တိုက်ခန်း နယ်နိမိတ်များ၊ အိမ် ဥပစာများထက် ကျော်လွန်ကာ လမ်းမများပေါ်အထိ ကျူးကျော် ချဲ့ထွင်ထားသည့် အဆောက်အအုံ များ၊ ဈေးဆိုင်များ ဆောက်လုပ်ခြင်း မှာ တရားဝင်မှုမရှိသဖြင့် ပြည်သူများ တိုင်ကြားလာပါက ထိထိရောက် ရောက် ဖယ်ရှားပြီး အရေးယူဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
”ဒါတွေကို ရှင်းဖို့အတွက်က ဘဏ္ဍာရေး အကုန်အကျခံပြီး အဆင့် မီ မြောင်းကြီးတွေ တူးရမှာ၊ မတူး နိုင်သေးဘူး။ တချို့မြို့နယ်တွေမှာ တော့ ဖျက်ပြီး မြောင်းကြီးတွေ လုပ် ပေးခဲ့တာ ရှိပါတယ်။ ဒီဆိုင်တွေ၊ ကျူးကျော်ထားတဲ့ အဆောက်အအုံ တွေ ဖျက်ပြီးမှ မြောင်းကြီးတွေ မလုပ်ပေးနိုင်ရင်လည်း အဆင်မပြေ ဘူး။ မြေညီထပ် တိုက်ခန်းတွေမှာ၊ လမ်းနယ်နိမိတ်ပေါ်မှာ ကျူးနေတဲ့ အဆောက်အအုံတွေကိုတော့ လုပ် နိုင်စွမ်းမရှိတာ မဟုတ်ပေမယ့် တိုင် ကြားရင်တော့ အရေးယူ ဖယ်ရှားပေး ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စည်ပင်သာယာရေး ဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးလှ မြင့်က ပြောသည်။
မိမိပိုင် တိုက်ခန်း၊ အိမ်ခန်းများ၏ ဥပစာ ပိုင်နက်ကျော်လွန်ပြီး လူသွား ပလက်ဖောင်းများပေါ်အထိ ကျူး ကျော်ကာ တည်ဆောက်ထားသည့် အဆောက်အအုံများ၊ ဈေးဆိုင်များ ကြောင့် လမ်းပိတ်ဆို့မှုများ၊ လမ်း သွားလမ်းလာများနှင့် ပြဿနာများ ဖြစ်ပွားနေရသည့်အပြင် လမ်းနယ် နိမိတ်အထိ ကျော်လွန်ဆောက်လုပ် ထားမှုများကြောင့်လည်း လမ်းသွား လမ်းလာများအနေဖြင့်လည်း ယာဉ် အန္တရာယ်ဖြစ်ပွားမှုများ နေ့စဉ်ရက် ဆက်ဆိုသလို ရင်ဆိုင်နေရသည်။
”public area တွေမှာ ဘယ် သူ့ကိုမှ ကျူးကျော်ဆောက်လုပ်ခွင့် မပေးထားသလို ဆောက်နေတာတွေ ရှိရင်လည်း တရားမဝင်ပါဘူး။ တိုင် ကြားလာရင် ချက်ချင်း အရေးယူ ပေးသွားမှာပါ။ စည်းကမ်းမလိုက်နာ သူတွေ လိုက်နာလာအောင်လည်း ပြည်သူတွေက ဝိုင်းဝန်းကူညီပေးဖို့ လိုအပ်တယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးက ပြော သည်။
ကျူးကျော် အဆောက်အအုံ များ၊ ဈေးဆိုင်များကြောင့် မိဘ ပြည်သူများ အခက်အခဲ တွေ့ကြုံလာ ပါက ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ မြို့နယ်ရုံးများ၊ www.ycdc.gov.mm သို့ တိုင်ကြားနိုင်သည်။
ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ ပိုင်မြေများဖြစ် သည့် လမ်းနယ်နိမိတ်များပေါ်တွင် သာမက မြို့ကွက်များ စတင်ချထား ပေးစဉ်ကပင် မီးငြှိမ်းသတ်ရေး အတွက် နေရာသတ်မှတ်ထားသော မီးတားမြေများအပြင်၊ စည်ပင်သာ ယာရေးကော်မတီပိုင် လမ်းနယ် နိမိတ်များပေါ်တွင်ပါ အဖီအဆွယ် ဆောက်လုပ်မှုများ အများအပြားရှိ လာနေကြောင်း တွေ့ရှိရသည်။
သို့ရာတွင် ယင်းမြေများအပေါ် တွင်ပါ ကျူးကျော်ဆောက်လုပ်မှုများ ရှိလာနေသည့်အတွက် စည်းကမ်းမဲ့ ဆောက်လုပ်ထားသည့် ကျူးကျော် အဆောက်အအုံ အဖီအဆွယ်များကို ပြန်လည်ဖြိုဖျက်သည်အထိ အရေး ယူ ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ အင်ဂျင်နီယာဌာန၊ အဆောက်အအုံထံမှ သိရသည်။
”ကျူးကျော် ဆောက်လုပ်ထား တဲ့ အဆောက်အအုံတွေကို ဌာန အနေနဲ့ ဘယ်တော့မှ ခွင့်ပြုမပေး ထားပါဘူး။ ကိုယ့်ရဲ့မြေထဲမှာတောင် နောက်ဖေးလမ်းကြားရှိတဲ့နေရာမျိုး မှာဆိုရင် နောက်ဖေးလမ်းကြားနဲ့ ကိုယ့်အဆောက်အအုံကြားမှာ တစ် ပေချန်ပြီးမှ ဆောက်ရမှာဖြစ်သလို နောက်ဖေးလမ်းကြား မရှိတဲ့နေရာ မျိုးဆိုရင်တော့ ခြံစည်းရိုးနဲ့ ကိုယ့် အဆောက်အအုံကြားမှာ မြေလွတ် ခြောက်ပေချန်ပြီးမှ ဆောက်ခွင့်ပေး ထားပါတယ်၊ အိမ်ရှေ့မှာလည်းမြေ ချန်ပြီးမှ ဆောက်ခွင့်ပြုတယ် ”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီ အင်ဂျင်နီယာဌာန၊ အဆောက်အအုံမှဌာနမှူး ဦးသန်းဌေး က ပြောသည်။
Credit: thetradetimes