တိုက်ခန်းအိမ်ရာဥပဒေသစ် ပေါ်ထွက်ရန် လုပ်ငန်းရှင်များ တိုက်တွန်း

တိုက်ခန်းအိမ်ရာဥပဒေသစ် ပေါ်ထွက်ရန် လုပ်ငန်းရှင်များ တိုက်တွန်း - Property News in Myanmar from iMyanmarHouse.com
21 Apr 2016 10:18 am တွင် တင်ခဲ့သည်
1129 ကြိမ် ကြည့်ရှု့ပြီး
အရောင်းအဝယ်ကျဆင်းလျက်ရှိသည့် ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန်၊ တိုက်ခန်း ဝယ်ယူထားသူများ၏ ပိုင်ဆိုင်မှု ခိုင်မာသေချာစေရန် တိုက်ခန်းအိမ်ရာဥပဒေသစ်ကို ယခုအစိုးရသစ်လက်ထက်တွင် အမြန်ဆုံး ပေါ်ထွတ်လာစေရန် လိုအပ်နေပြီဖြစ်သည်ဟု အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောကြားသည်။

''ကွန်ဒိုဥပဒေနဲ့ တိုက်ခန်းအိမ်ရာဥပဒေ နှစ်ခု တွဲတင်လိုက်ပေမယ့် ကွန်ဒိုဥပဒေကတော့ ထွတ်လာတယ်။ တိုက်ခန်းအိမ်ရာဥပဒေက ဟိုလိုလို ဒီလိုလိုနဲ့ ပျောက်နေတယ်၊ မြေကွက်ကျဉ်းကျဉ်းတွေမှာ ဆောက်ထားတဲ့ ကန်ထရိုက်တိုက်တွေက ဘဏ်မှာ ပေါင်နှံလို့ မရဘူး။ ငွေလိုရင် အပြင်ကနေ ငွေချေးနေရတယ်။

အဲဒီဥပဒေထွတ်လာရင် တိုက်ခန်းပိုင်ရှင်တွေလည်း ဘဏ်မှာပေါင်လို့ရလာသလို ပိုင်ဆိုင်မှုအတွက်လည်း အစိုးရဆီမှာ စာရင်းသွင်းရမှာဖြစ်လို့ နိုင်ငံတော်ကလည်း အခွန်ဘဏ္ဍာ ရလာလိမ့်မယ်။ ဘဏ်တွေလည်း ပိုအလုပ်ဖြစ်လာမယ်။ တိုက်ခန်းဆောက်တဲ့ လူတွေလည်း ပိုပြီး ဆောက်လာနိုင်မယ်''ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း နာယက ဦးခင်ရွှေက ပြောသည်။

တိုက်ခန်းအိမ်ရာဥပဒေ ထွက်ပေါ်လာနိုင်ခြင်း မရှိသဖြင့် မိမိတို့ပိုင် တိုက်ခန်းများပင် ဖြစ်လင့်ကစား အရောင်းအဝယ်ပြုလုပ်ရာ၌ အရပ်စာချုပ်များဖြင့် မြေပိုင်ရှင်အသိအမှတ်ပြု လက်မှတ်ရေးထိုးစေသည့် စနစ်ဖြင့် ရောင်းဝယ်နေကြရဆဲ ဖြစ်သည်။
တိုက်ခန်းရောင်းဝယ်မှုများအတွက် တရားဝင်မှတ်ပုံတင်အမည်ပြောင်းနိုင်ခြင်း မရှိသည့်အတွက်ကြောင့်လည်း နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာရရှိမှု နစ်နာစေသလို တိုက်ခန်းရောင်းဝယ်သူများက မြေရှင်များ ချမှတ်တောင်းဆိုထားသည့် အကျိုးဆောင်ခ (လက်မှတ်ထိုးကြေး)များ ပေးကာ အရောင်းအဝယ် ပြုနေရဆဲဖြစ်သည်။

မြေရှင်အချို့၏ လက်မှတ်ထိုးကြေး မြင့်မားစွာ တောင်းဆိုမှုများကြောင့် ယခုနောက်ပိုင်းတွင် ကိုယ်ပိုင်တိုက်ခန်းများပင် အရောင်းအဝယ်ပြုလုပ်ရန် ပိုမိုခက်ခဲလာသည့်အတွက် နိုင်ငံတော်က တိုက်ခန်းပိုင်ရှင်များကို အမှန်တကယ် အကာအကွယ်ပေးနိုင်သည့် ဥပဒေတစ်ရပ် မဖြစ်မနေပြဋ္ဌာန်းရန် လိုအပ်လာပြီဖြစ်သည်ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း အထွေထွေအတွင်းရေးမှူးဒေါ်မို့မို့အောင်က ပြောသည်။

