ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Unicode Version ###
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် ကြင်ယာတော် အမေရိကန်ရုပ်ရှင်မင်းသမီး မီဂန်မာကယ်တို့သည် အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိတွင် လိုက်လံအိမ်ငှားလျက်ရှိကြောင်း နယူးယောက်ပို့စ်သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ဟယ်ရီတို့ စုံတွဲသည် မကြာသေးမီရက်ပိုင်းကပင် ကနေဒါနိုင်ငံ၊ ဗန်ကူးဗားကျွန်းရှိ စံအိမ်ကြီးတစ်လုံးတွင် နေထိုင်ရန် စီစဉ်ခဲ့သေးပြီး ယခုအခါ လော့စ်အိန်ဂျလိမြို့၊ မာလီဘူးအရပ်ရှိ Petra Manor အမည်ရှိ ခမ်းနားလှသော စံအိမ်ကြီးတစ်လုံးကို မျက်စိကျနေသဖြင့် ငှားရမ်းနေထိုင်ရန် စီစဉ်လျက်ရှိခြင်း ဖြစ်သည်။
(ကနေဒါနိုင်ငံရှိ စံအိမ်ကြီးသို့ ဟယ်ရီတို့စုံတွဲ ပြောင်းရွှေ့ရန် စီစဉ်ခဲ့ပုံသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/892986 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်)
ခမ်းနားလှသော အဆိုပါစံအိမ်ကြီးကို တချိန်က Baywatch ရုပ်ရှင်မှ ဒေးဗစ်ချာဗက်နှင့် ဇနီးဟောင်း ရုပ်ရှင်ကြယ်ပွင့် ဘရွတ်ခ် ဘာ့ခ်တို့က ပိုင်ဆိုင်ခဲ့ပြီး တန်ကြေးမှာ ကန်ဒေါ်လာ ၇ သန်းမှ သန်း ၂၀ ကြားရှိနိုင်သည်။
ပုံမှန်ငှားရမ်းခမှာ တစ်ညလျှင် ကန်ဒေါ်လာ ၁၆၀၀၀ နီးပါးရှိသည်ဟု ဆိုသည်။
သို့ရာတွင် ချာဗက်အနေဖြင့် တော်ဝင်မင်းသားစုံတွဲ နေထိုင်ပါက အနာဂတ်တွင် ပေါ်ပေါက်လာမည့် ဝယ်လက်များအပေါ် ဈေးခေါ်နိုင်မည့် နေအိမ်သမိုင်းကြောင်းရရှိမည်ဖြစ်ရာ ပုံမှန်ဈေးအောက် လျှော့ချပေးဖွယ်ရာရှိသည်။ ပင်မစံအိမ်တွင် အိပ်ခန်း ၈ ခန်းနှင့် ရေချိုးခန်း ၁၀ ခန်းပါဝင်ပြီး ခြံဝန်းအတွင်းအဆောက်အအုံများစွာ ပါဝင်သေးသည်။
ထို့အပြင် ရေကူးကန်၊ ကြီးမားသော ဝိုင်သိုလှောင်ခန်း၊ အကခန်းမနှင့် အိမ်တွင်းရုပ်ရှင်ရုံတို့လည်း ပါဝင်ရာ မီဂန်မာကယ်ကို ကယ်လီဖိုးနီးယား အတိတ်နေ့ရက်များဆီ ပြန်လည်ဆွဲခေါ်သွားနိုင်မည် ဖြစ်သည်။
Suits ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သူ ရုပ်ရှင်ကြယ်ပွင့် မီဂန်မာကယ်သည် လော့စ်အိန်ဂျလိတွင် မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်သည်။
