ရန်ကုန်တိုင်းဒေသကြီး တွင် အသုံးမပြုသော စည်ပင်နယ်နိမိတ်အတွင်းရှိ မြေများကို ဖော်ထုတ်၍ လာမည့် ဘဏ္ဍာနှစ်၌ အားကစားကွင်း ၁၆ ခု ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ အားကစားကွင်း ၁၆ ခုမှာ တောင်ဥက္ကလာတွင် နှစ်ခု၊ မြောက်ဥက္ကလာတွင် သုံးခု၊ တောင်ဒဂုံတွင် နှစ်ခု၊ ဒဂုံ (အရှေ့)တွင် နှစ်ခု၊ မြောက်ဒဂုံတွင် ငါးခု၊ ရွှေပြည်သာတွင် တစ်ခုနှင့် မင်္ဂလာဒုံမြို့နယ်တွင် တစ်ခုစသည်ဖြင့် အသီးသီးဆောက်လုပ်သွားမည် ဖြစ်သည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ပန်းဥယျာဉ်နှင့် အားက စားကွင်းများဌာနအနေဖြင့် ဘတ်ဂျက်ငွေ သိန်းပေါင်း ၃၂,၀၀၀ သုံးစွဲသွားရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြတောင်းခံထားကြောင်း သတင်းရရှိသည်။
‘‘လက်ရှိ ရေကန်တွေ၊ မြေ ကြီးတွေကို အသစ်ဖော်ထုတ် သွားမှာပါ။ ခြံစည်းရိုးတွေလဲကာ ပြီး နွေမိုးဆောင်းကစားနိုင်တဲ့ ကွင်းတွေဖြစ်အောင် လုပ်သွား မယ်။ ပြီးတော့ တဖြည်းဖြည်းနဲ့ အဆင့်မြှင့်တင်ခြင်းတွေကို ဆောင်ရွက်သွားမယ်’’ဟု ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီ၊ ပန်းဥယျာဉ်နှင့် အားကစား ကွင်းများဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောကြားသည်။
ယင်းအားကစားကွင်းများ ဖော်ဆောင်ရေးအတွက် ဘတ် ဂျက်ငွေ ကျပ်သိန်း ၇,၀၀၀ ကျော် သုံးစွဲသွားမည် ဖြစ်သည်။ ထို့ပြင် လက်ရှိဖော်ထုတ်သွားမည့် အား ကစားကွင်းနေရာများကို ကျောင်းမြေ၊ တပ်မြေနှင့် ဘုရားမြေများ ရှောင်ကွင်း၍ ဖော်ထုတ်သွားမည် ဖြစ်ပြီး ယင်းမြေများပေါ်တွင်ရှိ သည့် ကစားကွင်းများကို အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်သွားမည် မဟုတ်ကြောင်း အဆိုပါအရာရှိ ကြီးက ဆက်လက်ပြောကြားသည်။လက်ရှိတွင် ရန်ကုန် တိုင်းဒေသကြီးအတွင်း၌ ၂၀၁၁- ၂၀၁၂ က အားကစားကွင်း ၂၁ ခု၊ ၂၀၁၂-၂၀၁၃ က ၁၈ ခု၊ ၂၀၁၃-၂၀၁၄ က ၃၃ ခု၊ ၂၀၁၄-၂၀၁၅ က ၁၁ ခု၊ မြေပိုင်ဆိုင်မှုမှန်၊ မမှန်စိစစ်နေသော အားကစားကွင်း ခုနစ်ခုနှင့် ပုံမှန်ထိန်းသိမ်းနေသော အားကစားကွင်း ၁၀ ခုစသည်ဖြင့် စုစုပေါင်း ၁၀၀ ရှိကြောင်း ပန်းဥယျာဉ် နှင့် အားကစားကွင်းများ ဌာန စာရင်းများအရ သိရသည်။
ရပ်ကွက်များ၌ ဘောလုံး ကွင်းဟူ၍ မရှိတော့ဘဲ အကွက် များရိုက်ကာ ဘောလုံးကွင်းများ ကို နာရီကြေးဖြင့် တွက်ချက်ငှားရမ်းခြင်းများရှိနေကြောင်း ရပ် ကွက်နေ ဘောလုံးကစားသူလူ ငယ်အချို့က ပြောသည်။
‘‘ဘောလုံး ကွင်းတွေက ဆောက်ပေးတာကောင်းတယ်။ အဓိကကတော့ ဘောလုံးကွင်း တွေကို လူငယ်တွေကစားနိုင် အောင် ကွင်းကြေးကို ဈေးလျှော့ ပေးနိုင်ရင် ပိုကောင်းတာပေါ့။ အခုရပ်ကွက်တွေထဲမှာတောင် ကန် စရာဘောလုံးကွင်းက မရှိသ လောက်ဖြစ်နေပြီ’’ဟု ဒဂုံမြို့သစ် မြောက်ပိုင်း (၄၅) ရပ်ကွက်နေကိုထူးထူးက ပြောသည်။
Credit: 7 day daily