''တချို့က ၅ သိန်း၊ တချို့က ၁ဝ သိန်းလောက်အထိ တောင်းလာကြတယ်၊ မြေရှင်တောင်းသလောက် ပေးရတယ်။ မှတ်ပုံတင်လည်း လုပ်လို့မရသလို ဘဏ်မှာလည်း ပေါင်လို့ မရဘူး။ အိမ်ရှင်လက်မှတ် မထိုးပေးရင် အိမ်ရှင်က အိမ်လခဖြတ်ပိုင်းဖြတ်ပေးမှာ မဟုတ်ဘူး။ အိမ်ရှင်ကို ဂရုမစိုက်ဘဲ ကိုယ့်ဘာသာကိုယ် ဝယ်ကြရောင်းကြမယ်ဆိုရင်လည်း နောက်လူက အဲဒီအခန်းကို မဝယ်တော့ဘူး။

အဲဒါက အိမ်ခြံမြေလောကမှာ အစဉ်အလာလို ဖြစ်သွားတယ်။ ပုံမှန်ကတော့ သဘာဝ မကျဘူး။ ကိုယ်က တိုက်ခန်းကို သိန်းပေါင်းများစွာနဲ့ အပြတ်တောင် ဝယ်ထားပြီးပြီ။ တိုက်ခန်းအိမ်ရာဥပဒေကို အစိုးရသစ်က ဘယ်လိုလုပ်ပေးမလဲ ဆိုတာ ဆက်လက်ကြည့်ရှုရမယ်'' ဟု ၎င်းက ပြောသည်။

တိုက်ခန်းများကို ဝယ်ယူရာတွင် တိုက်သစ်ဖြစ်ပါက မြေရှင်နှင့် ကန်ထရိုက်တာ (ဆောက်လုပ်ရေးကုမ္ပဏီ) များထံမှ တိုက်ရိုက်စာချုပ်ချုပ်ဆို ဝယ်ယူနိုင်သော်လည်း တိုက်ဟောင်းများဖြစ်ပါက တိုက်ခန်းဝယ်ယူရောင်းချခဲ့သူ အဆင့်ဆင့်၏ ဆက်စပ်စာချုပ်များ ပြည့်စုံမှသာ အရောင်းအဝယ် ပြုလုပ်နိုင်သည်။

တိုက်ခန်းများကို မြေရှင်၊ ကန်ထရိုက်တာများက ဆောက်လုပ်ကာ အခန်းများကို ရောင်းချထားပြီး ဖြစ်သော်လည်း မြေပိုင်ဆိုင်မှုအတွက် မြေရှင်အခွင့်အရေးများကို မြေရှင်အချို့က အသင်းအဖွဲ့များထံသို့ လှူဒါန်းခြင်း၊ မြေပိုင်ရှင် ပြောင်းလဲမှုများ ပြုလုပ်လာကြသည့်အတွက် တိုက်ခန်းပိုင်ရှင်များက မိမိပိုင်တိုက်ခန်းများကို အရောင်းအဝယ်ပြုလုပ်ခြင်း၊ တစ်ဆင့်ပြန်လည်ငှားရမ်းခြင်း ပြုလုပ်ရာတွင် မူလမြေရှင်များ တောင်းခံထားသည့် ရာခိုင်နှုန်းများထက် မြေရှင်သစ်များက စိတ်ကြိုက်ပုံစံဖြင့် ပိုမိုတောင်းခံလာမှုများ ရှိလာသဖြင့် တိုက်ခန်းအရောင်းအဝယ်များ မကြာခဏ ပွဲပျက်လျက်ရှိသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

''အခုနောက်ပိုင်း ဥပဒေမရှိတော့ ဘာတွေဆက်ဖြစ်လာကြသလဲ ဆိုတော့ မြေပိုင်ရှင်တွေက အသင်းအဖွဲ့တွေကို မြေရှင်အခွင့်အရေးဆိုပြီး လိုက်ကြတာတွေ ရှိတယ်။ သူတို့က မြေညီထပ် အရောင်းအဝယ်လုပ်ရင် လက်မှတ်ထိုးကြေး သိန်း ၄ဝ ပေးရမယ်တို့၊ ပထမထပ်ဆို ဘယ်လောက် ဆိုပြီး မဟားတရား တောင်းတာတွေ များလာတယ်။