မီဂန်မာကယ်၏ မိခင် ဒိုရီရာ ရက်ဂ်လန်းအပါအဝင် အခြားလာရောက်လည်ပတ်မည့်သူများအတွက်လည်း လုံလောက်သည့် နေရာအကျယ်အဝန်းရှိသည်။
ကမ်းခြေနှင့် နီးသောစံအိမ်ဖြစ်ပြီး turnkey condiရှိရာ ပြုပြင်မွမ်းမံမှု ကြီးကြီးမားမားလုပ်စရာမလိုချေ။
လော့စ်အိန်ဂျလိမြို့၊ မာလီဘူးအရပ်တွင် အဘယ်ကြောင့် နေအိမ်ရှာသနည်း။)
မာလီဘူးသည် လော့စ်အိန်ဂျလိမြို့နှင့် နီးကပ်စွာတည်ရှိပြီး ကသုတ်ကရက်နေ့စဉ်ဘဝမျိုးမှ ဝေးကွာသည့်အပြင် ပါပါရာဇီသတင်းထောက်တို့၏ အန္တရာယ်မှလည်း လွတ်ကင်းသည့်နေရာတစ်ခုဖြစ်ကြောင်း Coldwell Banker မှ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးဖြစ်သူ ကာရာ အေမီယာက ရှင်းပြသည်။
“ဒီနေရာရဲ့ အဓိက ဆွဲဆောင်ချက်ကတော့ တစ်ကိုယ်ရည်လုံခြုံမှုရှိတာနဲ့ တသီးတသန့်လိုနေရာတစ်ခုဖြစ်နေတာပါပဲ။ ဝင်းခတ်အိမ်ရာဝန်းတစ်ခုပုံစံမျိုးရှိပြီး အစောင့်တွေလည်း အမြဲစောင့်ကြပ်နေကြပါတယ်။” ဟု လော့စ်အိန်ဂျလိမြို့ရှိ Anubis Properties မှ အမှုဆောင်အရာရှိချုပ် တိုင်လာ ဒရူးက ပြောကြားသည်။
မာလီဘူးအရပ်သည် ရာနှုန်းပြည့်ဘေးကင်းလုံခြုံသော နေရာတစ်ခုကားမဟုတ်ချေ။
တောမီးလောင်ခြင်း၊ ငလျင်လှုပ်ခြင်းများ ရင်ဆိုင်ရလေ့ရှိသော ဒေသဖြစ်သည်။ ယခင်နှစ်အတွင်းကပင်………..အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
“ဒေသခံမဟုတ်သူတွေအတွက်တော့ ဒီလိုဖြစ်ရပ်မျိုးတွေ ပေါ်ပေါက်လာရင် သွေးပျက်စရာပါပဲ။ ဒါကြောင့် ဟယ်ရီတို့အနေနဲ့ ကပ်ဘေးပေါ်ပေါက်ရင် ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်မျိုး ရှိထားသင့်ပါတယ်” ဟု အေမီယာက ပြောကြားသည်။
သို့ရာတွင် အဆိုပါ သဘာဝဘေးအန္တရာယ်များသည် ဟယ်ရီတို့ကို ယင်းဒေသတွင် အခြေချနေထိုင်ခြင်းမပြုရန် တားဆီးနိုင်ခဲ့ပုံ မပေါ်ချေ။
Petra Manor စံအိမ်ကြီး၏ အနီးဝန်းကျင်တွင် ကမ္ဘာကျော် အိမ်နီးချင်းများ နေထိုင်လျက်ရှိရာ ရောဘတ် ဒေါင်နေ၊ မဲလ် ဂစ်ဘ်ဆင်နှင့် ကက်တလင်းဂျင်းနာတို့ အပါအဝင်ဖြစ်သည်။
(ဆက်စပ်သတင်းများ)
-ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် ကြင်ယာတော် မီဂန်မာကယ်တို့ စပိန်အရှေ့ဘက်ပင်လယ်ပြင်အတွင်းရှိ ဘီလျံနာများအပန်းဖြေရာ တစ်ပတ်လျှင် ပေါင် ၁၂၀၀၀၀ ခန့်ကျသင့်သည့်ကျွန်းတွင် မီဂန်မာကယ်၏ မွေးနေ့ပွဲကျင်းပရန် ရောက်ရှိနေ
https://www.imyanmarhouse.com/news/read/851457
- ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ် ခင်ပွန်းဟောင်းနှင့် ၂ နှစ်ခန့် ပေါင်းသင်းနေထိုင်ခဲ့သော လော့စ်အိန်ဂျလိ နေအိမ် ကန်ဒေါ်လာ ၂ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ
https://www.imyanmarhouse.com/news/read/850640
- ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် ကြင်ယာတော် မီဂန်မာကယ်တို့၏ နေအိမ်ကို ပြုပြင်မွမ်းမံရာ ပေါင် ၂ ဒသမ ၄ သန်းခန့် ကုန်ကျခဲ့ကြောင်း ဘက်ကင်ဟမ်နန်းတော်က ထုတ်ပြန်
https://www.imyanmarhouse.com/news/read/838268
- ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် ကြင်ယာတော် အမေရိကန်ရုပ်ရှင်မင်းသမီး မီဂန်မာကယ်တို့ ကန်ဆင်တန်နန်းတော်တွင် ပြောင်းရွှေ့နေထိုင်ရန် စီစဉ်လျက်ရှိ
https://www.imyanmarhouse.com/news/read/774451
-ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် လက်ထပ်မည့် အမေရိကန်သူ မီဂန်မာကယ်လ် နေထိုင်ခဲ့သော ကနေဒါနေအိမ် အရောင်းဈေးကွက်တင်ပြီး တစ်ပတ်အတွင်း ရောင်းစွံ
https://www.imyanmarhouse.com/news/read/698122
- ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့်လက်ထပ်တော့မည့် မီဂန်မာကယ် ငှားရမ်းနေထိုင်ခဲ့သော ကနေဒါနိုင်ငံရှိ နေအိမ် အရောင်းဈေးကွက်ဝင်လာ
https://www.imyanmarhouse.com/news/read/692189
- ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ မိတ်ဆွေရင်း အိမ်ခြံမြေအကျိုးဆောင်က ကန်ဆင်တန်နန်းတော်အနီးရှိ နေအိမ်တစ်လုံးကို အရောင်းဈေးကွက်တင်
https://www.imyanmarhouse.com/news/read/690048
- ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် လက်ထပ်တော့မည့် အမေရိကန်သူ မီဂန်မာကယ်လ်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ)
