မန္တလေးတွင် အိမ်ပိုင်ဆိုင်မှုအခြေအနေ စစ်တမ်းကောက်ယူမည်

မန္တလေးတွင် အိမ်ပိုင်ဆိုင်မှုအခြေအနေ စစ်တမ်းကောက်ယူမည် - Property News in Myanmar from iMyanmarHouse.com
23 Sep 2014 9:53 am တွင် တင်ခဲ့သည်
1170 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံတော်အဆင့် အိမ် ရာစီမံကိန်းများအတွက် မန္တလေး မြို့တွင် နေထိုင်သူများ၏ အိမ်ပိုင် ဆိုင်မှုအခြေအနေစစ်တမ်းများ ကို အောက်တိုဘာလမတိုင်မီ ကောက်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့အတွင်းရှိ စည် ပင်နယ်နိမိတ်အတွင်းမှ ကိုယ်ပိုင် အိမ်၊ အငှားအိမ်၊ ကျူးနေရပ်များ ဖြင့် နေထိုင်နေသူ မိသားစုများ၏ အရေအတွက် အတိအကျကို သိရှိနိုင်ရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ (MCDC) နှင့် အထွေထွေအုပ်ချုပ် ရေးတာဝန်ရှိသူများ ပူးပေါင်းပြီး ကောက်ခံသွားမည်ဖြစ်သည်။ ကောက်ခံရရှိသည့် စစ်တမ်းများ ကို အောက်တိုဘာလတွင် နေ ပြည်တော်၌ ပြုလုပ်မည့် နိုင်ငံ တော်အဆင့် အိမ်ရာစီမံကိန်း ဆွေးနွေးပွဲတွင် တင်ပြသွားမည် ဖြစ်ကြောင်း MCDC မှ တွဲဖက် အတွင်းရေးမှူး ဦးသက်နိုင်ထွန်းကပြောသည်။

‘‘လောလောဆယ်မြို့နယ် ခြောက်မြို့နယ်ကိုပဲ ကောက်မှာ။ မန္တလေးမြို့မှာ နေတဲ့လူ ၁၂ သိန်း က ဘယ်လိုပုံစံတွေနဲ့ နေနေလဲ ဆိုတာ သိနိုင်ဖို့ စစ်တမ်းကောက် မှာ’’ ဟု ၎င်းက ပြောသည်။

အစိုးရ၀န်ထမ်းများသာမက ပုဂ္ဂလိကကုမ္ပဏီများတွင် လုပ် ကိုင်နေသော ၀န်ထမ်းများ၊ အိုးမဲ့ အိမ်မဲ့များအားလုံးအတွက် နိုင်ငံ တော်အစီအစဉ်ဖြင့် အိမ်ရာများ ချထားပေးနိုင်ရန် တိုင်းနှင့် ပြည် နယ်အားလုံးတွင် စီစဉ်နေပြီး ယင်းစီမံကိန်းအတွက် လိုအပ်မည့် ယခုစစ်တမ်းကို ကောက်ခံရန် ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင် သိန်းက ယခုလ ၂၁ ရက်တွင် ညွှန် ကြားထားကြောင်း မန္တလေး စည် ပင်အကြံပေး အဖွဲ့ခေါင်းဆောင် ဦးပိုမြင့်က ပြောသည်။

နိုင်ငံတော်အဆင့် အိမ်ရာ စီမံကိန်းများ တည်ဆောက်ရန် ယခု စစ်တမ်းတစ်ခုမှလွဲ၍ မန္တ လေးမြို့နှင့် သက်ဆိုင်သည့် အခြားအချက်အလက်များကို တိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက ဦးဆောင် ရယူထားပြီးဖြစ်ကြောင်း ဦးသက် နိုင်ထွန်းက ဆိုသည်။

လက်ရှိအချိန်တွင် မန္တလေး မြို့ရှိ ၀န်ထမ်းများ၊ အိုးအိမ်မရှိ သေးသူများအတွက် ချမ်းမြသာ စည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက် အတွင်း၌ မန္တလေးစည်ပင်မှ အကောင်အထည်ဖော်နေသော တန်ဖိုးနည်း အိမ်ရာနှင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနမှ အ ကောင်အထည်ဖော်နေသော တန် ဖိုးမျှတအိမ်ရာတို့ တည်ဆောက် နေသည်။

Credit: 7 Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service