သင်္ဃန်းကျွန်းမြို့နယ်ရှိရောင်းရန်အိမ်ခြံမြေများ

သင်္ဃန်းကျွန်းမြို့နယ်

သင်္ဃန်းကျွန်းမြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့ဘက်ပိုင်းတွင်ရှိပြီး ၁၁.၅ ကီလိုမီတာကျယ်ဝန်းသည် ။ မြို့နယ်၏ မြောက်ဘက်တွင် တောင်ဥက္ကလာပမြို့နယ် ၊ အနောက်ဘက်တွင် ရန်ကင်းမြို့နယ်နှင့်တာမွေမြို့နယ် ၊ တောင်ဘက်တွင် တာမွေမြို့နယ်တို့ဖြင့် ဝန်းရံလျက်ရှိသည် ။ သင်္ဃန်းကျွန်းမြို့နယ်သည် ရပ်ကွက်ပေါင်း ၃၈ ခုဖြင့်ဖွဲ့စည်းထားပြီး မူလတန်းကျောင်း ၄၀ ကျောင်း ၊ အလယ်တန်းကျောင်း ၄ ကျောင်းနှင့် အထက်တန်းကျောင်း ၅ ကျောင်းတို့တည်ရှိသည် ။ သင်္ဃန်းကျွန်းပညာရေးကောလိပ် ၊ ရန်ကုန်သွားဖက်ဆိုင်ရာဆေးတက္ကသိုလ် နှင့် စံပြဈေး အစရှိသည့် အထင်ကရအမှတ်အသားသည် သင်္ဃန်းကျွန်းမြို့နယ်တွင် အရေးပါသော အဆောက်အဦးများဖြစ်သည် ။ ထို့ပြင် မြန်မာနိုင်ငံ၏ အမျိုးသားအားကစားကွင်း သုဝဏ္ဏဘောလုံးကွင်းကြီးရှိသော မြို့နယ်လည်းဖြစ်သည် ။သင်္ဃန်းကျွန်းမြို့နယ်၏ အခြားထင်ရှားသောနေရာများမှာ ကျိုက္ကဆံဘုရားလမ်းပေါ်ရှိ ကျိုက္ကဆံဘုရား ၊ ကျောက်စာတိုက်လမ်းရှိ သံယုတ်ဘုန်းကြီးကျောင်း နှင့် သီရိမာလာလမ်းပေါ်ရှိ စိန့်ဂျိုးဇက် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတို့သည် ရန်ကုန်မြို့၏ ရှေးဟောင်းအမွေအနှစ်များအဖြစ် ယနေ့တိုင် တည်ရှိလျက်ရှိသည် ။ အချုပ်အားဖြင့်ဆိုသော် သင်္ဃန်းကျွန်းမြို့နယ်သည် ရန်ကုန်မြို့၏ အားကစားနယ်မြေကို ပိုင်ဆိုင်ထားသည့်မြို့နယ်ဖြစ်သလို တိုက်ခန်း ၊ ကွန်ဒို နှင့် လုံးချင်းအိမ်များလည်း အများအပြားရှိသော မြို့နယ်တစ်ခုဖြစ်သည် ။