(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ

(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ - Property News in Myanmar from iMyanmarHouse.com
20 Mar 2025 10:39 am တွင် တင်ခဲ့သည်
1029 ကြိမ် ကြည့်ရှု့ပြီး

ဒေါ်နယ်ထရမ့်အပေါ် ပြင်းစွာအမျက်ရှနေသော ပြင်သစ်ခေါင်းဆောင်တို့က အမေရိက၏ အမှတ်သင်္ကေတဟု ဆိုနိုင်သော လေဘာတီရုပ်တုကြီးကို ဥရောပသို့ ပြန်ပေးရန် အမေရိကန်ထံ တောင်းခံလာသည်။

နာမည်ကျော် အထင်ကရ ရုပ်တုကြီးကို ချက်ချင်းပြန်ပေးရန် ပြင်သစ်က ပြောလာသည်။

ပြန်တောင်းရသည့် အကြောင်းရင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် နိုင်လိုမင်းထက် ပြုသူတို့ဘက်မှ ရပ်တည်ရန် ရွေးချယ်ခဲ့သောကြောင့်ဖြစ်သည်ဟု ဆိုသည်။ ပြင်သစ်က အမေရိကန်ကို လွန်ခဲ့သော နှစ်ပေါင်း ၁၄၀ ခန့်က လေဘာတီရုပ်တုကြီး လက်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံကြား စည်းလုံးမှုနှင့် မိတ်သင်္ဂဟဖြစ်မှုတို့ကို ပြသသည့်အနေဖြင့် လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါ ပြင်သစ်နိုင်ငံရေးသမား၊ ဥရောပ ပါလီမန်အမတ်တစ်ဦးဖြစ်သူ ရာဖာယယ် ဂလပ်စ်မန်းက ပြောသည်မှာ Orange Manbaby အပေါ် စိတ်ကုန်သွားပြီဖြစ်ကြောင်း၊ မိမိတို့ ပေးထားသော လက်ဆောင်ကို ပြန်လိုချင်ကြောင်း ပြောလာသည်။

((မှတ်ချက်။ Orange Manbaby ဟူသည်မှာ ဒေါ်နယ်ထရမ့်ကို လှောင်ပြောင်ထိုးနှက်ကြသော စကားတစ်ခု ဖြစ်သည်။ သူ၏ အသားအရောင်မှာ သဘာဝမကျစွာ လိမ္မော်ရောင်ဖြစ်နေခြင်းနှင့် လူကြီးလူကောင်း မဆန်စွာ စိတ်ခံစားချက်များကို မထိန်းချုပ်ဘဲ ကလေးဆန်ဆန် ပြောဆိုပြုမူ နေမှုများကို လှောင်ပြောင်သည့် စကားလုံး ဖြစ်သည်))

ဥရောပ ပါလီမန်အမတ် ဂလပ်စ်မန်းက ထရမ့်ကို “နိုင်လိုမင်းထက်ပြုသူတို့ဘက်မှ ရပ်တည်သူ” ဟု ပြောဆိုခြင်းမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဆက်ဆံရေးကို ရည်ညွှန်းခြင်း ဖြစ်သည်။

 

 

(▲ ထရမ့်ကို ဥရောပခေါင်းဆောင်တို့က စိန်ခေါ်လိုက်ပြီ ဖြစ်သည်။ ဓာတ်ပုံ-Getty Images)

 

ဂလပ်စ်မန်းက ပါတီညီလာခံတွင် ပြောခဲ့သည်မှာ “နိုင်လိုမင်းထက်ပြုသူတွေဘက်ကနေ ရပ်တည်ဖို့ ရွေးချယ်လိုက်တဲ့ အမေရိကန်တွေကို ကျွန်တော်တို့ ပြောချင်တာက လေဘာတီ ရုပ်တု ကျွန်တော့်တို့ကို ပြန်ပေးပါလို့ ပြောချင်ပါတယ်” ဟု ဆိုသည်။

