တစ်ကိုယ်တည်းနေတဲ့ အိမ်ကလေးမှာ သစ်ပင်လေးတွေစိုက်ပြီးနေတတ်တဲ့ ရာဇာနေဝင်း
Posted by Wai Phyo Thu (iMyanmarHouse.com)
[Unicode]
ရာဇာနေဝင်းဆိုရင် လူတိုင်းသိကြမှာပါ။ ထူးခြားတဲ့ဟန်ပန်အမူအရာ အပြောအဆိုတွေကြောင့် လည်း ပရိသတ်တွေက သူ့ကိုအမြဲတမ်းမှတ်မိနေကြမှာပါ။ မကြာသေးတဲ့ကာလတွေမှာ သူ့ကိုမီဒီယာစာမျက်နှာတွေမှာ ပြန်တွေ့လာရပါတယ်။ အခုချိန်ထိ သူရဲ့အိမ်ကလေးမှာ သူဘယ်လိုနေထိုင်ဖြစ်နေသလဲဆိုတာ…
“အိမ်ရှေ့မှာဆိုရင် ကိုယ်တိုင်သစ်ပင်စိုက်တယ်။ သစ်ပင်တွေနဲ့အလှဆင်ပါတယ်။ လမ်းသွားလမ်းလာတွေလည်း ထိုင်လို့ရအောင်ခုံတန်းလေးတွေလုပ်တယ်။ အဲ့အပေါ်မှာ ပန်းအိုးလေးတွေနဲ့အလှဆင်ထားတယ်။ အိမ်ကရွှေတောင်ကြားထဲမှာပါ။ မေမေ့အိမ်ကတော့ ကိုယ်နဲ့ ကျောချင်းကပ်ပါ။ အဖေ(ကောလိပ်ဂျင်နေဝင်း) ရှိတုန်းအချိန် ငယ်ငယ်ကအိမ်လေးက သပ်သပ်ရှိပါတယ်။ ဘေးချင်းကပ်ပဲပေါ့နော်။ အိမ်ဟောင်းလေးပဲ ကျန်ပါတော့တယ်။ ပြိုကျပျက်စီးနေပါပြီ။ အိမ်ဟောင်းက အုတ်မြစ်ပဲကျန်တော့တယ်။”
အဲ့အိမ်ဟောင်းမှာ စာရေးဆရာဒဂုန်တာရာနေသွားတဲ့အခန်းလေးလည်း ရှိပါတယ်။ အရင်ကအိမ်ဟောင်းခြံဝန်းထဲမှာ ကိုဗစ်မဖြစ်ခင်က ဆောက်လုပ်ရေးလုပ်တဲ့အလုပ်သမား ၅၀ ခန့်လောက် ထားတယ်။ ဆောက်လုပ်ရေးလုပ်ငန်းက ညီမ(ဟေမာနေဝင်း)လုပ်တာပေါ့။ အခုတော့ အလုပ်တွေလည်း ရပ်လိုက်တာကြာပါပြီ” လို့ အိမ်နဲ့ပတ်သက်ပြီးပြောပြထားပါတယ်။
ဒါ့အပြင် အဖေဖြစ်တဲ့ မင်းသားကြီးကောလိပ်ဂျင်နေဝင်းနဲ့ ပတ်သက်ပြီး …
“ဖေဖေက ကိုယ့်အသက် ၁၆ နှစ် လောက်မှာ ဆုံးသွားတာ။ ဖေဖေနဲ့ကျတော့ ဖေဖေတို့ခေတ်တုန်းက ကားရိုက်ပြီဆိုရင် ၆ လကနေ တစ်နှစ်လောက်ထိ ကြာတတ်တော့ ဖေဖေနဲ့ ကျွန်တော်နဲ့က အိမ်မှာတွေ့ရ မြင်ရခဲတယ်။ ဖေဖေနဲ့က တစ်နှစ်မှာ တစ်ခါတောင်မြင်ရခဲတယ်။ အနေလည်းစိမ်းတာပေါ့” လို့ အခုလိုပြောပြထားပါတယ်။
ရာဇာနေဝင်းအမေကလည်း ရုပ်ရှင်သရုပ်ဆောင်တစ်ဦးပါပဲနော်။
“မေမေက ကိုရာဇာ့(ရာဇာနေဝင်း)ကိုအချစ်ဆုံးပါပဲ။ မေမေနဲ့အသက်၂၈ နှစ်အထိ အတူအိပ်ရတယ်။ ဒီအရွယ်ကြီးကို မေမေကအနားကို ခေါ်ခေါ်အိပ်တုန်းပါပဲ။ မောင်နှမလေးယောက်ရှိတယ်။ အဖိုးက ရဲဘော်သုံးကျိပ်ဝင်ဗိုလ်ဇေယျပါ။ အူဝဲ(အိန္ဒြာကျော်ဇင်)က မေမေရဲ့ညီမကမွေးတဲ့ သမီးပါ။” အမေနဲ့ပတ်သက်ပြီး သူ့အပေါ်ထားတဲ့ချစ်ခြင်းမေတ္တာကို ဖော်ပြသွားပါသေးးတယ်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Photo Credit: Yarzarnaywin (Fb)
