နှစ်ဦးအမည်နှင့် ဝယ်ယူထားသည့် တိုက်ခန်းကိုဝယ်မည်ဆိုလျှင်
နှစ်ဦးအမည်နှင့် ဝယ်ယူထားသည့် တိုက်ခန်းကိုဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
11 Nov 2023 11:22 am တွင် တင်ခဲ့သည်
652 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
“ဖခင်နှင့်သမီး နှစ်ဦးအမည်နဲ့ ဝယ်ထားတဲ့တိုက်ခန်းကို သမီးကရောင်းရင်ဖြစ်ပါသလား” ဟု မိတ်ဆွေတစ်ဦးက ဆွေးနွေးလာပါသည်။
“သာမန်အားဖြင့်တော့ ပြဿနာမဖြစ်နိုင်ဘူးလို့ တွေ့ရပေမယ့် သမီးဖြစ်သူက အိမ်ထောင်ကွဲလား။ ဖခင်မှာ သားသမီး ဘယ်နှစ်ယောက်ရှိလဲဆိုတာတွေက ဆက်စပ်မှုဖြစ်လာတယ်။အခု ကိစ္စက သမီးဖြစ်သူက ဖခင်မသိအောင် ရောင်းမှာလား။”
“ဖခင်ကွယ်လွန်သွားပြီ။ ဒါကြောင့် သမီးဖြစ်သူက ပြန်ရောင်းမှာ”
“ဒါဆိုရင်တော့ ဥပဒေအရ ကြည့်မယ်ဆိုရင် စဉ်းစားစရာ ဖြစ်လာပြီ။”
“သမီးဖြစ်သူကလည်း အိမ်ထောင်ရှိတယ်ပြောတယ်။ မောင်နှမဘယ်နှစ်ယောက်ရှိတယ်လို့ မမေးလိုက်မိဘူး။”
“ဖခင်ကွယ်လွန်သွားပြီဆိုတော့ အမွေဆိုင် အိမ်သဘောမျိုးဖြစ်လာနိုင်တယ်။ မိခင်ကရှိသေးလား၊”
“ဖခင်က နောက်အိမ်ထောင်ပြုထားတယ်လို့ပြောတယ်။ ပထမဇနီးကွယ်လွန်ပြီး မကြာမီပဲ အိမ်ထောင်ပြု တယ်လို့ ပြောပါတယ်။”
“ဒါဆိုရင်တော့ နောက်ဇနီးက ကန့်ကွက်မှာပေါ့”
“ဟုတ်တယ် သူငယ်ချင်း။ အခု စရန်ငွေပေးပြီး သတင်းစာထဲထည့်လိုက်မှ ကန့်ကွက်သူပေါ်လာတာပဲ။ ဒါ့ကြောင့် ဘာဆက်လုပ်ရင် ကောင်းမလဲလို့လာဆွေးနွေးတာ”
“ဥပဒေအရ ပြောရရင် အကြောင်းအရာက နှစ်ပိုင်းဖြစ်နေတယ် သူငယ်ချင်း၊ ဦးစွာပြောရရင် ပထမတစ်ပိုင်းကတော့ မိရင်း၊ ဖရင်းကွယ်လွန်တဲ့အတွက် ကျန်တဲ့သားသမီးတွေက မိထွေးနဲ့ အမွေခွဲဝေပိုင်ခွင့်အပိုင်း ဖြစ်တယ်။”
“ဒါဆိုဒီတိုက်ခန်းက အမွေဆိုင်ပစ္စည်းထဲပါသွားမှာပေါ့”
“ဖခင်အနေနဲ့ မိရင်းသေဆုံးစဉ်က ကျန်ရှိတဲ့ ပစ္စည်းတွေအပေါ် သားသမီးတွေကို အမွေခွဲမပေးခဲ့ရင်တော့ ဖခင်ကွယ်လွန်တဲ့အချိန်မှာ ဖခင်နဲ့ နောက်အိမ်ထောင်လက်ထက်ပွား ပစ္စည်းအပါအဝင် မိခင်ပိုင်ဝေစုကို တောင်းဆိုခွင့်ရှိတယ်။ ဒါကြောင့် အဲဒီတိုက်ခန်းတစ်ခုတည်းသာမဟုတ်ပဲ အခြားပစ္စည်းတွေ ကျန်ရှိနေရင် သားသမီးအားလုံးက အမွေပစ္စည်းအဖြစ် အမွေတောင်းခွင့်ရှိလာမှာ ဖြစ်တယ်”
