ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ - Property News in Myanmar from iMyanmarHouse.com
22 Jul 2025 10:57 am တွင် တင်ခဲ့သည်
437 ကြိမ် ကြည့်ရှု့ပြီး

ဂျော့ချ် ကလူးနေးသည် ၎င်းအား အောင်မြင်သည့်ဘဝရောက်အောင် ကူညီပေးခဲ့သည့် အရင်းနှီးဆုံး သူငယ်ချင်းများအား ပြန်လည်ကျေးဇူးဆပ်ခဲ့ပုံမှာ ပရိသတ်တို့၏ နှလုံးသားများအား နွေးထွေးစေခဲ့သည်။

ဂျော့ချ် ကလူးနေး ဘဝကို ကျားကုတ်ကျားခဲ ကြိုးစားနေစဉ်ကာလများက ထိုသို့ သူငယ်ချင်းများကို ကျေးဇူးဆပ်ခဲ့စဉ်က နောင်အခါ ဇနီးဖြစ်လာမည့် Amal နှင့် ဆုံစည်းစပင်ရှိသေးသည်။ ကလေးလည်း မရသေး Amal နှင့် ချက်ချင်း မိသားစုဘဝ ထူထောင်ရန်လည်း ရည်မှန်းချက် မရှိသေးချိန် ဖြစ်သည်။

“ဒီကနေ့ ကျွန်တော် ရရှိနေတဲ့ အောင်မြင်မှုတွေ၊ စည်းစိမ်ချမ်းသာတွေဟာ ဒီလူတွေက ပြီးခဲ့တဲ့ ၃၅ နှစ်တာလုံး တနည်းမဟုတ် တနည်းနဲ့ ထောက်ပံ့ကူညီခဲ့တာတွေကြောင့်ပါ” ဟု ကလူးနေးက GQ မဂ္ဂဇင်းသို့ ပြောပြဖူးသည်။

“ကျွန်တော်ဆင်းရဲကျပ်တည်းခဲ့စဉ်ကာလက သူတို့အိမ်တွေက ဆိုဖာခုံတွေပေါ်မှာ အိပ်ခဲ့တယ်။ ငွေမရှိရင် သူတို့က ပိုက်ဆံချေးတယ်။ နှစ်ပေါင်းများစွာကာလအတွင်း ကျွန်တော်အကူအညီလိုတဲ့အခါတိုင်း သူတို့တွေ ကူညီခဲ့ကြပါတယ်။”

ကလူးနေး၏ Gravity အမည်ရှိ ရုပ်ရှင်မှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့ရာ ၎င်းအတွက်လည်း ငွေအလုံးအရင်း ဝင်လာသည်။

“သူတို့က ကျွန်တော့်ကို သရုပ်ဆောင်ခ များများ မပေးချင်တာကြောင့် ရုပ်ရှင်က ရလာမယ့် အမြတ်အစွန်းကို ရာခိုင်နှုန်းနဲ့ ပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ ပုံမှန်ရမယ့်ပမာဏထက် အလုံးအရင်းရခဲ့တာ ဖြစ်ပါတယ်” ဟု ကလူးနေးက ပြောသည်။

(မှတ်ချက်။ ဟောလိဝုဒ်တွင် ရုပ်ရှင်ထုတ်လုပ်သူတို့က ရုပ်ရှင်တစ်ကား အရှုံးပေါ်နိုင်သည်ဟု ယူဆပါက ဒါရိုက်တာနှင့် သရုပ်ဆောင်တို့ကို အနုပညာကြေး လောက်လောက်လားလား မပေးဘဲ ရုပ်ရှင်မှ ရလာမည့် အမြတ်အစွန်း၏ ရာခိုင်နှုန်းကိုသာ ပေးလေ့ရှိသည်။ ဂျော့ချ် ကလူးနေး၏ Gravity ရုပ်ရှင်ကို ထုတ်လုပ်သူတို့က အရှုံးပေါ်မည်ဟု လျှော့တွက်ခဲ့သောကြောင့် ရာခိုင်နှုန်း ပေးခဲ့ခြင်းဖြစ်သည်။ သို့သော ထိုရုပ်ရှင်မှာ အော်စကာဆု ၇ ဆုရသည်အထိ ဝက်ဝက်ကွဲအောင်မြင်ခဲ့သည်)