[Zawgyi]
တစ္ကိုယ္တည္းေနတဲ့ အိမ္ကေလးမွာ သစ္ပင္ေလးေတြစိုက္ၿပီးေနတတ္တဲ့ ရာဇာေနဝင္း
ရာဇာေနဝင္းဆိုရင္ လူတိုင္းသိၾကမွာပါ။ ထူးျခားတဲ့ဟန္ပန္အမူအရာ အေျပာအဆိုေတြေၾကာင့္ လည္း ပရိသတ္ေတြက သူ႕ကိုအၿမဲတမ္းမွတ္မိေနၾကမွာပါ။ မၾကာေသးတဲ့ကာလေတြမွာ သူ႕ကိုမီဒီယာစာမ်က္ႏွာေတြမွာ ျပန္ေတြ႕လာရပါတယ္။ အခုခ်ိန္ထိ သူရဲ႕အိမ္ကေလးမွာ သူဘယ္လိုေနထိုင္ျဖစ္ေနသလဲဆိုတာ…
“အိမ္ေ႐ွ႕မွာဆိုရင္ ကိုယ္တိုင္သစ္ပင္စိုက္တယ္။ သစ္ပင္ေတြနဲ႔အလွဆင္ပါတယ္။ လမ္းသြားလမ္းလာေတြလည္း ထိုင္လို႔ရေအာင္ခုံတန္းေလးေတြလုပ္တယ္။ အဲ့အေပၚမွာ ပန္းအိုးေလးေတြနဲ႔အလွဆင္ထားတယ္။ အိမ္ကေ႐ႊေတာင္ၾကားထဲမွာပါ။ ေမေမ့အိမ္ကေတာ့ ကိုယ္နဲ႔ ေက်ာခ်င္းကပ္ပါ။ အေဖ(ေကာလိပ္ဂ်င္ေနဝင္း) ႐ွိတုန္းအခ်ိန္ ငယ္ငယ္ကအိမ္ေလးက သပ္သပ္႐ွိပါတယ္။ ေဘးခ်င္းကပ္ပဲေပါ့ေနာ္။ အိမ္ေဟာင္းေလးပဲ က်န္ပါေတာ့တယ္။ ၿပိဳက်ပ်က္စီးေနပါၿပီ။ အိမ္ေဟာင္းက အုတ္ျမစ္ပဲက်န္ေတာ့တယ္။”
အဲ့အိမ္ေဟာင္းမွာ စာေရးဆရာဒဂုန္တာရာေနသြားတဲ့အခန္းေလးလည္း ႐ွိပါတယ္။ အရင္ကအိမ္ေဟာင္းျခံဝန္းထဲမွာ ကိုဗစ္မျဖစ္ခင္က ေဆာက္လုပ္ေရးလုပ္တဲ့အလုပ္သမား ၅၀ ခန္႔ေလာက္ ထားတယ္။ ေဆာက္လုပ္ေရးလုပ္ငန္းက ညီမ(ေဟမာေနဝင္း)လုပ္တာေပါ့။ အခုေတာ့ အလုပ္ေတြလည္း ရပ္လိုက္တာၾကာပါၿပီ” လို႔ အိမ္နဲ႔ပတ္သက္ၿပီးေျပာျပထားပါတယ္။
ဒါ့အျပင္ အေဖျဖစ္တဲ့ မင္းသားႀကီးေကာလိပ္ဂ်င္ေနဝင္းနဲ႔ ပတ္သက္ၿပီး …
“ေဖေဖက ကိုယ့္အသက္ ၁၆ ႏွစ္ ေလာက္မွာ ဆုံးသြားတာ။ ေဖေဖနဲ႔က်ေတာ့ ေဖေဖတို႔ေခတ္တုန္းက ကား႐ိုက္ၿပီဆိုရင္ ၆ လကေန တစ္ႏွစ္ေလာက္ထိ ၾကာတတ္ေတာ့ ေဖေဖနဲ႔ ကြၽန္ေတာ္နဲ႔က အိမ္မွာေတြ႕ရ ျမင္ရခဲတယ္။ ေဖေဖနဲ႔က တစ္ႏွစ္မွာ တစ္ခါေတာင္ျမင္ရခဲတယ္။ အေနလည္းစိမ္းတာေပါ့” လို႔ အခုလိုေျပာျပထားပါတယ္။
ရာဇာေနဝင္းအေမကလည္း ႐ုပ္႐ွင္သ႐ုပ္ေဆာင္တစ္ဦးပါပဲေနာ္။
“ေမေမက ကိုရာဇာ့(ရာဇာေနဝင္း)ကိုအခ်စ္ဆုံးပါပဲ။ ေမေမနဲ႔အသက္၂၈ ႏွစ္အထိ အတူအိပ္ရတယ္။ ဒီအ႐ြယ္ႀကီးကို ေမေမကအနားကို ေခၚေခၚအိပ္တုန္းပါပဲ။ ေမာင္ႏွမေလးေယာက္႐ွိတယ္။ အဖိုးက ရဲေဘာ္သုံးက်ိပ္ဝင္ဗိုလ္ေဇယ်ပါ။ အူဝဲ(အိႁႏၵာေက်ာ္ဇင္)က ေမေမရဲ႕ညီမကေမြးတဲ့ သမီးပါ။” အေမနဲ႔ပတ္သက္ၿပီး သူ႕အေပၚထားတဲ့ခ်စ္ျခင္းေမတၱာကို ေဖာ္ျပသြားပါေသးးတယ္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Photo Credit: Yarzarnaywin (Fb)