ျဗိတိန္တြင္ ေရြးေကာက္ပြဲက်င္းပျပီးေနာက္ သန္းႏွင့္ခ်ီေသာ ျဗိတိန္ျပည္သူမ်ားက အြန္လိုင္းအိမ္ျခံေျမဝက္ဘ္ဆိုက္မ်ားတြင္ အိမ္ျခံေျမ စံုစမ္းေမးျမန္းမႈ မ်ားစြာျပဳလုပ္လာ

ျဗိတိန္တြင္ ေရြးေကာက္ပြဲက်င္းပျပီးေနာက္ သန္းႏွင့္ခ်ီေသာ ျဗိတိန္ျပည္သူမ်ားက အြန္လိုင္းအိမ္ျခံေျမဝက္ဘ္ဆိုက္မ်ားတြင္ အိမ္ျခံေျမ စံုစမ္းေမးျမန္းမႈ မ်ားစြာျပဳလုပ္လာ - Property News in Myanmar from iMyanmarHouse.com
22 Jan 2020 12:17 pm တွင် တင်ခဲ့သည်
695 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ျဗိတိန္တြင္ ျပီးခဲ့ေသာ ဒီဇင္ဘာလအတြင္း ေရြးေကာက္ပြဲက်င္းပျပီးေနာက္ သန္းႏွင့္ခ်ီေသာ ျဗိတိန္ျပည္သူမ်ားသည္ အြန္လိုင္းအိမ္ျခံေျမ ဝက္ဘ္ဆိုက္မ်ားတြင္ အိမ္ျခံေျမ စံုစမ္းေမးျမန္းမႈ မ်ားစြာျပဳလုပ္လာလ်က္ရွိေၾကာင္း နယူးေယာက္အေျခစိုက္ အိမ္ျခံေျမသတင္း ဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

ျဗိတိန္ အေထြေထြေရြးေကာက္ပြဲ က်င္းပျပီးစီးခဲ့ျခင္းေၾကာင့္ ႏိုင္ငံေရးႏွင့္ စီးပြားေရး ေရရာမႈမ်ားစြာ ျဖစ္ေပၚေစသည့္အတြက္ ျဗိတိန္၏ အၾကီးမားဆံုး အိမ္ျခံေျမဝက္ဘ္ဆိုက္ၾကီးျဖစ္ေသာ Rightmove တြင္ ျပီးခဲ့ေသာ ရက္သတၱ ၅ ပတ္တာကာလအတြင္း အိမ္ျခံေျမ ေမးျမန္းစံုစမ္းမႈေပါင္း ၁ ဒသမ ၃ သန္းရွိခဲ့သည္ဟု ဆိုသည္။

အိမ္ျခံေျမဝယ္လက္တို႔၏ စိတ္ဝင္စားမႈမွာ ျပီးခဲ့ေသာႏွစ္ အလားတူကာလႏွင့္ ႏိႈင္းယွဥ္လွ်င္ ၁၅ ရာခိုင္ႏႈန္းအထိ ျမင့္တက္ခဲ့သည္။

ျဗိတိန္၏ အိမ္ျခံေျမေစ်းကြက္သည္ ေရြးေကာက္ပြဲက်င္းပျပီးေနာက္ပိုင္း တဖန္ျပန္လည္ႏိုးထလာေၾကာင္း မၾကာေသးမီ ရက္သတၱပတ္မ်ားက ျပဳလုပ္၊ ရရွိခဲ့သည့္ ေလ့လာခ်က္မ်ားႏွင့္ အစီရင္ခံစာမ်ားက ညႊန္ျပေနသည္။

ေရြးေကာက္ပြဲတြင္ ကြန္ဆာေဗးတစ္ပါတီ အႏိုင္ရရွိျပီး ေဘာရစ္ဂၽြန္ဆင္ ဝန္ၾကီးခ်ဳပ္ျဖစ္လာရာ ဥေရာပသမဂၢမွ ေခ်ာေမြ႔ညင္သာစြာ ႏႈတ္ထြက္ေရး လမ္းေၾကာင္းသို႔ ဦးတည္ေတာ့မည္ ျဖစ္သည္။

