မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ

မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
7 Oct 2025 12:54 pm တွင် တင်ခဲ့သည်
306 ကြိမ် ကြည့်ရှု့ပြီး

လေ့လာခဲ့သော သိပ္ပံပညာရှင်များ= Shani Agron, Claire A de March, Reut Weissgross

အင်စတီကျူးရှင်းများ= ၁။ အစ္စရေးနိုင်ငံ၊ Rehovot မြို့ရှိ Weizmann Institute of Science မှ ဦးနှောက်သိပ္ပံဌာန ၂။ အမေရိကန်ပြည်၊ မြောက်ကာရိုလိုင်းနားပြည်နယ်၊ Durham မြို့ရှိ Duke University Medical Center မှ Molecular Genetics and Microbiology ဌာန

PMID: 38127837

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ ပြုလုပ်ခဲ့သည့် လေ့လာချက် တစ်ရပ်တွင် အမျိုးသမီးတို့၏ မျက်ရည်ရနံ့ကို ရှူမိလျှင် အမျိုးသားတို့၏ အမျက်ဒေါသစိတ် ၄၄ ရာခိုင်နှုန်းနီးပါး ကျဆင်းစေကြောင်း တွေ့ရှိခဲ့သည်။

အမျိုးသမီးတို့မျက်ရည်မှ ဓာတုအချက်ပြမှုများကြောင့် ရန်လိုစိတ်နှင့် သက်ဆိုင်သော ဦးနှောက်လှုပ်ရှားမှုကို ကျဆင်းစေခြင်းဖြစ်သည်ဟု ဆိုသည်။

အမျိုးသားတို့မှာ အမျိုးသမီးတို့၏ မျက်ရည်မှ ရနံ့ကို မရလျှင်ပင် ဓာတုအချက်ပြမှုက အလုပ်လုပ်သည်။

အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်တို့က ကြွက်များတွင် ဦးစွာလေ့လာခဲ့ခြင်းဖြစ်သည်။

ထို့နောက် လူသားတို့တွင် ဆက်လက်လေ့လာရာ လူသား အမျိုးသမီးတို့၏ မျက်ရည်တွင်လည်း ယောက်ျားတို့၏ testosterone ကို ကျဆင်းစေသည့် ဓာတုအချက်ပြမှုရှိနေသည်ကို တွေ့ရှိခဲ့သည်။

Testosterone ကျဆင်းခြင်းမှာ ရန်လိုစိတ် ကျဆင်းခြင်းနှင့် ဆက်နွှယ်နေသည်။

၎င်းတို့၏ လေ့လာတွေ့ရှိချက်အရ အမျိုးသမီးတို့၏ မျက်ရည်တွင် ရနံ့မရှိသော်လည်း ရှူရှိုက်မိသည့် အမျိုးသားတို့၏ ဒေါသစိတ်ကို ၄၃ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းစေကြောင်း တွေ့ခဲ့သည်။

ဦးနှောက်အဖျားပိုင်းနေရာတွင် ထိုလုပ်ဆောင်ချက်ရှိကြောင်း သက်သေပြနိုင်ရန်အတွက် သိပ္ပံပညာရှင်တို့က လူတို့၏ ဦးနှောက်မှ အနံ့အာရုံခံဆဲလ် (olfactory receptor) ၆၂ ခုကို ဓာတ်ခွဲခန်း မှန်သားပြင်ပေါ်တွင် ထားရှိကာ မျက်ရည်ဖြင့် စမ်းသပ်ခဲ့ကြသည်။

ထိုအခါ မျက်ရည်၏ ဓာတုအချက်ပြမှုကို အနံ့အာရုံခံ ဆဲလ် ၄ ခုက တုန့်ပြန်မှုရှိသည်ကို တွေ့ရှိခဲ့သည်။

ထို့နောက်တွင် ဗဟိုဦးနှောက်က မျက်ရည်ဓာတုအချက်ပြမှုကို တုံ့ပြန်မှုရှိကြောင်း သက်သေပြနိုင်ရန်အတွက် ဦးနှောက် ပုံရိပ်ဖော်စနစ် ((fMRI) ဖြင့် ဆက်လက်စမ်းသပ်ခဲ့ကြသည်။

ထိုအခါ မျက်ရည်ထံမှ ဓာတုအချက်ပြသည့် ရနံ့သည် အနံ့ခံသည့် အလွှာနှင့် ဒေါသစိတ်ဖြစ်စေသည့် အာရုံကြောတို့အကြား ဆက်သွယ်မှုများ တိုးမြင့်လာစေပြီး ဒေါသစိတ်ဖြစ်စေသည့် အာရုံကြောလှုပ်ရှားမှု ကျဆင်းသွားစေသည်ကို တွေ့ရှိခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: A chemical signal in human female tears lowers aggression in males

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
ဂရိနိုင်ငံတွင် “လေမှုတ်စောင်း”များ တပ်ဆင်နေ၊ လေပြေအသွေးတွင် ဂီတသံများ ပျံ့လွင့်စေမည့်အပြင် လမ်းမီးတိုင်များအတွက် လျှပ်စစ်ဓာတ်အားလည်း ထုတ်လုပ်ပေးနိုင်...
ဂရိနိုင်ငံတွင် “လေမှုတ်စောင်း”များ တပ်ဆင်နေ၊ လေပြေအသွေးတွင် ဂီတသံများ ပျံ့လွင့်စေမည့်အပြင် လမ်းမီးတိုင်များအတွက် လျှပ်စစ်ဓာတ်အားလည်း ထုတ်လုပ်ပေးနိုင်...
ငှက်ပျောသီးအစိမ်းများတွင်ရှိသော ကစီဓာတ်က အချို့သော မျိုးရိုးလိုက် ကင်ဆာအမျိုးအစားများကို ၆၀ ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်ကြောင်း ဗြိတိန်သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ...
ငှက်ပျောသီးအစိမ်းများတွင်ရှိသော ကစီဓာတ်က အချို့သော မျိုးရိုးလိုက် ကင်ဆာအမျိုးအစားများကို ၆၀ ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်ကြောင်း ဗြိတိန်သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ...
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...
အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...
အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...
ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ
ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ
နှာချေလိုချိန်တွင် မချေဘဲ အောင့်ထားလိုက်ပါက ဦးခေါင်းတွင်းသွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား...
နှာချေလိုချိန်တွင် မချေဘဲ အောင့်ထားလိုက်ပါက ဦးခေါင်းတွင်းသွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
Jade Palace Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service