ရုံးခန်းတာဝါအဆောက်အအုံများ လိုအပ်ချက်များပြားနေဆဲ

ရုံးခန်းတာဝါအဆောက်အအုံများ လိုအပ်ချက်များပြားနေဆဲ - Property News in Myanmar from iMyanmarHouse.com
1 Dec 2017 11:51 am တွင် တင်ခဲ့သည်
4647 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်ပြီး နိုင်ငံခြားကုမ္ပဏီများ ရုံးလာစိုက်နိုင်ခြေရှိသောကြောင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းသင့်တော်သော ရုံးခန်းအဆောက်အအုံများ ပိုမိုတည်ဆောက်ကြရန် သုတေသနနှင့် အကြံပေးကုမ္ပဏီဖြစ်သော ကော်လီယာ အင်တာနေရှယ်နယ် (Collier International) က မကြာသေးမီက ထုတ်ပြန်ခဲ့သော တတိယသုံးလပတ်အစီရင်ခံစာတွင် အကြံပြုထားသည်။

''နိုင်ငံခြားသား ရင်းနှီးလိုသူတွေအတွက် ဈေးနှုန်းသင့်တင့်တဲ့ နိုင်ငံတကာအဆင့်မီ ရုံးခန်းတာဝါတွေက ရန်ကုန်မြို့တော်မှာရှေ့ဆက်ပြီးလည်း ဝယ်လိုအား များပြားနေဦးမှာ ဖြစ်ပါတယ်''ဟု ကော်လီယာ အင်တာနေရှင်နယ်၏ တွဲဖက်ဒါရိုက်တာ ကာလိုပိုဘရီက ပြောသည်။

ရန်ကုန်မြို့တွင် လက်ရှိအချိန်၌ ရုံးခန်းတာဝါအကျယ်ဝန်း စုစုပေါင်း ၃၂ဝ,ဝဝဝ စတုရန်းမီတာ (စတုရန်းပေအားဖြင့်ဆိုလျှင် ၃ ဒသမ ၄၄ သန်း) အထိ ရှိလာပြီးဖြစ်ပြီး ယခုနှစ်တွင် ဂျန်းရှင်းစီးတီး ရုံးခန်းတာဝါ တည်ဆောက်ပြီးစီးမှုနှင့်အတူ ရုံးခန်းအရေအတွက် ၃ဝ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ၄င်းတို့၏ သုတေသနအရ သိရသည်။

ထို့ပြင် ယခုနှစ်အတွင်း တည်ဆောက်ပြီးစီးမည့် မရမ်းကုန်းမြို့နယ်မှ ပြည်ငြိမ်းသူတာဝါ၊ စမ်းချောင်းမြို့နယ်မှ Red Hill Mixuse Tower၊ ကမာရွတ်မြို့နယ်မှ ခရစ္စတယ်တာဝါနှင့် Regent Office ရုံးခန်းတာဝါများကြောင့် ရုံးခန်းဧရိယာ အကျယ်အဝန်း ၃၅ဝ,ဝဝဝ ထိ ရှိလာမည်ဖြစ်ကြောင်း သိရသည်။

သန့်ရှင်းရေး၊ လုံခြုံရေး၊ ပရိဘောဂ စသည့် အခြားထပ်ပေါင်းဝန်ဆောင်မှုပါဝင်သော ရုံးခန်းအဆောက်အအုံ များကို နှစ်စဉ်တိုးချဲ့ အကောင်အထည်ဖော်နေသော်လည်း ရုံးခန်းငှားရမ်းမှုဈေးကွက်မှာ လိုအပ်ချက်များပြားနေဆဲဖြစ်ကြောင်း ကာလိုပိုဘရီက ပြောသည်။

တိုက်ခန်းများ၊ ကွန်ဒိုများကို ငှားရမ်းကာ ရုံးခန်းဖွင့်လှစ်ထားသူများသည် တဖြည်းဖြည်း ရုံးခန်းသီးသန့် အဆောက်အအုံများသို့ ပြောင်းရွှေ့လာနေဆဲဖြစ်သောကြောင့် ရုံးခန်းအဆောက်အအုံအငှားဈေးကွက်မှာ ဝယ်လိုအား များပြားနေခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

ရုံးခန်းတာဝါများ၏ အဓိကအားသာချက်မှာ ငှားရမ်းခနှုန်းထား တည်ငြိမ်ခြင်းနှင့် ဝန်ဆောင်မှုပါဝင်ပြီး အထွေထွေစရိတ် သက်သာခြင်းများကြောင့် ကုမ္ပဏီရုံးခန်းဖွင့်လှစ်လိုသူများကို ဆွဲဆောင်နိုင်ကြောင်း သစ္စာမြေအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဒေါ်သူဇာမေက ပြောသည်။

''အခန်းငှားခ ဈေးငြိမ်တာရော၊ အင်တာနက်လိုင်း၊ လျှပ်စစ်မီး စတဲ့ ရုံးခန်းတစ်ခုအတွက် လိုအပ်တဲ့ အခြေခံဝန်ဆောင်မှုတွေပါလို့ အထွေထွေကုန်ကျစရိတ် သက်သာတဲ့အတွက် ကိုယ်ပိုင်တိုက်ခန်းတွေ၊ ကွန်ဒိုတွေကို ငှားပြီး ရုံးခန်းဖွင့်လှစ်နေသူအများစုမှ ဝန်ဆောင်မှုပါသော ရုံးခန်းသီးသန့် အဆောက်အအုံများကို ပြောင်းရွှေ့လာနေကြပါတယ်''ဟု ၄င်းက ပြောသည်။

ထို့ပြင် လူစည်ကားရာမြို့လယ်ကောင်နေရာမှ တိုက်ခန်းများထက် လုံခြုံစိတ်ချရမှုနှင့် တိတ်ဆိတ်ငြိမ်သက်မှုကိုပါ ပေးနိုင်သည့်အတွက်လည်း ရုံးခန်းတာဝါများတွင် ရုံးခန်းဖွင့်လှစ်ရန် ပြောင်းရွှေ့သူများရှိကြောင်း ဒေါ်သူဇာမေက ပြောသည်။

''ရုံးခန်းအသေးလေးပဲ ဖွင့်ချင်သူအတွက် တိုက်ခန်းတစ်ခုကို ငှားရမ်းရုံးခန်းဖွင့်ပြီး ဝန်ဆောင်မှုအသီးသီးကို တာဝန်ယူနေရမှာထက် ဝန်ဆောင်မှုပါပြီးသား ရုံးခန်းသီးသန့်အဆောက်အအုံမှာ ရုံးခန်းဖွင့်ရတာက ငွေကြေးရော၊ အချိန်ရောသာမက အလုပ်ကိုပါ ပိုသက်သာစေပါတယ်။ သာမန်လမ်းတွေထက် ရုံးခန်းအဆောက်အအုံတွေက ပိုပြီးတိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်လို့ အဲဒီလိုရုံးခန်းသီးသန့် အဆောက်အအုံတွေကိုပဲ အခုနောက်ပိုင်း ပိုမိုငှားရမ်းလာကြတာ ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့တစ်ဝိုက်ရှိ ရုံးခန်းအဆောက်အအုံများမှာ ငှားရမ်းခဈေးနှုန်းများမှာ တစ်စတုရန်းမီတာလျှင် တစ်လလျှင် ပျမ်းမျှငှားရမ်းခ အမေရိကန်ဒေါ်လာ ၄ဝ မှ ၅ဝ အထိရှိကြောင်း ကော်လီယာ အင်တာနေရှင်နယ်၏ သုတေသနအရ သိရသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service