အိမ္ျခံေျမ စိတ္ဝင္စားမႈ ျမင့္တက္ျခင္းႏွင့္အတူ ေရာင္းအားလည္း ျမင့္တက္လာသည္။

ေရြးေကာက္ပြဲ က်င္းပျပီးေနာက္ပိုင္း အေရာင္းအဝယ္ျဖစ္မႈမွာ ျပီးခဲ့ေသာႏွစ္ အလားတူကာလႏွင့္ ႏႈိင္းယွဥ္လွ်င္ ၇ ဒသမ ၄ ရာခိုင္ႏႈန္း ျမင့္တက္လာသည္။

ယခုကဲ့သို႔ စိတ္ဝင္စားမႈမ်ားႏွင့္ ဝယ္လိုအားျမင့္တက္မႈမွာ ေႏြရာသီ ေစ်းဝယ္ရာသီအတြက္ အလားအလာေကာင္းအျဖစ္ နိမိတ္ျပေနေၾကာင္း Rightmove ၏ ဒါရိုက္တာ၊ အိမ္ျခံေျမေစ်းကြက္သုေတသီ မိုင္းစ္ ရွစ္ပ္ဆိုက္က ေျပာၾကားသည္။

“အိမ္ျခံေျမေစ်းကြက္ဆိုတာ မေရရာမႈေတြကို မႏွစ္ျမိဳ႕ပါဘူး။ ဥေရာပသမဂၢကေန ထြက္၊ မထြက္ မဲဆႏၵခံယူပြဲ က်င္းပျပီးကတည္းက လြန္ခဲ့တဲ့ ၃ ႏွစ္ခြဲတာ ကာလအတြင္း ႏိုင္ငံေရးျပႆနာေတြေၾကာင့္ အလားအလာရွိတဲ့ အိမ္ျခံေျမဝယ္လက္ေတြဟာ တြန္႔ဆုတ္ေနခဲ့ၾက ပါတယ္။ အခုေတာ့ ဒီလို ဆုတ္ဆိုင္းမႈေတြကို လႊတ္ခ်လိုက္တဲ့အခ်ိန္ ေရာက္လာပံုရပါတယ္” ဟု ၎က ဆက္လက္ေျပာၾကားသည္။

ေနအိမ္ေရာင္းခ်သူမ်ားအၾကားတြင္လည္း ယံုၾကည္ခ်က္မ်ား ပ်ံ႕ႏွံ႔ေနသည္။

ဇန္နဝါရီလအတြင္း ပွ်မ္းမွ်ေခၚေစ်းမွာ ျပီးခဲ့ေသာလႏွင့္ ႏႈိင္းယွဥ္လွ်င္ ၂ ဒသမ ၃ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာသည္။

လံုးခ်င္းအိမ္မ်ားႏွင့္ အိပ္ခန္း ၅ ခန္းႏွင့္အထက္ပါ လူေနခန္းမ်ား၏ ေစ်းႏႈန္းမွာ ျပီးခဲ့ေသာ ဒီဇင္ဘာႏွင့္ ႏႈိင္းယွဥ္လွ်င္ ၃ ဒသမ ၁ ရာခုိင္ႏႈန္း ျမင့္တက္လာျပီး လြန္ခဲ့ေသာ ၁ ႏွစ္ခန္႔ႏွင့္ ႏႈိင္းယွဥ္လွ်င္ ၃ ဒသမ ၉ ရာခုိင္ႏႈန္း ျမင့္တက္လာသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

  ### Unicode Version ###

ဗြိတိန်တွင် ပြီးခဲ့သော ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲကျင်းပပြီးနောက် သန်းနှင့်ချီသော ဗြိတိန်ပြည်သူများသည် အွန်လိုင်းအိမ်ခြံမြေ ဝက်ဘ်ဆိုက်များတွင် အိမ်ခြံမြေ စုံစမ်းမေးမြန်းမှု များစွာပြုလုပ်လာလျက်ရှိကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေ သတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဗြိတိန် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့ခြင်းကြောင့် နိုင်ငံရေးနှင့် စီးပွားရေး ရေရာမှုများစွာ ဖြစ်ပေါ်စေသည့်အတွက် ဗြိတိန်၏ အကြီးမားဆုံး အိမ်ခြံမြေဝက်ဘ်ဆိုက်ကြီးဖြစ်သော Rightmove တွင် ပြီးခဲ့သော ရက်သတ္တ ၅ ပတ်တာကာလအတွင်း အိမ်ခြံမြေ မေးမြန်းစုံစမ်းမှုပေါင်း ၁ ဒသမ ၃ သန်းရှိခဲ့သည်ဟု ဆိုသည်။

