ခြံဝန်းကျယ်ကျယ်လေးနဲ့နေချင်တဲ့ Best Model Award ဆုရမော်ဒယ်ထက်ဦးထွဋ် - Celebrity Interview on Property from iMyanmarHouse.com
2229 ကြိမ် ကြည့်ရှု့ပြီး

ခြံဝန်းကျယ်ကျယ်လေးနဲ့နေချင်တဲ့ Best Model Award ဆုရမော်ဒယ်ထက်ဦးထွဋ်

Posted by နန္ဒာယမင်း (iMyanmarHouse.com)

ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ကျင်းပခဲ့သော Mister Global Teens 2015 ပြိုင်ပွဲတွင် Best Model Award ဆုရရှိမြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် သွားရောက်ယှဉ်ပြိုင်ခဲ့သည့် မော်ဒယ်လ်ထက်ဦးထွဋ်ရဲ့ နေထိုင်မှုပုံစံနဲ့ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ကျွန်တော်ပြိုင်ပွဲပြန်လာပြီးတည်းက နောက်ထပ်အနုပညာလှုပ်ရှားမှုတွေလုပ်နိုင်ဖို့ Body ကိုတော့အဓိကထိန်းနေပါတယ်။ အခြားဘာမှတော့မလုပ်ဖြစ်သေးဘူး။ မော်ဒယ်ကတော့ ကျွန်တော်ဝါသနာလည်းဖြစ်တော့ အခြေတစိုက်လုပ်သွားမှာပါ။ သရုပ်ဆောင်ဘက်ကိုလည်း ကူးပြောင်းသွားဖို့စိတ်ကူးရှိပါတယ်။ တဖြည်းဖြည်း သွားဖို့ရည်ရွယ်ထားပါတယ်။ ကျွန်တော့်မှာလည်း အားနည်းချက်တွေရှိသေးတော့ ဆက်လုပ်မယ်လို့တော့ ရည်ရွယ်ထားပါတယ်။





ဘုရားခန်း


ဗုဒ်္ဓဘာသာဝင်တစ်ဦးဖြစ်တဲ့အတွက် အဓိကနေရာတစ်ခုဖြစ်တဲ့ ဘုရားခန်းမှာမြတ်စွာဘုရားသက်ရှိထင်ရှားရှိသကဲ့သို့ ကိုး ကွယ်ဆည်းကပ်ပြီး ပူဇော်ထားပါတယ်။ ဘုရားခန်းရယ် လို့သီးသန့်မရှိပေမယ့် ဘုရားခန်းစင်ကိုတော့နေ့စဉ်ပန်း၊ ဆီမီး၊ သစ်သီးတို့နဲ့အမြဲပူဇော်ပြီး မနက်တစ်ခါညတစ်ခါ ဘုရားရှိခိုးဖြစ်ပါတယ်။





ဧည့်ခန်း


ကျွန်တော်တို့အိမ်လေးကတိုက်ခန်းဆိုတော့ ဧည့်ခန်းကသိပ်တော့မကျယ်ဘူး။ ဒါပေမဲ့အိမ်တစ်အိမ်ရဲ့ အဓိကနေရာတစ်ခုဖြစ်တဲ့ ဧည့်ခန်းကိုတော့ ကျွန်တော်တို့ကညီအစ်ကိုသုံး ယောက်ပဲရှိတယ်။ ကျွန်တော်ကအငယ်ဆုံးဆိုတော့သန့်သန့်ရှင်းရှင်းပဲ ရှုပ်ပွတာမျိုးတွေ မရှိဘူး။ ဆိုဖာရှိမယ်၊ တီဗွီစင်ရှိမယ်။ မေ့မေ့အကြိုက်လေးတွေပြင်ဆင်ထားတယ်။





အိပ်ခန်း


ကျွန်တော်ကတော့ ဦးဝိစာရလမ်းမှာရှိတဲ့ တိုက်ခန်းမှာနေပါတယ်။ တိုက်ခန်းဖြစ်တဲ့အတွက်တော့ အရမ်းတော့မကျယ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့မိသားစုအတွက် တော့လုံလောက်တဲ့ အကျယ်အ၀န်းပါပဲ။ ကျွန်တော်အိပ်ခန်းလေးဆိုရင် ရိုးရှင်းပါတယ်။ အင်္ကျီဗီရိုရယ်၊ မွေ့ယာခုတင်ရယ်၊ အမြဲထိုင်ဖြစ်တဲ့ကွန်ပျူတာတစ်လုံး ရှိနေတဲ့နေရာလေးဟာ သူနှစ်သက်တဲ့နေရာ တစ်ခုဖြစ်ကြောင်းလည်း ပြောပါတယ်။





အခြား


အခြားဝါသနာပါတာဆို ဘောလုံးကန်တာပေါ့ဘောလုံး ဂိမ်းကိုလည်း အရမ်းကြိုက်ပါတယ်။ Gym ဆော့တာလည်း အရမ်းသဘောကျပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ခြံဝန်းလေးနဲ့ အိမ်ကောင်းကောင်းလေးမှာ မိသားစု ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားချင်ပါတယ်။ ပရိသတ်ကြီးလည်း ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးပါတယ်။


ထိုင်းနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်မှုနဲ့ပတ်သက်ပြီး ပြောသွားပါတယ်။ အောက်တိုဘာ ၄ ရက်မှ ၁၀ ရက်ထိသွား ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ပြိုင်ပွဲမှာအကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ကိုယ့်ဓလေ့စရိုက်ကို နိုင်ငံတကာမှာ ချပြနိုင်ရုံနဲ့ ကျေနပ်ပါတယ်။ ပထမဆုံး ပြိုင်ပွဲဖြစ်တော့ ဗဟု သုတတွေ၊ ပြိုင်ပွဲအတွေ့အကြုံ တွေကတော့တော်တော်ရခဲ့ပါတယ်။ အခက်အခဲတွေလည်း ရှိခဲ့ပါတယ်ဟု မော်ဒယ် ထက်ဦးထွဋ်ကပြောပြပါတယ်။






နန္ဒာယမင်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အင်တာဗျူး၍ ဖော်ပြပေးပါသည်။
Credit: iMyanmarHouse.com
ခြံဝန်းကျယ်ကျယ်လေးနဲ့နေချင်တဲ့ Best Model Award ဆုရမော်ဒယ်ထက်ဦးထွဋ် - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)