အိမ်လခ တိုးတောင်းတာ ပြဿနာမရှိပေမယ့် အခုလို လက်မှတ်ထိုးကြေး တိုးတောင်းလာကြလို့ အရောင်းအဝယ်ပျက်သွားတာ များတယ်။ လုပ်ထုံးလုပ်နည်းတစ်ခုလို ဖြစ်သွားတယ်။ နိုင်ငံတော်ကလည်း တိုက်ခန်းအရောင်းအဝယ်လုပ်ရင် မြေရှင်ကို လက်မှတ်ထိုးကြေး ပေးရမယ်လို့ သတ်မှတ်တာ မဟုတ်ဘူး။ နိုင်ငံတော်ကလည်း အိမ်ခြံမြေ လောကအတွက် အမှန်တကယ် အကျိုးရှိမယ့် ဥပဒေတစ်ခု ထွက်လာအောင် ဆောင်ရွက်ပေးဖို့ လိုလာပြီ'' ဟု ဒေါ်မို့မို့အောင်က ပြောသည်။

တိုက်ခန်းများကို ဝယ်ယူပိုင်ဆိုင်ထားပြီး ဖြစ်သော်လည်း မြေရှင်များသို့ အိမ်လခအဖြစ် လစဉ်သတ်မှတ်ထားသည့် ငွေများကို ပေးချေနေရဆဲ ဖြစ်သည့်အပြင် အရောင်းအဝယ် ပြုလုပ်ခြင်းနှင့် မိမိပိုင်တိုက်ခန်းများကို ပြန်လည်ငှားရမ်းရာတွင် မြေရှင်အသိအမှတ်ပြု အိမ်လခဖြတ်ပိုင်းများ ရရှိရေးအတွက် ရောင်းချသူဘက်က တာဝန်ယူလုပ်ဆောင်ရဆဲ ဖြစ်ပြီး မြေရှင်တောင်းဆိုသည့် ငွေကြေးများကိုလည်း ရောင်းချသူဘက်က ပေးချေနေရဆဲ ဖြစ်သည်။

အစိုးရပိုင်မြေများ၊ အသင်းအဖွဲ့ပိုင်မြေများပေါ်တွင် ပြည်တွင်းပြည်ပ ဆောက်လုပ်ရေးကုမ္ပဏီများနှင့် အကျိုးတူဆောက်လုပ်ထားသည့် အဆောက်အအုံများကို ဝယ်ယူနေထိုင်သူ မိသားစုများအတွက် ရေရှည်တိုက်ခန်းပိုင်ဆိုင်မှုကို အာမခံချက်ပေးနိုင်သည့် ဥပဒေများ လိုအပ်နေဆဲဖြစ်သလို ပုဂ္ဂလိကပိုင် မြေနေရာများပေါ်တွင် ဆောက်လုပ်ထားသည့် တိုက်ခန်းများကို ဝယ်ယူနေထိုင်သူမိသားစုများ၏ သားစဉ်မြေးဆက် ပိုင်ဆိုင်မှုအတွက်လည်း ခိုင်မာသည့် ဥပဒေများဖြင့် အကာအကွယ်ပေးရန် လိုအပ်လျက်ရှိသည်ဟု အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောသည်။

''ဘီအိုတီ (BOT) ဆိုရင်လည်း နှစ် ၇ဝ ငှားထားတာ။ နှစ် ၇ဝ ပြည့်သွားရင် အခန်းနေတဲ့ သူတွေက ဖယ်ပေးရမှာလား၊ ဆက်နေရမှာလား၊ ဘယ်သူမှ ရှင်းရှင်းလင်းလင်း မသိကြသေးဘူး။ ကျွန်တော်တို့နေတဲ့တိုက်ဆို ကိုယ့်အခန်းကိုယ်ငှားတာပဲ ဖြစ်ဖြစ်၊ နောက်တစ်ယောက်ကို ပြန်ရောင်းတာပဲဖြစ်ဖြစ် မြေရှင်တောင်းတဲ့ ၃ ရာခိုင်နှုန်းကို ပေးရမယ်ဆိုပြီး တိုက်ခန်းဝယ်ကတည်းက စာချုပ်ထဲမှာကို ထည့်ချုပ်ထားတယ်။

ငွေလိုလို့ တိုက်ခန်းကို ဘဏ်မှာပေါင်လို့ မရတဲ့အတွက် အပြင်က အတိုးကြီးနဲ့ ငွေချေးပြီး လုပ်ရတဲ့လူတွေ အများကြီးရှိတယ်'' ဟု စမ်းချောင်းမြို့နယ်တွင် တိုက်ခန်းဝယ်ယူ၍ ရုံးခန်းဖွင့်လှစ်ထားသည့် L & S Trading ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်မောင်စိန်က ပြောသည်။

Credit : Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service