တရုတ်အခြေစိုက် အလီဘာဘာကုမ္ပဏီ မြန်မာနိုင်ငံ၌ ပထမဆုံးဈေးရောင်းပွဲကျင်းပမည်

တရုတ်အခြေစိုက် အလီဘာဘာကုမ္ပဏီ မြန်မာနိုင်ငံ၌ ပထမဆုံးဈေးရောင်းပွဲကျင်းပမည် - Property News in Myanmar from iMyanmarHouse.com
16 Oct 2018 12:57 pm တွင် တင်ခဲ့သည်
3062 ကြိမ် ကြည့်ရှု့ပြီး

တရုတ်အခြေစိုက် e-Commerce ကုမ္ပဏီ အလီဘာ ဘာက နိုဝင်ဘာ ၁၁ ရက်တွင် တစ်ကမ္ဘာလုံး၌ တစ်နေ့တည်း ပြိုင်တူကျင်းပမည့် ဈေးရောင်းပွဲ ကို မြန်မာနိုင်ငံတွင်လည်း ပြုလုပ် မည်ဟု သတင်းထုတ်ပြန်သည်။

e-Commerce ကုမ္ပဏီ Daraz ပိုင်ဆိုင်သည့် Shop.com.mm ကို အလီဘာဘာက ၂၀၁၈ မေလအတွင်း ဝယ်ယူပြီးနောက် 11.11 အမည်ရှိ ဈေးရောင်းပွဲကိုကမ္ဘာနှင့်ယှဉ်ကာ မြန်မာနိုင်ငံ တွင် ပထမဆုံးပြုလုပ်ရန် စီစဉ် ခြင်းဖြစ်သည်။

‘‘ အက်ပလီကေးရှင်း (သို့ မဟုတ်) ဝက်ဘ်ဆိုက်ကနေ ဝယ် ရမှာပါ။ ရှိသမျှပစ္စည်းအားလုံး လျှော့ဈေးများများနဲ့ ရောင်းပေး မှာပါ။ တစ်ရက်တည်းလုပ်မယ်။ တစ်ကမ္ဘာလုံး တစ်ချိန်တည်း ရောင်းပေးမယ်’’ဟု Shop.com. mm ပြန်ကြားရေးတာဝန်ခံ မခင် သက်က ပြောသည်။

အလီဘာဘာအနေဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာခြင်း သည် ဈေးကွက်အတွင်း ပြည့်စုံမှု မရှိသော ငွေပေးချေမှုစနစ်နှင့် သယ်ယူထောက်ပံ့ရေးစနစ်ကို လမ်းဖောက်ပေးမည်ဖြစ်သဖြင့် အပေါင်းလက္ခဏာရှိကြောင်း ဇော်ဂျီ Mart ဈေးဝယ်ဝက်ဘ်ဆိုက်တည်ထောင်သူ ဦးဇော်မင်း အောင်က ပြောသည်။

‘‘တစ်ဦးတစ်ယောက်အနေ နဲ့ လုပ်ကိုင်နေသူတွေအတွက်က တော့ အထိနာနိုင်တယ်။ သူတို့က အလီဘာဘာကနေ ယူရောင်းနေ ကြတာလေ။ အလီဘာဘာက သာ သူတို့ထုတ်ကုန်တွေကို ဒီမှာ ပုံစံတစ်မျိုးနဲ့ ရောင်းမယ်ဆိုရင် ထုတ်ကုန်မထုတ်နိုင်တဲ့ ပြည်တွင်းလူတွေ အထိနာမှာပဲ’’ဟု ၎င်းက ပြောသည်။

ဂျာမနီနိုင်ငံအခြေစိုက် Rocket Internet Group သည် Daraz ကုမ္ပဏီကို ၂၀၁၂ က စတင်တည်ထောင်ခဲ့ပြီး မြန်မာ အပါအဝင် ပါကစ္စတန်၊ ဘင်္ဂလား ဒေ့ရှ်၊ သီရိလင်္ကာ၊ နီပေါ စသည့် နိုင်ငံတို့၌ e-Commerce ဈေးကွက် လုပ်ကိုင်ခဲ့သည်။

မြန်မာနိုင်ငံ၌ ဝန်ဆောင်မှု ပေးအပ်နေသည့် Shop.com.mm ကိုမူ တည်ထောင်ပြီး ငါးနှစ် ကျော်အကြာတွင် အလီဘာဘာ ထံ ပြန်လည်ရောင်းချခဲ့သည်။ ယင်းကုမ္ပဏီနှစ်ခုသည် e- Commerce ဝက်ဘ်ဆိုက်တစ်ခု အရောင်းအဝယ်ပြုလုပ်ခဲ့သော်လည်း ငွေကြေးကိစ္စရပ်ကို ထုတ်ပြန်ခြင်းမရှိပေ။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ...

တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ ၂၀၀၁၀၀ ရရှိ၊ လေလံအောင်သူက အိမ်ရာမဲ့များအတွက် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်း လှူဒါန်းမည်...

ဘတ်စ်ကားခပင် မတတ်နိုင်သောကြောင့် လမ်းလျှောက်နေရသူတို့နေထိုင်ရာ၊ ဆန္ဒမဲပေးလျှင်လည်း မိမိတို့ဘဝကို မည်သို့မှ ပြောင်းလဲပေးနိုင်မည်မဟုတ်ဟု ယုံကြည်ထားကာ မဲပေးသူအလွန်နည်းလှသော အင်္ဂလန်က မြို့ကလေး...

ပုဂ္ဂလိကပိုင်ဆိုင်သော အပန်းဖြေနေရာများ၊ အိမ်ခြံမြေနှင့် ဥယျာဉ်ခြံများ ခရီးသွားလုပ်ငန်းလိုင်စင် ပြုလုပ်ရမည်...

ဗြိတိန်တွင် ပေါင် ၁၇၅ သန်းတန်ကြေးအထိ ဈေးခေါ်ထားသော ဈေးအကြီးဆုံး လူနေခန်း

ဆန်ဖရန်စစ္စကိုမှ ဘီလျံနာသူဌေးတစ်ဦးက သူ၏ စံအိမ်အနီး ပင်လယ်ကမ်းခြေသို့ ပြည်သူများ လာရောက်နေကြသည်ကို မလိုလားသော်လည်း တရားသူကြီးက ခွင့်မပြု...

  တရုတ်ပြည် ထျန်ကျင်းမြို့တွင် လွန်ခဲ့သော ၈ နှစ်ကတည်းက ကြိုတင်ငွေပေးချေကာ တိုက်ခန်းဝယ်ယူထားသူများ ယနေ့တိုင် တိုက်ခန်းမရသေး...

ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရုရှား ပါဝင်လာ

ပင်လယ်ကမ်းခြေများရှိ အပန်းဖြေအိမ်ရာဈေးကွက် ကောင်းမွန်နေဆဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ

အိန္ဒိယတွင် သားနှင့်ချွေးမက အကြိမ်ကြိမ်ဆဲဆိုကာ ရိုင်းပြစော်ကားသည့်အပြင် သားသမီးများ တစ်ဦးမှ လာရောက်ကြည့်ရှုခြင်းမရှိသောက

သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ

စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖ

နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ

တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်

အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်

သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

(၁၆) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့်ကား အရောင်းပြပွဲကြီး
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service