လသာ

ကိုလိုနီခေတ်လက်ကျန်အဆောက်အဦးကြီးများ၊ သက်တမ်းရှည်တိုက်ခန်းကျယ်များ၊ ခေတ်သစ် တိုက်ခန်း၊ ကွန်ဒို အဆောက်အဦးများဖြင့် လသာမြို့နယ်သည်ရန်ကုန်မြို့၏ စည်ကားသောမြို့နယ်ဖြစ်သည်။ ရန်ကုန်မြို့၏ Down Town ဧရိယာ သတ်မှတ်ခံထားရသည့် မြို့နယ် ၆ မြို့နယ်ထဲတွင် တစ်ခုအပါဝင် ဖြစ်သလို ဘာသာစုံ၊ လူမျိုးစုံ ချစ်ကြည်ရင်းနှီးစွာ စုပေါင်းနေထိုင်သည့်မြို့နယ်ဖြစ်သည်။

 

မြို့နယ်၏ အနောက်ဖက်တွင် လမ်းမတော်မြို့နယ်၊ အရှေ့ဖက်တွင် ပန်းပဲတန်းမြို့နယ် ၊ တောင်ဖက်တွင် ရန်ကုန်မြစ်နှင့်ဒဂုံဆိပ်ကမ်းမြို့နယ်၊ မြောက်ဖက်တွင် ဒဂုံမြို့နယ် တို့ဝန်းရံတည်ရှိသည်။ ရန်ကုန်မြို့တွင်း သည်ယူပေါင်ဆောင်ရေးတွင် အဓိကဖြတ်သန်းသွားလာရသည့်မြို့နယ်တစ်ဖြစ်သည်နှင့်အညီ စာသင်ကျောင်းများ၊ ဘုရားကျောင်းများ၊ ဈေးဆိုင်များဖြင့် နေ့ဘက်နှင့်ညဘက်အထိပါ စည်းကားလွန်းသည့် မြို့နယ်ဖြစ်သည်။

 

စာသင်ကျောင်းများဖြစ်သည့် ယခင်စင်ထရယ်ကျောင်း အ.ထ.က(၁) လသာ နှင့် ယခင်စိန့်ဂျွန်း ကွန်ဗက်ကျောင်း အ.ထ.က(၂)လသာ တို့သည်လသာမြို့နယ်တွင်း ထင်ရှားသော စာသင်ကျောင်းများဖြစ်သည်။ ဘာသာခြားလူမျိုးပေါင်းစုံနေထိုင်သည့် မြို့နယ်ဖြစ်သည့် အတွက် ဗုဒ္ဓဘုန်းတော်ကြီးကျောင်း၊ တရုတ်ဗုဒ္ဓကျောင်းများ၊ အစ္စလာမ်ဘာသာဝင်များရဲ့ ဗလီအဆောက်အဦးများ ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ ၊ ဟိန္ဒူ ဘုရားကျောင်းများနှင့် ဂျူးဘာသာရဟူဒီဘုရားရှိခိုးကျောင်း အစရှိသည့် ဘာသာရေးကျောင်းများစွာ တည်ရှိလျက်ရှိသည် ။

ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်တွင် လည်းအရေးပေါ် ကျန်မာရေးနှင့်အထွေထွေကျန်မာရေးများအတွက် အားထားရသည့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတည်ရှိသည့် မြို့နယ်လည်းဖြစ်ပေသည် ။ ယခင်အစိုးရရုံးများလည်း တည်ရှိသည့်မြို့နယ်ဖြစ်ရာ မြန်မာကုန်တိုက်စတိုး ၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ ၄ ၊ မြန်မာ့ရေနံ သဘာဝဓာတ်ငွေ့ရုံးချုပ် နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းငွေစာရင်းရုံးအစရှိသည့် အစိုးဌာနရုံးများ လည်း စုံလင်စွာတည်ရှိသည့် မြို့နယ်ဖြစ်သည် ။ ညနေနှင့်ညပိုင်းတွင် ၁၉ လမ်းတစ်ဝိုက်သည်လည်း တရုတ်တန်းအဖြစ် တရုတ်ရိုးရာ အစားအစာများကိုလည်း စုံလင်စွာရောင်းချပြီး ညလုံးပေါက်စည်းကားသည့် ရန်ကုန်မြို့၏ နေရာကောင်းတစ်ခုဖြစ်သည် ။

အိမ်ခြံမြေဈေးကွက်အနေနဲ့ ဆိုင်ခန်း ၊ ရုံးခန်း နှင့် လူနေတိုက်ခန်း ငှားရမ်းမှုနှုန်းများသောနေရာဖြစ်သည် ။ တရုတ်လူမျိုးအများစု နေထိုင်သော တိုက်ခန်းများပြီး ရန်ကုန်မြို့၏ China Town ဟုပင်ခေါ်ဆိုကြသည် ။ အချုပ်အားဖြင့်ဆိုသော် လသာမြို့နယ်သည် လူမျိုးစုံ ၊ ဘာသာစုံများ စုဝေးနေထိုင်ကြပြီး တိုက်ခန်းအများစုသည် လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ ဝန်းကျင်ရှေးကျပြီး ခိုင်ခံ့ကောင်းမွန်သည့် တိုက်ခန်းများ ၊ အသစ်ထပ်မံဆောက်လုပ်စဲအဆောက်အဦးများ ၊ တိုက်ခန်းများ ၊ ကွန်ဒိုများ ဖြင့် လူနေထူထပ် စည်ကားသော မြို့နယ်တစ်ခုဖြစ်သည် ။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)