ဂ်ာမနီအငွားတိုက္ခန္း ၾကည့္႐ႈရန္ အိမ္အျပင္ဘက္တြင္ လူ ၁,၇၅၀ ဦးတန္းစီေစာင့္ဆုိင္းခဲ့ၾကရ

ဂ်ာမနီအငွားတိုက္ခန္း ၾကည့္႐ႈရန္ အိမ္အျပင္ဘက္တြင္ လူ ၁,၇၅၀ ဦးတန္းစီေစာင့္ဆုိင္းခဲ့ၾကရ - Property News in Myanmar from iMyanmarHouse.com
17 Dec 2019 10:57 am တွင် တင်ခဲ့သည်
931 ကြိမ် ကြည့်ရှု့ပြီး

 ### Zawgyi Version ###

ဂ်ာမနီႏိုင္ငံ ၿမိဳ႕ေတာ္ဘာလင္မွာ တန္ဖိုးသင့္အိမ္ရာရွာေဖြဖို႔ ဘယ္ေလာက္ခက္သလဲဆိုတာကို လတ္တေလာဥပမာေလးတစ္ခုျပခ်င္ပါတယ္။ ႏိုဝင္ဘာ ၂၄ တုန္းက ေဈးသင့္တဲ့တိုက္ခန္းတစ္ခန္းကို ၾကည့္ဖို႔ အေယာက္ ၁,၇၀၀ ေက်ာ္ (အတိအက်အားျဖင့္ လူ ၁,၇၄၉ ဦး) ပါတဲ့ လူအုပ္ႀကီး တိုက္ခန္းအျပင္မွာ တန္းစီခဲ့ၾကတယ္လို႔ သိရပါတယ္။ ဒါေတာင္ ၎တိုက္ခန္းကို အဲဒီေန႔မတိုင္ခင္ကမွ အငွားေဈးကြက္တင္ခဲ့တာပါ။

Schoneberg ၿမိဳ႕ေတာ္ခန္းမအနားမွာ တည္ရွိတဲ့ ၎တိုက္ခန္းဟာ ၁၉၅၀ ျပည့္ႏွစ္ဝန္းက်င္က တည္ေဆာက္ခဲ့တဲ့ အေဆာက္အအံုရဲ႕ တတိယထပ္မွာ တည္ရွိတာျဖစ္ပါတယ္။ အသံုးျပဳႏုိင္တဲ့ဧရိယာက ၅၄ မီတာ က်ယ္ဝန္းၿပီး အိပ္ခန္းႏွစ္ခန္းနဲ႔ လသာေဆာင္တစ္ခုတို႔ ပါဝင္ပါတယ္။ ၎တိုက္ခန္းနဲ႔ပတ္သက္ၿပီး မည္မည္ရရေျပာစရာမရွိေပမဲ့ လူေတြရဲ႕စိတ္ဝင္စားမႈကို ဖမ္းစားႏုိင္ခဲ့တဲ့ အခ်က္ကေတာ့ ေရဖိုးမီးဖုိးလိုမ်ဳိး အပိုစရိတ္ေတြအပါအဝင္ လစဥ္အိမ္ငွားခ ယူ႐ို ၅၅၀ (အေမရိကန္ေဒၚလာ ၆၁၀) ဆိုတာပဲျဖစ္ပါတယ္။ ဒီေဈးႏႈန္းဟာ ဘာလင္မွာေတာ့ အလကားပဲတင္းလို႔ကို ယူဆၾကတာပါ။ Schoneberg ခ႐ိုင္မွာဆိုေတာ့ ပိုေတာင္ဆုိးပါေသးတယ္။ ဒါေၾကာင့္မို႔လို႔ ၎တိုက္ခန္းကို ငွားရမ္းဖို႔စိတ္ဝင္စားသူေတြ အဲဒီလိုမ်ားျပားခဲ့တာဟာ အံ့အားသင့္စရာေတာ့မဟုတ္ပါဘူး။ တစ္ေန႔တည္းမွာပဲ လူ ၁၇၀၀ ေက်ာ္စုၿပံဳေရာက္ရွိလာခဲ့ၾကမယ္လို႔သာ မထင္ခ့ဲၾကတာပါ။