“သမီးဖြစ်သူက တစ်စိတ်တစ်ပိုင်း ငွေထည့်ဝင်ဝယ်ထားမယ်ဆိုရင် ဘယ်လိုဖြစ်နိုင်ပါသလဲ”
“ဒါကတော့ မိမိပိုင်ငွေထည့်ဝင်ထားကြောင်း အထောက်အထားပြနိုင်ရင်ပိုပြီးအဆင်ပြေတာပေါ့”
“ဥပဒေအရ ပူးတွဲအမည်ပေါက်ဆိုရင် ပိုင်ဆိုင်မှုက ဘယ်လိုဖြစ်နိုင်ပါသလဲ”
“ဥပဒေအရဆိုရင်တော့ နှစ်ဦးပိုင်ပစ္စည်းကို တစ်ဦးတည်းသဘောဖြင့် မရောင်းနိုင်လို့ ပြဌာန်းထားတယ်။”
“ဒါဆိုရင် အခုကိစ္စမှာ သမီးဖြစ်သူက ရောင်းပိုင်ခွင့်မရှိဘူးပေါ့”
“မှန်ပါတယ်။ တစ်ဦးတည်းရောင်းပြီး ရောင်းဖိုးငွေ အားလုံး ရပိုင်ခွင့်မရှိဘူးလို့ ဆိုရမယ်။”
“သမီးဖြစ်သူက ငွေစိုက်ထုတ်ထားသည့်တိုင် ဖခင်ရဲ့ ဝေစုအပိုင်းကို ရပိုင်ခွင့်မရှိဘူးပေါ့။”
“အခုကိစ္စက ဇနီးသည်ရှိနေသေးတယ်ဆိုရင်တော့ ဖခင်ရဲ့ဝေစုဟာ နောက်အိမ်ထောင် ဇနီးဆီရောက်သွား မှာဖြစ်တယ်။”
“ထို့ကြောင့် တိုက်ခန်းတန်ဖိုးကို သမီးကတစ်ဝက်၊ ဖခင်ကတစ်ဝက် ပိုင်ဆိုင်တဲ့သဘောပေါ့နော်။ ဒါဆို ဖခင်ရဲ့ ဝေစုကို ဇနီးက ရပိုင်ခွင့်ရှိမှာပေါ့”
“ဥပဒေအရ တိတိကျကျပြောရရင်တော့ လက်ရှိဇနီးသည်ကလည်း ရပိုင်ခွင့်ရှိမှာမို့ ကန့်ကွက်ချက်တွေ ဖြစ်လာတာပဲဖြစ်တယ်။ နှစ်ဖက်ညှိနှိုင်းလို့ အဆင်ပြေသွားရင်တော့ အရောင်းအဝယ်ဆက်လုပ်နိုင်မှာ ဖြစ်ပါတယ်။”
“ဝယ်သူအနေနဲ့ မသိပဲ ဝယ်လိုက်ရင် ဘယ်လိုဖြစ်နိုင်သလဲ”
“အခုကိစ္စက စရန်ပဲပေးရသေးတာဆိုတော့ ညှိနှိုင်းလို့ အဆင်ပြေနိုင်ပါတယ် တရားစွဲရင်လည်း ဝယ်သူနဲ့ သက်ဆိုင်မှု မရှိပါဘူး စရန်ပေးစာချုပ်အရ ဆက်လက်ဆောင်ရွက်ဖို့ပဲ လိုပါတယ်” ဟု ရှင်းပြဆွေးနွေး လိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေ အကြောင်း
အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေ အကြောင်း
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အိမ်သုံးဓာတုပစ္စည်းများ ရဲ့ လျှို့ဝှက်ချက်
အိမ်သုံးဓာတုပစ္စည်းများ ရဲ့ လျှို့ဝှက်ချက်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
သိကောင်းရာအိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သိကောင်းရာအိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service