iMyanmarHouse.com ဆိုတာ ဘာလဲ? (What is iMyanmarHouse.com?)

iMyanmarHouse.com ဆိုတာ ဘာလဲ? (What is iMyanmarHouse.com?)

iMyanmarHouse.com ဆိုသည်မှာ အိမ်ခြံမြေ ရောင်းချင်သူ၊ ဝယ်ချင်သူ၊ ငှါးချင်သူများကို ချိတ်ဆက်ပေးသော အခမဲ့ ဝန်ဆောင်မှုပေးသည့် ဝဘ်ဆိုဒ်တစ်ခု ဖြစ်ပါသည်။

iMyanmarHouse.com ကို 21 October 2013 တွင် အင်တာနက်ပေါ် စတင်လွှင့်တင်ခဲ့ပါသည်။ သင့်ထံတွင် အိမ်ခြံမြေ ရောင်းရန်၊ ငှါးရန် ရှိပါက iMyanmarHouse.com တွင် အကောင့်တစ်ခု ဖွင့်၍ အခမဲ့ ကြော်ငြာတင်နိုင်ပါသည်။

May 2016 စာရင်းများအရ iMyanmarHouse.com တွင် အသုံးပြုသူများမှ တင်ထားပြီးသော ရောင်းရန် ငှါးရန် ကြော်ငြာစုစုပေါင်းမှာ ၁၅၀ ၀၀၀ (တစ်သိန်းခွဲ) ကျော် ရှိပြီ ဖြစ်ပါသည်။ နိုင်ငံအဝှမ်း ထိုကြော်ငြာပေါင်းများစွာကို မြို့ နယ် အလိုက်သော်လည်းကောင်း၊ အမျိုးအစားအလိုက်သော်လည်းကောင်း (တိုက်ခန်း၊ ကွန်ဒို၊ လုံးချင်း၊ မြေကွက် စသည်ဖြင့်)၊ ဈေးနှုန်းဖြင့်သော်လည်းကောင်း အလွယ်တကူ ရှာဖွေနိုင်ပါသည်။

iMyanmarHouse.com မှ အဖွဲ့သူ အဖွဲ့သားများ၏ ကြိုးစားအားထုတ်မှုနှင့် iMyanmarHouse.com ၏ ပရိသတ်ကြီးမှ တခဲနက် အားပေးမှုကြောင့် အချိန်တိုတိုအတွင်း ဈေးကွက်၏ နံပါတ်တစ်နေရာ ရယူနိုင်ခဲ့ပါသည်။

iMyanmarHouse.com မှ အိမ်ခြံမြေ လောကကြီးတစ်ခုလုံး ပိုမိုတိုးတက်စေရန်အတွက် ပြည်သူ့အကျိုးပြု အိမ်ခြံမြေ ဟောပြောပွဲများ၊ အိမ်ခြံမြေ အရောင်းပြပွဲများကိုလည်း အစဉ်အမြဲ ကျင်းပပြုလုပ်ပေးနေပါသည်။

အိမ်ခြံမြေပွဲစဉ်များ (Property Events)

အိမ်ခြံမြေပွဲစဉ်များ (Property Events)
အိမ်ခြံမြေ အရောင်းပြပွဲကို အသေးစိတ်ကြည့်ရန် ဤနေရာကိုနှိပ်ပါ


iMyanmarHouse.com မှ အိမ်ခြံမြေနှင့်ပတ်သတ်၍ သိကောင်းစရာ စာအုပ်များကိုလည်း ထုတ်ဝေ ဖြန့်ချိလျက်ရှိပါသည်။

Myanmar Property Books
အိမ်ခြံမြေ စာအုပ်များကို အသေးစိတ်ကြည့်ရန် ဤနေရာကိုနှိပ်ပါ


May 2015 တွင် iMyanmarHouse.com မှ မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် အကောင်းဆုံး လစဉ်ထုတ် အိမ်ခြံမြေမဂ္ဂဇင်းကို ထုတ်ဝေ ဖြန့်ချိလိုက်ပါသည်။ ထိုမဂ္ဂဇင်းကို အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်တိုင်းတွင် ဝယ်ယူ ရရှိနိုင်ပါသည်။

Myanmar Property Magazine
အိမ်ခြံမြေ မဂ္ဂဇင်းကို အသေးစိတ်ကြည့်ရန် ဤနေရာကိုနှိပ်ပါ


Andriod ဖုန်းများပေါ်တွင် သုံးစွဲနိုင်ရန် iMyanmarHouse.com ၏ Mobile အပလီကေးရှင်း ကို ၂၀၁၅ မတ်လတွင် ထုတ်လုပ်ဖြန့်ချိခဲ့ပါသည်။ ဤအပလီကေးရှင်းကို အောက်ပါလင့်ခ်တွင် အခမဲ့ဒေါင်းလုပ်ပြုလုပ်၍ သုံးစွဲနိုင်ပါသည်။

iMyanmarHouse Mobile Application
iMyanmarHouse.com ၏ Mobile အပလီကေးရှင်း ကို ဒေါင်းလုဒ်ဆွဲရန် ဤနေရာကိုနှိပ်ပါ


iMyanmarHouse.com မှ အမြဲတစေ ကဏ္ဍအသစ်များကို လွှင့်တင်လျက်ရှိပါသည်။ ထိုကဏ္ဍအသစ်များကို အောက်ပါလင့်ခ်တွင် ကြည့်ရှု့နိုင်ပါသည်။

What is New
iMyanmarHouse.com ၏ ကဏ္ဍအသစ်များကို ကြည့်ရှု့ရန် ဤနေရာကိုနှိပ်ပါ