30 May 2023 4:07 pm
5 May 2023 3:34 pm
ကမာရွတ် | ရန်ကုန်တိုင်းဒေသကြီး
လုံးချင်းအိမ်
600 စတုရန်းပေ
2,500 သိန်း (ကျပ်)
ပိုင်ရှင်ကိုယ်တိုင် ဘဏ်အရစ်ကျ31 May 2023 6:21 pm
31 May 2023 2:10 pm
30 May 2023 6:07 pm
30 May 2023 4:07 pm
30 May 2023 11:51 am
29 May 2023 3:03 pm
29 May 2023 3:02 pm
29 May 2023 2:54 pm
29 May 2023 10:29 am
28 May 2023 1:36 pm
ကမာရွတ်မြို့နယ်သည် ရန်ကုန်မြို့လယ်၏ မြောက်အလယ်ပိုင်းတွင်ရှိသောမြို့နယ်ဖြစ်ပြီး ၆.၂ ကီလိုမီတာကျယ်ဝန်းသည် ။ မြို့နယ်၏မြောက်ဘက်ပိုင်းတွင် လှိုင်မြို့နယ် ၊ အနောက်ဘက်တွင် ကြည့်မြင်တိုင်မြို့နယ် ၊ အရှေ့ဘက်တွင် အင်းယားကန် ၊ ဗဟန်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ် ၊ တောင်ဘက်တွင် စမ်းချောင်းမြို့နယ်တို့ ဝန်းရံတည်ရှိသည် ။ ကမာရွတ်မြို့နယ်သည် ရပ်ကွက်ပေါင်း ၁၀ ခုဖြင့်ဖွဲ့စည်းထားပြီး မူလတန်းကျောင်း (၁၂) ကျောင်း ၊ အလယ်တန်းကျောင်း (၂) ကျောင်းနှင့် အထက်တန်းကျောင်း (၅) ကျောင်းတို့တည်ရှိသည် ။ ရန်ကုန်မြို့၏ အဓိကလမ်းမကြီးတစ်ခုဖြစ်သည့် ပြည်လမ်းမကြီးဖြတ်သန်းသွားသော မြို့နယ်လည်းဖြစ်သည် ။ ကမာရွတ်မြို့နယ်တွင်း ရန်ကုန်မြို့၏ အထင်က တစ်ခုဖြစ်သည့် ရန်ကုန်တက္ကသိုလ်ကြီး တည်ရှိသည့် မြို့နယ်လည်းဖြစ်သည် ။ ရန်ကုန် တက္ကသိုလ်ကြီးသည် ယခင်က ကာလပေါင်းများစွာ ပိတ်ထားသော်လည်း ယခုအခါတွင်မူ ဘွဲ့နှင်းသဘင်ဆောင်အပါအဝင် ပြန်လည်သက်ဝင် လှုပ်ရှားလာပြီဖြစ်သည် ။ ထို့ပြင် ရန်ကုန် ဆေးတက္ကသိုလ်(၁) ၊ ရန်ကုန် စီးပွားရေးတက္ကသိုလ် ၊ ရန်ကုန်အဝေးသင် တက္ကသိုလ် ၊ တီတီစီ လေ့ကျင့်ရေးကျောင်း ၊ သတင်းပြန်ကြားရေးနှင့်ပတ်သက်သော အဖွဲ့အစည်းများ ၊ ဆင်မလိုက်ဈေး ၊ ဂျန်းရှင်းစကွဲစင်တာ နှင့် ဗလေဇုန်စတိုး ၊ လှည်းတန်းစင်တာ အစရှိသည့် မှတ်သားရလွယ်ကူ သော အဆောက်အဦးများစွာ ရှိသောမြို့နယ်လည်းဖြစ်သည် ။ ကမာရွတ်ရှိ လှည်းတန်း လမ်းဆုံသည်လည်း ၂၄ နာရီနီးပါး အလွန်စည်းကားသော နေရာဖြစ်ပြီး အများပြည်သူအပန်းဖြေရန်အတွက် အင်းယားကန်ဘောင်နှင့်လည်း အနီးကပ်ဆုံးတည်ရှိသည် ။ အချုပ်အားဖြင့်ဆိုသော် ကမာရွတ်မြို့နယ်သည် လူနေထူထပ်ပြီး အထင်ကအရ အဆောက်အဦးများ ၊ ကွန်ဒိုများ ၊ တိုက်ခန်းများ ပေါများသော မြို့နယ်ဖြစ်ပြီး ရန်ကုန်မြို့၏ စည်ကားသော မြို့နယ်များထဲတွင် တစ်ခုအပါဝင်ဖြစ်သည် ။
No (96-104), Room (6-A), Yadanar Myaing Condo, 19 Street(upper), Latha Township, Yangon.
Building(C),Room (104),Aung Chan Thar Housing,Shwe Gon Taing Road,Bahan Tsp,Yangon
No.104 , Yarzaa Dirit Road, 38 Ward, North Dagon Township, Yangon.