https://www.imyanmarhouse.com/news/read/688943
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
ျဗိတိန္ေတာ္ဝင္မင္းသားဟယ္ရီႏွင့္ ၾကင္ယာေတာ္ အေမရိကန္ရုပ္ရွင္မင္းသမီး မီဂန္မာကယ္တို႔ ေလာ့စ္အိန္ဂ်လိတြင္ လိုက္လံအိမ္ငွားလ်က္ရွိ
ျဗိတိန္ေတာ္ဝင္မင္းသားဟယ္ရီႏွင့္ ၾကင္ယာေတာ္ အေမရိကန္ရုပ္ရွင္မင္းသမီး မီဂန္မာကယ္တို႔သည္ အေမရိကန္ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိတြင္ လိုက္လံအိမ္ငွားလ်က္ရွိေၾကာင္း နယူးေယာက္ပို႔စ္သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။
ဟယ္ရီတို႔ စံုတြဲသည္ မၾကာေသးမီရက္ပိုင္းကပင္ ကေနဒါႏိုင္ငံ၊ ဗန္ကူးဗားကၽြန္းရွိ စံအိမ္ၾကီးတစ္လံုးတြင္ ေနထိုင္ရန္ စီစဥ္ခဲ့ေသးျပီး ယခုအခါ ေလာ့စ္အိန္ဂ်လိျမိဳ ႔၊ မာလီဘူးအရပ္ရွိ Petra Manor အမည္ရွိ ခမ္းနားလွေသာ စံအိမ္ၾကီးတစ္လံုးကို မ်က္စိက်ေနသျဖင့္ ငွားရမ္းေနထိုင္ရန္ စီစဥ္လ်က္ရွိျခင္း ျဖစ္သည္။
(ကေနဒါႏိုင္ငံရွိ စံအိမ္ၾကီးသို႔ ဟယ္ရီတို႔စံုတြဲ ေျပာင္းေရႊ႕ရန္ စီစဥ္ခဲ့ပံုသတင္းကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေဖာ္ျပခဲ့ျပီးျဖစ္ရာ ျပန္လည္ဖတ္ရႈလိုပါက https://www.imyanmarhouse.com/news/read/892986 အင္တာနက္လင့္ခ္တြင္ ဖတ္ရႈႏိုင္ပါသည္)
ခမ္းနားလွေသာ အဆိုပါစံအိမ္ၾကီးကို တခ်ိန္က Baywatch ရုပ္ရွင္မွ ေဒးဗစ္ခ်ာဗက္ႏွင့္ ဇနီးေဟာင္း ရုပ္ရွင္ၾကယ္ပြင့္ ဘရြတ္ခ္ ဘာ့ခ္တို႔က ပိုင္ဆိုင္ခဲ့ျပီး တန္ေၾကးမွာ ကန္ေဒၚလာ ၇ သန္းမွ သန္း ၂၀ ၾကားရွိႏိုင္သည္။ ပံုမွန္ငွားရမ္းခမွာ တစ္ညလွ်င္ ကန္ေဒၚလာ ၁၆၀၀၀ နီးပါးရွိသည္ဟု ဆိုသည္။
သို႔ရာတြင္ ခ်ာဗက္အေနျဖင့္ ေတာ္ဝင္မင္းသားစံုတြဲ ေနထိုင္ပါက အနာဂတ္တြင္ ေပၚေပါက္လာမည့္ ဝယ္လက္မ်ားအေပၚ ေစ်းေခၚႏိုင္မည့္ ေနအိမ္သမိုင္းေၾကာင္းရရွိမည္ျဖစ္ရာ ပံုမွန္ေစ်းေအာက္ ေလွ်ာ့ခ်ေပးဖြယ္ရာရွိသည္။ ပင္မစံအိမ္တြင္ အိပ္ခန္း ၈ ခန္းႏွင့္ ေရခ်ဳိးခန္း ၁၀ ခန္းပါဝင္ျပီး ျခံဝန္းအတြင္းအေဆာက္အအံုမ်ားစြာ ပါဝင္ေသးသည္။