ထိုသို့ ရရှိလာသော အမြတ်အစွန်းများကို သူငယ်ချင်းများအား ပေးရန် ကလူးနေး ဆုံးဖြတ်ခဲ့သည်။ထို့နောက် ကလူးနေးက Tumi အမှတ်တံဆိပ် လက်ဆွဲအိတ် ၁၄ လုံး ဝယ်ယူလိုက်ပြီး အိတ် ၁ လုံးလျှင် ဒေါ်လာ ၁ သန်းစီ ထည့်ထားခဲ့သည်။

ယင်းနောက် ကလူးနေးက သူ၏အိမ်သို့ သူငယ်ချင်းများကို ညစာစား ဖိတ်ကြားခဲ့ပြီး ၎င်းတို့ ရောက်ရှိလာချိန်တွင် ဒေါ်လာ ၁ သန်းပါသော လက်ဆွဲအိတ်များ လက်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ကလူးနေး၏ မိတ်ဆွေတစ်ဦးဖြစ်သူ ရန်ဒီ ဂါဘာက MSNBC သတင်းဌာနသို့ ပြောပြသည်။

“ကျွန်တော်က ကမ္ဘာ့မြေပုံတစ်ခုမှာ ကျွန်တော် ရောက်ခဲ့တဲ့နေရာတွေ (ရုပ်ရှင်ရိုက်)၊ မြင်ခဲ့တာတွေ အားလုံးကို ပြောပြခဲ့တယ်။ ဒီလိုတွေ ဖြစ်လာတာ သူတို့တွေ ကူညီခဲ့ကြလို့ပါ။ ….ပြီးတော့ သူတို့ကို ကျွန်တော် ပြောခဲ့တာက….ဒီလို လူမျိုးတွေကို ဘယ်လို ပြန်ပေးဆပ်ရမလဲ….အိုး..ဟုတ်ပြီ..ဒေါ်လာ ၁ သန်းဆိုရင်ကော…လို့ ပြောခဲ့ပါတယ်” ဟု ကလူးနေးက GQ သို့ ပြောသည်။

ယခုကဲ့သို့ ရက်ရက်ရောရာ ပေးကမ်းမှုကပင် ဂျော့ချ်ကလူးနေး မည်သို့သောလူစားဖြစ်သည်ကို ပြသနေကြောင်း ဂါဘာက ပြောသည်။

“ကျွန်တော်တို့ အားလုံးမှာ ခက်ခဲတဲ့ အချိန်တွေ ရှိခဲ့ကြပါတယ်။ ခင်ဗျားတို့ထဲက တချို့ဆိုရင်လည်း ခက်ခဲတဲ့ ကာလတွေ ဖြတ်ကျော်နေရဆဲ ဖြစ်နိုင်ပါတယ်။” ဟု ကလူးနေးက ပြောခဲ့ကြောင်း ဂါဘာက ပြောပြသည်။

“အဲဒီအချိန်က ကျွန်တော်ဟာ ကလေးအတွက်လည်း ပူစရာမရှိသေး။ ကလေးမရှိတော့ ကလေးကျောင်းကိစ္စလည်း ပူစရာမလို။ အိမ်ခြံမြေချေးငွေ အရစ်ကျ ပြန်ဆပ်ဖို့ ကိစ္စလည်း မရှိသေးချိန်ပါ” ဟု ကလူးနေးက ဆိုသည်။

ဂျော့ချ် ကလူးနေးသည် tequila ကုမ္ပဏီတစ်ခုဖြစ်သော Casamigos ကို ဂါဘာအပြင် အခြားသူငယ်ချင်းတစ်ဦးနှင့် ပူးတွဲ တည်ထောင်ထားရာ ၂၀၁၇ ခုနှစ်တွင် အဆိုပါကုမ္ပဏီကို Diageo အမည်ရှိ ကုမ္ပဏီကြီးထံ ကန်ဒေါ်လာ ၁ ဘီလီယံဖြင့် ရောင်းထုတ်ခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: George Clooney once gave 14 friends $1 million each – in cash (cnn.com)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
ဟင်နရီ ဇီးဂလန်းဆိုသူကို ၎င်း၏ ယောက်ဖက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ လွဲချော်သွားပြီး သစ်ပင်ထဲ ကျည်ဝင်သွားခဲ့၊ နှစ် ၂၀ အကြာတွင် ဇီးဂလန်းက သစ်ပင်ကို ဒိုင်းနမိုက်ဖြင့် ခွဲကာ လှဲခဲ့ရာ ကျည်ပြန်ထွက်လာပြီး နဖူးမှန်ကာ သေဆုံးခဲ့ရ...

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service