အဲဒီႏိုဝင္ဘာ ၂၄ တုန္းက ၎တိုက္ခန္းတည္ရွိရာ Meininger လမ္းဟာ တိုက္ခန္းရဲ႕အျပင္ဘက္မွာ တန္းစီခဲ့ၾကတဲ့လူတန္းႀကီးရယ္ အိမ္ၿခံေျမအက်ဳိးေဆာင္ကုမၸဏီဝန္ထမ္းေတြရယ္ေၾကာင့္ လူစုလူေဝးျမင္ကြင္းနဲ႔ကို တစ္ေန႔တာကုန္ဆုံးခဲ့တာပါ။ အိပ္ခန္းႏွစ္ခန္းပါ ၎တိုက္ခန္းထဲကို တစ္ႀကိမ္မွာ လူ ၂၀ မွ ၃၀ အၾကား အခ်ိန္ခဏသာ ေပးဝင္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

၎တိုက္ခန္းၾကည့္႐ႈမႈကို ႐ုတ္တရက္ျဖစ္ပြားတဲ့ကပ္ေဘးတစ္ခုအျဖစ္ လူအမ်ားအျပားက ေဖာ္ညႊန္ခဲ့ၾကၿပီး အခ်ဳိ႕ကလည္း ဒါဟာ ဘာလင္ကအိမ္ရာရဲ႕ လတ္တေလာပံုရိပ္ကို အဓိပၸါယ္ဖြင့္ဆိုျပလိုက္တာပဲလို႔ ႐ိုးရွင္းစြာသံုးသပ္ခဲ့ၾကၿပီး တခ်ဳိ႕ကလည္း အခုလိုမ်ဳိး လူေတြအမ်ားႀကီးကို တစ္ေန႔တည္း အိမ္လာေရာက္ၾကည့္႐ႈခြင့္ေပးခဲ့တဲ့ အိမ္ၿခံေျမအက်ဳိးေဆာင္ကုမၸဏီကို ေလာဘႀကီးလြန္းတယ္ဆုိၿပီး ႐ႈ႔ံ႕ခ်ခဲ့ၾကပါတယ္။

ဒါေတာင္ အိမ္ငွားဖုိ႔ေလွ်ာက္လႊာတင္ထားတဲ့သူေတြထဲကမွ ပထမဆံုးအႀကိမ္ငွားမယ့္သူေတြနဲ႔ ဝင္ေငြမမ်ားတဲ့သူေတြကိုပဲ ေရြးခ်ယ္ခြင့္ျပဳခဲ့တာျဖစ္တယ္လို႔ Rolf Harms အိမ္ၿခံေျမအက်ဳိးေဆာင္ကုမၸဏီက သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

ေလွ်ာက္လႊာရွင္မ်ားအား ကုမၸဏီမွ ေသခ်ာစိစစ္ေရြးခ်ယ္မွာျဖစ္ၿပီး ၎လစ္လပ္တုိက္ခန္းကို မည္သူငွားရမ္းခြင့္ရရွိမယ္ဆုိတာကိုလည္း ကုမၸဏီကပဲ ဆံုးျဖတ္မယ္လို႔ ခန္႔မွန္းရပါတယ္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

ဂျာမနီနိုင်ငံ မြို့တော်ဘာလင်မှာ တန်ဖိုးသင့်အိမ်ရာရှာဖွေဖို့ ဘယ်လောက်ခက်သလဲဆိုတာကို လတ်တလောဥပမာလေးတစ်ခုပြချင်ပါတယ်။ နိုဝင်ဘာ ၂၄ တုန်းက ဈေးသင့်တဲ့တိုက်ခန်းတစ်ခန်းကို ကြည့်ဖို့ အယောက် ၁,၇၀၀ ကျော် (အတိအကျအားဖြင့် လူ ၁,၇၄၉ ဦး) ပါတဲ့ လူအုပ်ကြီး တိုက်ခန်းအပြင်မှာ တန်းစီခဲ့ကြတယ်လို့ သိရပါတယ်။ ဒါတောင် ၎င်းတိုက်ခန်းကို အဲဒီနေ့မတိုင်ခင်ကမှ အငှားဈေးကွက်တင်ခဲ့တာပါ။