ထို႔အျပင္ ေရကူးကန္၊ ၾကီးမားေသာ ဝိုင္သိုေလွာင္ခန္း၊ အကခန္းမႏွင့္ အိမ္တြင္းရုပ္ရွင္ရံုတို႔လည္း ပါဝင္ရာ မီဂန္မာကယ္ကို ကယ္လီဖိုးနီးယား အတိတ္ေန႔ရက္မ်ားဆီ ျပန္လည္ဆြဲေခၚသြားႏိုင္မည္ ျဖစ္သည္။ Suits ဇာတ္ကားတြင္ ပါဝင္သရုပ္ေဆာင္ခဲ့သူ ရုပ္ရွင္ၾကယ္ပြင့္ မီဂန္မာကယ္သည္ ေလာ့စ္အိန္ဂ်လိတြင္ ေမြးဖြားၾကီးျပင္းခဲ့သူ ျဖစ္သည္။
မီဂန္မာကယ္၏ မိခင္ ဒိုရီရာ ရက္ဂ္လန္းအပါအဝင္ အျခားလာေရာက္လည္ပတ္မည့္သူမ်ားအတြက္လည္း လံုေလာက္သည့္ ေနရာအက်ယ္အဝန္းရွိသည္။
ကမ္းေျခႏွင့္ နီးေသာစံအိမ္ျဖစ္ျပီး turnkey condiရွိရာ ျပဳျပင္မြမ္းမံမႈ ၾကီးၾကီးမားမားလုပ္စရာမလိုေခ်။
ေလာ့စ္အိန္ဂ်လိျမိဳ ႔၊ မာလီဘူးအရပ္တြင္ အဘယ္ေၾကာင့္ ေနအိမ္ရွာသနည္း။)
မာလီဘူးသည္ ေလာ့စ္အိန္ဂ်လိျမိဳ ႔ႏွင့္ နီးကပ္စြာတည္ရွိျပီး ကသုတ္ကရက္ေန႔စဥ္ဘဝမ်ဳိးမွ ေဝးကြာသည့္အျပင္ ပါပါရာဇီသတင္းေထာက္တို႔၏ အႏၱရာယ္မွလည္း လြတ္ကင္းသည့္ေနရာတစ္ခုျဖစ္ေၾကာင္း Coldwell Banker မွ အိမ္ျခံေျမ အက်ဳိးေဆာင္တစ္ဦးျဖစ္သူ ကာရာ ေအမီယာက ရွင္းျပသည္။
“ဒီေနရာရဲ ႔ အဓိက ဆြဲေဆာင္ခ်က္ကေတာ့ တစ္ကိုယ္ရည္လံုျခံဳမႈရွိတာနဲ႔ တသီးတသန္႔လိုေနရာတစ္ခုျဖစ္ေနတာပါပဲ။ ဝင္းခတ္အိမ္ရာဝန္းတစ္ခုပံုစံမ်ဳိးရွိျပီး အေစာင့္ေတြလည္း အျမဲေစာင့္ၾကပ္ေနၾကပါတယ္။” ဟု ေလာ့စ္အိန္ဂ်လိျမိဳ ႔ရွိ Anubis Properties မွ အမႈေဆာင္အရာရွိခ်ဳပ္ တုိင္လာ ဒရူးက ေျပာၾကားသည္။
မာလီဘူးအရပ္သည္ ရာႏႈန္းျပည့္ေဘးကင္းလံုျခံဳေသာ ေနရာတစ္ခုကားမဟုတ္ေခ်။
ေတာမီးေလာင္ျခင္း၊ ငလ်င္လႈပ္ျခင္းမ်ား ရင္ဆုိင္ရေလ့ရွိေသာ ေဒသျဖစ္သည္။ ယခင္ႏွစ္အတြင္းကပင္………..အဆိုပါသတင္းကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေဖာ္ျပခဲ့ျပီး ျဖစ္ပါသည္။ “ေဒသခံမဟုတ္သူေတြအတြက္ေတာ့ ဒီလုိျဖစ္ရပ္မ်ဳိးေတြ ေပၚေပါက္လာရင္ ေသြးပ်က္စရာပါပဲ။ ဒါေၾကာင့္ ဟယ္ရီတို႔အေနနဲ႔ ကပ္ေဘးေပၚေပါက္ရင္ ဘာလုပ္မယ္ဆိုတဲ့ အစီအစဥ္မ်ဳိး ရွိထားသင့္ပါတယ္” ဟု ေအမီယာက ေျပာၾကားသည္။
သို႔ရာတြင္ အဆိုပါ သဘာဝေဘးအႏၱရာယ္မ်ားသည္ ဟယ္ရီတို႔ကို ယင္းေဒသတြင္ အေျခခ်ေနထိုင္ျခင္းမျပဳရန္ တားဆီးႏိုင္ခဲ့ပံု မေပၚေခ်။
Petra Manor စံအိမ္ၾကီး၏ အနီးဝန္းက်င္တြင္ ကမၻာေက်ာ္ အိမ္နီးခ်င္းမ်ား ေနထိုင္လ်က္ရွိ၇ာ ေရာဘတ္ ေဒါင္ေန၊ မဲလ္ ဂစ္ဘ္ဆင္ႏွင့္ ကက္တလင္းဂ်င္းနာတို႔ အပါအဝင္ျဖစ္သည္။
