29 May 2023 3:38 pm
18 May 2023 10:55 am
7 Feb 2023 11:12 am
20 Dec 2022 10:23 am
16 Sep 2022 12:05 pm
12 Aug 2022 3:13 pm
မင်္ဂလာတောင်ညွှန့်မြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့အလယ်ပိုင်းတွင်တည်ရှိသည် ။ အနောက်ဘက်တွင် ဒဂုံမြို့နယ် ၊ မြောက်ဘက်တွင် ဗဟန်းမြို့နယ် ၊ တောင်ဘက်တွင် ဗိုလ်တထောင်မြို့နယ် ၊ အနောက်တောင်ဘက်တွင် ကျောက်တံတားမြို့နယ်နှင့် အရှေ့ဘက်တွင် ပုဇွန်တောင်ချောင်း ၊ ဒေါပုံမြို့နယ်တို့ဖြင့် ပတ်လည်ဝန်းရံထားသော မြို့နယ်တစ်ခုဖြစ်သည် ။ အကျယ်အဝန်း ၅.၀၆ ကီလိုမီတာရှိပြီး ရပ်ကွက်ပေါင်း ၂၂ ရပ်ကွက်တို့ဖြင့် တည်ဆောက်ထားသောမြို့နယ်ဖြစ်သည် ။ ရန်ကုန်မြို့၏လူနေထူထပ်သောမြို့နယ် တစ်ခုဖြစ်သလို ဘာသာခြားများ အများဆုံးနေထိုင်သောမြို့နယ်အဖြစ် လူသိများသည် ။ မူလတန်းကျောင်း ၂၂ ကျောင်း ၊ အလယ်တန်းကျောင်း ၂ ကျောင်း ၊ အထက်တန်းကျောင်း ၆ ကျောင်းတည်ရှိသောမြို့နယ်ဖြစ်သည် ။ အင်္ဂလိပ်ခေတ်မြို့တည်စီမံကိန်းတွင် ပါဝင်သည့် မင်္ဂလာတော်ညွှန့်မြို့နယ်သည် ဗြိတိသျှဗိသုကာလက်ရာ အချို့ကိုမြင်တွေ့နိုင်မည်ဖြစ်သည် ။ ထင်ရှားသော အဆောက်အဦးအဖြစ် ရန်ကုန်ဘူတာကြီး တည်ရှိသောမြို့နယ် ဖြစ်သလို သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်းကြီး တည်ရှိသောမြို့နယ်လည်း ဖြစ်သည် ။ အခြားထင်ရှားသောအဆောက်အဦးများဖြစ်သည့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ ၊ ဟိန္ဒူဘုရားကျောင်းများ နှင့် ဗလီကြီးများလည်းတည်ရှိသည် ။ အများပြည်သူအပန်းဖြေအနားယူနိုင်ရန်အတွက် ကန်တော်ကြီးဥယျာဉ်နှင့်လည်း အနီးကပ်တည်ရှိသောမြို့နယ် ဖြစ်သလို လူသိများ သိမ်ဖြူတင်းနစ်ကွင်းနှင့်လည်း အနီးကပ်ဆုံးတည်ရှိသောမြို့နယ်ဖြစ်သည် ။ အချုပ်အားဖြင့်ဆိုသော် မင်္ဂလာတောင်ညွှန့်သည် လူနေထူထပ်သောမြို့နယ်ဖြစ်သလို လူနေတိုက်ခန်းအများအပြားတည်ရှိပြီး စည်းကားပြီးသွားလာရလွယ်ကူသောမြို့နယ်ဖြစ်သည် ။
No13,Myat lay Yone Street, Hlaing Township
Building(C),Room (104),Aung Chan Thar Housing,Shwe Gon Taing Road,Bahan Tsp,Yangon
No (96-104), Room (6-A), Yadanar Myaing Condo, 19 Street(upper), Latha Township, Yangon.
No(1186),8th Floor(B),35 Quarter,Pinlon Road,North Dagon Township,Yangon.