Miss Myanmar World 2014 , အိမ်မက်ဆုံရာ season(4) ၏ 2nd Runner Up ဆုရှင် Wyne Lay ၏ ရိုးရှင်းမှုကို ကြိုက်နှစ်သက်သော နေအိမ်လေးနှင့် ပတ်သတ်ပြီး တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၂) - Celebrity Interview on Property from iMyanmarHouse.com
2480 ကြိမ် ကြည့်ရှု့ပြီး

Miss Myanmar World 2014 , အိမ်မက်ဆုံရာ season(4) ၏ 2nd Runner Up ဆုရှင် Wyne Lay ၏ ရိုးရှင်းမှုကို ကြိုက်နှစ်သက်သော နေအိမ်လေးနှင့် ပတ်သတ်ပြီး တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၂)

Posted by ပန်စုစုထွန်း (iMyanmarHouse.com)

အနုပညာစိတ်ဓာတ် အပြည့်အဝရှိသောသူတစ်ဦးဖြစ်သည့် အတွက် နိုင်ငံကျော် Model တစ်ဦးဖြစ်သည့် အပြင် အဆိုပိုင်းမှာပါ အိမ်မက်ဆုံရာ season(4) တွင် 2nd Runner Up ဆုကို ထိုက်ထိုက်တန် တန် ရရှိထားသူတစ်ဦး ဖြစ်ပါသည်။ဒါ့အပြင် စောင်းအတီးပညာ၊ ပတ္တာလား အတီး ပညာများတွင်ပါ ကျွမ်းကျင်သူတစ်ဦး ဖြစ်သောကြောင့် သူမ၏ဧည့်ခန်း တွင် တူရိယာမျိုးစုံဖြင့် အလှဆင်ထားရှိပြီး အားလပ်ချိန်များတွင် တီးခတ် အပန်းဖြေ လေ့ရှိကြောင်း ပြောပြပေးခဲ့ပါသည်။





Piano လေးကိုသူမ၏ ဧည့်ခန်းတွင် ထားရှိထားသည့် အပေါ်တွင် Piano လေးမှာ တစ်နည်းအားဖြင့် King Of The Music ဖြစ်သောကြောင့် တီးခတ်နားဆင်ရခြင်းကို အလွန်ကြိုက်နှစ်သောကြောင့် ဧည့်ခန်းတွင် ထားရှိကာ မနက်တိုင်း တီးခတ်ဖြစ်ကြောင်း သိရှိရပါသည်။ဒါ့အပြင် အိမ်ထဲသို့ ဝင်လိုက်တာနှင့် အရင်ဆုံးငေးကြည့် လိုက်ရသည့် မြင်ကွင်းလေးမှာတော့ သူမ၏အောင်မြင်မှု မှတ်တိုင်များဟု ဆိုအပ်သော ဒိုင်းဆုများကို စိုက်ထူ ထားသော စင်လေးပဲဖြစ်ပါသည်။





ဝိုင်းလေးအနေဖြင့် အနုပညာပိုင်းသာမက ပညာရေးပိုင်းပါ ထူးချွန်သူ တစ်ဦးဖြစ်ကြောင်း ၄ဘာသာဂုဏ်ထူးရှင် ဒိုင်းဆုလေးမှာ သက်သေ အဖြစ် တွေ့မြင်ခဲ့ရပါသည်။ငယ်စဉ်ကတည်းမှ ဆုများကိုဆက်တိုက်ရရှိထားသူ တစ်ဦး ဖြစ်ကာ Miss Myanmar World 2014 ဆုကြီးကိုပါ ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်ပါသည်။အိမ်ရဲ့အဝင်ဝနားမှာ ဆုများကို မြင်ရတိုင်း ကြိုးစားချင်စိတ် ပိုမိုဖြစ်လာခဲ့ရကြောင်း ပြောပြပေးခဲ့ပါသည်။

ပန်စုစုထွန်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အင်တာဗျူး၍ ဖော်ပြပေးပါသည်။
Credit: iMyanmarHouse.com
Miss Myanmar World 2014 , အိမ်မက်ဆုံရာ season(4) ၏ 2nd Runner Up ဆုရှင် Wyne Lay ၏ ရိုးရှင်းမှုကို ကြိုက်နှစ်သက်သော နေအိမ်လေးနှင့် ပတ်သတ်ပြီး တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၂) - Celebrity Interview on Property from iMyanmarHouse.com
Miss Myanmar World 2014 , အိမ်မက်ဆုံရာ season(4) ၏ 2nd Runner Up ဆုရှင် Wyne Lay ၏ ရိုးရှင်းမှုကို ကြိုက်နှစ်သက်သော နေအိမ်လေးနှင့် ပတ်သတ်ပြီး တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၂) - Celebrity Interview on Property from iMyanmarHouse.com
Miss Myanmar World 2014 , အိမ်မက်ဆုံရာ season(4) ၏ 2nd Runner Up ဆုရှင် Wyne Lay ၏ ရိုးရှင်းမှုကို ကြိုက်နှစ်သက်သော နေအိမ်လေးနှင့် ပတ်သတ်ပြီး တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၂) - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App