(ဆက္စပ္သတင္းမ်ား)
-ျဗိတိန္ေတာ္ဝင္မင္းသား ဟယ္ရီႏွင့္ ၾကင္ယာေတာ္ မီဂန္မာကယ္တို႔ စပိန္အေရွ႕ဘက္ပင္လယ္ျပင္အတြင္းရွိ ဘီလ်ံနာမ်ားအပန္းေျဖရာ တစ္ပတ္လွ်င္ ေပါင္ ၁၂၀၀၀၀ ခန္႔က်သင့္သည့္ကၽြန္းတြင္ မီဂန္မာကယ္၏ ေမြးေန႔ပြဲက်င္းပရန္ ေရာက္ရွိေန
https://www.imyanmarhouse.com/news/read/851457
- ျဗိတိန္ေတာ္ဝင္မင္းသား ဟယ္ရီ၏ ၾကင္ယာေတာ္ မီဂန္မာကယ္ ခင္ပြန္းေဟာင္းႏွင့္ ၂ ႏွစ္ခန္႔ ေပါင္းသင္းေနထိုင္ခဲ့ေသာ ေလာ့စ္အိန္ဂ်လိ ေနအိမ္ ကန္ေဒၚလာ ၂ သန္းနီးပါးျဖင့္ အေရာင္းေစ်းကြက္ဝင္လာ
https://www.imyanmarhouse.com/news/read/850640
- ျဗိတိန္ေတာ္ဝင္မင္းသား ဟယ္ရီႏွင့္ ၾကင္ယာေတာ္ မီဂန္မာကယ္တို႔၏ ေနအိမ္ကို ျပဳျပင္မြမ္းမံရာ ေပါင္ ၂ ဒသမ ၄ သန္းခန္႔ ကုန္က်ခဲ့ေၾကာင္း ဘက္ကင္ဟမ္နန္းေတာ္က ထုတ္ျပန္
https://www.imyanmarhouse.com/news/read/838268
- ျဗိတိန္ေတာ္ဝင္မင္းသား ဟယ္ရီႏွင့္ ၾကင္ယာေတာ္ အေမရိကန္ရုပ္ရွင္မင္းသမီး မီဂန္မာကယ္တို႔ ကန္ဆင္တန္နန္းေတာ္တြင္ ေျပာင္းေရႊ႕ေနထိုင္ရန္ စီစဥ္လ်က္ရွိ
https://www.imyanmarhouse.com/news/read/774451
-ျဗိတိန္ေတာ္ဝင္မင္းသား ဟယ္ရီႏွင့္ လက္ထပ္မည့္ အေမရိကန္သူ မီဂန္မာကယ္လ္ ေနထိုင္ခဲ့ေသာ ကေနဒါေနအိမ္ အေရာင္းေစ်းကြက္တင္ျပီး တစ္ပတ္အတြင္း ေရာင္းစြံ
https://www.imyanmarhouse.com/news/read/698122
- ျဗိတိန္ေတာ္ဝင္မင္းသား ဟယ္ရီႏွင့္လက္ထပ္ေတာ့မည့္ မီဂန္မာကယ္ ငွားရမ္းေနထိုင္ခဲ့ေသာ ကေနဒါႏိုင္ငံရွိ ေနအိမ္ အေရာင္းေစ်းကြက္ဝင္လာ
https://www.imyanmarhouse.com/news/read/692189
- ျဗိတိန္ေတာ္ဝင္မင္းသား ဟယ္ရီ၏ မိတ္ေဆြရင္း အိမ္ျခံေျမအက်ဳိးေဆာင္က ကန္ဆင္တန္နန္းေတာ္အနီးရွိ ေနအိမ္တစ္လံုးကို အေရာင္းေစ်းကြက္တင္
https://www.imyanmarhouse.com/news/read/690048
- ျဗိတိန္ေတာ္ဝင္မင္းသား ဟယ္ရီႏွင့္ လက္ထပ္ေတာ့မည့္ အေမရိကန္သူ မီဂန္မာကယ္လ္၏ ေနအိမ္ (ကမၻာေက်ာ္ပုဂၢိဳလ္တို႔၏ ေနအိမ္မ်ား)
https://www.imyanmarhouse.com/news/read/688943
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com