အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း - Property News in Myanmar from iMyanmarHouse.com
17 Jul 2025 12:24 pm တွင် တင်ခဲ့သည်
342 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်၊ မင်နဆိုးတားပြည်နယ်၊ မင်နီယာပိုလစ်မြို့တွင် ပြီးခဲ့သော စနေနေ့က လူပေါင်း ၁၀၀၀ ကျော် စုရုံးကာ နှစ်စဉ်ကျင်းပသည့် ခဲတံချွန်ပွဲတော်၌ ကြီးမားလှသော ခဲတံကြီးတစ်ခုကို ချွန်ပေးခဲ့ကြသည်။

ခဲတံကြီးမှာ ၆ မီတာ ( ပေ ၂၀) ရှည်လျားသည်။ ဂျွန် ဟစ်ဂင်းစ် (John Higgins) နှင့် အေမီတို့ နေအိမ်ရှိ ကြီးမားလှသော ဝက်သစ်ချပင်ကြီးကို ခဲတံကြီးအသွင် ပုံဖော်ထားခြင်း ဖြစ်သည်။

ဂျွန်တို့ အလွန်ချစ်သော သစ်ပင်ကြီးမှာ ပြီးခဲ့သော နှစ်အနည်းငယ်က မုန်တိုင်းကြောင့် လဲကျသွားခဲ့ရာ အိမ်နီးချင်းများ စိတ်မကောင်းဖြစ်ခဲ့ကြပြီး ဂျွန်တို့ ဇနီးမောင်နှံမှာ မျက်ရည်ပင်ကျခဲ့ရသည်။

ဂျွန်တို့ ဇနီးမောင်နှံက ချစ်ရသော ဝက်သစ်ချပင်ကြီးကို ဘဝသစ်တစ်ခုသို့ ပို့ဆောင်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။

သို့နှင့်ပင် မင်နီယာပိုလစ်မြို့၏ သစ်ကြီးဝါးကြီးများ ဝေဆာအုပ်ဆိုင်းသော Lake of the Isles အရပ်မှ ဂျွန်တို့၏ အိမ်ရှေ့မြက်ခင်းတွင် နှစ်စဉ်ခဲတံချွန်ပွဲတော် ပေါ်ပေါက်လာခဲ့ပြီး လူပေါင်းရာချီ ပါဝင်ဆင်နွှဲလေ့ရှိကာ တေးဂီတဖျော်ဖြေမှု၊ စီတန်းလှည့်လည်မှုတို့ ပါဝင်လေ့ရှိသည်။

ခဲတံချွန်ပွဲတော်တွင် ပါဝင်ဆင်နွှဲသူအချို့မှာ ခဲတံများ ၊ ခဲဖျက်များအသွင် ဝတ်စားဆင်မြန်းကြသည်။

ယခုနှစ် ခဲတံချွန်ပွဲတော်တွင် ဆွစ်ဇာလန် ခရာရှည်မှုတ်သမား ၂ ဦးလည်း ပါဝင်ဖျော်ဖြေခဲ့သည်။

ယခုနှစ် ခဲတံချွန်ပွဲတော်တွင် မင်နီယာပိုလစ်ဖွား ဂီတကြယ်ပွင့်တစ်ဦးဖြစ်သူ Prince (ကွယ်လွန်) အား ဂုဏ်ပြုသောအနေဖြင့် ခရမ်းရောင်ခဲတံများ ဝေငှခဲ့သည်။

“တချို့သူတွေက ခဲတံကြီးကို ချွန်နေကြတယ်။ ကျွန်မက ဒီပွဲမှာ ပါဝင်ဆင်နွှဲချင်တယ်လေ။ ဘာကြောင့် မပါဝင်ရမှာလဲ။ ဘဝက တိုတောင်းလွန်းပါတယ်” ဟု ခဲတံချွန်ပွဲတော်သို့ ချီကာဂိုမှ လာရောက်ခဲ့သူ Rachel Hyman က ပြောသည်။

Rachel သည် ခဲတံတစ်ချောင်းပုံစံ ဝတ်ဆင်ကာ ပါဝင်ခဲ့သည်။

မုန်တိုင်းအပြီးတွင် ဂျွန်တို့ ဇနီးမောင်နှံက ဝက်သစ်ချပင်ကြီးကို ရုပ်တုတစ်ခုခုအဖြစ် ပြောင်းလဲလိုခဲ့သည်။

ဝက်သစ်ချပင်ကြီးကို လူတိုင်းသိမည့် အနုပညာလက်ရာတစ်ခုအဖြစ် ပုံဖော်လိုသော်လည်း သစ်ပင်၏ လုံးပတ်နှင့် ပုံသဏ္ဍာန်အရ ခဲတံကြီးတစ်ချောင်းအဖြစ် ပုံဖော်ရန် စိတ်ကူးရခဲ့သည်။

