Swe Daw City project မှတာဝန်ရှိသူ ဦးမျိုးဝင်းနှင့် အင်တာဗျူး - Property Interview from iMyanmarHouse.com
6070 ကြိမ် ကြည့်ရှု့ ပြီး

Swe Daw City project မှတာဝန်ရှိသူ ဦးမျိုးဝင်းနှင့် အင်တာဗျူး

Posted by မေသက်နှင်း (iMyanmarHouse.com)

ဂမုန်းပွင့်ကုမ္မဏီ မှတာဝန်ယူတည်ဆောက်လျှက်ရှိသော Swe Daw City Project ကိုဆောက်လုပ်ရခြင်းမှာ မြို့ လယ်ခေါင်တွင် မွန်းကျပ်မှုခံစားနေရသော ပြည်သူများ အနေဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော၊ ကျယ်ဝန်းသော မြေနေရာတွင်အဆင့်တန်းမှီမှီ နေထိုင်နိုင်စေရန်မင်္ဂလာဒုံမြို့နယ်ဘက်ကို ရွေးချယ်တည် ဆောက်ဖြစ်သွားကြောင်း သိရှိရပါသည်။ယခုဆောက်လုပ်နေသော Swe Daw City project တွင် ၈ထပ်တိုက် ၈လုံး တည်ဆောက်သွားမည် ဖြစ်ကြောင်းလည်း သိရှိရပါ သည်။

လက်ရှိတွင် Face 1 အဖြစ် Building A နှင့် Building B နှစ်လုံးကိုစတင် တည်ဆောက်နေကြောင်း သိရှိရပါ သည်။အဆောက်အဦးအတွင်းတွင် ရေကူးကန်၊gym နှင့် ဈေးဝယ်စတိုးများ ပါရှိမည်ဖြစ်ကြောင်း သိရှိရပါ သည်။ ထူးခြားချက်အနေဖြင့်သဘာဝအတိုင်းတည်ရှိ နေသော ရေကန်ကြီးကိုလည်းအလှပြုပြင်ကာ နေထိုင်သူများစိတ်ချမ်းသာမှု ရှိစေရန်ဖန်တီးပေးသွား မည် ဖြစ် ကြောင်း သိရှိရပါသည်။

အခန်းအမျိုးအစားအနေဖြင့်လည်း 2 Bed Room,3 Bed Room နှစ်မျိုးပါ ရှိကြောင်း သိရှိရပါသည်။2 Bed Room တွင် 900 sqft နှင့် 1000 sqft နှစ်မျိုးရှိပြီး 3 Bed Room တွင် 1200 sqft နှင့် 1260 sqft ရှိကြောင်း သိရှိရပါသည်။1 sqft ဈေးနှုန်းအနေဖြင့်လည်း 75000,80000, 90000, 10000,12000 ဟူ၍ အမျိုးအစား ၅မျိုးခွဲခြားထားကြောင်း သိရှိ ရပါသည်။ အခန်းဈေးနှုန်းများကိုလည်း တိုက်ခန်းပေါ်မှ View Point မြင်ကွင်းအလိုက် ကွာခြားသွားကြောင်း သိရှိရပါသည်။

Car Parking အနေဖြင့်လည်း အခန်းတစ်ခန်းကို ကားတစ်စီးစာ ထားရှိနိုင် ရန် စီစဉ်ပေးထားကြောင်း သိရှိရပါသည်။Swe Daw City project ကို၃၀% အထိ ရောင်းချပြီး ဖြစ်ကြောင်းသိရှိရပါသည်။ငွေပေးချေမှုကိုလည်း ၄ရစ်ခွဲကာ ပေးချေရမည်ဖြစ်ကြောင်း သိရှိရပါ သည်။ကောင်းမွန်သောဝန်ဆောင်မှုများဖြင့် ရောင်းချပေးနေသော Swe Daw City project ကို Customer များအနေဖြင့်လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရှိရပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)