ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ - Property News in Myanmar from iMyanmarHouse.com
18 Jul 2025 11:00 am တွင် တင်ခဲ့သည်
539 ကြိမ် ကြည့်ရှု့ပြီး

ဘောလိဝုဒ်တွင် အောက်ကားဟုခေါ်သော အနိမ့်တန်းရုပ်ရှင်ကားများ ရိုက်ကူးသည့် ရုပ်ရှင်ဒါရိုက်တာတစ်ဦးက တန်းဝင်ဇာတ်ကားတစ်ကားရိုက်ကူးကာ mainstream သို့ဝင်ရန် ဆုံးဖြတ်လိုက်သည်။

တန်းဝင်ရုပ်ရှင် ရိုက်ကူးရန်အတွက် တစ်ဘဝလုံး စုဆောင်းထားသမျှငွေအားလုံးကို ပုံအောသုံးစွဲရန် ဆုံးဖြတ်ကာ ထိုခေတ်က ဒိတ်ဒိတ်ကြဲမင်းသား ဆန်ဂျိ ကူးမားရ် (Sanjeev Kumar) ကို ငှားရမ်းခဲ့သည်။

ဆန်ဂျိ ကူးမားရ်သည် ဘောလိဝုဒ်ရုပ်ရှင်သမိုင်း၏ အထင်ရှားဆုံး ကြယ်ပွင့်များတွင် ပါဝင်သည်။

ဆန်ဂျိ ကူးမားရ်သည် ရိုက်ကူးရန် လက်ခံပြီးမှ ဆက်လက်မရိုက်ကူးပေးတော့သောကြောင့် ဒါရိုက်တာမှာ ပုံအောရင်းနှီးထားသမျှ အရှုံးပေါ်ကာ မွဲတေသွားခဲ့သည်။

ထို့နောက် အရက်သမားလုံးလုံးဖြစ်သွားပြီး အရက်ကျေးကျွန်ဖြစ်ကာ ကွယ်လွန်သွားခဲ့ရသည်။

အဆိုပါ ဒါရိုက်တာမှာ မည်သူနည်း။

သူသည် ၁၉၆၀ မှ ၁၉၇၀ ပြည့်လွန်ကာလများအကြား ရုပ်ရှင်သရုပ်ဆောင်၊ စတန့်သမားတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူ ကမ်ရန်ခန်းဖြစ်ပြီး နောက်ပိုင်းတွင် ဒါရိုက်တာဘဝသို့ ကူးပြောင်းကာ အနိမ့်တန်း ရုပ်ရှင်ကားများ ရိုက်ကူးခဲ့သည်။

သို့သော် ဒုတိယကလေး ထွန်းကားလာချိန်တွင် တန်းဝင်ရုပ်ရှင်တစ်ကားရိုက်ကူးကာ mainstream သို့ ဝင်ရန် ဆုံးဖြတ်ခဲ့သည်။

ရုပ်ရှင်ရိုက်ကူးရန်အတွက် တစ်ဘဝလုံး စုဆောင်းထားသမျှငွေအားလုံးအပြင် ပိုင်ဆိုင်သမျှ အားလုံးပေါင်နှံကာ ပုံအောရင်းနှီးခဲ့ပြီး ဒိတ်ဒိတ်ကြဲမင်းသား ဆန်ဂျိ ကူးမားကို ကမ်းလှမ်းကာ ရုပ်ရှင်ရိုက်ကူးရန် စာချုပ်ချုပ်ဆ်ိုခဲ့သည်။

သို့သော် ရုပ်ရှင်ရိုက်ကူးနေရင်းတန်းလန်းတွင်ပင် ဆန်ဂျိကူးမားမှာ ဆက်မရိုက်ကူးပေးတော့သောကြောင့် ခမ်ရန်မှာ ရူပီးသိန်းပေါင်းများစွာ အကြွေးတင်ကျန်ရစ်ခဲ့သည်။

နေ့ချင်းညချင်း ပိုင်ဆိုင်သမျှ ဆုံးရှုံးသွားသောကြောင့် ခမ်ရန်မှာ အကြီးအကျယ် စိတ်ဓာတ်ကျကာ အရက်သမားဖြစ်သွားသည်။

ယင်းနောက် ခမ်ရန်သည် ၁၀ နှစ်ကျော် မည်သည့်အလုပ်မှ မလုပ်တော့။ နောက်ဆုံးတွင် ဆင်းဆင်းရဲရဲဘဝဖြင့် သေဆုံးသွားခဲ့ရသည်။

ကျန်ရစ်သူ မိသားစုမှာ ခမ်ရန်အတွက် နာရေးစရိတ်ပင် မရှိချေ။

ထို့ကြောင့် ခမ်ရန်၏ အရင်းနှီးဆုံးမိတ်ဆွေဖြစ်သူ စာရေးဆရာ စလင်းခန်ထံမှ ငွေအနည်းငယ်ချေးရသည်။

ထိုအချိန်က ခမ်ရန်၏ သားသမီး ၂ ဦးမှာ ဆယ်ကျော်သက်အရွယ်သာ ရှိသေးသည်။

သို့သော် ကလေးများမှာ ဖခင်ကြီး၏ ကြွေးမြီများ ပေးဆပ်ရန် ငွေရှာရတော့သည်။

ခမ်ရန်၏ ကလေး ၂ ဦးမှာ ဖာရာခန်းနှင့် စဂျစ်ခန်းတို့ ဖြစ်သည်။

“ကျွန်မ အဖေအကြောင်း သိတဲ့သူ ရှိမယ်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက အောက်ကားတွေပဲ ရိုက်ခဲ့တာပါ။ ရုပ်ရှင်မင်းသား Dara Singh နဲ့ ရိုက်ခဲ့တာ။ သူတို့တွေဟာ ဘုံဘေမှာ မြို့ပေါ်ရောက်လာတဲ့ တာဇံတွေလိုပါပဲ။ အဲဒီနောက်ပိုင်း အဖေက နေအိမ်အပါအဝင် သူ့ပိုင်ဆိုင်မှုတွေအားလုံးကို ရုပ်ရှင်တစ်ကားထဲမှာ ပုံအောရင်းနှီးလိုက်ပြီး တက်တက်ပြောင်သွားခဲ့တယ်။ အဲဒီနောက်ပိုင်း ၁၃ နှစ်၊ ၁၄ နှစ်လောက် အဖေက ဘာအလုပ်မှ မလုပ်တော့ဘူး။ အိမ်ထဲကနေ အပြင်တောင်မထွက်တော့ပါဘူး” ဟု သမီးဖြစ်သူ ဖာရာခန်းက ပြောပြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Bollywood director lost entire life’s savings after one flop; daughter was forced to dance, son performed for money at beach to repay debts

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service