မြို့ပြထက် ကျေးလက်ဆန်တဲ့ မြို့ပြင်လိုနေရာမျိုးမှာ ခြံဝန်းကျယ်ကျယ်နဲ့နေရတာ ပိုသဘောကျတဲ့ " မြယာ” - Celebrity Interview on Property from iMyanmarHouse.com
မြို့ပြထက် ကျေးလက်ဆန်တဲ့ မြို့ပြင်လိုနေရာမျိုးမှာ ခြံဝန်းကျယ်ကျယ်နဲ့နေရတာ ပိုသဘောကျတဲ့ " မြယာ”
Posted by Wai Phyo Thu (iMyanmarHouse.com)
[Unicode]
မြယာဆိုတာကတော့ မကြာသေးမီကမှ အကယ်ဒမီဆုရရှိသွားတဲ့ ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးတဲ့ “The Teacher” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့သူလေးပဲ ဖြစ်ပါတယ်။
မြယာကို ကျွန်မတို့ iMyanmarHouse (မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှါး ဝဘ်ဆိုက်) အနေနဲ့ အခုလိုမေးမြန်းထားပါ တယ်ရှင့် .....
Q; ; မြ အခုလက်ရှိနေတဲ့နေရာလေးကိုသိပါရစေ။
A; ; အခုက ဆရာစံလမ်း ပုလဲကွန်ဒိုမှာနေပါတယ်ရှင့်။
Q; ; မြအနေနဲ့ အခုအချိန်မှာ ဘယ်လိုနေရာဒေသမျိုးကို ရွေးချယ်ပြီး နေချင်စိတ်ဖြစ်မိပါသလဲရှင့်။
A; ; မြကတိုက်ခန်းတွေမှာနေရတာထက် ကျေးလက်ဆန်တဲ့ ခြံဝန်းကျယ်ကျယ်နဲ့ သစ်ပင်ပန်းပင်တွေရှိတဲ့ မြို့ပြင်လိုနေရာမျိုးလေးတွေမှာ နေရတာကို ပိုသဘောကျပါတယ်။ အရင်ကတည်းက အဲ့လိုလေးနေဖို့ကို စိတ်ကူးရှိပါတယ် လက်ရှိနေတဲ့နေရာမှာက ငယ်ငယ်ကတည်းက နေတဲ့နေရာ ဖြစ်တာကြောင့်လားတော့ မသိဘူး အမှတ်တရတွေကတော့ အများကြီးပါပဲ။ ပြီးတော့ ကွန်ဒိုတိုက်ခန်းတွေမှာ နေရတာကျတော့လည်း အခြားကလေးတွေလို လွတ်လွတ်လပ်လပ်တော့ မရှိဘူးပေါ့နော်။ ငယ်ငယ်ကတည်းကနေ အခုထိတော့ အိမ်ထဲကနေ အိမ်ပြင်မထွက်ဘူးပေါ့နော်။ အကယ်၍များ ခြံဝန်းလေးနဲ့သာ နေဖြစ်ခဲ့တယ်ဆိုရင်တော့ အမှတ်တရတွေကတော့ ပိုပြီးများမှာပေါ့နော်။ အသက်ကြီးလာတဲ့အခါကျရင်တော့ ကိုယ်နေချင်တဲ့နေရာဒေသမျိုးလေးမှာ နေမယ်လို့ စိတ်ကူးထားပါတယ်။
Q; ; မြရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုလေးတွေလည်း သိချင်ပါတယ်ရှင့်။
A; ; လတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ကတော့ “The Teacher 2” ရိုက်နေပါတယ်။ ပြီးသွားရင် “မဖဲဝါ” ဇာတ်ကားကို လက်စသတ်ပါမယ်။ နောက်ပြီးရင် မကြီးစိုး(စိုးမြတ် သူဇာ)နဲ့ ရိုက်မယ့်ဇာတ်ကားလေးလည်း ရှိပါသေးတယ်။ နောက်ထပ် ကာရိုက်တာမတူတဲ့ ဇာတ်ကားလေးတွေ ပရိသတ်ကိုချပြဖို့ ရှိပါသေးတယ်ရှင့်။
Q; ; မြရဲ့အနုပညာအပေါ်ထားတဲ့ခံယူချက်နဲ့ ပရိသတ်ကို ဘာများပြောချင်ပါသေးလဲရှင့်။
A; ; မြကိုပရိသတ်တွေက မြယာဆိုပြီး အသိအမှတ်ပြုလက်ခံလာတဲ့အထိ ကြိုးစားသွားမှာပါရှင့်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
မြို့ပြထက် ကျေးလက်ဆန်တဲ့ မြို့ပြင်လိုနေရာမျိုးမှာ ခြံဝန်းကျယ်ကျယ်နဲ့နေရတာ ပိုသဘောကျတဲ့ " မြယာ” - Celebrity Interview on Property from iMyanmarHouse.com
မြို့ပြထက် ကျေးလက်ဆန်တဲ့ မြို့ပြင်လိုနေရာမျိုးမှာ ခြံဝန်းကျယ်ကျယ်နဲ့နေရတာ ပိုသဘောကျတဲ့ " မြယာ” - Celebrity Interview on Property from iMyanmarHouse.com
မြို့ပြထက် ကျေးလက်ဆန်တဲ့ မြို့ပြင်လိုနေရာမျိုးမှာ ခြံဝန်းကျယ်ကျယ်နဲ့နေရတာ ပိုသဘောကျတဲ့ " မြယာ” - Celebrity Interview on Property from iMyanmarHouse.com
မြို့ပြထက် ကျေးလက်ဆန်တဲ့ မြို့ပြင်လိုနေရာမျိုးမှာ ခြံဝန်းကျယ်ကျယ်နဲ့နေရတာ ပိုသဘောကျတဲ့ " မြယာ” - Celebrity Interview on Property from iMyanmarHouse.com
Other Celebrity Interviews
Subscribe For Property News
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App