အိမ်ခြံမြေဝယ်လက်တို့၏ စိတ်ဝင်စားမှုမှာ ပြီးခဲ့သောနှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

ဗြိတိန်၏ အိမ်ခြံမြေဈေးကွက်သည် ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်း တဖန်ပြန်လည်နိုးထလာကြောင်း မကြာသေးမီ ရက်သတ္တပတ်များက ပြုလုပ်၊ ရရှိခဲ့သည့် လေ့လာချက်များနှင့် အစီရင်ခံစာများက ညွှန်ပြနေသည်။

ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပါတီ အနိုင်ရရှိပြီး ဘောရစ်ဂျွန်ဆင် ဝန်ကြီးချုပ်ဖြစ်လာရာ ဥရောပသမဂ္ဂမှ ချောမွေ့ညင်သာစွာ နှုတ်ထွက်ရေး လမ်းကြောင်းသို့ ဦးတည်တော့မည် ဖြစ်သည်။

အိမ်ခြံမြေ စိတ်ဝင်စားမှု မြင့်တက်ခြင်းနှင့်အတူ ရောင်းအားလည်း မြင့်တက်လာသည်။

ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း အရောင်းအဝယ်ဖြစ်မှုမှာ ပြီးခဲ့သောနှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၇ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာသည်။

ယခုကဲ့သို့ စိတ်ဝင်စားမှုများနှင့် ဝယ်လိုအားမြင့်တက်မှုမှာ နွေရာသီ ဈေးဝယ်ရာသီအတွက် အလားအလာကောင်းအဖြစ် နိမိတ်ပြနေကြောင်း Rightmove ၏ ဒါရိုက်တာ၊ အိမ်ခြံမြေဈေးကွက်သုတေသီ မိုင်းစ် ရှစ်ပ်ဆိုက်က ပြောကြားသည်။

“အိမ်ခြံမြေဈေးကွက်ဆိုတာ မရေရာမှုတွေကို မနှစ်မြို့ပါဘူး။ ဥရောပသမဂ္ဂကနေ ထွက်၊ မထွက် မဲဆန္ဒခံယူပွဲ ကျင်းပပြီးကတည်းက လွန်ခဲ့တဲ့ ၃ နှစ်ခွဲတာ ကာလအတွင်း နိုင်ငံရေးပြဿနာတွေကြောင့် အလားအလာရှိတဲ့ အိမ်ခြံမြေဝယ်လက်တွေဟာ တွန့်ဆုတ်နေခဲ့ကြ ပါတယ်။ အခုတော့ ဒီလို ဆုတ်ဆိုင်းမှုတွေကို လွှတ်ချလိုက်တဲ့အချိန် ရောက်လာပုံရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နေအိမ်ရောင်းချသူများအကြားတွင်လည်း ယုံကြည်ချက်များ ပျံ့နှံ့နေသည်။

ဇန်နဝါရီလအတွင်း ပျှမ်းမျှခေါ်ဈေးမှာ ပြီးခဲ့သောလနှင့် နှိုင်းယှဉ်လျှင် ၂ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။

လုံးချင်းအိမ်များနှင့် အိပ်ခန်း ၅ ခန်းနှင့်အထက်ပါ လူနေခန်းများ၏ ဈေးနှုန်းမှာ ပြီးခဲ့သော ဒီဇင်ဘာနှင့် နှိုင်းယှဉ်လျှင် ၃ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာပြီး လွန်ခဲ့သော ၁ နှစ်ခန့်နှင့် နှိုင်းယှဉ်လျှင် ၃ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service