“ဒီ ရုပ်တုကို ကျွန်တော်တို့က လက်ဆောင်ပေးခဲ့တာပါ။ ဒါပေမယ့် ခင်ဗျားတို့က တန်ဖိုးထားပုံမရတော့ ဒီဟာက သူ့ရဲ့ ဌာနေမှာရှိတာ ပိုပြီးကောင်းမွန်ပါလိမ့်မယ်”

လေဘာတီ ရုပ်တုကြီးကို ပြင်သစ်က အမေရိကန်အား ၁၈၈၄ ခုနှစ် (သီပေါမင်း ပါတော်မမူမီ ၁ နှစ်အလို) တွင် လက်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ၂ နှစ်အကြာ ၁၈၈၆ ခုနှစ် (မြန်မာပြည်ကို အိန္ဒိယပြည် လက်အောက်သို့ တရားဝင်သွတ်သွင်းခံလိုက်ရသည့်နှစ်) တွင် နယူးယောက်မြို့၌ ပြသထားရှိခဲ့သည်။

အမေရိကန်အစိုးရက ပြန်လည်တုံ့ပြန်သည်မှာ လေဘာတီရုပ်တုကို ပြန်လည်နေရာသို့မှ ပြန်ပို့မည်မဟုတ်ကြောင်း ပြောသည်။

ပြင်သစ်၏ တောင်းဆိုမှုကို လက်ခံစဉ်းစားမည်မဟုတ်ကြောင်း ထရမ့်အစိုးရအဖွဲ့က ပြောသည်။

 

 

(▲ လေဘာတီရုပ်တုကြီးမှာ ပြင်သစ်က အမေရိကန်ကို လက်ဆောင်ပေးထားသည့် ရုပ်တုဖြစ်သည်။ ဓာတ်ပုံ-Getty Images)

 

အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ Karoline Leavitt က ပြောသည်မှာ “လုံးဝ လက်မခံပါဘူး။ အမည်မတပ်ချင်တဲ့ အဆင့်နိမ့် ပြင်သစ်နိုင်ငံရေးသမားကို ကျွန်မ ပြောချင်တာက ….အမေရိကန်ပြည်ထောင်စု ကြောင့်သာ ယနေ့အခါမှာ ပြင်သစ်တွေ ဂျာမန်စကားပြောမနေရတာဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်” ဟု ဆိုသည်။

“သူတို့အနေနဲ့ ဒါကို ကျေးဇူးတင်သင့်ပါတယ်” ဟုလည်း Karoline က ပြောသည်။

Karoline ရည်ညွှန်းသည်မှာ ဒုတိယကမ္ဘာစစ်ကြီးအတွင်း နာဇီတို့ကို ပြင်သစ်နိုင်ငံမှ တိုက်ထုတ်ရာတွင် အမေရိကန်က မဟာမိတ်အဖြစ် ကူညီပေးခဲ့ခြင်းကို ဆိုလိုသည်။

သို့သော် သြစတေးလျ ဝန်ကြီးချုပ်ဟောင်း Malcolm Turnbull က ထောက်ပြသည်မှာ ၁၈ ရာစုအတွင်း အမေရိကန်တော်လှန်ရေးတွင် ဂျော့ချ်ဝါရှင်တန်၏ မျိုးချစ်တပ်များကို ပြင်သစ်က အကူအညီပေးခဲ့ခြင်းကို ထောက်ပြသည်။

X လူမှုကွန်ရက်တွင် Malcolm Turnbull က ရေးသားခဲ့သည်မှာ “အမေရိကန်တွေ ယနေ့အခါမှာ ခရစ်ကက် မကစား၊ God Save the King ဆိုတဲ့ သီချင်းမဆိုရတာဟာ ပြင်သစ်ကြောင့်သာ ဖြစ်ပါတယ်” ဟု ဆိုသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: French leaders challenge Trump as they call for Statue of Liberty to go back to Europe Photo Credit-Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service