ပန်းပင်စိမ်းစိမ်းစိုစိုလေးတွေနဲ့ ခြံဝန်းလေးနဲ့ပဲ နေချင်တဲ့ ဟိန်းဝေယံ - Celebrity Interview on Property from iMyanmarHouse.com
1895 ကြိမ် ကြည့်ရှု့ပြီး

ပန်းပင်စိမ်းစိမ်းစိုစိုလေးတွေနဲ့ ခြံဝန်းလေးနဲ့ပဲ နေချင်တဲ့ ဟိန်းဝေယံ

Posted by နန္ဒာယမင်း (iMyanmarHouse.com)

သရုပ်ဆောင်ဟိန်းဝေယံ၏ စိတ်ကူးပုံဖော်ထားသော အိမ်အပြင်အဆင် ဖွဲ့စည်းပုံတို့ကို သူနဲ့ တွေ့ရှိချိန်အတွင်း မေးမြန်းဖော်ပြလိုက်ပါတယ်……



မေး။ ။ဇာတ်ကားတွေလာအပ်တဲ့အခါမှာ အကို့အနေနဲ့ ရွေးချယ်ရိုက်တာများရှိလာရှင့်။



ဖြေ။ ။ ကျွန်တော့်အနေနဲ့ ဒါရိုက်တာကိုတော့ မရွေးချယ်ပါဘူး။ ဇာတ်ကားကိုကြည့်ပြီး ကိုယ်တကယ်လုပ်နိုင်လား၊ လုပ်ချင်စိတ်ရှိလား သုံးသပ်ပြီးမှ တကယ်လုပ်ချင်စိတ်ရှိမှ ကားရိုက်ပါတယ်။



မေး။ ။ ပြည်ပက ပြန်လာပြီးမှ အကို့အနေနဲ့ ကားရိုက်စိပ်သွားများရှိလားရှင့်



ဖြေ။ ။ ကျွန်တော့်အနေနဲ့ တစ်လကို သုံးကားလောက်တော့ ရိုက်ပါတယ်။ ဘာလို့လဲဆိုတော့ စိတ်ခံစားမှုနဲ့ လွတ်လပ်စွာပဲ လုပ်ချင်တယ်။



မေး။ ။ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်အောင် ဘယ်လိုကြိုးစားနေလဲရှင့်။



ဖြေ။ ။ပရိတ်သက်ပေါ်မှာ ရိုးရိုးသားသားနဲ့ စေတနာထားပြီး ကျွန်တော်လုပ်နိုင်သလောက်ကို အကောင်းဆုံးကြိုးစားပြီး လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေမှာတော့ အမှားအယွင်းပါတာလေးတွေလဲ ရှိနိုင်ပါတယ်။ ဒါကို ပရိတ်သက်ကြီးက ခွင့်လွှတ်ပြီး ကျွန်တော်အပေါ်စေတနာထား နားလည်ပေးနေတာ ကျွန်တော့်ကုသိုလ်ကံပဲပေါ့။



မေး။ ။ ဒီနှစ်ထဲမှာ အကို့အနေနဲ့ ပရိတ်သက်ကို ထူးထူးခြားခြားလေး ဘယ်လိုချပြဖို့ရှိလဲရှင့်။



ဖြေ။ ။ ရှိတယ်ဗျ။ ကျွန်တော်ပရိတ်သက်ကို ထူးထူးခြားခြားလေးချပြဖို့ ရှိတယ်။ ပရိတ်သက်ကို ပြောမှာကတော့ လုပ်ဖြစ်တော့မယ်။ အချိန်တစ်လလောက်ပဲ လိုတော့တယ်ဆိုတာ ပြောပြသွားမယ်။



မေး။ ။ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ဖို့ရောအစီအစဉ် ရှိလားရှင့်။



ဖြေ။ ။ရှိပါတယ်။ ကျွန်ုပ်တို့ဆီကပဲ သုံးကားရိုက်ဖို့ရှိတယ်။ နှစ်ကားက ဒါရိုက်တာတစ်ယောက်ဆီမှာ နှစ်ကားအပ်ထားတဲ့ဒါရိုက်တာက အရမ်းအလုပ်များတော့ ဒီနှစ်ထဲမှာ နှစ်ကားရိုက်ဖြစ်မလား သုံးကားရိုက်ဖြစ်မလားမသိသေးဘူး။



မေး။ ။ အကို့အနေနဲ့ နေထိုင်ချင်တဲ့ အိမ်ပုံစံမျိုးဆို ဘယ်လိုမျိုးလေးကို ကြိုက်နှစ်သက်မလဲရှင့်။



ဖြေ။ ။ ကျွန်တော့်အနေနဲ့ စိတ်ကူးနဲ့ပြောရရင် ခြံဝန်းကျယ်ကျယ်လေးနဲ့ တိတ်ဆိတ်အေးချမ်းတာကို ကြိုက်နှစ်သက်ပါတယ်။



မေး။ ။ အိမ်အပြင်အဆင်ကရော ဘယ်လိုပုံစံမျိုးလေးကို ကြိုက်လဲရှင့်။



ဖြေ။ ။ အိမ်ရဲ့ ခြံဝန်းလေးထဲမှာ ပန်းခြံမျိုးလေးတွေ၊ စိတ်အေးစေတဲ့ ပန်းပင်စိမ်းစိမ်းစိုစိုလေးတွေ စိုက်ပျိုးထားတဲ့ အေးချမ်းတဲ့ အိမ်မျိုးလေးကို ကြိုက်ပါတယ်။



မေး။ ။ အကိုအခုလက်ရှိ နေထိုင်တဲ့အိမ်ပုံစံကို ကြိုက်နှစ်သက်ပါသလားရှင့်။



ဖြေ။ ။ ဟုတ်ကဲ့ ကျွန်တော်အခုနေထိုင်တဲ့ အိမ်ပုံစံကိုကြိုက်နှစ်သက်ပါတယ်။



မေး။ ။ အကို့အနေနဲ့ ပရိတ်သက်ကြီးကို ပြောချင်တဲ့စကား…



ဖြေ။ ။ ကျွန်တော်ဘယ်လိုအနုပညာမျိုးကိုမဆို ရုပ်ရှင်ကားကြီးဖြစ်ဖြစ်၊ ဗီဒီယိုကားပဲဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ ပရိတ်သက်ဖြစ်စေချင်တဲ့ ပုံစံမျိုးဖြစ်အောင် ကျွန်တော်ကြိုးစားနေပါတယ်။



နန္ဒာယမင်း (iMyanmarHouse.com) မှ အင်တာဗျူး၍ ဖော်ပြပေးပါသည်။

Credit: iMyanmarHouse.com
ပန်းပင်စိမ်းစိမ်းစိုစိုလေးတွေနဲ့ ခြံဝန်းလေးနဲ့ပဲ နေချင်တဲ့ ဟိန်းဝေယံ - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App