Schoneberg မြို့တော်ခန်းမအနားမှာ တည်ရှိတဲ့ ၎င်းတိုက်ခန်းဟာ ၁၉၅၀ ပြည့်နှစ်ဝန်းကျင်က တည်ဆောက်ခဲ့တဲ့ အဆောက်အအုံရဲ့ တတိယထပ်မှာ တည်ရှိတာဖြစ်ပါတယ်။ အသုံးပြုနိုင်တဲ့ဧရိယာက ၅၄ မီတာ ကျယ်ဝန်းပြီး အိပ်ခန်းနှစ်ခန်းနဲ့ လသာဆောင်တစ်ခုတို့ ပါဝင်ပါတယ်။ ၎င်းတိုက်ခန်းနဲ့ပတ်သက်ပြီး မည်မည်ရရပြောစရာမရှိပေမဲ့ လူတွေရဲ့စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့တဲ့ အချက်ကတော့ ရေဖိုးမီးဖိုးလိုမျိုး အပိုစရိတ်တွေအပါအဝင် လစဉ်အိမ်ငှားခ ယူရို ၅၅၀ (အမေရိကန်ဒေါ်လာ ၆၁၀) ဆိုတာပဲဖြစ်ပါတယ်။ ဒီဈေးနှုန်းဟာ ဘာလင်မှာတော့ အလကားပဲတင်းလို့ကို ယူဆကြတာပါ။ Schoneberg ခရိုင်မှာဆိုတော့ ပိုတောင်ဆိုးပါသေးတယ်။ ဒါကြောင့်မို့လို့ ၎င်းတိုက်ခန်းကို ငှားရမ်းဖို့စိတ်ဝင်စားသူတွေ အဲဒီလိုများပြားခဲ့တာဟာ အံ့အားသင့်စရာတော့မဟုတ်ပါဘူး။ တစ်နေ့တည်းမှာပဲ လူ ၁၇၀၀ ကျော်စုပြုံရောက်ရှိလာခဲ့ကြမယ်လို့သာ မထင်ခဲ့ကြတာပါ။

အဲဒီနိုဝင်ဘာ ၂၄ တုန်းက ၎င်းတိုက်ခန်းတည်ရှိရာ Meininger လမ်းဟာ တိုက်ခန်းရဲ့အပြင်ဘက်မှာ တန်းစီခဲ့ကြတဲ့လူတန်းကြီးရယ် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီဝန်ထမ်းတွေရယ်ကြောင့် လူစုလူဝေးမြင်ကွင်းနဲ့ကို တစ်နေ့တာကုန်ဆုံးခဲ့တာပါ။ အိပ်ခန်းနှစ်ခန်းပါ ၎င်းတိုက်ခန်းထဲကို တစ်ကြိမ်မှာ လူ ၂၀ မှ ၃၀ အကြား အချိန်ခဏသာ ပေးဝင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၎င်းတိုက်ခန်းကြည့်ရှုမှုကို ရုတ်တရက်ဖြစ်ပွားတဲ့ကပ်ဘေးတစ်ခုအဖြစ် လူအများအပြားက ဖော်ညွှန်ခဲ့ကြပြီး အချို့ကလည်း ဒါဟာ ဘာလင်ကအိမ်ရာရဲ့ လတ်တလောပုံရိပ်ကို အဓိပ္ပါယ်ဖွင့်ဆိုပြလိုက်တာပဲလို့ ရိုးရှင်းစွာသုံးသပ်ခဲ့ကြပြီး တချို့ကလည်း အခုလိုမျိုး လူတွေအများကြီးကို တစ်နေ့တည်း အိမ်လာရောက်ကြည့်ရှုခွင့်ပေးခဲ့တဲ့ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီကို လောဘကြီးလွန်းတယ်ဆိုပြီး ရှုံ့ချခဲ့ကြပါတယ်။

ဒါတောင် အိမ်ငှားဖို့လျှောက်လွှာတင်ထားတဲ့သူတွေထဲကမှ ပထမဆုံးအကြိမ်ငှားမယ့်သူတွေနဲ့ ဝင်ငွေမများတဲ့သူတွေကိုပဲ ရွေးချယ်ခွင့်ပြုခဲ့တာဖြစ်တယ်လို့ Rolf Harms အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

လျှောက်လွှာရှင်များအား ကုမ္ပဏီမှ သေချာစိစစ်ရွေးချယ်မှာဖြစ်ပြီး ၎င်းလစ်လပ်တိုက်ခန်းကို မည်သူငှားရမ်းခွင့်ရရှိမယ်ဆိုတာကိုလည်း ကုမ္ပဏီကပဲ ဆုံးဖြတ်မယ်လို့ ခန့်မှန်းရပါတယ်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service