“ဘာလို့ ခဲတံပုံဖော်ခဲ့တာလဲ။ လူတိုင်း ခဲတံသုံးကြတယ်လေ။ ခဲတံကို လူတိုင်းသိတယ်။ ကျောင်းတက်တုန်းက သုံးခဲ့ဖူးတယ်” ဟု အေမီက ပြောသည်။

ထို့ကြောင့် ဂျွန်တို့စုံတွဲက ပန်းပုပညာရှင် Curtis Ingvoldstad ထံအပ်နှံကာ ဝက်သစ်ချပင်ကြီးကို Trusty အမှတ်တံဆိပ် No.2 ခဲတံအသွင် ပုံဖော်ထုလုပ်စေခဲ့သည်။

ခဲတံချွန်ပွဲတော်တွင် ခဲတံကြီးဘေး၌ ငြမ်းဆင်ကာ အထူးပြုလုပ်ထားသော ခဲတံချွန်စက်ကြီးကို တပ်ဆင်ကြသည်။

နှစ်စဉ် ခဲတံချွန်ပွဲတော်ရောက်တိုင်း ခဲတံကြီးကို ချွန်ပေးကြရာ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုတောင်းလာနေသည်။

တစ်နှစ်လျှင် ၈ စင်တီမီတာ မှ ၂၅ စင်တီမီတာကြား (၃ လက်မမှ ၁၀ လက်မကြား) ခဲတံချွန်ပေးလေ့ရှိသည်။

ယခုနှစ်တွင် အလျားမည်မျှ ခဲတံချွန်မည်ကို မဆုံးဖြတ်ရသေးချေ။

နောင်တစ်ချိန်တွင် ယခုခဲတံကြီးမှာ ငုတ်တိုတစ်ခုသာ ကျန်တော့မည်ကို ၎င်းတို့သိထားကြသည်။

လူ့ဘဝမှာလည်း ယခုခဲတံကြီးကဲ့သို့သာဖြစ်ကြောင်း ပန်းပုပညာရှင် Ingvoldstad က ပြောသည်။

((ခဲတံချွန် ပွဲတော်၏ အကျိုးကျေးဇူးများ))

၁။ ဒေသခံများအကြား စည်းလုံးမှုရလာစေခြင်း

ဤပွဲတော်မှာ ဒေသခံတို့အတွက် ပျော်စရာများ ဆောင်ကြဉ်းပေးပြီး စည်းလုံးမှုရစေသည်။ နှစ်စဉ် လူ ၁၀၀၀ ကျော် တက်ရောက်လေ့ရှိပြီး အချို့မှာ အခြားပြည်နယ်များကပင် လာရောက်ကြခြင်း ဖြစ်သည်။ ထိုဒေသလေး၏ တမူထူးဆန်းသော ကိုယ်ပိုင်ပွဲတော်ဟုလည်း ဆိုနိုင်သည်။

၂။ စိတ်သစ်ကိုယ်သစ်

ခဲတံချွန်လိုက်ခြင်းနှင့်အတူ အချိန်ကာလများ ဖြတ်သန်းကုန်လွန်သွားမှုနှင့် စာမျက်နှာသစ်များ ရောက်ရှိလာမှုတို့ကို သတိချပ်နိုင်သည်။

၃။ ပျော်ရွှင်မှု

စိတ်ဖိစီးဖွယ်များ အတိပြီးနေသော ကမ္ဘာကြီးတွင် ယခုပွဲတော်မှာ တမျိုးတဖုံ ကြည်နူးပျော်ရွှင်စရာပင်။

ပွဲလာပရိသတ်တို့မှာ ခဲတံများသဖွယ် ထူးထူးဆန်းဆန်းဝတ်စားထားကြပြီး ရေခဲဒေသသုံး ခရာရှည်ကြီးများ တီးမှုတ်ဖျော်ဖြေကြသည်။

၄။ ဘဝအဓိပ္ပာယ်

အခြားရုပ်တုများနှင့် မတူသည့်အချက်ကား ခဲတံကြီးမှာ တစ်နှစ်ထက်တစ်နှစ် တိုသည်ထက် တိုလာနေခြင်းဖြစ်ပြီး လူ့ဘဝ၏ အဓိပ္ပာယ်ကို တစုံတရာ ညွှန်းဆိုနေသည်။

၅။ အတိတ်ကို ဂုဏ်ပြု၊ အနာဂတ်ကို ရည်မျှော်

ခဲတံဖြစ်လာသော ဝက်သစ်ချပင်ကြီးကို ဒေသခံတို့ ချစ်မြတ်နိုးမှုနှင့်အတူ ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်းမှာ အတိတ်ကို ဂုဏ်ပြုခြင်း၊ အနာဂတ်ကို ရည်မျှော်ခြင်း ဖြစ်သည်။

တဖြည်းဖြည်းတိုတောင်းလာသော ခဲတံကြီးက လူ့ဘဝ၏ အနိစ္စသဘောကို ထင်ဟပ်ညွှန်းဆိုကာ အသိပေးနေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Why a Minneapolis neighborhood sharpens a giant pencil every year (yahoo)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service