိတ္စင္ႏိုင္တဲ့ အဖုံးနဲ႔ ဆပ္ျပာပုလင္းေတြကို သုံးၾကည့္ပါ။ ဒီနည္းနဲ႔ ကေလးေတြကို ဆပ္ျပာထုတ္ကုန္ေတြ မမ်ိဳခ်မိေအာင္ ကာကြယ္ႏိုင္ပါတယ္။ မ်ိဳခ်မိတာနဲ႔ သင့္အစာေရမ်ိဳႁပြန္ထဲမွာ ေလာင္ၿပီး ဆက္တိုက္ အန္ေစႏိုင္ပါတယ္။ တခ်ိဳ႕ျဖစ္ရပ္ေတြမွာ ဝမ္းဗိုက္ေအာင့္ၿပီး ေသြးပါ အန္ေစပါတယ္။ အစာအိမ္နဲ႔ အူလမ္းေၾကာင္း ေရာဂါ လကၡဏာေတြက အထဲေရာက္ေနတဲ့ အရာေပၚမူတည္ပါတယ္။

၅။ ပိုျပင္းထန္တဲ့ အေျခအေနမွာ ေသြးဖိအား၊ အပူခ်ိန္၊ အသက္႐ွဴႏႈန္း၊ ႏွလုံးခုန္ႏႈန္း ေတြကို စစ္ပါ။ ခံစားေနတဲ့သူရဲ႕ အေျခအေနက ခ်က္ခ်င္း ရပ္ၿပီး သတိလစ္သြားႏိုင္ပါတယ္။

၆။ ေအာက္ဆီဂ်င္၊ အကိုက္အခဲ ေပ်ာက္ေဆး၊ အသက္႐ွဴတဲ့ ႁပြန္၊ ေလာင္တဲ့ အေရျပားေတြကို ဖယ္႐ွားျခင္း၊ အေရျပားကို ဆက္တိုက္ ေဆးေၾကာျခင္း၊ bronchoscopy ၊ endoscopy (လည္ေခ်ာင္းထဲ ကင္မရာထည့္ၿပီး အဆုတ္နဲ႔ အစာေရမ်ိဳႁပြန္ထဲ ေလာင္တာေတြကို စစ္ေဆးျခင္း) စတဲ့ အထူးကုသမႈေတြ လိုအပ္ရင္ ခ်က္ခ်င္းခံယူပါ။

ဒါ့ျပင္ အႏၲရာယ္႐ွိတဲ့ ဓာတုပစၥည္းေတြကို ကိုယ္တိုက္ဆပ္ျပာေတြမွတင္ မဟုတ္ပဲ အဝတ္ေလွ်ာ္ဆပ္ျပာနဲ႔ ပရိေဘာဂသန္႔စင္ေဆးေတြလို သန္႔႐ွင္းေရးပစၥည္းေတြမွပါ ေတြ႕ႏိုင္ပါတယ္။

ဆပ္ျပာအဆိပ္သင့္တာကို ကာကြယ္ဖို႔ ဘာေတြလုပ္သင့္လဲ။

· ပတ္ဝန္းက်င္နဲ႔ သင့္ေတာ္မယ့္ ဆပ္ျပာနဲ႔ သန္႔႐ွင္းေရးပစၥည္းေတြကို ဝယ္ပါ။ ျပင္းျပတဲ့ ဓာတုအေငြ႕ေတြက သင္အသက္႐ွဴတာကို ထိခိုက္ေစတတ္ပါတယ္။

· သန္႔႐ွင္းေရးပစၥည္းနဲ႔ အစားအေသာက္ေတြကို တစ္အိတ္ထဲ ေရာမထည့္ပါနဲ႔။

· ညစ္ညမ္းတဲ့ အနံ႔ေတြကို ကာကြယ္ဖို႔ ဆပ္ျပာနဲ႔ သန္႔႐ွင္းေရးပစၥည္းေတြကို အစားအေသာက္ေတြနဲ႔ ေဝးၿပီး မတူတဲ့ ဘီဒို အံဆြဲေတြမွာ သိမ္းဆည္းပါ။

· ဆပ္ျပာ၊ ေၾကးခြၽတ္ေဆးနဲ႔ တျခားသန္႔႐ွင္းေရး ပစၥည္းေတြကို ကေလးေတြ မမီႏိုင္တဲ့ ေနရာမွာ ေသာ့ခတ္ထားပါ။ ကေလးေတြအတြက္ ပုံစံ၊ အနံ႔နဲ႔ အေရာင္ ထူးထူးျခားျခားေတြက ဆြဲေဆာင္မႈ ႐ွိေနပါတယ္။

· ကေလး အထူးသျဖင့္ လမ္းေလွ်ာက္တတ္ကာစ အ႐ြယ္ေလးေတြ႐ွိတဲ့ မိသားစုေတြအတြက္ အရည္မဟုတ္တဲ့ ဆပ္ျပာ သို႔မဟုတ္ သန္႔႐ွင္းေရးပစၥည္းေတြကို သုံးဖို႔ အၾကံေပးပါတယ္။

တကယ္လို႔ ဘူးအလြတ္ေတြ၊ အမိႈက္ေတြ လႊင့္ပစ္မယ္ဆိုရင္ ေသခ်ာေဆးပီးမွ လႊင့္ပစ္ပါ။

ဆပ္ျပာအဆိပ္သင့္ျခင္းေၾကာင့္ျဖစ္တဲ့ ထိခိုက္မႈက မ်ိဳခ်မိ၊ ႐ွဴမိတဲ့ ဓာတုပစၥည္း ပမာဏအေပၚ မူတည္ပါတယ္။ သင့္ကိုယ္နဲ႔ အိမ္ေထာင္ပရိေဘာဂေတြကို သန္႔စင္ဖို႔ သုံးတဲ့ ဓာတုပစၥည္းေတြကို သတိထားပါ။ အဆိပ္ထိန္းပစၥည္းေတြ ဒါမွမဟုတ္ သင့္ကို ကူညီႏိုင္မယ့္ တစ္ေယာက္ေယာက္ကို ခ်က္ခ်င္း ႐ွာပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
shwe-hninsi
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service